Unicode
ဦးတိတ်ရှောင် ပြောတာမှန်တယ်။ သုံးရက်လောက်အကြာမှာ ဦးသောင်းငွေ လူခန့်ကိုခေါ်ပြီး စကားပြောတော့တယ်။
” တကယ်တော့ ငါဒီမှာ လာရှောင်နေတာကို သမီးက ဘယ်မသိပဲနေမလဲ။ သိတာပေါ့။ စိတ်ဆိုးနေတုန်းမို့လို့သာ ငါ့ဆီရောက်မလာသေးတာ။ တကယ်လို့ သူရောက်လာခဲ့ရင်လည်း လောလောလတ်လတ် ငါသူနဲ့ မျက်နှာချင်းဆိုင်ရမှာ မဝံ့မရဲသေးဘူး ”
” အင်းလေ. . . ဦးလေးက ပေါက်ကရတွေ လျှောက်လုပ်တာကို။ အခုဆိုရင် မခတ္တာလည်း သူ့အမျိုးသား အသိုင်းအဝိုင်းမှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပြီပေါ့ ”
” ဒါကတော့ စိတ်မပူရဘူး ကိုယ့်လူရဲ့ ။ အခု အဘိုးကြီး အဖွားကြီးက သမီးပြီးရင်ပြီးကော ဖြစ်နေကြတာ။ သက်ထားနဲ့ ငါ့ကိစ္စမှာလည်း မောင်ကျော်သူရ ကိုယ်တိုင်က အလိုတူအလိုပါပဲလေ ”
” ဦးလေးတို့ သမီးယောက္ခမ နှစ်ယောက်ကတော့ ဟုတ်နေကြတာပဲ။ ဟိုလူကလည်း ကိုယ့်ကိစ္စကိုယ်သာ ရဲရဲရင့်ရင့် မပြောရဲမဆိုရဲတာ။ ယောက္ခမကို မြှောက်ပေးဖို့တော့ ရတယ်။ ယောက္ခမကလည်း သိပ်မကဲရှာဘူး ဆိုတော့ . . . တကယ်တည်း တတ်လည်းတတ်နိုင်ကြတဲ့သူတွေ ”
” အေးကွ။ မင်းပြောလည်း ခံရမှာပဲ မောင်လူခန့်ရဲ့ ။ ငါတို့ကလည်း မင်းပြောတဲ့အတိုင်း ဟုတ်နေတော့တာကိုးး ဟားး ဟားး ဟားး ”
” အဲ့ဒါတွေ ထားပါတော့ . . . အခု ဦးလေး ဘာဆက်လုပ်မယ် စဉ်းစားထားလဲ ”
” ဒီလိုကွ . . .။ သက်ထားရဲ့ ရွာက အင်းမဆိုတဲ့ မြို့ကလေးနားက။ အဲ့မှာ သူ့မိဘတွေကော အမျိုးတွေပါ ရှိတာ။ ငါ့အနေနဲ့ သက်ထားတို့ဘက်မှာ အခြေချချင်တယ်။ သူတို့ရွာမှာ မဟုတ်ရင်တောင် အင်းမမြို့ ပေါ်မှာပေါ့။ အဲ့ဒါ ငါတို့ နေဖို့ထိုင်ဖို့နဲ့ ရင်းနှီးစားဖို့ ငွေလိုတယ်။ ဒါကြောင့် ငါပိုင်တဲ့ဒီခြံကို ရောင်းမယ်လို့ ငါဆုံးဖြတ်လိုက်ပြီ။ ရောင်းမယ်ဆိုတာမှာလည်း အခြားသူကိုရောင်းရင် မင်းတို့တွေ အဆင်မပြေဖြစ်မှာစိုးတော့ ဦးပုကို ရောင်းမလားလို့ ငါတွေးတယ်လေ။ သူ့မှာက ကားတွေထားဖို့ နေရာအမြဲလိုနေတာ။ သူဝယ်ဖြစ်သွားတော့ မင်းတို့လည်း ပြောဆိုပြီး ဆက်နေလို့ရတာပေါ့။ ဒါပေမယ့် ခက်နေတာက ငါအခုလို တလွဲလုပ်ထားတော့ အဘိုးကြီးကို သွားမတွေ့ ရဲဘူး။ အဲ့ဒါ မင်းကြားထဲက ပြောပေးပါလား ”
” ကိုကျော်သူရက ဦးလေးကို မြှောက်ပေးတုန်းက မြှောက်ပေးပြီး ငွေကြတော့ ထုတ်မပေးဘူးလား ”
” ထုတ်တော့ပေးတာပေါ့ကွာ။ ဒါပေမယ့် အဲ့ဒီလိုမျိုးကြတော့လည်း ငါဘယ်ယူချင်ပါ့မလဲ။ မင်းပဲစဉ်းစားကြည့်လေ။ ယောက္ခမ နောက်မိန်းမယူဖို့ သမက်ဆီ ပိုက်ဆံလက်ဖြန့်တောင်းရတယ် ဆိုတာ . . . ကြားလို့မှမကောင်း ။ လုပ်ပါကွာ . . . ဦးပုဆီသာ သွားပြောပေးစမ်းပါ”
” ဦးပုကို ကျွန်တော်ပြောပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဦးလေး မခတ္တာအတွက်ကော ထည့်မစဉ်းစားတော့ဘူးလား။ ”
” သမီးအတွက်က ဘာစဉ်းစားစရာလိုလို့လည်းကွာ။ သူ့ယောက်ျားဘက်က ဘောစိတွေ။ ပြီးတော့ သားလေးကလည်း တစ်ယောက်တည်း။ သမီးကိုလည်း ချစ်လိုက်ကြတာတုန်လို့။ ဒီခြံရောင်းရတဲ့ ငွေလောက်က သူ့အတွက် ဘာမှအရေးမကြီးပါဘူး။ အခုလောလောဆယ် အရေးကြီးနေတာက ငါ့အတွက်ကွ . . . ။ ဦးပုကို သွားစပ်ပေးစမ်းပါ။ ငါလည်း အဆင်ပြေ. . . မင်းတို့လည်း အဆင်ပြေအောင်လို့ . . . .”
” အင်းပါ။ ဟုတ်ပါပြီ။ ကျွန်တော် မနက်ဖြန် သွားပြောပေးမယ် ”
” ကျေးဇူးပါပဲကွာ . . .”
လူခန့်တို့ ဆရာတပည့်နှစ်ယောက် အပြန်အလှန် စကားပြောနေတုန်း
” ဦးလေးနဲ့ မောင်လေး ထမင်းစားကြမယ် ”
မကြီးက ညစာထမင်းစားဖို့ လာခေါ်တာနဲ့ပဲ စကားစပြတ်သွားတော့တယ်။ မကြီးနဲ့အတူတူ မသက်ထားပါ ပါလာပြီး ဦးသောင်းငွေအနားကိုကပ်လို့
” လာလေ . . . ကိုကြီး။ ထမင်းစားသွားကြမယ် ”
ဟု ဦးသောင်းငွေရဲ့ လက်ကိုဆွဲလျှက် နှစ်ယောက်သား ပိကျိပိကျိလုပ်ရင်း ရှေ့ကနေ ထွက်သွားကြပါလေကော။ မကြီးက သူတို့နှစ်ယောက်ကို ကြည့်ကျန်ခဲ့ရင်း မြင်ပြင်းကတ်ဟန်ဖြင့်
” မသက်ထားများ. . . အခုကြတော့ မနေညတုန်းက ငိုနေရ အော်နေရတာ သူမဟုတ်တဲ့အတိုင်းပဲ။ သူများတွေက သူတို့အသံတွေ မကြားချင်အဆုံး။ တကယ်တည်း တတ်လည်းတတ်နိုင်တဲ့ စုံတွဲတွေ။ အခုညလည်း ဘယ်လို မချိမဆန့်အသံတွေ ကြားရဦးမလဲ မသိဘူး ”
ဆိုပြီး လူခန့်ရှေ့မှာပင် မအောင့်နိုင်မအီးနိုင်တော့ဘဲ ရွဲ့ကာမဲ့ကာ ကဲ့ရဲ့ပြစ်တင်နေလေတော့တယ်။ လူခန့်ကတော့ မျက်နှာတစ်ဖက်ကို လှည့်ထားလိုက်ရပြီး ပြုံးစိစိဖြစ်နေတော့တာပေါ့။
ည အားလုံး အိပ်ယာဝင်သွားကြတော့ လူခန့်လည်း အခေါက်ကင် ပန်းကန်လေးယူပြီး ကားရှိရာကို ထွက်ခဲ့တော့တယ်။ ဦးတိတ်ရှောင်နဲ့ တိုင်ပင်ဖို့ လိုအပ်လာပြီလေ။ ဦးသောင်းငွေက မစိတ်မွှန်ပြီး ခြံရောင်းမယ် ဘာဘာညာညာ လျှောက်လုပ်နေတာ မဟုတ်လား။ အခန့်မသင့်ရင် ကိုယ်ပါ ဘုံပျောက်မယ့်ကိန်း။ ဦးတိတ်ရှောင်နဲ့တွေ့တော့ စားရင်းသောက်ရင်း ဦးသောင်းငွေရဲ့ အစီအစဉ်ကို လူခန့်က ပြောပြလိုက်တော့ ဦးတိတ်ရှောင်က လူခန့်မျက်နှာကို ပြုံးပြီး ကြည့်လိုက်ရင်း
” လူ့ဆြာ ဦးသောင်းငွေက ဒီခြံကို ရောင်းချင်တယ်။ အကြောင်းက သူ့နောက်မိန်းမရဲ့ ဇာတိမှာ အခြေသွားချကြဖို့။ ဘယ်သူ့ကို ရောင်းချင်တာလည်းဆိုတော့ အုံနာ ဦးပုကို။ ဦးပုကို ခြံဝယ်ဖို့ကြတော့ လူ့ကို တိုက်တွန်းခိုင်းတယ်။ ဦးပုက ဒီခြံကို ဝယ်မယ် မဝယ်မယ် မသေချာဘူး။ တကယ်လို့ ဝယ်ဖြစ်ရင် လူ့က ဦးပုဆီမှာ ခွင့်တောင်းပြီး ဆက်နေခွင့်ရမယ်။ ဦးပုက မဝယ်ဖြစ်ဘဲ အခြားသူဝယ်သွားရင်တော့ လူ့လည်း ဒီမှာ ဆက်နေရဖို့ခက်ပြီ . .။ လူ့ပြောချင်တာ ဒါပဲမဟုတ်လား ”
” ဟုတ်တယ် ဦးတိတ်ရှောင်ရဲ့…. အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ”
ထိုအခါ ဦးတိတ်ရှောင်က လက်ဖျောက်တစ်ချက် တီးလိုက်ပြီး
” ဘာလုပ်ရမှာလဲ လူ့ရဲ့ ။ ဒီခြံကို လူ့ဝယ်လိုက်တော့ပေါ့။ ” . . . . .
ဟု လူ့ခန့်ကို ခြံဝယ်ဖို့ အကြံပေးလေတော့တယ်။ ဦးတိတ်ရှောင်က ဆက်ပြီးပြောပြန်တယ် . . .
” ဒီခြံက အတော်ကျယ်ပြီး မြို့အထွက် ဟိုင်းဝေးလမ်းမပေါ်မှာ ရှိတာမှန်တယ်။ ဒါပေမယ့် ဒီဘက်က သိပ်မစည်သေးသလို မြို့နဲ့လည်း ဆယ့်ငါးမိနစ်လောက် သွားရသေးတာ မဟုတ်လား။ အဲ့ဒီတော့ မြို့အစွန်လိုဖြစ်ပြီး လူနေလည်းနည်းသေးတယ်။ ခြံဈေးတွေကလည်း ဘာမှမရှိသေးဘူး။ လူ့ဆြာကီးကို မေးလိုက်။ ဘယ်လောက်ရရင် ထုတ်မလဲလို့။ လူ့ဝယ်နိုင်တဲ့ အနေအထားလောက်ဆို ဝယ်လိုက်ပေတော့။ ဝ ထင်တယ် . . . လူ့ဆြာကီး ၂၀၀ လောက်ရရင် ထုတ်မှာ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ဟိုဘက်ဘေးတစ်ခြံကျော် အရောင်းအဝယ် ဖြစ်သွားတာ ၂၂၀ နဲ့တဲ့။ ဒါကို သူလည်းကြားမှာပဲ။ ဒါပေမယ့် သူက အခု လက်ငင်း ငွေလိုနေတာ မဟုတ်လား။ တကယ်လို့ ၂၀၀ ဆိုရင်တော့ ဈေးဆစ်မနေနဲ့။ ဝယ်သာ ဝယ်လိုက်တော့။ ”
” အေးဗျာ . . . ဦးတိတ်ရှောင် ကောင်းမယ်ထင်လို့ လမ်းညွှန်မှတော့ . . . နောက်နေ့ ဆြာ့ကိုမေးပြီး အဆင်ပြေရင် ဝယ်လိုက်တော့မယ်။ ရွှေတွေတော့ ရောင်းပစ်ရမှာပေါ့ ”
လူခန့်က ဦးတိတ်ရှောင်ရဲ့ အကြံပေးမှုကို အလွယ်တကူ လက်ခံလိုက်လေရာ ဦးတိတ်ရှောင်လည်း ရွှင်ပြုံးသော အမူအရာဖြင့်
” ကောင်းတယ် လူ့။ ဝပြောတာကို လိုက်လုပ်လို့ လူ့ ဘယ်တော့မှ နောင်တမရစေရဘူး။ လူ့ ဒီခြံကို ဝယ်လိုက်ရင် လူ့မှာ ခြံကျယ်ဝန်းကျယ်တစ်ခု ပိုင်ဆိုင်သွားမယ်။ လူ့ဆြာသမားလည်း ငွေရေးကြေးရေး အဆင်ပြေသွားမယ်။ ပြီးတော့ ဦးပုကိုလည်း ဘာမှသွားပြီး နားပူနားဆာ လုပ်နေစရာ မလိုတော့ဘူး။ ဒီလူကြီးက မိန်းမဆန်တော့ တချို့နေရာတွေမှာ ပြောလို့ဆိုလို့ အဆင်ပြေသလောက် တစ်ခါတလေကြတော့လည်း ကိုးတိုးကတ်တတ်ရယ်။ ပြီးတော့ ဒီခြံနဲ့ပတ်သက်ပြီး လူ့အတွက် ရှေ့ဆက်တွေးထားတဲ့ အစီအစဉ်တွေ ဝမှာ အများကြီး ရှိသေးတယ် ”
ဟု ကောင်းချီးသြဘာ ပေးလေတယ်။
” ဟုတ်ပါပြီ ဦးတိတ်ရှောင်ရယ်။ ခင်ဗျားပြောတာတွေကို ကျွန်တော် တသွေမတိမ်း လိုက်နာပါ့မယ်။ ကျုပ်အတွက် ခင်ဗျား ဘယ်တော့မှ စိတ်မပျက်စေရပါဘူး ”
လူခန့်က ဦးတိတ်ရှောင်ကို ထိုကဲ့သို့ ပြန်ပြောလိုက်ပြီး နှစ်ယောက်သား စကားစမြီ ပြောကြလို့ ည ၁၀ နာရီခွဲလောက်မှာ ဦးတိတ်ရှောင်ဆီကနေ ပြန်ခဲ့ပါတော့တယ်။
လူခန့်က ” ရွှေတိုးတိုး ” ရွှေဆိုင်ကိုသွားပြီး သူအပ်ထားတဲ့ ရွှေတွေကို ရောင်းလိုက်ရတယ်။ ဦးတိတ်ရှောင်က
” တခါတည်းသာ အားလုံးရောင်းခဲ့တော့ကွာ။ ရွှေဈေးက မက်ဇီမန် ဖြစ်နေလောက်ပြီ။ ဒီထက်တက်လည်း နည်းနည်းပေါ့ ”
လို့ မှာလိုက်တာနဲ့ လူခန့်လည်း ရွှေတွေအားလုံးကို ရောင်းလိုက်တာ ဆိုင်က တစ်ကျပ်သား ၈ သိန်း ၉ သောင်းနှုန်းပေးတော့ ၃၅ ကျပ်သားအတွက် သိန်း ၃ သုံးရာကျော် ရတယ်လေ။ အတိအကျဆို ၃၁၁၅၀၀၀၀ ။ ဝယ်ရင်းဈေး ၂၄၅ သိန်းကို ပြန်ရောင်းတဲ့အခါ ၃၁၁၅၀၀၀၀ ရတယ်ဆိုတော့ ခြောက်လ တစ်နှစ်လောက်အတွင်းမှာတင် လူခန့် ၆၆ သိန်းခွဲလောက် မြတ်သွားတာ။ ဒါကြောင့် လူခန့်လည်း ဦးတိတ်ရှောင်ကို အကြိမ်ကြိမ် ကျေးဇူးတင်မိတော့တယ်။
ဦးသောင်းငွေက သူ့ခြံကို သိန်း ၂၁၀ လောက် လိုချင်ပေမယ့် လူခန့်ယူမယ်ဆိုတော့ သိန်း ၁၉၀ နဲ့ ပေးရှာတယ်လေ။ ဒါပေမယ့် လူခန့်က သူတို့စုံတွဲအတွက် မင်္ဂလာလက်ဖွဲ့ ၁၀ သိန်းပြန်ထည့်ပြီး သိန်း ၂၀၀ လောက်အထိ ပေးလိုက်ဖို့ ရည်မှန်းထားတယ်။ ဒါကြောင့် လူခန့်ဆီမှာ ငွေသားအနေနဲ့ သိန်းတစ်ရာကျော်လောက် ပိုနေသေးတာပေါ့။
ဒီငွေပိုတွေကို အိမ်သယ်မသွားချင်တာနဲ့ ဘာလုပ်ရင် ကောင်းမလဲလို့ ဆိုင်ရှင် ဒေါ်တိုးတိုးကို အကြံဉာဏ်တောင်းတော့ သူမက. . . ၎င်းဆီမှာ အပ်နှံခဲ့ရင် တစ်လကို ငွေတစ်ရာအတွက် ၁ ကျပ်နဲ့ ၂၅ ပြား အတိုးပေးနိုင်ကြောင်း . . . . ငွေ တစ်ရာ့ဆယ့်တစ်သိန်း ငါးသောင်းအတွက် တစ်လလျှင် အတိုးနှုန်း တစ်သိန်းလေးသောင်းခန့် ( ၁၃၉၃၇၅ ) လူခန့် ရရှိမှာဖြစ်ကြောင်း . . . သုံးလလျှင်တစ်ခါ အတိုးရှင်းပေးမည်ဖြစ်ပြီး အပ်ငွေပြန်ဖော်လိုပါက တစ်လခန့် ကြိုတင်အသိပေးပါရန် အကြောင်း . . . စသဖြင့် ရှင်းပြပြောဆိုလေရာ လူခန့်လည်း ပျော်ရွှင်စွာဖြင့် ပိုငွေများကို ရွှေတိုးတိုးရွှေဆိုင်တွင် အပ်နှံကာ ဘောင်ချာဖြတ်ခဲ့ပါတော့တယ်။
ဦးသောင်းငွေကတော့ ပျော်တာပေါ့။ ဘယ်သူမှမသိလိုက်ဘဲ ခြံရောင်းခြံဝယ်က သိုသိုသိပ်သိပ်နဲ့ ပွဲပြီးသွားတာကိုး။ တခါတည်း ရှေ့နေခေါ် စာချုပ်ချုပ်ပြီး စာရွှက်စာတမ်းတွေအားလုံး လူခန့်ကို အပ်လိုက်တော့တာ။ အဲ့ဒီနောက် လူခန့်ပေးတဲ့ သိန်း ၂၀၀ ကိုယူ အထုတ်အပိုးပြင်လို့ ကားငှါးပြီး အင်းမကို ချက်ခြင်း ထွက်ခွာသွားကြတော့တယ်။
လူခန့်က ဦးတိတ်ရှောင်နဲ့ တွေ့တဲ့အခါမှာ ပိုငွေသိန်းတစ်ရာကျော်ကို ရွှေတိုးတိုး ရွှေဆိုင်မှာ အတိုးနဲ့ အပ်ခဲ့ကြောင်း ပြောပြလိုက်တော့ ဦးတိတ်ရှောင်က လူခန့်ကို မိန့်မိန့်ကြီးပြုံးကြည့်ပြီး
” လူ့တောင် ဝ နဲ့ အနေနီးလို့လား မသိဘူး။ တဖြေးဖြေး တော်လာပြီ။ မှန်တယ် လူ့။ ဝ သာ လူ့နေရာမှာဆိုလည်း ဘာလုပ်ရမှန်း မသိသေးခင် ငွေပိုကြီး လက်ထဲကိုင်မထားဘူး။ အခုလို စိတ်ချ ယုံကြည်ရတဲ့နေရာမှာ အတိုးရင်းပွား လုပ်ထားမိမှာပဲ ”
ဟု ချီးကျူးထောပနာ ပြုလေတယ်။ ဒီလိုနဲ့ လူခန့်တစ်ယောက် အခါတော်ပေး ဦးတိတ်ရှောင်ရဲ့ ကောင်းမှုနဲ့ မြို့စွန် ဟိုက်ဝေးလမ်းမပေါ်က ဦးသောင်းငွေပိုင် ခြံဝန်းကျယ်ကြီးကို ဝယ်ယူဖြစ်လိုက်တော့တာပေါ့။ မကြီးမြသီကလည်း မောင်ဖြစ်သူ လူခန့်ရဲ့လုပ်ရပ်ကို ကျေနပ်ပီတိ ဖြစ်နေပါတော့တယ်။
လူခန့် မကြီးမြသီနဲ့ စပါယ်ရာအောင်ဘု တို့ဟာ တက်ညီလက်ညီနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေအောင် ထမ်းဆောင်ကြတယ်။ စပါယ်ရာအောင်ဘုကိုလည်း သူစိမ်းဆိုပြီး ဘေးဖယ်မထားဘဲ မောင်နှမရင်းခြာတစ်ယောက်လိုပဲ သဘောထားကြတာကြောင့် လူခန့်တို့ခြံဝန်းလေးဟာ အတော်ကို ပျော်စရာကောင်းတဲ့ ခြံဝန်းလေး ဖြစ်နေတော့တာပေါ့။
အခုနောက်ပိုင်း မကြီးနဲ့အောင်ဘု တပူးတွဲတွဲ ဖြစ်နေသလိုပဲ။ တွေ့လိုက်ရင် နှစ်ယောက်သား ရယ်လို့ပြုံးလို့။ သူတို့နှစ်ယောက် ဘယ်အခြေအနေတွေ ဖြစ်နေကြပြီလည်းဆိုတာ လူခန့် မေးကြည့်ရတော့မယ်။ ဒါပေမယ့် ကာယကံရှင်တွေကို မမေးခင် ဦးတိတ်ရှောင်နဲ့ တိုင်ပင်ကြည့်တော့ ၎င်းက . . .
” အလကားပါကွာ . . . သူတို့နှစ်ယောက် ကြိုက်ကြတာ မဟုတ်ပါဘူး။ ရွယ်ကောင်းတွေဖြစ်တဲ့ သူစိမ်း မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် တစ်ခြံတည်းမှာ အတူတူနေတာ ကြာလာတော့လည်း တခါတလေ သရိုးသရီလေးတွေ ဖြစ်လာတတ်တာပေါ့။ ဒါ သဘာဝပဲလေ။ စိတ်ပူမနေစမ်းပါနဲ့ လူ့ရယ် . . .”
လို့ လူခန့်ကို ပြန်ပြောတယ်လေ။ ဒါနဲ့လူခန့်လည်း အဲ့ဒီကိစ္စကို ဘာသိဘာသာ နေလိုက်တော့တယ်။
ဦးတိတ်ရှောင်ပြောတာ မှန်နေပြီ။ နောက်တစ်လလောက် ကြာတော့ စပါယ်ရာအောင်ဘုက လူခန့်ကို ပြောလာတယ်။
” ကားဆြာ ကျွန်တော် မိန်းမယူတော့မယ်။ ဈေးနားက ကျွန်တော်တို့ ကုန်ချနေကြဆိုင်မှာ အလုပ်လုပ်တဲ့ သူဇာနဲ့လေ . . .။ အဲ့ဒါ . . . ကျွန်တော်တို့ လက်ထပ်ပြီးသွားရင်လည်း အခု ကျွန်တော်နေနေတဲ့ တဲလေးမှာ တစ်လလောက်တော့ ဆက်နေပါရစေ။ ဒီကြားထဲ နေစရာ ရှာချင်လို့ပါ။ အဲ့ဒါလေး ခွင့်တောင်းတာ . . .”
သူဇာ ဆိုတဲ့ ကောင်မလေးက အသားညိုညို မျက်နှာဝိုင်းဝိုင်း အရပ်ပုပုနဲ့ ။ ကိုယ်လုံးလေးလှပြီး ရုပ်ရည်လေးက သနားကမား။ ဆံပင်လည်း အတော်သန်တယ်။ လူခန့်နဲ့ ဒီကလေးမကလည်း အရင်းအနှီးကြီး မဟုတ်တောင် မစိမ်းကြ။ သို့ပေမယ့် မိမိရဲ့စပါယ်ရာ အောင်ဘုနဲ့ ဘယ်အချိန်မှာ ဘယ်လိုတွေ ကြိုက်သွားကြတယ် ဆိုတာကိုတော့ လူခန့်လည်း မတွေးတတ်။ မေးလည်း မေးမနေတော့။
” အောင်ဘုရယ် မင်းနဲ့ ငါနဲ့က ပြောရမယ့်လူတွေလား။ ငါက ကားဆြာမို့လို့သာ လေးစားသမှုနဲ့ ဆြာသမား ဘာညာခေါ်နေတာ။ တကယ်ဆို မင်းက ငါ့ထက် နှစ်နှစ်တောင် ကြီးသေးတယ်။ အခု ငါတောင် အသက်က ၂၅ နှစ်ရှိနေပြီဆိုတော့ မင်းဆိုရင် အသက် ၂၇ နှစ်ထဲမှာ ဖြစ်နေပြီ။ အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့ အချိန်မစောတော့ပါဘူး။ ပြီးတော့ မင်းမှာလည်း စုထားဆောင်းထားတာတွေ ရှိနေပြီ မဟုတ်လား. . . ။ နေဖို့ထိုင်ဖို့ ကိစ္စကိုလည်း ဘာမှပူမနေနဲ့။ ဒီမှာ အဆင်ပြေရင် ဒီမှာပဲ ဆက်နေပေါ့ ” . . .
လူခန့်က အောင်ဘုကို ပြန်ပြောလိုက်တော့ အောင်ဘုလည်း လူခန့်ကို ကျေးဇူးအထပ်ထပ် တင်သွားပါတော့တယ်။
အောင်ဘုနဲ့ သူဇာ ဘုန်းကြီး သုံးပါးပင့် . . . မင်္ဂလာဦးဆွမ်းကပ် . . . တရားနာ . . . ရုံးတက်လက်မှတ်ထိုးပြီး အကျဉ်းပဲ မင်္ဂလာဆောင်လိုက်ကြတယ်လေ။ မင်္ဂလာဆောင်လည်း ပြီးကော သူဇာနဲ့အတူ ညီမဖြစ်တဲ့ သီတာပါ လူခန့်တို့ခြံထဲကို ပါလာလေရဲ့ ။ သူဇာက အသက် ၂၃ နှစ်လောက်ရှိပြီး သီတာလေးကတော့ ၂၀ လောက်ပဲ ရှိလိမ့်ဦးမယ်ထင်ပ။ ညီအစ်မနှစ်ယောက်စလုံး ဈေးနားက ကုန်စုံဆိုင်မှာ အလုပ်လုပ်ကြတာ။
သူဇာတို့ ညီအစ်မနှစ်ယောက် တိုးလာတော့ လူခန့်တို့ခြံထဲမှာ အရင်ကထက်စာရင် လူပိုစည်သွားတယ်။ အောင်ဘုနဲ့ သူဇာ လင်မယားက တဲလေးမှာနေကြပြီး သီတာ့ကိုတော့ ညားခါစလင်မယားနဲ့ တဲသေးသေးလေးထဲမှာ အတူမထားသင့်တာမို့ မြသီ အဖော်ရအောင် အိမ်မကြီးထဲမှာ ခေါ်ထားလိုက်ရတယ်လေ။
မနက်. . . လူခန့်နဲ့အောင်ဘု ကားထွက်တဲ့အချိန် သူတို့ညီအစ်မကိုပါ ခေါ်သွား . . . ဈေးဘက်ချပေးပစ်ခဲ့. . . ညနေ ဈေးသိမ်းတော့ပတ်ကြို ကားမှာနေခိုင်းပြီး ကားနားချိန်မှ အိမ်ကိုအတူတူ ပြန်ကြရတာပေါ့။ ကြာလာတော့ အိမ်မှုကိစ္စတွေ မကြီးတစ်ယောက်တည်း မနိုင်တာနဲ့ ကူညီညာလုပ်ဖို့ လူခန့်က သီတာ့ကို အလုပ်ထွက်ခိုင်း လိုက်တော့တယ်။
ဒီလိုနဲ့ သူတို့ငါးယောက် ခြံထဲမှာ သင့်သင့်မြတ်မြတ် နေလာကြရင်း ခြောက်လလောက်ကြာတဲ့အခါ . . ရွာမှာရှိတဲ့ . . သူဇာတို့ရဲ့ဖခင်ကြီး ဆုံးပါးသွားပြန်တယ်။ မိခင်ဖြစ်တဲ့ ဒေါ်နွဲ့နဲ့ မောင်အငယ်ဆုံးလေး မောင်သူရတို့ ကျန်ရစ်ခဲ့ကြပြီး ဖခင်ကြီးမဆုံးခင် ဆေးဖိုးဝါးခ စရိတ်တွေထောင်းလို့ ပိုင်တဲ့ဝိုင်းလေးကို ရောင်းလိုက်ရတော့ အခုအခါမှာ နေစရာမရှိတော့ပဲ အတော်ဒုက္ခရောက်နေကြလေရဲ့ ။
သူဇာတို့ညီအစ်မကလည်း သူတို့ရဲ့အပူကို လူခန့်တို့မောင်နှစ်မ သိအောင် မပြောရှာပါဘူး။ သူဇာ့ခင်ပွန်းဖြစ်တဲ့ အောင်ဘုကတော့ သိလားမသိလား မပြောတတ်။ သူတို့ညီအစ်မနှစ်ယောက် မျက်နှာမကောင်းဘဲ တမှိုင်ဆွေးဆွေး ဖြစ်နေကြတာ တွေ့ရလို့ လူခန့်တို့က ခေါ်မေးကြည့်မှ သူတို့ရဲ့ အပူသောကကို သိကြရတာ။
ဒါနဲ့ လူခန့်လည်း အောင်ဘုနဲ့တိုင်ပင်ပြီး မိမိက ငွေစိုက်ထုတ်လို့ သူတို့လင်မယားနေနေတဲ့ တဲလေးကို လူထပ်နေနိုင်အောင် သွပ်မိုးထရံကာ တစ်ထပ်အိမ်လေးအဖြစ် ပြင်ဆောက်လိုက်တော့တယ်။ အဲ့ဒီနောက် ဒေါ်နွဲ့တို့ သားအမိကိုပါ သူဇာတို့လင်မယားနဲ့အတူ ခြံထဲမှာလာနေဖို့ လူခန့်က ခေါ်ထားလိုက်တော့ . . . ထိုမိသားစုဟာ လူခန့်အပေါ်မှာ ကျေးဇူးရှင်ကြီး တစ်ယောက်လိုကို မှတ်ထင်လေးစားနေကြတော့တာပေါ့။
လူခန့်ဘဝမှာ မိမိနဲ့မကြီး မောင်နှမနှစ်ယောက်တည်း ခြောက်ခြောက်သွေ့သွေ့ ရှိရာက . . . စပါယ်ရာအောင်ဘုကို အကြောင်းပြုပြီး ၎င်းမိန်းမနဲ့ မိန်းမဘက်က ဆွေမျိုးတွေပါ ရောက်လာကြတော့ လူခန့်တို့ဘဝလည်း အတော်ကို စိုပြေသိုက်ဝန်းသွားတော့တယ်။ ဆွေမျိုးသညာ ရှားပါးလှတဲ့ လူခန့်တို့မောင်နှမဟာ အချိန်တိုအတွင်းမှာပဲ ထိုသူတွေကို ခင်မင်တွယ်တာသွားခဲ့ကြသလို . . . ထိုသူတွေကလည်း လူခန့်တို့ကို အားကိုးအားထားအနေနဲ့ ချစ်ခင်လေးစားကြလျှက်။
အောင်ဘုရဲ့ယောက်ဖ မောင်သူရလေးက လူခန့် ကြော်တတ်လှော်တတ်တာကို သိသွားတော့ စိတ်ဝင်စားသွားပြီး သင်ကြားပေးဖို့ တောင်းပန်တာကြောင့် လူခန့်လည်း ဦးတိတ်ရှောင်ရဲ့ ခွင့်ပြုချက်နဲ့ အားတဲ့အချိန်တွေမှာ မောင်သူရကို ကြော်နည်းလှော်နည်းတွေ သင်ကြားပေးနေတော့တာ။ အဲ့ဒီလိုပဲ အောင်ဘုကလည်း မောင်သူရဆီကနေ ကားမောင်းသင်ရင်း အခုဆိုရင် အတော်ကို စိတ်ချလက်ချ မောင်းနိုင်နေပြီ။
နောက်ထပ် တစ်နှစ်လောက် ကြာတဲ့အချိန် . . မောင်သူရလည်း ပညာကုန်သလောက်ရှိ အောင်ဘုလည်း လက်လွှတ်နိုင်တဲ့ အခြေအနေလည်း ရောက်ကော ဦးတိတ်ရှောင်က လူခန့်ကို စကားဆိုလာတော့တယ်။
” ဒီမှာ လူ့ . . . အခုဆိုရင် ဒီဘက်က တဖြေးဖြေးနဲ့ စည်လာပြီ။ အစိုးရပြောင်းကတည်းက လူ့ခြံရှေ့က လမ်းမကြီးကို အသစ်ခင်းထားတာ . . ကြည့်လိုက်စမ်း။ ဖြူးနေတာပဲ။ နောက်ဆို ဒီဘက်တွေမှာ ကားဂိတ်တွေ ဘာတွေတောင် ပြောင်းချင်ရင် ပြောင်းလာနိုင်တယ်။ အခုတောင် လမ်းကောင်းပြီး မီးတိုင်တွေ ထိန်နေအောင် လင်းနေတော့ ညဘက် လေညှင်းခံရင်း ကား ဆိုင်ကယ် စသဖြင့် ထွက်စီးကြတဲ့လူတွေ တစ်နေ့ထက်တစ်နေ့ များလာကြပြီ။ အဲ့ဒီတော့ လူ့က ကားဆက်မမောင်းနဲ့တော့။ မောင်သူရနဲ့အတူတူ လူ့ရဲ့ခြံရှေ့မှာ အခေါက်ကင် ဘဲကင် ကြေးအိုး စတာတွေရောင်းတဲ့ တရုတ်အစားအစာဆိုင်ဖွင့် . . ။ အဘိုးကြီးကို နောက်ထပ် စပါယ်ရာ တစ်ယောက် ထပ်ရှာခိုင်းပြီး ကားကို အောင်ဘုနဲ့လွှတ်လိုက်။ သူ့မှာလည်း ကားလေးလိုင်စင်ရနေပြီပဲ။ မြို့ထဲ ပတ်မောင်းတာလောက်က ကိစ္စမရှိပါဘူး။ ”
ဦးတိတ်ရှောင်ရဲ့ အကြံပေးမှုကို လူခန့်နားထောင်ပြီး ကားကို အောင်ဘုနဲ့ လွှဲပေးလိုက်တာကတော့ ဟုတ်ပါပြီ။ ဦးပုကိုလည်း ကြည့်ပြောလို့ရပါတယ်။ ပြီးတော့ အောင်ဘုက နဂိုလ်ကတည်းက သူရှာပေးထားတဲ့ သူ့လူပဲ. . . သူနဲ့ရင်းနှီးပြီးသား။
” ကျုပ်က ကားဒရိုင်ဘာအလုပ်ကို စွန့်လွှတ်ပြီး ဒီခြံရှေ့မှာ ကြော်လှော် ရောင်းရမယ်ဆိုတာကတော့ မြို့ထဲမှာလည်း ဒါမျိုးတွေက ရနေတာပဲ။ လူတွေက မြို့ထဲမှာပဲ ဝယ်စားကြမှာပေါ့။ ဒီကို လာစားကြပါ့မလား . . .။ ကျုပ်စိုးရိမ်တာလေးကို ပြောပြတာပါ ”
ဆိုပြီး စောဒက ပြန်တက်လိုက်တော့ ဦးတတ်ရှောင်က လူခန့်ရဲ့ မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်ရင်း
” ဒီလိုရှိတယ် လူ့ရဲ့ ။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ သံသယစိတ်မျိုး ဘယ်တော့မှ မထားရဘူး။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ရဲရဲရင့်ရင့် ဆောင်ရွက်ရတယ်။ လူ့ရဲ့နေရာကို သူတို့မလာမှာစိုးရင် လာချင်အောင်လုပ်ရမယ်။ မြို့ထဲက လူတွေဟာ တစ်နေ့တာအလုပ်တွေ ဖိဆီးပြီး များသောအားဖြင့် စိတ်တွေ မွန်းကြပ်နေကြတာ များတယ်။ အဲ . . . လူ့ဆိုင်ကို ရောက်တာနဲ့ သူတို့ရဲ့ မွန်းကြပ်နေတဲ့စိတ်တွေ အနည်းနဲ့အများ ပြေလျော့သွားအောင် လူ့က ဝန်ဆောင်မှုပေးနိုင်ရမယ်။ လူ့မှာ မြို့ထဲက ဆိုင်တွေထက်သာတာက နေရာအကျယ်အဝန်းပဲ။ လူ့ ခြံထဲကိုရောက်လို့ သူတို့ရဲ့စိတ်တွေ ထွက်ပေါက်ရသွားပြီ ကျေနပ်နှစ်သိမ့်မှု ရသွားကြပြီဆိုရင် လူ့ဆီကို မရောက်ရောက်အောင် သူတို့လာကြတော့မှာ။ ပြီးတော့ ဝ တစ်ခု အာမခံနိုင်တာ ရှိသေးတယ်။ အဲ့ဒါက. . . ဝ လူ့ကို သင်ကြားပေးထားတဲ့ ပညာတွေဟာ ဝတို့ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့ကြတဲ့ တရုတ်နန်းတွင်း ဟင်းချက်ပညာတွေပဲ။ ပြောရရင် ပီကင်း လက်ရာစစ်စစ်တွေပေါ့။ ဒါကြောင့် လူ့ရဲ့လက်ရာကို လူ့ဘယ်တော့မှ အထင်မသေးလိုက်နဲ့။ လူ့ရဲ့လက်ရာကို မှီတဲ့သူဆိုတာ ဒီလို ခရိုင်မြို့သာသာ တိုင်းခွဲမြို့မှာမပြောနဲ့ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာတောင် နှစ်ယောက်သုံးယောက်အပြင် ပိုမရှိဘူး။ ဒါကို ဝ ရဲရဲကြီး အာမခံနိုင်တယ်။ ဒါ့ကြောင့် ဝ အကြံပေးတာကိုသာ ယုံယုံကြည်ကြည် လက်ခံပြီး ရဲရဲကြီး လုပ်ပစ်လိုက်စမ်းပါ လူ့ရယ် ”
ဟု အရှည်သဝေး ရှင်းပြ တိုက်တွန်းလေတယ်။ လူခန့်လည်း ဦးတိတ်ရှောင်ရဲ့ စကားကို နားထောင်ရင် အမှားမရှိဘူးဟု ယုံကြည်တာကြောင့် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ၎င်းရဲ့ အကြံပေးချက်ကို အလွယ်တကူပင် လက်ခံ ခေါင်းငြိမ့်လိုက်ပါတော့တယ်။
လူခန့်နဲ့ အောင်ဘု ကားအုံနာ ဦးပုဆီကိုသွားပြီး. . . လူခန့်က တရုတ်အစားအစာ ဆိုင်ဖွင့်တော့မှာမို့ ကားမမောင်းတော့ကြောင်း . . . ထို့ကြောင့် အောင်ဘုကို ကားဆက်မောင်းခွင့်ပြုပါရန်အကြောင်း စသဖြင့် ပြောပြတောင်းဆိုကြတော့ ဦးပုက မျက်နှာသိပ်မကောင်းလှဘူး။
” လုပ်ပေါ့ကွာ။ မင်းတို့လုပ်သမျှ ခံရမှာပဲ။ စိတ်ကြိုက်သာ လုပ်ပေတော့။ စပါယ်ရာလည်း ငါရှာမပေးနိုင်ဘူး။ မင်းတို့ဘာသာ မင်တို့ရှာကြ ။ ညနေကားသိမ်းလို့ ပြန်လာရင် ငါငွေရှင်းပေးမယ်။ ”
လို့ ဆောင့်ဆောင့်အောင့်အောင့် ပြောလွှတ်တာနဲ့ လူခန့်တို့နှစ်ယောက်လည်း ကုတ်ပြီးပြန်လာခဲ့ရတယ်။
” ဦးလေးရဲ့ကားကို သပ်သပ် ခြံတစ်ခြံလိုကန့်ပြီး ထားပေးမှာပါ။ ဟို စားသောက်ဆိုင်ကိစ္စတွေနဲ့ လုံးဝ မရောစေရပါဘူး ”
မပြန်ခင် လူခန့်က မရဲတရဲနဲ့ ကတိပေးလိုက်တော့
” လုပ်ချင်သလိုလုပ် ”
ဆိုပြီး ဘုချည်းတောလွှတ်နေလို့ လူခန့်တို့လည်း အခြေအနေမကောင်းတာနဲ့ မြန်မြန်လစ်ခဲ့ကြတော့တာပေါ့။ အပြန်လမ်းမှာ လူခန့်နဲ့ အောင်ဘု စကားပြောဖြစ်ကြတယ်။
” ဟုတ်တော့လည်း ဟုတ်တယ် ကိုအောင်ဘုရဲ့ ။ ကျုပ် စားသောက်ဆိုင်ဖွင့်မှာက သူ့ရဲ့ နတ်ကိစ္စနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတော့တာ။ အဖိုးကြီး တင်းမယ်ဆိုလည်း တင်းစရာပဲ။ ”
” စိတ်မပူပါနဲ့ ကားဆြာရယ်။ အဖိုးကြီးမကျေနပ်လည်း အခုအချိန်မှာ သူကျုပ်တို့ကို ပစ်ပယ်လို့ မရပါဘူး။ သူ့အသက်က ၆၀ လောက် ဖြစ်နေတော့ အကျပိုင်းရောက်နေပြီလေ။ အခြားကားတွေကလည်း တဖြေးဖြေးပျက်လာတော့ ထင်သလောက် ငွေကမဝင်တော့ဘူး။ ဒီကြားထဲ ကျုပ်တို့လို ယုံကြည်ပြီး မျက်နှာလွှဲရတဲ့ ဒရိုင်ဘာတွေ စပါယ်ရာတွေကလည်း အရှားသား။ အဲ့ဒီကား အဲ့ဒီလူတွေနဲ့ အရှုံးမပေါ်အောင် မနည်း ရပ်တည်နေရလောက်တယ်။ သူ့မှာ အားကိုးအားထား ပြုရလောက်အောင် ဝင်ငွေရပြီး ကားသန့်သေးတာဆိုလို့ ကျုပ်တို့ကားပဲ ရှိတော့တာ။ အဲ့ဒီတော့ ကားဆြာ စားသောက်ဆိုင်ဖွင့်မှာ သူသိပ်ဘဝင်မကြပေမယ့် ကျုပ်ကို ဒရိုင်ဘာ ထပ်ခန့်ဖို့ကိုတော့ ခွင့်ပြုရတာပေါ့။ မြို့ထဲတစ်ဝိုက်နဲ့ ဈေးပတ်ဝန်းကျင်က မိတ်မှန်သမျှကလည်း ကျုပ်တို့နှစ်ယောက်မျက်နှာတွေနဲ့ပဲ ရင်းနှီးပြီးသား မဟုတ်လား။ သူအခြား ဒရိုင်ဘာတင်ရင် လက်ရှိ အလုပ်ဖြစ်နေတဲ့ ဂယ်ပေါက်လေးပါ မွတ်သွားမှာပေါ့။ နောက်တစ်ခုက နေရာ. . . .။ ဒီခေတ်ကြီးထဲမှာ အခုလို ကားအကြီးတစ်စီး ထားရအောင် နေရာတစ်ခုရဖို့ဆိုတာ အတော်ကိုမလွယ်တဲ့ကိစ္စ။ အခုအခြေအနေက သူကျုပ်ကို ဒရိုင်ဘာဆက်ခန့်လိုက်တာနဲ့ သူ့ကားကို ဖရီးထားဖို့ နေရာကောင်းတစ်ခုက အဆင်သင့်ရှိနေပြီးသားလေ။ သူ ဒီအခွင့်အရေးကို ဘယ်လက်လွတ်ခံပါ့မလဲ။ ဘိုးတော်ကြီးက လူလည်ကြီးပါ။ ဆြာသမား လုပ်စရာရှိတာသာ စိတ်ဖြောင့်လက်ဖြောင့် ဆက်လုပ်တော့ ”
” ဟုတ်ပါပြီ။ ကိုအောင်ဘုရယ် . . .။ ကျုပ်လည်း . . . တကယ်တမ်း အရေးရယ် အကြောင်းရယ်ဆို သူကိုးကွယ်ပသနေတဲ့ နတ်တွေက သူ့ကို ဘာတစ်ခုမှ အကူအညီမပေးနိုင်ဘူး။ သူ့ကို စေတနာထားဆက်ဆံတဲ့ ကျုပ်တို့ကပဲ ကူညီစောင့်ရှောက်နိုင်မယ် . . ဆိုတာ အဘိုးကြီး တစ်နေ့တော့ နားလည်လာမယ်. . . လို့ ယုံကြည်ပါတယ်။ ”
လူခန့်ရဲ့ ခြံက မျက်နှာစာ ပေ ၁၀၀ လောက်ကျယ်ပြီး နောက်ကို ပေ ၃၀၀ လောက် ရှည်သွားတာ။ လူခန့်က ခြံရှေ့ ညာဘက်ထောင့်လေးမှာ ကွန်ကရစ် အနည်းငယ် ခင်းလိုက်ပြီး ကြော်ဖို့လှော်ဖို့ ဒယ်တွေ မီးဖိုတွေနဲ့ ဆိုင်ခုံကိုပါ နေရာချလိုက်တယ်။ မြေကိုပြောင်အောင်လှည်း မာကျူရီမီးကို ထိန်နေအောင်ထွန်းပြီး ဝိုင်းတွေကိုလည်း ဆိုင်ခုံနဲ့ မနီးမဝေးတွေမှာ စနစ်တကျ တည်ခင်ထားတာ။ စစခြင်းအနေနဲ့ ဝိုင်းခုနှစ်ဝိုင်း ချထားပြီး တစ်ဝိုင်းကို ထိုင်ခုံလေးခုံ ထိုးထားတယ်။ အစားအစာတွေကိုလည်း အမယ် အများကြီး မရောင်းသေးဘဲ
အခေါက်ကင်
ဘဲကင်
ကြေးအိုး ကြေးအိုးဆီချ က်
ထမင်းကြော်
ထမင်းပေါင်း
ခေါက်ဆွဲကြော်
ကြဇံကြော်
စတဲ့ အမယ်ခုနှစ်မျိုးလောက်နဲ့ စတင်လိုက်တာလေ။ ဦးတိတ်ရှောင်ရဲ့ အကြံပေးချက်အရ လူခန့်ဟာ ဆိုင်စဖွင့်မယ့် မနက်နဲ့ နေ့လည်ပိုင်းတွေမှာ မြို့ထဲကိုပတ်ပြီး ကားဆြာဘဝက ရင်းနှီးခဲ့ကြတဲ့ ကုန်စုံဆိုင် ကုန်စိမ်းဆိုင် ပိုင်ရှင်တွေ . . . ကုန်သည်ပွဲစားတွေ . . . ပွဲရုံပိုင်ရှင်တွေကို အခေါက်ကင်နဲ့ ဘဲကင် အမြည်းနည်းနည်းစီ လိုက်ဝေလို့ ဆိုင်ကြော်ငြာခဲ့တယ်။
ထူးခြားကောင်းမွန်လှတဲ့ လူခန့်ရဲ့လက်ရာကို မြည်းစမ်းပြီးကြတဲ့နောက် ထိုသူတွေ စွဲလန်းသွားကြပြီး လူ ၁၀ ယောက်မှာ ၉ ယောက်လောက်က အဲ့ဒီညမှာပဲ လူခန့်ရဲ့ဆိုင်ကို ရောက်လာကြတော့တာပေါ့။ လူခန့်ဟာ ထင်မှတ်မထားပဲ ဆိုင်စစဖွင့်ခြင်း ညမှာပဲ အတော်ရောင်းလိုက်ရတယ်။
နောက်နေ့တွေမှာလည်း တဆင့်စကား တဆင့်ကြားပြီး လူခန့်ရဲ့ဆိုင်ကို လာရောက် စမ်းသပ်စားသုံးသူတွေ အများအပြား။ အထူးသဖြင့် လူခန့်ရဲ့ဘဲကင်နဲ့ အခေါက်ကင်ဟာ တစ်ပတ်ဆယ်ရက်အတွင်းမှာပဲ လူခန့်တို့ နယ်တစ်ဝိုက်မှာ နာမည်ကြီးသွားပါလေကော။ လူခန့်က ဆိုင်နာမည်ကို ” မြို့စားကြီး ” လို့ပေးထားတော့ လူတွေပါးစပ်ဖျားမှာ မြို့စားကြီး ဘဲကင်နဲ့ အခေါက်ကင်မှ မစားဖူးသေးရင် ခေတ်မမှီတော့ဘူးလိုကို ဖြစ်ကုန်ကြတော့တာ။
ဘဲကင် အခေါက်ကင် နာမည်ရသွားတော့ လူတွေဟာ မြို့ထဲနဲ့ နီးတယ်ဝေးတယ် သိပ်မကြည့်ကြတော့ဘူး။ စိတ်ပြေလက်ပျောက် ဆိုင်ကယ်စီးရင်း ကားစီးရင်းနဲ့ လူခန့်ရဲ့ ဆိုင်ကို လာထိုင်ကာ ပျော်ပွဲစားကြတော့တယ်။ အစားအသောက်ကလည်းကောင်းပြီး ခြံဝန်းကျယ်နဲ့ဆိုတော့ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးရတယ် မဟုတ်ပါလား။
လူခန့်ဟာ တစ်လအတွင်းမှာပဲ ဝိုင်း ၇ ဝိုင်းကနေ ၁၅ ဝိုင်းအထိ တိုးလိုက်ရပြီး ရေခဲသေတ္တာပုံးကြီး တစ်ခုဝယ်လို့ ရေခဲစိမ်အအေးတွေကိုလည်း ရောင်းချနေရတော့တယ်။ ဒါတောင် ပက်စီနဲ့ ကိုကာကိုလာက . . သူတို့ရဲ့ မတ်ရပ်ရေခဲသေတ္တာတွေ လာထားပေးပါရစေလို့ ခွင့်တောင်းနေကြတာကို လူခန့်က ”ဆိုင်ခန်းသေချာမဖွဲ့ ရသေးလို့ နောက်လလောက်မှ လာထားပါ ” လို့ တောင်းပန်ထားရသေး။
အဲ့ဒီလို . . . လူခန့်ရဲ့ ဆိုင်က မထင်မှတ်ဘဲ ရောင်းအားကောင်းနေတော့ ကာယကံရှင်ဖြစ်တဲ့ လူခန့်ကော. . . ဒိုင်ခံကူညီရတဲ့ မောင်သူရ မကြီးမြသီ ဒေါ်နွဲ့ သီတာတို့တွေလည်း အားရတယ်ကို မရှိတော့ဘူး။ ဒါနဲ့ လူခန့်လည်း စားပွဲထိုးဖို့နဲ့ လက်တို့လက်တောင်းခိုင်းဖို့အတွက် အနီးပါးနားက ကောင်လေးနှစ်ယောက်ကို နေစားနဲ့ ထပ်ခေါ်လိုက်ရတော့တယ်။ မအားတဲ့ကြားထဲက မကြီးမြသီနဲ့ ဒေါ်နွဲ့တို့က ဝိုင်းတွေရဲ့ မလှမ်းမကမ်းမှာ ပန်းပင်တွေ သစ်ခွစင်တွေ ရွက်လှပင်တွေ စိုက်ပျိုးကြပြန်တယ်။ မောင်သူရကလည်း အောင်ဘုနဲ့တိုင်ပင်ပြီး အောင်ဘု အားတဲ့အချိန်တွေမှာ ပန်းပင်တွေကြားထဲ အလှမီးတွေ လိုက်ဆင်ကြပြန်တော့ ထိုအလှအပ ပသာဒမြင်ကွင်းတွေဟာ ဆိုင်ကိုလာသမျှ ဧည့်သည်တွေရဲ့ စိတ်ကို ညှို့ယူဖမ်းစား ဆွဲဆောင်ကြတော့တာပေါ့။
ဒီလိုနဲ့ လူခန့်လည်း တစ်လကျော် နှစ်လလောက် ဆိုင်ဖွင့်ပြီးကော . . . ဆိုင်ရဲ့ ရောင်းအားအရ အခု ဆိုင်ခုံခင်းထားတဲ့ ခြံရှေ့ ညာဘက်ထောင့်နေရာမှာ ပေ ၂၀ x ၄၀ လောက်ကျယ်မယ့် ဆိုင်ခန်းတစ်ခန်းကို သစ်သားတိုင်ထောင် . . သွပ်မိုး. . . အုပ်နဲ့သံဇကာကာပြီး တည်ဆောက်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
ဦးတိတ်ရှောင်ကို တိုင်ပင်တော့ . . .
” လူ့ဆိုင်ရဲ့ ရောင်းအားကို လူ့သိနေတာပဲ။ တစ်လ နှစ်လနဲ့တင် လူ့ ဒီလောက်ရောင်းကောင်းနေရင် နောက်ဒီထက် ပိုရောင်းကောင်းဖို့ပဲ ရှိတော့တယ်။ မယုံရင် လူ့စောင့်ကြည့်နေ။ ဝ သင်ပေးထားတဲ့ ဘဲကင်နဲ့ အခေါက်ကင် လက်ရာတွေကို အနယ်နယ် အရပ်ရပ်ကနေကို တကူးတက လူ့ဆီမှာ လာစားကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ အခု ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ရွှေဘဲ ဘဲကင်ဆိုတာတောင် ဝရဲ့ ဘဲကင် လောက်မကောင်းလို့ပဲ။ အဲ့ဒီတော့ ဆိုင်ကိုလည်း ကရော်ကမယ် ဆောက်မနေနဲ့တော့။ ရန်ကုန်ဆိုင်တွေလို သံဘောင်တွေခွေ . . . သွပ်ထူထူမိုး။ တဖက်ခြံဘက်က အခြမ်းကိုပဲ အုတ်တံတိုင်းကာ။ ကျန်တဲ့ မျက်နှာစာသုံးဘက်ကို သံပန်းတံခါးတွေ အလူမီနီယံ ဆွဲတံခါးတွေတပ် . . . ဝိုင်းတွေကိုလည်း ထပ်တိုးဖို့လုပ်။ မီးဖိုချောင်ကိုလည်း ကောင်းကောင်းနေရာပေးရမယ်။ သန့်သန့်ရှင်းရှင်း လုပ်ရမယ် ”
ဦးတိတ်ရှောင်က လူခန့်ကို အလုပ်တိုးချဲ့ဖို့ မြှောက်ပေးလေတော့တယ်။ လူခန့်လည်း ဦးတိတ်ရှောင်ရဲ့ စိတ်တိုင်းကျ လိုက်လုပ်လိုက်တာ ရွှေဆိုင်မှာအပ်ထားတဲ့ သိန်းတစ်ရာကျော်ကော ရတဲ့အတိုးတွေပါ ပြောင်တလင်း ခါသွားလေရဲ့ ။ ဒါ့အပြင် ကားမောင်းပြီး စုထားတဲ့ငွေတွေနဲ့ နှစ်လအတွင်း ဆိုင်ရောင်းလို့ရတဲ့ အမြတ်ငွေတွေပါ ကုန်ခမ်းသွားတော့တာပေါ့။ ဆိုင်ကတော့ ကျယ်ကျယ်ဝန်းဝန်း သားသားနားနား လင်းလင်းထိန်ထိန်နဲ့ အတော်ကို ဖိုင်းသွားတော့တာ။ ဦးတိတ်ရှောင်ကတော့ . . .
” ရင်းရမယ့်အချိန်တန်လို့ ရင်းတာ။ ဘာမှ နှမြောမနေနဲ့။ လူ့ မှာ သေချာတဲ့ ဈေးကွက်နဲ့ ဖောက်သယ်တွေရှိတယ်။ ဒီထက်မက လုပ်ငန်းတိုးတက်လာဖို့လည်း အလားအလာကောင်းတွေ အများကြီး။ လူ့ ရှေ့ဆက် ဒီထက်မက တိုးတက်ချင်ရင် သေချာတဲ့ နေရာတွေမှာ ရင်းနှီးမြှပ်နှံဖို့ ဘယ်တော့မှ မစိုးရွံ့နဲ့ ”
ဟု လူခန့်ကို အားပေးစကားပြောကြားပြီး သင်ကြားပြသပေးလေတယ်။ ဆိုင်အသစ်ဆောက်ပြီး စဖွင့်တဲ့နေ့မှာပဲ မှန်မဲတပ်ထားတဲ့ ၂၀၀၂ မော်ဒယ် တိုယိုတာ ခရောင်း အနက်ရောင်ကားတစ်စီး ခြံထဲကို ခပ်ကြမ်းကြမ်းဝင်ချလာပြီး ဆိုင်ရှေ့အထိ မောင်းလာလျှက် ဆိုင်ရှေ့မှာ ထိုးရပ်လိုက်တယ်။
” အဘိုးကြီးကား မဟုတ်လားဗျ ။ အဘိုးကြီး မစီးစဖူး ကားတွေဘာတွေ ထုတ်စီးနေပါလား။ ဘာကိစ္စလဲမသိဘူး ”
အောင်ဘု ကားသိမ်းပြီးချိန်မို့ ဆိုင်ထဲမှာရှိနေတော့ . . . . လူခန့်က ၎င်းကို လက်ကုတ်ပြောလိုက်ပြီး အံ့အားသင့်နေကြတာပေါ့။ မောင်သူရလည်း အနားကို ရောက်လာတယ်။
” အဖိုးကြီး ပြသနာလာရှာတာလား မသိဘူးနော် ”
” မပြောတတ်ဘူး။ ဒီလူကြီးက တစ်ခါတလေ မိန်းမစိတ် ”
လူခန့်တို့ တစ်ယောက်တစ်ပေါက် ထင်မြင်ချက်ပေးနေဆဲမှာပဲ ခြံရှေ့လမ်းမဘေးကို ဦးပုပိုင်တဲ့ ကုန်ကားလေးစီး ထပ်မံထိုးစိုက်လာပြီး ကားတွေပေါ်မှ ကားဆြာတွေ စပါယ်ရာတွေ အပါအဝင် ဦးပုရဲ့ အခြားတပည့်တပမ်းတွေ ၁၅ ယောက်လောက် ဆင်းလာလို့ ခြံထဲကို ရှူတီတီမျက်နှာပေးတွေနဲ့ ဝင်လာကြပါကော။ အဲ့ဒီနောက် ခရောင်းကားနက်ကြီးရဲ့ ရှေ့ခန်းတံခါး ပွင့်လာပြီး ဦးပုထွက်လာကာ လူခန့်တို့ဆိုင်အတွင်းကို ဦးဆောင်ဝင်လာတော့တယ်။ နောက်မှာ တပည့်တပမ်းတွေက ဝန်းရံလျှက်။ ဦးပုရဲ့ မျက်နှာကြောဟာ အတော်ကို ခက်ထန်မာကြောနေတယ်။ ဥရောပအဝတ်အစား အနက်ရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့ ၎င်းဟာ လက်ထဲက တောင်ဝှေးနဲ့ သံမံတလင်းကို တဒေါက်ဒေါက် မြည်အောင်ထောက်ပြီး လူခန့်တို့ရပ်နေတဲ့နေရာကို တလှမ်းချင်း လှမ်းလာပုံမှာ မာဖီယား ဂိုဏ်းခေါင်းဆောင်တစ်ဦးနှယ်။
သေချာပြီ။ ဦးပု ပွဲလာကြမ်းတော့မယ်။ လူခန့်တို့ သုံးယောက်သားလည်း တစ်ယောက်လက်ကိုတစ်ယောက် ကိုင်လိုက်ကြပြီး ကြုံတွေ့သမျှ ပြသနာကို ရင်ဆိုင်ဖို့ အားမွေးလိုက်ကြတော့တာပေါ့။ မြသီ ဒေါ်နွဲ့ သူဇာ သီတာစတဲ့ လူခန့်တို့ အိမ်သားတွေနဲ့ ခေါ်ထားတဲ့ စားပွဲထိုးလေးနှစ်ယောက်ဟာလည်း ဆိုင်နောက်ဘက်မှာ စိုးရိမ်ထိတ်လန့်စွာနဲ့ အခြေအနေကို စောင့်ကြည့်နေကြတော့တယ်။ ဦးပုက လူခန့်တို့ သုံးဦးရှေ့ရောက်ကော လေသံမာမာနဲ့ စကားစလိုက်တယ်။
” ဒီမှာ ဟိတ်ကောင်တွေ . . . မင်းတို့က ငါ့ကို အိုမင်းမစွမ်းကြီးဆိုပြီး ဘေးဖယ်ချင်ကြတယ်။ နတ်ယုံဘာယုံနဲ့ သောက်ခြောက်ကြီးလို့လည်း အထင်သေးကြတယ်။ ဒီမှာ . . . မင်းတို့ မသေမချင်းမှတ်ထား။ ငါဆိုတဲ့ကောင်က မလုပ်ချင်ရင်လည်း မလုပ်ဘူး။ အေး လုပ်မိပြီဆိုရင်လည်း ပွဲသိမ်းပဲ။ ငပုက မင်းတို့ထင်ထားသလို သောက်သုံမကြတဲ့ ငပု မဟုတ်ဘူး . . .။ ငပုဘာကောင်ဆိုတာ ဒီနေ့တော့ မင်းတို့ သိရပြီပေါ့ကွာ . . .”
ဦးပုက လူခန့်တို့ကို ကြိမ်းမောင်းပြောဆိုနေတဲ့ အချိန်မှာ သူ့တပည့်တွေက လူခန့်တို့ကို ဝိုင်းဝန်းပိတ်ဆို့ပြီးနှင့်ကြပြီ။ ဦးပုရဲ့ ဒေါသသံတွေကို နားထောင်ရင်း လူခန့်နဲ့အောင်ဘုတို့လည်း ကြုံလာရတော့မယ့် အန္တရာယ်ကို စိုးရိမ်စွာနဲ့ စောင့်စားနေလိုက်ကြတော့တယ်။ အဘိုးကြီးရဲ့ မျက်နှာအမူအရာတွေ ပြောသံဆိုသံတွေဟာ ဘာမှ မစဉ်းစားတော့ဘဲ လုပ်ချင်တာကို ဇွတ်လုပ်ပစ်တော့မယ့်ပုံ။ မောင်သူရလေးကတော့ အသက်ငယ်သူမို့ ကြောက်လန့်ပြီး အသားတွေ တဆတ်ဆတ်တုန်လျှ က် . .
” မင်းတို့တွေဟာ အတော် ကျေးဇူးကန်းတဲ့ကောင်တွေ။ မင်းတို့အပေါ်မှာ ငါဒီလောက်ကောင်းခဲ့တာကို. . . ငါ့အပေါ်ကြတော့ ပြန်ပြီး အသိတတ်တရား မထားကြဘူး။ ဘယ့်နှယ့်ကွာ . . . ငါ့ကားကို အနားထားပြီး ဘဲကင် အခေါက်ကင်ကို တနယ်လုံးမှာ ဒီလောက်အထိ နာမည်အကြီးဆုံးဖြစ်သွားအောင် ရောင်းရလား ”
ဦးပုရဲ့ ဒေါသတွေက အထွတ်အထိတ်ကို ရောက်နေချေပြီ။ လူခန့်လည်း မျက်နှာငယ်လေးဖြင့် အရဲကိုးပြီး ရှင်းပြဖို့ ကြိုးစားရတော့တာပေါ့။
” ကျွ န်. . .ကျွန် . . .ကျွန်တော်. .တို့ . . .”
” ဟေ့ကောင် . . . လုပ်ချင်တာလုပ်ပြီး အခုမှ ငါ့ရှေ့ မှာ အထစ်ထစ်အငေါ့ငေါ့တွေ ဖြစ်ပြမနေနဲ့။ မင်းတို့ကို ငါ ဘာစိတ်အဆိုးဆုံးလဲ သိလား ”
” မ. . .မ. .သိ ”
” အေးးးး မသိရင် သေအောင်မှတ်ထား။ ဘဲကင် အခေါက်ကင်တွေကို ဒီနယ်တစ်ဝိုက်မှာ နာမည်အကြီးဆုံးဖြစ်အောင် ရောင်းပြီး ငါ့အတွက်ကြတော့ တစ်ခွက်မှ ပို့မပေးတာကိုပဲကွ . . .။ အခုချက်ခြင်း တို့အတွက် အခေါက်ကင်တွေ ဘဲကင်တွေ ချစမ်းကွာ . . .။ အပြတ်စားပစ်လိုက်မယ် . . . ”
ဦးပုရဲ့ စကားလည်း ဆုံးကော လူခန့်နဲ့ အောင်ဘုလည်း
” ဗျာ. . . . .”
ကနဲ သံပြိုင်ရေရွတ်လိုက်ကြပြီး တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြတော့တယ်။ ဦးပုက လူခန့်တို့ဘေးမှာ ဝိုင်းထားကြတဲ့ သူ့တပည့်တွေကိုလည်း
” ဟေ့ကောင်တွေ . . . ဘာကြောင်တောင်တောင် လုပ်နေတာလဲ။ လွတ်တဲ့ဝိုင်း ဝင်ထိုင်ကြလေ။ ဒီနေ့ ငါဒကာခံမှာ ”
ဟု ပြောလိုက်လေရာ . . . ထိုသူတို့များကလည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်
” ဟေးးး ခနဲ ”
အော်ဟစ်လိုက်ကြပြီး နီးစပ်ရာဝိုင်းများတွင် သူ့ထက်ငါဦးအောင် အလုအယက် နေရာအသီသီး ဝင်ယူကြပါတော့တယ်။ ထို့နောက် ဦးပုက အဖြစ်အပျက်တွေကို လူခန့်နဲ အောင်ဘု နားလည်သွားအောင် ရှင်းပြလေတယ်။
” ဒီလိုကွ . . . ငါ ငယ်ငယ်တုန်းက ဝက်သားသိပ်ကြိုက်တာ။ တစ်ခါတော့ ငါအကြီးအကျယ် နေမကောင်းဖြစ်တာ သေကောင်ပေါင်းလည်းပဲ။ အဲ့ဒီအချိန်မှာ ငါ့အဖေက ငါ့ကိုဆရာဝန်ပြပေးသလို နတ်ယုံတဲ့ ငါ့အမေကလည်း သူကိုးကွယ်တဲ့ နတ်တွေကိုပင့်ပြီး ပွဲပေးဘာပေး လုပ်တော့တာ။ ဆရာဝန်ရဲ့ ကုသမှုနဲ့ ငါပြန်ပြီး နလံထလာပေမယ့် မေမေက ဖေဖေထက်စာရင် ငါနဲ့အနေပိုနီးတော့ သူပြောပြသလို သူ့ရဲ့နတ်တွေ စောင့်ရှောက်မစလို့သာ ငါ အသက်ချမ်းသာရာရခဲ့တယ်လို့ ယုံကြည်မိခဲ့တယ်။ အဲ့ဒီကတည်းက ငါလည်း ငါသိပ်ကြိုက်တဲ့ ဝက်သားကို စွန့်လွှတ်ခဲ့ပြီး နတ်တွေကို ကိုးကွယ်ပသတော့တာပဲ။ အခုတော့ အမှန်တရားကို ငါကောင်းကောင်းသိပါပြီ။ တကယ့်လက်တွေ့ ဘဝမှာ ဒီနတ်တွေဟာ ဘာမှ အရေးမပါဘူး . . .။ ကိုယ့်အတွက် တကယ် မှီခိုရာ အားထားရာအစစ်ဟာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကံနဲ့ မိတ်ဆွေရင်းခြာတွေပဲ ဖြစ်ကြတယ် ဆိုတာကိုပေါ့။ အဲ့ဒါကြောင့် ငါဆိုတဲ့ကောင်က နတ်ယုံတဲ့ အခြောက် ဦးပုမဟုတ်ဘူး . . .။ ဝက်သားကြိုက်တဲ့ ဦးပုဆိုတာကို မင်းတို့သိအောင် လက်တွေ့လာပြရတာပဲဟေ့။ ငါ အခုလိုအမြင်မှန်တွေ ပြန်ရလာအောင် ငါ့ကို လမ်းပြပေးခဲ့တဲ့ လမ်းပြကြယ်လေးလည်း ရှိသေးတယ် . . .”
ဦးပုဟာ လူခန့်တို့ကိုရှင်းပြနေရင်း ခရောင်းကားဆီသို့ ထွက်သွားပြီး ကားနောက်ခန်းတံခါးကို ဖွင့်လို့ . . .
” လာ . . . စတားလေး ”
ဟု ခေါ်လိုက်လေရာ ကားပေါ်မှ ဆံပင်တိုတို မျက်နှာဝိုင်းဝိုင်း မျက်လုံးပေါက်ကျဉ်းကျဉ်းနဲ့ ခန္ဓာကိုယ် ပြည့်တင်းလှပတဲ့ တရုတ်မတစ်ယောက် ဆင်းလာပါတော့တယ်။ အသက် ၃၀ ဝန်းကျင်ရှိ အနှီတရုတ်မဟာ ဦးပုရဲ့ လက်မောင်းတစ်ဖက်ကို ဆွဲယူမှီခိုလိုက်ပြီး လူခန့်တို့ ရှိရာသို့ နှစ်ဦးတွဲလို့ လျှောက်လှမ်းလာကြလေတယ်။ လူခန့်တို့လည်း ဦးပုလုပ်သမျှကို အံ့သြမှင်သက်စွာ လိုက်ကြည့်နေကြရတော့တာပေါ့။ အနားကိုရောက်တော့ ဦးပုက
” ဒါက ခင်မေလွမ် တဲ့။ ငါကတော့ စတားလေး လို့ပဲ ခေါ်တယ်။ ငါ့ရဲ့ လမ်းပြကြယ်လေးမို့လို့။ ပြီးခဲ့တဲ့ အပတ်ကမှ သူနဲ့ငါနဲ့ ရုံးတက် လက်ထပ်လိုက်ကြတာ။ ငါ အခုလို ပြောင်းလဲသွားတာဟာ သူ့ကြောင့် အမျာကြီးပါတယ် ။ ဘယ်လိုလဲ . . . ငါ့မိန်းမ မိုက်တယ်မဟုတ်လား။ ပြီးတော့ ဦးပုဆိုတဲ့လူဟာ အိုမင်းမစွမ်း မဟုတ်ဘူး။ အိုပေမယ့် စွမ်းတုန်း သန်တုန်း ဆိုတာကို မင်းတို့ကို ငါ သက်သေလာပြတာပဲ ”
ဟု ၎င်းရဲ့ စကားကို အဆုံးသတ်လိုက်မှ လူခန့်တို့လည်း ” ဟူးးးးးး ခနဲ ” သက်ပြင်းချ နိုင်တော့တာပေါ့။ လူခန့်က . . .
” ဦးလေးရယ် . . . မိန်းမယူတာ ကျွန်တော်တို့တောင် မသိရပါလား ”
လို့ ပြောလိုက်တော့
” ငါက မင်းတို့ကို စပရိုက်လုပ်ချင်လို့ ”
တဲ့လေ။
” တရုတ်မလေးကို ယူထားမှတော့ ဦးလေး ဘယ်ဝက်သားရှောင်လို့ ဖြစ်ပါတော့မလဲ။ ဝက်သားရှောင်မလား လူသားရှောင်မလား ကြိုက်တာတစ်ခုခု ရွေးရတော့မှာလေ ”
အောင်ဘုက အရွှန်းထဖောက်လိုက်တယ်။
” အေးပေါ့ကွာ. . . ပြောပါ ပြောပါ။ ငါကလည်း အိုကြီးအိုမကြမှ ဟောဒီက တရုတ်မလေးကို ချစ်မိသွားတာကိုးကွ . . . . ဟားး ဟားး ဟားး ဟားး”
ဦးပုက ပြန်ပြောလိုက်ပြီး သုံးယောက်သား ပြိုင်တူ ရယ်လိုက်ကြတော့တာပေါ့။
” အို. . . ကိုကြီးနဲ့ မောင်လေးတို့ကလည်း ဘာတွေပြောမှန်းလဲ မသိဘူး ”
ခင်မေလွမ်ကတော့ အရှက်သည်းလျှက်။
ဦးပုတို့စုံတွဲဦးဆောင်တဲ့ အဖွဲ့ဟာ လူခန့်တို့ဆိုင်မှာ စိတ်တိုင်းကြ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပြီး ပြန်လည် ထွက်ခွာသွားကြတော့တယ်။ ဦးပုက ပြန်ခါနီး လူခန့်နားကပ်လို့ . . . ကာမအားတိုးစေမယ့် ဟင်းလျှာတစ်မျိုးလောက် စီစဉ်ပေးဖို့အကြောင်းကို နားပူနဆာ လုပ်သွားသေးတာ။ ဒါနဲ့ လူခန့်လည်း ဦးတိတ်ရှောင်ကို မေးစမ်းကြည့်တော့ ဦးတိတ်ရှောင်က. . .
” ဒါမြန်းကွာ။ ဘဲတစ်ကောင်ဝယ်။ ပရဆေးဆိုင်က ဆင်တုန်းမနွယ် x x x သား ။ အိမ်နောက်ဖေးမှာ အလေ့ကျပေါက်နေတဲ့ ရှဉ့်မတက်က x x x သား ”
စသဖြင့် ဦးပုအတွက် ဟင်းချက်ပေးဖို့ လမ်းညွှန်ပြသလိုက်လေတယ်။ လူခန့် နောက်နေ့ ဟင်းချက်ပြီး သွားပို့တော့ အဘိုးကြီးက သိပ်ကိုပျော်ရွှင်တက်ကြွလို့။ နောက်သုံးရက်လောက်ကြာတော့ ဦးပု လူခန့်ဆီ ရောက်လာပြန်ပါကော။
” မင်းဟင်းက သိပ်စွမ်းတယ်။ အဲ့ဒီနေ့ညကဆိုရင် စတားလေး ငိုပြီးတော့ကို တားယူရတာ။ အစကတော့ မရပ်ချင်ဘူးပေါ့။ နောက်ပိုင်း သနားလာတာနဲ့ ငါလည်းကိစ္စကို အပြီးသတ်ပေးလိုက်ရတယ်။ သူ့ခင်မျာ ပျော့ခွေသွားတာပဲ။ မင်းဟင်းကိုတော့ ငါ သိပ်သဘောကြသွားပြီ။ နောက်နေ့တွေမှာလည်း ငါ့ဖို့ အဲ့ဒီဟင်း စီစဉ်ပေးပါဦးကွာ။ ငါ ကျသ၍ ရှင်းပေးပါ့မယ်။ ပြီးတော့ ငါ့လို မိန်းမငယ်ငယ် ယူထားကြတဲ့ ငါ့ဘော်ဒါ အဖိုးကြီးတွေကိုလည်း မင်းဟင်းညွှန်းပေးမယ်။ ”
ဟု တောင်းဆိုတာကြောင့် လူခန့်လည်း ထိုဟင်းကို သုံးရက်ခြားတစ်ခါလောက် ချက်ပြီး ဦးပုဆီကို ပို့ပေးနေရတော့တာပေါ့။ ဦးတိတ်ရှောင်နဲ့ တွေ့တဲ့အခါ ဦးတိတ်ရှောင်က လူခန့်ကို
” အဲ့ဒီဟင်းနည်းက တကယ်စွမ်းတဲ့ တရုတ်နန်းတွင်းနည်းကွ။ စားရတာလည်း အရသာရှိသလို စွမ်းဆောင်ရည်ကလည်း အံ့မခန်းဘဲ။ ကြည့်ပါလား . . . ဦးပုလို အသက်ခြောက်ဆယ်ကျော် အဖိုးကြီးမှာတောင် ဒီလောက် အစွမ်းပြနေသေးရင် အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင် အမျိုးသားတွေဆို ဘာပြောကောင်းပါ့မလဲ။ အဲ့ဒီတော့ လူ့အနေနဲ့ ဒီဟင်းချက်ရောင်းရင်. . . ရောင်းကောင်းမှာ မြေကြီးလက်ခတ်မလွဲပဲ။ ဈေးလည်းကြိုက်သလောက် ဆိုပေတော့။ လူ့တို့ ဝတို့ ယောက်ျားတွေဆိုတာ ဒီလိုကိစ္စမျိုးတွေဆို မနှမြောတတ်ကြဘူး မဟုတ်လား ”
စသဖြင့် အကြံဉာဏ်တွေ ထပ်ပေးလိုက်ပြန်ရာ . . . လူခန့်လည်း ထိုဟင်းကို ” ကျားတစ်ရာ ဘဲပေါင်း ” လို့ ကင်ပွန်းတပ်ပြီး ကြော်လှော်ရောင်းချရမယ့် ဟင်းစာရင်းထဲမှာ ထည့်ထားလိုက်တော့တယ်။ လူခန့်ရဲ့ဆိုင်လည်း အရင်အလုပ်ဖြစ်တယ်ဆိုတာထက် ၄၀ ရာခိုင်နှုန်းလောက် ပိုမိုပြီး ရောင်းအား တိုးတက်သွားပါတော့တယ်။
——————————————-
လတွေနှစ်တွေလည်း ပြောင်းခဲ့ပြီပဲ။ လူခန့်လည်း အသက် ၂၉ နှစ်တင်းတင်းပြည့်ခဲ့ပြီး အခြားသူများလည်း ကိုယ်စီကိုယ်စီ အသက်အရွက်တွေ ကြီးရင့်ကုန်ကြတော့တယ်။ ” မြို့စားကြီး ” စားသောက်ဆိုင်မှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုအောင်မြင်လာတာ အခုဆိုရင် မူလဆိုင်ဟောင်းရဲ့ ဘေးမှာ ကားအဝင်အထွက်အတွက် ပေ ၂၀ လောက် လမ်းချန်ထားပြီး ကျန်တဲ့ ခြံမျက်နှာစာတစ်ခုလုံးကို ဆိုင်ခန်းကျယ်ကြီး အသစ်ထပ်ဆောက်လိုက်ရတယ်။
ဆိုင်မှာ စည်ဘီယာ ကော့တေး အပျော့အပြင်း red black green blue gold စသဖြင့် အဖျော်ယမကာမျိုးစုံကို ရရှိနိုင်ပြီလေ။ ဘဲကင်နဲ့ အခေါက်ကင်ကလည်း ကောင်းလွန်းဆိုတော့ လူခန့်ရဲ့ဆိုင်ဟာ အချိန်တိုင်း ဝိုင်းပြည့်နေတော့တာ။ ဘဲကင်နဲ့ အခေါက်ကင် ကကောင်းတယ်ဆိုလို့ ကျန်တဲ့ အစားအစာတွေကလည်း ညံ့မယ်မထင်လေနဲ့ . . . ရန်ကုန်က တော်ရုံတန်ယုံ ဟိုတယ်လောက်ကို သနားတယ် . . .။
ကြော်တဲ့ ချက်တဲ့ အလုပ်ကိုတော့ လူခန့်ကိုယ်တိုင် မလုပ်တော့ဘူး။ မီးဖိုခန်းမှာ လူခန့်ရဲ့လက်ထွက် စားဖိုမှူး သုံးယောက်ခန့်ထားတယ်။ အဲ့ဒီသူတွေကို မောင်သူရက ကြီးကြပ်ရတယ်။ ဆိုင်မှာ အလုပ်သမား စားပွဲထိုး ကျားမပေါင်း အယောက်အစိတ်လောက်ရှိပြီး ဆိုင်ရဲ့အနောက်ဘက်မှာ ကျားဆောင်တစ်ဆောင် မဆောင်တစ်ဆောင် ဆောက်ပြီး ထားထားရတာ။ အလုပ်သမားအရေးနဲ့ ဈေးဝယ်ဖို့ချမ်းဖို့ ကုန်တွေအော်ဒါမှာဖို့ကို မကြီးက တာဝန်ယူပြီး ဆိုင်ရဲ့အလှအပ သန့်ရှင်းသပ်ရပ်ရေးကိုတော့ ဒေါ်နွဲ့နဲ့ သီတာက တာဝန်ယူကြတယ်။ လူခန့်က စာရင်းလောက်ပဲလုပ်တော့တာ။ ဆိုင်ကို အရေးကြီးဧည့်သည်တွေ ခင်မင်ရတဲ့ မိတ်ရင်းဆွေညာတွေ လာတယ်ဆိုရင်တော့ လူခန့်က ကိုယ်တိုင်ကြော်ချက်ပြီး ဧည့်ခံလေ့ရှိတယ်။ လူခန့်မှာက အခြားအာရုံစိုက်စရာ ကားလုပ်ငန်းကလည်း ရှိနေပြီမဟုတ်ပါလား. . .။
ကားလုပ်ငန်းအစက ဒီလို . . . .။ ဦးပုက ခင်မေလွမ်နဲ့ ငြားပြီးနောက်ပိုင်း ကားတွေကို တဖြေးဖြေးလျော့ချပြီး ခင်မေလွမ်တို့ရဲ့ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ ကုန်စုံဆိုင်ကို အားစိုက်ချင်တယ်။ အဲ့ဒါနဲ့ပဲ ကားတွေရောင်းဖို့ လူခန့်ကို လာတိုင်ပင်တော့ လူခန့်လည်း ဦးတိတ်ရှောင် သံယောဇဉ်နဲ့ မိမိတို့ဆီမှာ ထားထားတဲ့ ကားနီကြီးကို ဖြစ်ညှစ်ပြီး အရင်ဝယ်လိုက်တော့တာ။ လူခန့်ကော အောင်ဘုကပါ ကားလုပ်ငန်းနဲ့ အကျွမ်းဝင်ပြီးသား သူတွေဖြစ်တဲ့အပြင် ဦးတိတ်ရှောင်ရဲ့ ပံ့ပိုးမှုကလည်း ပါသေးတာကြောင့် ကားနီကြီးက လူခန့်တို့လက်ထဲမှာ အတော်အလုပ်ဖြစ်တယ်။ အဲ့ဒါနဲ့ လူခန့်ဟာ ကားလုပ်ငန်းကိုပါ စိတ်ဝင်စားသွားပြီး ဦးပုပိုင်တဲ့ ကားခြောက်စီးထဲက လတ်သေးတဲ့ကား သုံးစီးကို တစ်စီးစီ တဖြေးဖြေးချင်း ဝယ်ယူဖြစ်လိုက်တော့တာပေါ့။ ကျန်တဲ့ကားတွေကိုတော့ ဦးပုက တောဘက်ကို အောက်ဈေးနဲ့ရောင်းထုတ်လိုက်တယ်လေ။
အခုတော့ အောင်ဘုလည်း ကားမမောင်းတော့ဘူး။ ကားသုံးစီးမှာ ဒရိုင်ဘာတွေ စပါယ်ရာတွေ ရွေးချယ်ခန့်ထားပြီး ကြီးကြပ်လုပ်ကိုင်ရတယ်။ ကားနီကြီးကိုတော့ လူခန့်က လုံးလုံးအနားပေးလို့ ခြံခေါင်းရင်းမှာ သူ့အတွက် ဂိုထောင်ဆောက်ပြီးကို သိမ်းထားတော့တာ။ အရင်အိမ်တွေ တဲတွေကိုလည်း ဖျက်လိုက်ပြီး အိမ်နေရာမှာ အာစီ နှစ်ထပ်တိုက် ကောင်းကောင်းတစ်လုံးဆောက်လို့ လူခန့်တို့မောင်နှမ နေကြတယ်။ တဲနေရာမှာတော့ လူခန့်က အာစီ တစ်ထပ်တိုက်တစ်လုံးကို ခပ်ကျယ်ကျယ်ဆောက်လိုက်ပြီး အောင်ဘုတို့ မိသားစု ဆွေမျိုးတစ်သိုက်ကို ပေးနေလိုက်တော့တယ်။ နောက်ပိုင်းမှာ မကြီးမြသီက သူ့အတွက် အဖော်ရအောင်ဆိုပြီး သီတာကို နှစ်ထပ်တိုက်ဆီကို ပြန်ခေါ်ထားလိုက်လေရဲ့ ။ အောင်ဘုနဲ့ သူဇာမှာလည်း သားလေးတစ်ယောက်ရတာ သုံးနှစ်သားတောင်ရှိသွားပြီလေ။
လူခန့်က မိမိနဲ့မကြီးအတွက် ခရောင်းကားတစ်စီးနဲ့ အောင်ဘုတို့အတွက် ဖီဒါတစ်စီး ဝယ်ထားတော့ အားလုံး သွားရေးလာရေးကအစ အဆင်ပြေနေကြတာပေါ့။ ဒါ့အပြင် လူခန့်ဟာ. . . . မကြီးကလွဲရင် ကျန်တဲ့ အောင်ဘု သူဇာ သီတာ ဒေါ်နွဲ့ မောင်သူရတို့ကို ၎င်းတို့လုပ်ဆောင်ရတဲ့ တာဝန်တွေကိုလိုက်ပြီး လစာကောင်းကောင်း ပေးထားသေးတယ်။ မကြီးကတော့ လစာမလိုဘူးလေ . . . လူခန့်ဆီက ကြိုက်သလောက် ယူသုံးလို့ရနေတာပဲ။
ဒီလိုနဲ့ လူခန့်တို့ရဲ့ ညီညီညွတ်ညွတ်ကြိုးစားမှု ဦးတိတ်ရှောင်ရဲ့ လမ်းညွှန်အကြံပေးမှု ဆောင်မကြည့်ရှုမှုတွေကြောင့် လူခန့်ရဲ့ဘဝဟာ ကိုးနှစ် ဆယ်နှစ်အတွင်းမှာကို အပြောင်းလည်းကြီး ပြောင်းလည်းလာခဲ့ပါတော့တယ်။
တစ်ညတော့ ဦးတိတ်ရှောင်ရဲ့ ကားဂိုဒေါင်ခေါင်မိုးပေါ်မှာ လူခန့်နဲ့ ဦးတိတ်ရှောင် ထိုင်ပြီး စကားလက်ဆုံကြနေကြလေရဲ့ ။ ဆိုင်ပိတ်ချိန်တော့ မရောက်သေးဘူး။ လူတိုင်းက သူ့အလုပ်နဲ့သူလည်ပတ်နေကြဆဲ။ လူခန့်တစ်ယောက်သာ ဦးတိတ်ရှောင်နဲ့ စကားအေးဆေးမပြောရတာကြာလို့ ဂိုဒေါင်ပေါ်တက်ခဲ့တာ။ လူမှုရေး စီးပွားရေး သာရေးနာရေး စသဖြင့် ရောက်တတ်ရာရာ ပြောကြရင်း ဦးတိတ်ရှောင်က လူခန့်ကို စကားစလာတယ်။
” လူ့ရဲ့ ရိုးသားကြိုးစားမှု ဝရဲ့ လမ်းညွှန်ပမ့်ပိုးမှုတွေကြောင့် အခုဆိုရင် လူ့ရဲ့ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး လော်ပန်ဘဝကို ရောက်ခဲ့ရပြီ။ ဝလည်း ဒီထက်ကောင်းတဲ့ ဒီထက်မြင့်တဲ့ နတ်ဘုံကို သွားချင်ပြီ။ ဒါပေမယ့် ဝမှာ ကိစ္စတစ်ခုကို နောက်ဆံတင်းနေရတာကြောင့် စိတ်ချလက်ချ မသွားနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒါ ဝအနေနဲ့ စိတ်ချလက်ချ နတ်ဘဝကို သွားနိုင်ဖို့ . . . လူ့ ဝကို ကူညီပါလို့ အကူအညီတောင်းပါရစေ ”
” အို . . . ဦးတိတ်ရှောင်ရယ် . . . ဒီလောက်တောင် စကားပလ္လင်တွေ ခံနေရလား။ ကျုပ်နဲ့ခင်ဗျားက ပြောရမယ့်လူတွေမှ မဟုတ်တာ။ ခင်ဗျားအတွက်ဆို ကျုပ်က ဘာမဆိုကူညီဖို့အသင့်ပဲ။ နောက်ဆုံး ကျုပ် အခုပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ခင်ဗျားအတွက်ဆို ဝဲလ်ကမ်းပဲ။ ဘာလို့လည်းဆိုတော့ ခင်ဗျားနဲ့ ကျုပ်က မိတ်ရင်းဆွေရင်းတွေဆိုလည်း ဟုတ်တယ်. . . ဆရာတပည့်ဆိုလည်းဟုတ်တယ် . . . တူဝရီးတွေဆိုလည်း ဟုတ်တယ်. . . မဟုတ်လား။ ကဲ. . . ပြောမှာသာပြော . . . ကျုပ် ဘာကူညီရမလဲ ”
စိတ်စေတနာအရင်းခံနဲ့ တက်ကြွလန်းဆန်းစွာ ပြောလိုက်တဲ့ လူခန့်ရဲ့ စကားသံကို ကြားလိုက်ရတော့ ဦးတိတ်ရှောင်လည်း ပီတိအပြုံးတွေ ဝေဆာသွားကာ
” လူ့ပြောသလောက်ကြီးလည်း မဟုတ်ပါဘူး လူ့ရယ် . . .။ ဝကိုကူညီလို့ လူ့ရဲ့ စည်းစိမ်ဥစ္စာတွေလည်း မစွန့်လွှတ်ရပါဘူး။ စည်းစိမ်တွေ မစွန့်လွှတ်ရတဲ့အပြင် ကံကောင်းရင် လူ့အတွက် ဖြူဖြူလှလှ ဇနီးလိမ္မာလေးတစ်ယောက်တောင် ရဦးမယ် ”
” အိုးး ပစ္စည်းဥစ္စာတွေ မဆုံးရှုံးတဲ့အပြင် မိန်းမချောချောလေးတောင် ရဦးမယ် ဟုတ်လားး။ ဒီကလည်း အသက်သုံးဆယ်နားကပ်နေပြီ အခုထိ မစွံသေးလို့ မိန်းမလိုချင်နေတာနဲ့ အတော်ပဲ။ ပြောစမ်းပါ . . . ဘာအကူအညီလည်း အခုချက်ခြင်းကို ပေးချင်လာပြီ ”
လူခန့်က အရွှန်းဖောက်လိုက်ပြီး နှစ်ယောက်သား ” တဟား ဟား ” ရယ်မိလိုက်ကြပြန်တယ်။ အဲ့ဒီနောက် အရယ်တန့်လို့လူခန့်က
” ကဲပြော . . . ကျွန်တော် ဘာကူညီရမှာလဲ ”
လို့ ဦးတိတ်ရှောင်ကို မေးလိုက်ရာ ဦးတိတ်ရှောင်က အဝေးတစ်နေရာကို ဆွေးဆွေးမြေ့မြေ့ တစ်ချက်မျှော်ကြည့်ပြီး ၎င်းအကူအညီတောင်းလိုတဲ့ ကိစ္စကို လူခန့်သိအောင် ဖြေးဖြေးခြင်း ရှင်းပြနေပါတော့တယ်။
“ဒီလို လူ့ ရဲ့ . . .။ ဝ လူ့ဘဝတုန်းက ရန်ကုန်ပြည်လမ်းမပေါ်မှာရှိတဲ့ အင်းမဆိုတဲ့ မြို့ကလေးမှာ စားသောက်ဆိုင်အလုပ်ကို လုပ်ကိုင်ခဲ့တာ အရမ်းကို အလုပ်ဖြစ်တယ်။ အင်းမကလည်း မြို့သာသေးတာ ပတ်ဝန်းကျင် ကောစကံရွာတွေက အများသား။ လယ်ယာကိုင်းကျွန်းလည်း ကောင်းကြတော့ ရွာသားတွေဟာ အရမ်းကို ငွေရွှင်ကြတယ်။ ရွာတွေမှာက မီးမရတော့ သူတို့ဟာ ညမှောင်ပြီဆို အင်းမမြို့ပေါ်ကို တက်လာကြပြီး တစ်မြို့လုံးမှာ မီးအလင်းဆုံးဖြစ်တဲ့ ဝရဲ့ဆိုင်မှာ စတည်းချလို့ သောက်ကြစားကြ ပျော်ကြပါးကြတော့တာပဲ။ ဒါက နယ်မိတ်နော်။ ကျန်တဲ့ ဟိုင်းဝေးခရီးသည်ကားတွေက တစ်ညကို အနည်းဆုံး ၃ စီးလောက် ဝဆိုင်မှာ ထမင်းဝင်စားကြတဲ့အပြင် ကုန်တင်ကားသမားတွေဟာလည်း ဝဆိုင်က လက်ရာနဲ့ ဆက်ဆံရေးကို သဘောခွေ့ကြတယ်။ ပြောရရင် ဝ ရဲ့ စားသောက်ဆိုင်ဟာ အခု လူ့ ရဲ့ ဆိုင်လောက် မဟုတ်ရင်တောင် တော်တော်တော့ အလုပ်ဖြစ်တယ်လို့ ဆိုရမှာပဲ။ ဒါပေမယ့် ဝက ဒီဆိုင်နဲ့တင် ကျေနပ်မနေဘဲ ကားအလုပ် လယ်ယာအလုပ်တွေကိုလည်း လုပ်လို့ရသမျှ အကုန်ဖြန့်ကျက်လုပ်ဆောင်ထားတာ။ ငွေရှိနေပြီဆို ဘာလုပ်လုပ် အဆင်ပြေတယ်လေ။
ဝ လုပ်တဲ့အလုပ်တိုင်း အောင်မြင်ပြီး အမြတ်အစွန်းတွေ အများကြီးရတာချည်းပဲ။ အဲ့ဒီတော့ ဝဟာ နှစ်စဉ် ဝ ရတဲ့ အမြတ်အစွန်းတွေထဲက လှူသင့်တာလှူ ပြန်ရင်းသင့်တာရင်း ပေးကမ်းသင့်တဲ့သူကို ပေးကမ်းပြီး ကျန်တာတွေကို ပြည်ဘဏ်မှာ တက်အပ်ထားတာ အားလုံးပေါင်း သိန်း ၅၀၀ ကျော်လောက်ရှိတယ်။ ဝ ပိုင်တဲ့ လယ်တွေကလည်း ဧကရာကျော်တောင်။ အဲ့ဒီလယ်တွေကိုတော့ ဝရဲ့မိတ်ဆွေ ရှေ့နေကြီးဦးသိန်းအောင်က ထိန်းသိမ်းလုပ်ကိုင်ပေးတယ်။ သူက မိရိုးဖလာ လယ်သမားမျိုးရိုးက ဆင်းသက်လာတော့ အားလုံးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်လေ။ ဝ က နှစ်စဉ်အမြတ်စာရင်းလောက်ပဲ စစ်ရတာ။
ဝ ကားစမ်းမောင်းရင် ကားတိုက်သေတော့ ဝမှာ ဇူးဇူးမောင်လို့ခေါ်တဲ့ သားလေးတစ်ယောက်နဲ့ ဆူးစူးနှင်းဆီ ဆိုတဲ့ သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့တယ်။ သူတို့လေးတွေခင်မျာ သနားပါရဲ့ . . .။ ငယ်စဉ်ကတည်းက သူတို့အမေ ဆုံးပါးသွားလို့ မိတဆိုးလေးတွေ ဖြစ်နေရာက . . . ဝ ပါထပ်ဆုံးပါးတော့ ဖတဆိုးလေးတွေပါ ထပ်ဖြစ်ကုန်ကြတော့တာပေါ့။
ဝ ရဲ့သား ဇူးဇူးက ဆိုးသွမ်းတဲ့အကျင့်ရှိတယ်။ အရွယ်နဲ့မလိုက်အောင် အပေါင်းအသင်းစုံပြီး ဝရဲ့အလုပ်အကိုင်တွေကိုလည်း ဘာမှ စိတ်မဝင်စားဘူး။ လောင်းကစားမှာလည်း လက်စကြီးသလို အသုံးအဖြုန်ကလည်း အားကြီးလက်ဖွာတယ်။ ဒါပေမယ့် သားကြီးအတွက် တစ်ခုခံသာတာက ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဝ မိဘ. . သူ့အဘိုးအဖွားတွေရဲ့ အမွေကို ဝတို့ တရုတ်လူမျိုးတွေ ထုံးစံအတိုင်း ဝ မရှိရင် သားကြီးက ဆက်ခံရမှာ။ အဲ့ဒီအတွက် စာရွက်စာတန်းတွေလည်း ရှေ့နေကြီး ဦးသိန်းအောင်ဆီမှာ ရှိပြီးသား။ သားကြီး အသက် ၁၈ နှစ်ပြည့်တာနဲ့ တစ်ခါတည်းလွှဲပေးလိုက်ရုံပဲ။
ဝ စိတ်ပူမိတာက ဝ ရဲ့ သမီးငယ်လေး ဆူး အတွက်ပဲ။ ဒါနဲ့ ဝလည်း ကားအက်စီးဒင့်မဖြစ်ခင် နှစ်လလောက်အလိုမှာ သမီးလေးရဲ့ နောင်ရေးကို စိတ်မအေးဖြစ်ပြီး ရှေ့နေကြီးနဲ့တိုင်ပင်လို့ . . . ဝ ပိုင်တဲ့ လယ်ယာကိုင်းကျွန်းတွေ နဲ့ ဘဏ်က သိန်း ၅၀၀ ကျော်အပါအဝင် ဝ ဆိုင်ဖွင့်ထားတဲ့ အိမ်နဲ့ခြံကိုပါ သမီးလေး ဆူးနာမည်နဲ့ လွှဲထားမိခဲ့တယ်။
ဒါပေမယ့် . . . ဝ ရုတ်တရက်တိမ်းပါးသွားခဲ့ရင် သားကြီးက သူ့ညီမကို အနိုင်ကျင့်ပြီး ငွေတွေ . . . ပိုင်ဆိုင်မှုတွေကို လုယူဖြုန်းတီးပစ်မှာ စိုးရိမ်တာကတစ်ကြောင်း . . . . သမီးလေးဆူးက ငယ်ရွယ်သေးတာက တစ်ကြောင်းကြောင့် . . . . သမီး ဆူး ၂၃ နှစ်ပြည့်လို့ ယောက်ျားရပြီးခါမှ ဒီဟာတွေကို လွှဲပေးရမယ် . . . . လို့ စာချုပ်ထဲမှာ ထည့်ရေးပြီး ရှေ့ နေကြီးဆီမှာ စာချုပ်ကော ပိုင်ဆိုင်မှု အထောက်အထားတွေ အားလုံးကိုပါ အပ်ထားလိုက်တော့တာပေါ့။
ဒီလိုလုပ်ခဲ့တာ သိပ်မှန်သွားတယ်။ ဝ က အခုလို စောစောစီးစီး စံစီလောသွားတော့ သမီးလေးခင်မျာ သိပ်ဒုက္ခရောက်ရှာတယ်။ ဝ ဆုံးတော့ သူ့အသက်က ၁၃ နှစ် ကလေးသာသာ ရှိသေးတာကိုး။ သားကြီးကတော့ ဝ လည်းဆုံးကော သူ့ကိုအလိုလိုက်တဲ့ သူ့အမေဘက်က အဒေါ်အပျိုကြီးဆီ ပြေးတော့တာပဲ။ အဲ့ဒီမိန်းမကြီးလည်း ကြာကြာမနေလိုက်ရပါဘူး။ သားကြီး အသက် ၁၈ နှစ်ပြည့်ခါနီးမှာ မိန်းမရောဂါနဲ့ ကွယ်လွန်သွားရှာတယ်။ သားကြီးဟာ အဘိုးအဖွားတွေရဲ့ အမွေကော အဒေါ်ကြီးရဲ့ အမွေတွေပါရပြီး သိပ်ကို သုံးလို့ဖြုန်းလို့ ကောင်းနေတော့တာ။
ဝ ဆုံးတယ်ဆိုတဲ့ အသံလည်းကြားကော ရန်ကုန်က ဝရဲ့ ညီမတစ်ဝမ်းကွဲ ကျင်မေ အိမ်ကိုရောက်လာပါကော။ တစ်ယောက်တည်းကျန်ခဲ့တဲ့ သမီးလေးဆူးကို စောင့်ရှောက်ဖို့ ဘာဘာညာညာ အရပ်ထဲမှာ လျှောက်ပြောပေမယ့် သူတစ်ကယ်တမ်း အင်းမကို ရောက်လာတာက ဝပိုင်ဆိုင်သမျှကို အပိုင်သိမ်းဖို့ပဲ။ သူလောဘတက်မယ်ဆိုလည်း တက်စရာလေ။ ဝ မှာ ဆွေမျိုးအနီးစပ်ဆုံးဆိုလို့ ဝ သားနဲ့ သမီးပြီးရင် သူပဲရှိတာ။ ဒါပေမယ့် ရှေ့နေကြီးဆီက သူသိလိုက်ရတာက အိမ်တွေခြံတွေ လယ်ယာမြေတွေနဲ့ ဘဏ်ကငွေတွေကို သမီးဆူးနာမည်နဲ့ လွှဲပေးပြီးသား။ အသက် ၂၃ ပြည့်တာနဲ့ ထိမ်းမြားလက်ထပ်ပြီးရင် ဒါတွေကို သမီးဆူး ဆီလွှဲပေးရမယ် . . . ဆိုတာကိုပဲပေါ့။ ကျင်မေလည်း လောင်းကစားနဲ့ စည်းပွားပျက်ပြီး အင်းမမှာ ပွပေါက်လာကြံတာဆိုတော့ ရန်ကုန်ကို မပြန်တော့ဘဲ သမီးကို အဖော်ပြုသလိုလိုနဲ့ အင်းမမှာ ဆက်နေတယ်လေ။ ဘာပဲပြောပြော စာချုပ်ထဲမှာ ပါမသွားတဲ့ ကားတွေက သူ့အတွက် မျှော်လင့်စရာတွေပဲ မဟုတ်လား။
ကျင်မေ့မှာ ရှယ်လီလို့ခေါ်တဲ့ သမီးတစ်ယောက်နဲ့ ဂျင်မီလို့ခေါ်တဲ့ မွေးစားသားတစ်ယောက် ပါလာကြပြီး ဂျင်မီက သမီးလေးထက် ၄ နှစ်လောက်ကြီးတယ်။ ရှယ်လီကတော့ ၂ နှစ်လောက်ကြီးတယ်။ ကျင်မေဟာ စားသောက်ဆိုင်ကိုလည်း ဆက်ဖွင့်သလို ကားလုပ်ငန်းကိုလည်း ဟန်မပျက် ဆက်လုပ်တယ်။ အဲ့ဒီအချိန်ကစပြီး ကျင်မေဟာ သမီးလေးကို အိမ်နိမ့်စံဘဝနဲ့ နှိမ့်ချချုပ်ချယ်ထားတော့တာပေါ့။ ကျောင်းလည်း ထုတ်ပစ်လိုက်တယ်။ သမီးလေးကို ကျင်မေ ပြစ်ပြစ်ခါခါကြီး မလုပ်ရဲတာက သူ့ရဲ့အစ်ကို လူမိုက် ဇူးဇူးကိုကြောက်လို့။
သားဇူးဇူးက ရှားရှားပါးပါး စိတ်ကောင်းဝင်ပြီး မမူးတဲ့အချိန်ကြရင် သူ့ညီမကို သိပ်ချစ်တတ်တော့ အဲ့ဒီအခါမျိုးမှာ သမီးလေးကို သွားတွေ့ပြီး အဆင်ပြေလား ဘာညာ မေးလေ့ရှိတယ်။ ဒါပေမယ့် အဲ့လို အချိန်မျိုးကလည်း လေးငါးခြောက်လမှ တစ်ခါလောက်ပဲ ဖြစ်တတ်တာပါ။ ကျန်တဲ့ အချိန်တွေကတော့ သမီးလေးခင်မျာ တစ်ယောက်တည်း အထီးကျန် အားငယ်နေရရှာတာပေါ့။ ပြီးတော့ သမီးက စိတ်ကူးပေါက်မှ ချိုကြားချိုကြား ရောက်လာတတ်တဲ့ အစ်ကိုဖြစ်သူကို အားမကိုးရဲတော့ လက်ရှိအတူတူ နေနေရတဲ့ ကျင်မေတို့နဲ့ အဆင်ပြေအောင် သူ့အစ်ကိုလာမေးရင် အဆင်ပြေကြောင်း ညာပြောရရှာတယ်လေ။
ကျင်မေဟာ မလုပ်တတ်လုပ်တတ်နဲ့ ကားလုပ်ငန်းကို လုပ်ရင်း လောင်းကစားတွေကလည်း ရှုံးနေတာကြောင့် ကားတွေကို တစ်စီးပြီးတစ်စီး ထုတ်ရောင်းနေတာ အခုဆိုရင် ဝ ပိုင်တဲ့ကားတွေ တစ်စီးမှမရှိတော့ဘူး။ စားသောက်ဆိုင်ကိုလည်း ဖွင့်သာထားတာ စိတ်မပါတော့ သူတို့ရဲ့ ဆက်ဆံရေးညံ့ဖျင်းမှုကြောင့် စားသုံးသူတွေကလည်း စိတ်ကုန်လာကြသလို သစ္စာရှိတဲ့ ဝန်ထမ်းဟောင်းတွေ အကြော်ဆရာတွေဟာလည်း ပြေးကုန်ကြတော့တယ်။
ဒီလိုနဲ့ ကျင်မေဟာ ရှိတာတွေရောင်ချပြီး ဘဝကို ဖြစ်သလို ဖြတ်သန်းနေတုန်း လွန်ခဲ့တဲ့ တစ်နှစ်လောက်မှာတော့ ဖဲဝိုင်းလူသတ်မှုနဲ့ ဝရဲ့ သားကြီးဇူးဇူး ထောင်ကျသွားပါလေကော။ သားကြီးကလည်းမရှိ သမီးလေးကလည်း အသက် ၂၃ နှစ် ပြည့်ခါနီးလာတော့ ယုတ်မာဖို့ကို သင်းတို့က တစ်မျိုးကြံပြန်တယ်။ အဲ့ဒါကတော့ သမီးလေး ၂၃ နှစ်ပြည့်တာနဲ့ သူရဲ့ မွေးစားသား ဂျင်မီနဲ့ လက်ထပ်ပေးပြီး သမီးလေးရမယ့် လယ်ယာမြေတွေ အိမ်ခြံတွေ ပိုက်ဆံတွေကို လက်ဝါးကြီးအုပ် သိမ်းယူဖို့ပဲ။ သင်းက အခုကတည်းကတောင် မင်္ဂလာကိစ္စကို အတင်းစီစဉ်ချင်နေတာ။ ရှေ့နေကြီးက. . . ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲနဲ့ အတင်းအကြပ်စီစဉ်ရင် ဘယ်လိုဘယ်ပုံတွေ ပြစ်မှုမြောက်တယ် . . . ဆိုပြီး ဥပဒေလမ်းကြောင်းနဲ့ တားမြစ်ထားလို့ သူတို့အစီအစဉ်ကို သမီးကလေးလက်ခံဖို့ကို ချော့တစ်ခါ ချောက်တလှည့်နဲ့ စည်းရုံးသိမ်းသွင်းရင်း သမီးလေး အသက် ၂၃ နှစ်ပြည့်တာကို စောင့်နေကြလေရဲ့ ။
ဒါ့ကြောင့် ဝအနေနဲ့ လူ့ကို အကူအညီတောင်းချင်တာက . . . အဲ့ဒီလို လူယုတ်မာတွေ လက်ထဲမှာ ရောက်နေတဲ့ ဝရဲ့သမီးလေးဘဝကို လူ့ ကယ်တင်ပေးပါကွာ. . .။ နောက်ဆုံး ဝ ရဲ့ ပိုင်ဆိုင်မှုတွေ ငွေကြေးတွေ ဘာမှ ပြန်ပါမလာရင်နေပါစေ. . . သမီးလေး ဒီလူတွေရဲ့လက်ထဲက လွတ်မြောက်ရင် ဝ ကျေနပ်ပါပြီ။ သမီးလေးရဲ့ ဘဝမှာ အားကိုးစရာ အတော်ကိုမဲ့နေပါပြီ။ အစ်ကိုကလည်း ထောင်ကျ နေတဲ့ လူမိုက်။ အနီးစပ်ဆုံး ဆွေမျိုးတွေကလည်း သူ့အပေါ်ကို မကောင်းကြံဖို့ အမြဲ အသင့်ဖြစ်နေကြတယ်။ အခြားဆွေရင်းမျိုးညှာ အပေါင်းအသင်းလည်းမရှိ။ ပညာလည်း ဆုံးခန်းတိုင်အောင် မသင်ရရှာဆိုတော့ သမီးလေးခင်မျာ သူ့အပေါ်မကောင်းတဲ့ ဒီလူယုတ်မာတောထဲက ရုန်းထွက်မသွားရဲဘဲ သူတို့နဲ့ အဆင်ပြေအောင် အလိုက်အထိုက် ကြည့်နေရတာပါ။ ”
ဦးတိတ်ရှောင်က သူ့ရဲ့ဘဝဇာတ်ကြောင်းနဲ့ မိသားစုအခြေအနေကို အရှည်သဝေး ပြောပြပြီး လူခန့်ဆီကို အကူအညီတောင်းရင်း မျက်ရည်များပင် ရစ်ဝဲလာရှာတယ်။ လူခန့်လည်း ဦးတ်ိတ်ရှောင် ပြောပြသမျှကို နားထောင်ပြီး စိတ်မကောင်းလည်းဖြစ် မခံမရပ်နိုင်လည်း ဖြစ်တာကြောင့် ဦးတိတ်ရှောင်ကို မိမိအစွမ်းအစရှိသ၍ အကူအညီပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
” စိတ်ချ . . . ဦးတိတ်ရှောင်။ ဆူးလေးကို ဒီယုတ်မာတွေရဲ့ လက်ထဲကနေ ကျုပ်မရရအောင် ဆွဲထုတ်မယ်။ ဒါ့အပြင်ကို သူရသင့်ရထိုက်တဲ့ သူ့ရဲ့ရပိုင်ခွင့်တွေကိုလည်း တစ်ပြားတစ်ချပ်မှ မဆုံးရှုံးဘဲ ရစေရမယ်။ ပြီးရင် ဒီလူယုတ်မာတွေကိုပါ အိမ်ပေါ်ကနေ နှင်ချပြမယ် . . .”
လူခန့်ရဲ့ အားတက်သရော ကြွေးကျော် ကတိပေးစကားသံကြောင့် ဦးတိတ်ရှောင်ရဲ့ မျက်နှာလည်း ပြန်ပြီး ရွှင်လန်းသွားတော့တာပေါ့။
” ဒါနဲ့ . . . နေပါဦး ဦးတိတ်ရှောင်ရဲ့ ။ ခင်ဗျားက ကားနီကြီးနဲ့ ကားနီကြီးနားမှာနေပြီး အင်းမမှာရှိတဲ့ ခင်ဗျားသမီး ဆူးလေးရဲ့အကြောင်းတွေကို ဘာလို့သိနေရတာလဲ ”
လူခန့်က စိတ်ထဲမရှင်းတာ တစ်ခုကို မေးမြန်းပြန်တော့ . . .
” လူ့ . . . အန်းကုန်းနတ်ကြီး ဆိုတာကို ကြားဖူးလား ”
” ကြားဖူးတာပေါ့။ ဗှိုက်ရွှဲရွှဲနဲ့ နတ်ကြီးလေ။ သူ့ကိုယ်ပေါ်မှာ ကလေးတွေ ဖက်တက်နေကြတယ် ”
” ဟုတ်တယ်လူ့ . . . . ဝ က မသေခင်ကတည်းက အန်းကုန်းနတ်ကြီးကို သိပ်ကိုးကွယ်တာ။ တိုက်ကြီး ဘုံကျောင်းမှာတောင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနဲ့ နတ်ကြီးအတွက် ဗိမ္မာန်ဆောင်တစ်ခု သွားလှူထားသေးတယ်။ အခု ဝ အဆင့်မြင့်သွားလို့ ရုက္ခစိုးနတ်ဖြစ်သွားရင် အဲ့ဒီကျောင်းဆောင်မှာ နေရာရမှာ ။
ဒါတွေက ထားပါ. . .။ ဝ ပြောချင်တာက ဝ သေသွားတဲ့အခါ သေပြီးပြီးခြင်း အန်းကုန်းနတ်ကြီး ဝ ဆီကိုရောက်လာတယ်။ ဝကို သူ့ဘုံကျောင်းမှာ လာနေတော့တဲ့။ ဝက. . . သမီးလေးကို စိတ်မချလို့ လာမနေပါရစေနဲ့ဦးလို့ ပြောပြီး သမီးလေးနဲ့ တွေ့ခွင့်ပါတောင်းတော့ နတ်ကြီးက . . . နင်က ဒီကားနဲ့ နောက်ဆုံးသေတာ။ နင့်ရဲ့ ဝိဉာဉ်က ဒီကားမှာစွဲနေပြီ။ အခု နင် ငါနဲ့တစ်ခါတည်းလိုက်ပြီး ငါ့ကျောင်းမှာ ရုက္ခစိုးလုပ်ရင်လုပ် မဟုတ်ရင် နင်ဒီကားအနီးတစ်ဝိုက်မှာပဲ နေရမယ်လို့ ဝကို ရှင်းပြတယ်။
ဝလည်း ငိုယိုပြီး မရမက ပူဆာခွင့်တောင်းတော့ နောက်ဆုံးမှာ . . . အေးလေ နင်ဒီလောက်တောင်ဖြစ်နေရင် ကားစောင့်လုပ်ပြီး လူတွေနဲ့ ၁၀ နှစ် ၁၅ နှစ်လောက် အတူတူနေဦးပေါ့။ ဒီကြားထဲ နင့်သမီးနဲ့ တစ်လမှာတစ်ခါ တစ်ခါမှာ ၁၅ မိနစ်လောက် သွားတွေ့ပေါ့။ ဆိုင်ရာပိုင်ရာနတ်တွေကို ငါကြည့်ပြောပေးထားပါ့မယ်။ ဒါပေမယ့် ငါနောက်တစ်ခါလာခေါ်ရင်တော့ နင်မငြင်းနဲ့တော့နော်။ လူ့ဘဝထက် နတ်ဘဝက အများကြီးသာပါတယ်ကွာ . . . . ဆိုပြီး ဝရဲ့ အနားကနေ ထွက်သွားတော့တာ။
ဝ လည်း အဲ့ကတည်းက သမီးလေးနဲ့ တစ်လကို ဆယ့်ငါးမိနစ်လောက် အိပ်မက်ထဲမှာ တွေ့ခွင့်ရတယ်။ လူနဲ့တွေ့သလိုမျိုးတော့ အပြင်မှာတွေ့လို့တော့ မရဘူးပေါ့။ သမီးလေးရှိတဲ့နေရာကို သွားပြီး ဝက အိပ်မက်ပေးရတာ။ သမီးလေးကလည်း သူခံစားနေရတဲ့ သောကတွေ ဒုက္ခတွေကို ဝနဲ့ မတွေ့ တွေ့ရတဲ့ အချိန်လေးမှာ ပြောပြရင်ဖွင့်ရှာတယ်လေ . . . ။ ဒါကြောင့် ဝက သမီးလေးကော အခြားသူတွေရဲ့ အခြေအနေတွေကိုပါ သမီးလေးရဲ့ အိပ်မက်ထဲက ပြောစကားအရ သိနေရတော့တာ”
ဦးတိတ်ရှောင်က လူခန့်နားလည်သဘောပေါက်အောင် ပြန်လည်ရှင်းပြလိုက်ရာ လူခန့်က
” ဟုတ်ပါပြီ . . . ဆူးလေးကို အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ ကျုပ် အစီအစဉ်ဆွဲပါ့မယ် . . .”
ဟု ကတိပေးလိုက်တော့တယ်။ အဲ့ဒီနောက် ဦးတိတ်ရှောင်က ညှိုးငယ်စွာနဲ့ လူခန့်ကို စကားဆိုပြန်တယ်။
” ဝ လူ့ကို အားနာနာနဲ့ပဲ ခွင့်တောင်းစရာ ရှိသေးတယ်။ အဲ့ဒါက တခြားတော့ မဟုတ်ပါဘူး။ လူ့ ဝရဲ့ သမီးလေးကို ကယ်ထုတ်ဖို့ကြိုးစားတဲ့အခါမှာ ဝ လူ့ကို အကူအညီ မပေးနိုင်တော့ဘူး။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ဝ ဆီကို အန်းကုန်းကြီး ရောက်လာခဲ့တယ်။ သူ့ကျောင်းမှာ ရုက္ခစိုးနတ်လိုက်လုပ်ဖို့ အချိန်ကျပြီတဲ့။ ပြီးတော့ သူက ပြောသေးတယ်။ ဝက ကားစောင့်ဘွနဲ့ နှစ်တွေအကြာကြီး နေလာတာဆိုတော့ ရုက္ခစိုးနတ်ဖြစ်ဖို့ကို ဥပုတ်စောင့်လို့ တချို့ သမ္မထကျင့်စဉ်တွေ ကျင့်ရတော့မယ်ဆိုပြီး ဝကို ကျင့်စဉ်တွေ ပေးသွားတယ်။ အဲ့ဒါတွေကျင့်ရတော့မှာမို့ အင်းမကို ဝ မလိုက်နိုင်တော့ဘူး။ ကားနီကြီးကော ဝကိုပါ လူ့ထားခဲ့ရလိမ့်မယ်။ လူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းချည်းသက်သက်နဲ့ သမီးလေးဆူးကို ကယ်ထုတ်ရမှာ။ တကယ်ဆို သမီးလေးအတွက်ပဲ ဝလည်း လိုက်ပြီး လူ့ကို အရမ်းကို ကူညီချင်နေတာ။ ဒါပေမယ့် အထက်က အမိန့်ကျပြီဆိုတော့ ဝ လွန်ဆန်လို့မရဘူး။ ဒီအတွက် လူ့ ဝကို ခွင့်လွှတ်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါရစေ။ ”
ထိုအခါ လူ့ခန့်လည်း
” အို . . . ဒီကိစ္စလေးလောက်ကို ဆရာပါစရာ မလိုပါဘူး။ တပည့်နဲ့တင် ပြီးပါတယ်။ စိတ်သာချ နေ . . .။ ဆူးလေးကို ခေါ်ထုတ်လာပြီး ဟို အကျင့်မကောင်းတဲ့ လောဘသားတွေကို ကောင်းကောင်းလက်စင်ပေးပြမယ်။ ဦးတိတ်ရှောင်မပါပေမယ့် ကျုပ်မှာ ခင်ဗျား လမ်းညွှန်သင်ပြထားတဲ့ တွေးနည်းခေါ်နည်း လုပ်နည်းကိုင်နည်းတွေ အများကြီး ရှိနေပါပြီဗျ ။ ကိုယ့်ဘာသာကိုယ်သာ စိတ်ဖြောင့်လက်ဖြောင့် တရားအလုပ်လုပ် ကျန်ရစ်ခဲ့ ”
ဟု လက်မကိုထောင်လျှက် ဦးတိတ်ရှောင်ကို နှစ်သိမ့်စကား ပြောကြားလိုက်ပါတော့တယ်။
______________________________
” ကားတွေကလည်း ရောင်းသုံးတာ အားလုံးကုန်ပြီ။ စားသောက်ဆိုင်ကလည်း အသုံးစရိတ်တောင် အနိုင်နိုင်ရှာနေရတာ။ လယ်တွေယာတွေလည်း မျှော်ရဖို့ဝေးကော။ အဲ့ဟာတွေကရတဲ့ အမြတ်တောင် ရှေ့နေစုတ်က ဟိုဗိုင်းနာမလေး နာမည်နဲ့ ဘဏ်မှာအပ်သတဲ့။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ လာမယ့်ရှေ့လဆို ကောင်မစုတ်လေး အသက် ၂၃ နှစ် ပြည့်ပြီ။ အဲ့ဒီအခါကြ ဂျင်မီနဲ့ တစ်ခါတည်းပေးစားပြီး သူ့အမွေတွေကို အပိုင်သိမ်းလိုက်ရုံပဲ။ ရှေ့နေစုတ်ကတော့ သူ့ထုံးစံအတိုင်း ကဖျက်ယဖျက် လုပ်လို့ရသလောက်တော့ လုပ်ဦးမှာပဲ။ ဟင်း ဟင်း ဒါပေမယ့် လက်မခံလို့မရတဲ့ အခြေအနေတွေ ရောက်သွားရင် သင်းလည်း ဘာတတ်နိုင်မှာလဲ။
ကြင်မေတို့က ပွဲမကြမ်းချင်သေးလို့။ တကယ်ဆို ကောင်မလေးက ကိုယ့်လက်ခုပ်ထဲက ရေပဲ။ ဂျင်မီနဲ့လွှတ်ပေး. . . ဗီဒီယိုရိုက်ထားလိုက်ရင် ပြီးပြီလေ။ အန်တီစီစဉ်တာကို အေးဆေးလက်ခံမလား ဒီဇာတ်လမ်းကို အင်တာနက်ပေါ် အပြန့်ခံမလားပေါ့။ ဟား ဟား ဟား . . . ကောင်မလေးကိုယ်တိုင်က မောင်းထုတ်တာခံရတဲ့ဘဝ ရောက်သွားအောင်တောင် ဟိုရှေ့နေကောင်ကို လုပ်ပစ်လိုက်လို့ရသေး။ လာထားပဲ လယ်တွေယာတွေ အိမ်တွေ ခြံတွေ ငွေတွေ . . . .။
ဂျင်မီအတွက်ကတော့ စိတ်ပူစရာမရှိပါဘူး။ သူလည်းအချိန်တန်ရင် သူ့စရိတ်နဲ့သူသွားရမှာ။ ဒီကောင်က ဆေးသမား ဆေးချနေရရင်ပြီးကော ဆိုတဲ့ကောင်။ ပြီးတော့ သူတကယ် သံယောဇဉ်ရှိပြီး ကြွေနေတာက သမီးရှယ်လီလေ။ ဒီကောင်က ဟိုကလေးမလေးလို ကုတ်ချောင်းချောင်း ဗိုင်းကောင်းကျောက်ဖိ ပုံစံကို ကြည့်လို့ရတာ မဟုတ်ဘူး။ တို့ကို မလွန်ဆန်နိုင်လို့သာ ရေလိုက်သင့်ငါးလိုက်သင့် ဆက်ဆံနေရတာ။ အမှန် သူက ရှယ်လီ့လို ခေတ်ဆန်ဆန် ဆိုရှယ်ကျကျ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်း ဖွံ့ဖွံ့ထွားထွားနဲ့ ညှို့အားပြင်းတဲ့ အလှတရားတွေကိုသာ စိတ်ဝင်စားတာ။ မွေးစားအမေဖြစ်တဲ့ ဒီက အသိဆုံးပေါ့။
ဒီကောင်နဲ့ ကောင်မလေးကို အရင်ဆုံးပေးစားရမယ်။ ပြီးရင် ကောင်မလေးပိုင်သမျှကို နည်းအမျိုးမျိုးနဲ့ ရောင်းချပစ်လို့ ငွေသားအဖြစ် ပြောင်းသင့်ရင်ပြောင်း . . . ရွှေချောင်းတွေ ဝယ်သင့်ရင်ဝယ်ပြီး ကိုယ်တွေဆီမှာ ဥထားလိုက်ရုံပဲ။ အဲ့ဒီအချိန်အထိတော့ ဒီဘိန်းစားလေးကို သမီးနဲ့မြှားပြီး ချော့မော့ထားရမှာ။
အဲ . . . ကောင်မလေးပိုင်ဆိုင်သမျှ အားလုံး တို့လက်ထဲရောက်ပြီဆိုရင် ဒီငရှုပ်မလေးမကို ပြသနာရှာပြီး ကန်ထုတ်လိုက်ရုံပေါ့။ ဂျင်မီကတော့ လိမ္မာရင်လိမ္မာသလို တို့နဲ့ ဆက်လက်တွဲသွားလို့ရမယ်။ မလိမ္မာရင်တော့ အပြတ်ရှင်းရင်တောင်ရတဲ့ အနေအထား။ ဆေးသုံးရင်း ဆေးလွန်လို့ လျှောသွားတယ်ဆို ဘယ်သူမှ သံသယဖြစ်စရာ မရှိဘူးလေ။ ကိစ္စတွေအားလုံး ပြတ်သွားရင်တော့ တနယ်တကျေးမှာ သူဌေးလုပ်နေရုံပဲ။ ဟား ဟား ဟား ပိုင်လိုက်တဲ့ ဖြစ်ခြင်းးး . . . . ”
ဒေါ်ကျင်မေ အတွေးကောင်းနေတုန်း အိမ်ရှေ့ က ကားစက်သတ်သံကြားရပြီး ခဏနေတော့ သမီးရှယ်လီနဲ့အတူ ဧည့်သည်သူဌေးလေး အိမ်ထဲကို ဝင်လာကြတယ်။
” သမီးတို့ပြန်လာကြပြီ။ မောင်လူခန့်ကို ကမ္ဘာလုံးဘုရားတို့ ဗိုလ်ဘုရားတို့ စုံအောင်လိုက်ပို့ခဲ့ရဲ့လား ”
ဒေါ်ကျင်မေက ထိုင်ရာကထပြီး မေးလိုက်တော့
” ဟုတ်ကဲ့ မေမေ။ အားလုံးစုံခဲ့တယ်။ အပြန် ကန်ကျောင်းဘုရားတောင် ဝင်ဖူးခဲ့သေး ”
သမီးဖြစ်သူက တက်ကြွလန်းဆန်းစွာ ပြန်လည် ဖြေကြားလိုက်တယ်။ ဒေါ်ကျင်မေက ဧည့်သည်ဘက်ကို လှည့်ပြီး . . .
” ဘယ်လိုလဲ မောင်လူခန့်။ မင်းညီမနဲ့ လည်ရတာ အဆင်ပြေရဲ့လား။ လမ်းမှာ သူမင်းကို ဂျီကြတာတို့ ဆြာကြီးလုပ်တာတို့တော့ မလုပ်လောက်ပါဘူးနော် ”
” ဟုတ်ကဲ့. . . အားလုံးအဆင်ပြေပါတယ် အန်တီ။ ညီမလေးရှယ်လီက နေရာစုံလိုက်ပို့ပြီး ကျွန်တော် မသိတာတွေလည်း ရှင်းပြတယ် ”
” အေးကွယ်. . . ဒါဆိုလည်း ခဏတဖြုတ် အခန်းမှာ သွားနားချင်နားချည့်လေ။ ထမင်းပွဲ ပြင်ပြီးသွားရင် မင်းညီမကို အခေါ်ခိုင်းလိုက်မယ်။ ”
” ဟုတ်ကဲ့ပါ အန်တီ . .။ အန်တီတို့လည်း ကျွန်တော့်အတွက် အလုပ်တွေရှုပ်ကုန်ပြီနော် . . .။ အားနာစရာတွေတော့ ဖြစ်ကုန်ပြီ ”
” အားမနာရပါဘူးကွယ်။ ငါ့တူလို ဧည့်ကောင်းဆောင်ကောင်း သူဌေးလေးကို ဖြစ်သလိုထားရလို့ အန်တီတို့ကသာ မင်းကို အားနာရမှာ . .။ ကဲ ကဲ . . မင်းလည်း ပင်ပန်းကောပေါ့။ သွားနားချည့်တော့။ အန်တီ မင်းအတွက် ထမင်းဝိုင်း ပြင်လိုက်ဦးမယ် ”
” ဟုတ်ကဲ့ အန်တီ ”
ဧည့်သည်လည်း သူ့အခန်းထဲဝင်သွားကော ဒေါ်ကျင်မေလည်း ထမင်းဝိုင်းပြင်ဖို့ ထမင်းစားခန်းကို ထွက်ခဲ့ပါတော့တယ်။
” ဟေ့ . . .မိဆူး ရေ. . . . မိဆူးး . . . ”
” ရှင် . . .လာပါပြီ အန်တီမေ ”
” အေးး ရှင် . . . နောက်မှထား။ လူအရင် ဒီကိုလာခဲ့။ ဧည့်သည်အတွက် ငါကိုယ်တိုင် ထမင်းဝိုင်းပြင်ပေးမလို့ ။ ငါ့ကို လာကူစမ်း . .
” ဟုတ်ကဲ့ အန်တီမေ ”.
လူခန့် ဒေါ်ကျင်မေတို့အိမ်မှာ ဧည့်သည်တော်ကြီး လုပ်နေတာ နှစ်ရက်ရှိပြီလေ။ ဒီမိန်းမကြီးကို ဝင်ရောရတာက မခက်ပါဘူး။ ဖူဆယ်ဘောလုံးကွင်းထောင်ပြီး အဆင်ပြေနေကြတဲ့ အင်းမမြို့ ခံဦးသောင်းငွေတို့ အိမ်မှာ ခဏတည်း . . . လယ်ယာလုပ်ငန်း စိတ်ဝင်စားလို့ လယ်လေးဘာလေး ဝယ်ချင်တယ်လို့ သတင့်လွှင့် . . . ဒါပဲလေ။
ကျန်တာကတော့ မြို့လေးကသေး . . . ဦးသောင်းငွေရဲ့ မိန်းမ မသက်ထားက အကြွားကသန် ။ လူခန့်ရဲ့ ကျေးဇူးတွေကလည်း ရှိထားပြန်ဆိုတော့ သူမက. . . . အိမ်မှာ မြို့ကသူဌေးလေး ရောက်နေတယ် . . . ဒီနယ်တကြောမှာ မသိသူမရှိတဲ့ ” မြို့စားကြီး ” စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်လေ . . . ကောင်လေးက လူသာငယ်တာ အောက်သက်က အတော်ကြေတယ် . . . သူ့ရဲ့ ဆိုင်က နာမည်ကြီး ဟင်းလျာတွေမှန်သမျှ သူတီထွင်ထားတဲ့ ပညာတွေချည်းပဲ . . . အဲ့ဒီလောက်တောင် အောင်မြင်နေတဲ့ စားသောက်ဆိုင်ကြီးကော ကုန်တင်ကားတွေပါ ပိုင်နေတာတောင် အခုထက်ထိ စားဖိုဆောင်ဝင်ပြီး တခါတလေ ကြော်တုန်းလှော်တုန်းရယ် . . . စီးပွားရေး အကွက်အကွင်းကလည်း မြင်ပ . . . လယ်ယာလုပ်ငန်းကို စိတ်ဝင်စားလို့ဆိုပြီး ဒီမှာ လာလေ့လာနေတာသာကြည့်. . . . စသဖြင့် လူခန့်ရဲ့ ကောင်းကြောင်းတွေကို ဟုတ်တာတွေကော မဟုတ်တာတွေပါ စေတနာပိုပိုသာသာနဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ပြောတာပေါ့။
ဒီသတင်းကို ဒေါ်ကျင်မေလည်းကြားကော သူ့သမီးခေါ်ပြီး. . . လူခန့်ဆီကို တခါတည်း ပေါက်ချလာပါလေကော။ ဒေါ်ကျင်မေက အသက် ၄၅ နှစ်လောက်ရှိပြီး သူသမီးရှယ်လီကတော့ ၂၅ နှစ်လောက်ပဲ ရှိလိမ်ဦးမယ်။ မအေကော သမီးပါ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဖြူဖြူဖွေးဖွေး ပြည့်ပြည့်တင်းတင်းတွေ။ မျက်နှာတွေက ခပ်ဝိုင်းဝိုင်းနဲ့ ကြည့်ပျော်ရှုပျော်တွေပါ။ ဒါပေမယ့် တရုတ်မတွေပီပီ မျက်လုံးပေါက် ခပ်မှေးမှေးတွေပေါ့။ သမီးဖြစ်တဲ့ ရှယ်လီကတော့ အဖွားကြီးထက်စာရင် အနည်းငယ် မျက်လုံးပေါက် ပိုကျယ်သယောင်ရှိပြီး နှာတံပိုချွန်တယ်လေ။ ဒေါ်ကျင်မေက လူခန့်ကို တွေ့တာနဲ့ . . .
”စားသောက်ဆိုင် လုပ်ငန်းတူချင်းမို့ မိတ်လာဖွဲ့တာပါ။ ဒီလို နာမည်ကြီး စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်သူဌေးနဲ့တွေ့ရတာ အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ မောင်လူခန့်ရဲ့ အချို့ ပညာလေးတွေလည်း အန်တီမေတို့ကို ဝေမျှပေးလှည့်ပါဦး။ မပြန်ခင် အန်တီမေတို့အိမ်မှာ လာပြီး တည်းခိုဖို့ကိုလည်း ဖိတ်ခေါ်ပါရစေ ”
စတဲ့ အလာဘသာလာဘတွေ လာပြောပြီး အတင်းဝင်ရောတော့တာ။ အမှန်တကယ်က ဆူးလေးရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့ လက်ဝါးကြီးအုပ်ပြီးသွားရင် လယ်တွေ အမြန်ဆုံး ပြန်ရောင်းထုတ်နိုင်ဖို့ ဝယ်လက်သူဌေးတစ်ယောက် လိုချင်နေတာ လူခန့်က သိပြီးသား။ ဒါ့အပြင် အဖွားကြီးက လူခန့်ကို တွေ့ သွားတဲ့အခါ သူ့သမီးနဲ့ပါ ဇာတ်လမ်းဖြစ်စေချင်နေပုံ ရပြန်တယ်။ လူခန့်ကတော့ သိပ်ကောင်းတဲ့ အခွင့်အရေးတွေရနေပြီလို့ တွေးမိပြီး နောက်နေ့မှာပဲ ဒေါ်ကျင်မေတို့အိမ်ကို ပြောင်းနေလိုက်တော့တာပေါ့။
ဒေါ်ကျင်မေ့အိမ်ကို ရောက်ကတည်းက လူခန့် ဆူးဆိုတဲ့ ကောင်မလေးကို အကဲခတ်နေတာ။ ကောင်မလေးက ဖြူဖြူသေးသေး ပြည့်ပြည့်တင်းတင်း ချစ်စရာလေး။ ဆံပင်တိုလေးနဲ့ မျက်နှာကလေးက ဝိုင်းလို့။ တရုတ်စပ်ဆိုပေမယ့် မျက်လုံးလည်း ဒီလောက်ကြီး မမှေးသလို နှာတံလေးကလည်း ချွန်နေတာ။ ဘုရားစူး တရုတ်မလေးလို့ ပြောရမှာပဲ။
တစ်ခုရှိတာက သူကလေးရဲ့ မျက်နှာကော အဝတ်အစားတွေပါ ညှိုးညှိုးနွမ်းနွမ်းလေး။ ပြီးတော့ အိမ်သန့်ရှင်းရေးကစပြီး အဝတ်လျှော် မီးပူတိုက်အထိ အောက်ခြေသိမ်း အကုန်လုပ်ပေးရဟန်တူတယ်။ လူခန့်ရောက်တာ သိပ်မကြာသေးပေမယ့် ” မိဆူးရေ . . .မိဆူးရေ . . .” ဆိုပြီး ဒေါ်ကျင်မေ ခေါ်ခိုင်းနေတဲ့အသံ မကြာခဏ ကြားနေရတယ်။ လူခန့်တို့ ထမင်းစားတော့လည်း အနှီမိန်းမချောလေးက အနားမှာ ရပ်ခပ်ပေးလျှက်။
သနားစရာ မိန်းမချောလေးကို ဘယ်လို ကယ်ထုတ်ရမလဲဆိုတာ လူခန့်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံစည်တွေးတောနေသလို . . . ဒေါ်ကျင်မေကလည်း သူ့သမီးရှယ်လီနဲ့ လူခန့်ကို အပြတ်လှော်နေတော့တာ။ လူခန့် အိမ်ကိုစရောက်လာကတည်းက ရှယ်လီနဲ့ နှစ်ယောက်တည်း ဟိုလွှတ်ဒီလွတ် ဟိုဟာလိုက်ပြခိုင်း ဒီဟာလိုက်ပြခိုင်းနဲ့။ လူခန့်က ခရောင်းကားလေး ယူလာမိတော့ သူတို့သားအမိရဲ့ စိတ်ကြိုက် ရှယ်လီခေါ်ရာ လိုက်ကြည့်ဖို့ အတော်ကို အဆင်ပြေသွားတယ်လေ။
တကယ်တော့ ရှယ်လီက သိပ်ကို ညှို့အားပြင်းတဲ့ မိန်းမ အမျိုးအစားထဲကပါ။ အသားအရည် ရုပ်အဆင်းရူပကာ ကိုယ်ခန္ဓာအရှိုက်အဖို အရစ်အဝိုက် ဘာမှပြောစရာမရှိဘူး။ ရာနှုန်းပြည့် မဟုတ်ရင်တောင် အားလုံးက ဂုဏ်ထူးမှတ်ဝင်ပြီးသား။ လူခန့်ကိုလည်း အတော်ကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ပြောဆိုဆက်ဆံတဲ့အပြင် တစ်ခါတလေ အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်လို့ နေတတ်သေးတယ်။ လူခန့်နေရာမှာ အခြားယောက်ျား တစ်ယောက်သာဆို အရည်ပျော်သွားလောက်ပြီ။ လူခန့်ကတော့ ခေါင်းထဲမှာ အချိန်ပြည့် ဆူးလေးရဲ့အကြောင်းပဲ တွေးနေမိတော့တာ။ ရှယ်လီကိုလည်း အဆင်ပြေအောင် အလိုက်အထိုက် ကြည့်ပြီး ဆက်ဆံထားရတာပေါ့။
အဖွားကြီးနဲ့ သူ့သမီးရှယ်လီက လူခန်ကို အဲ့ဒီလိုတွေ သဲသဲလှုပ်ဖြစ်နေပေမယ့် သိပ်မကျေနပ်တဲ့သူလည်း ရှိပြန်တယ်။ သူကတော့ ဂျင်မီ လေ။ ဂျင်မီဆိုတဲ့ အရပ်ရှည်ရှည် ကုတ်ချောင်းချောင်း ငနဲသားက အိမ်လည်းမကပ်သလို အိမ်ပြန်လာပြန်ရင်လည်း လူခန့်ကို ရှူသိုးသိုးနဲ့ ကြည့်နေတတ်တာ။ အဲ့ဒါကြောင့် သင်းကိုလည်း အန္တရာယ်ကောင် စာရင်းထဲမှာ လူခန့် ထည့်ထားလိုက်တော့တယ်။ ဆူးလေးကို ဆွဲထုတ်ဖို့ဆိုရင် အရင်ဆုံး ဆူးလေးနဲ့ နှစ်ယောက်ချ င်း တွေ့ဖို့ လိုအပ်တယ်လေ။ ဒါကြောင့် လူခန့်လည်း ထမင်းစားသောက် အဖွားကြီးသားအမိနဲ့ စကားစမြီ ခဏတဖြုတ်ပြောပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်လို့ အခြေအနေကို စောင့်ကြည့်နေလိုက်တော့တယ်။
လူခန့် အိပ်ခန်းထဲဝင်လာကတည်းက အဖွားကြီးသားအမိ အိမ်ရှေ့ထမင်းဆိုင်ကို ပြန်ထွက်သွားကြပြီလေ။ အခုအချိန်က လူနည်းနည်းကျတဲ့ အချိန်ဆိုတော့ ဆူးလေးလည်း အဲ့ဒီမှာပဲ ရှိနေလောက်တယ်။ ဂျင်မီကတော့ မြို့ထဲပဲ လျှောက်လည်နေသလား ဆိုင်ထဲမှာပဲလား မပြောတတ်။ ဒီလောက် အရောင်းရကြီးမဟုတ်တော့ အဖွားကြီးက ဆိုင်လုပ်သား သုံးယောက်ပဲ ခေါ်ထားတယ်။ အဲ့ဒီ သုံးယောက်ကလည်း ဆိုင်ထဲမှာပဲအလုပ်လုပ် ဆိုင်ထဲမှာပဲနေ ညအိပ်တော့လည်း ဆိုင်ထဲမှာပဲ အိပ်ကြတာ။ ကိစ္စကြီးငယ်မရှိဘဲ နောက်ဖေးအိမ်ဘက်ကို လာလေ့မရှိကြဘူး။ အခုအနေအထားအရ နောက်ဖေးတစ်အိမ်လုံးမှာ ဧည့်သည်ဖြစ်တဲ့ လူခန့်တစ်ယောက်တည်း။ ဒါကြောင့် လူခန့်လည်း
”ဒီလို အခွင့်အရေးမျိုးကို လက်လွတ်ခံလို့ဘယ်ဖြစ်မလဲ။ ငါတစ်ဟောက်တည်းရှိတုန်း တစ်အိမ်လုံးအနှံ့ လိုက်စပ်စုရမယ် ”
ဟု တွေးမိပြီး အခန်းအပြင်ကို ပြန်ထွက်ခဲ့ပါတော့တယ်။ လူခန့် အခန်းတံခါးကို သေချာပြန်ပိတ်ပြီး အိမ်ထဲမှာ ဟိုဟိုဒီဒီ စူးစမ်းကြည့်လိုက်တယ်။ အိမ်က အုတ်ပတ်ကား နှစ်ထပ်အိမ်ဖြစ်ပေမယ့် တောနေတောထိုင် ပုံစံအတိုင်း အခန်းတွေက သေသေချာချာ ကာရံထားတာမျိုး မရှိသလို ဖွဲ့စည်းပုံလည်း သိပ်မကြဘူး။ လူခန့်ကို အခုထားထားတဲ့ အခန်းတစ်ခုသာ လုံလုံခြုံခြုံ တံခါးနဲ့ဘာနဲ့။ ကျန်တဲ့ အခန်းတွေကတော့ အခန်းဆိုတာထက် အကန့်တွေလို့ပြောရင် ပိုမှန်မယ်။
လူခန့် အခန်းနဲ့ကပ်လျှက်မှာ အခန်းတစ်ခန်း ကန့်ထားပြီး အဝကို ကန့်လန့်ကာ တစ်ထည်နဲ့ ကာထားတယ်။ ကန့်လန့်ကာကို လှပ်ကြည့်လိုက်တော့ အခန်းထဲက အသုံးအဆောင် ပစ္စည်းတွေကို မြင်ရတာနဲ့ ဒေါ်ကျင်မေရဲ့အခန်းဖြစ်မှန်း လူခန့် တန်းသိလိုက်တာပေါ့။ ဒေါ်ကျင်မေ့အခန်းရဲ့ရှေ့ မျက်နှာချ င်းဆိုင်မှာလည်း အခန်းတစ်ခန်းတွေ့ရလို့ ကန့်လန့်ကာ လှပ်ကြည့်လိုက်ပြန်တော့. . . ဒါက ဂျင်မီ့အခန်း ဖြစ်ဖို့များတယ်လို့ လူခန့် သုံးသပ်မိပြန်တယ်။
အဲ့ဒီအခန်းတွေရဲ့ ရှေ့ကနေ ဖြတ်လာမိတော့ ဧည့်ခန်းကို ရောက်သွားတော့တယ်။ ဧည့်ခန်းကနေ အိမ်နောက်ဖေးကို ဝင်သွားတဲ့ လျှောက်လမ်းလေးတစ်ခုရှိပြီး လျှောက်လမ်းဝရဲ့ ဘယ်ဘက်ခြမ်းမှာ အိမ်အပေါ်ထပ်ကိုတက်တဲ့ လှေကား။ နောက်ဖေး လျှောက်လမ်းအဆုံးမှာတော့ ရေချိုးခန်း အိမ်သာနဲ့ အဆုံးသတ်သွားတာ။ လျှောက်လမ်းရဲ့ ဘယ်ဘက်မှာက ထမင်းစားခန်းနဲ့ မီးဖိုချောင်ဖြစ်ပြီး ညာဘက်မှာ တံခါးပိတ်ထားတဲ့ အခန်းတစ်ခန်း တွေ့ရပြန်တယ်။ လူခန့် အခန်းတံခါးကို အသာတွန်းကြည့်လိုက်တော့ တွန်းလို့ရတာနဲ့ပဲ လက်စနဲ့ အခန်းထဲကိုပါ တခါတည်း လေ့လာကြည့်လိုက်မိတယ်။
” အဖွားကြီးရဲ့ သမီးပျို . . . . ရှယ်လီ့ရဲ့ အခန်းပဲဖြစ်ရမယ်။ အတော်လုံလုံခြုံခြုံနဲ့ သားသားနားနား။ အဲကွန်းတောင် တပ်ထားလိုက်သေး။ အင်းးး . . . ဒါဆို ဆူးလေးရဲ့ အခန်းက အပေါ်ထပ်မှာမြန်းလား။ ပြီးတော့ . . . အပေါ်ထပ်တစ်ခုလုံးကို အလွတ်ထားပြီး ဘာလို့များ ဒီအိမ်သားတွေ အိမ်အောက်မှာချည်း အိပ်ကြတယ်မသိဘူး ”
အခန်းတံခါးကို ပြန်စေ့ရင်း လူခန့် တစ်ကိုယ်တည်း တွေးတောမိလိုက်ပြန်တယ်။ အဲ့ဒီနောက်တော့ လူခန်းလည်း အိမ်ရှေ့ ဧည့်ခန်းဘက်ကို ပြန်ထွက်ခဲ့ပြီး လှေခါးကနေ အပေါ်ထပ်ကို တက်ခဲ့ပါတော့တယ်။ အပေါ်ထပ်ကိုရောက်တော့မှ ဒေါ်ကြင်မေတို့ အပေါ်ထပ်မှာ ဘာလို့မအိပ်ကြသလဲဆိုတာ လူခန့် သဘောပေါက်သွားတော့တယ်။ အိမ်ခေါင်မိုးသွပ်နဲ့ အောက်ကြမ်းခင်းနဲ့က အရမ်းကပ်နေတယ်လေ။ မျက်နှာချက်လည်းမရှိတော့ ပူစရာရှိလွှတ်ပူ အေးစရာရှိ လွှတ်အေးပေါ့။ အနောက်ဘက် ခပ်ကျကျနေရာမှာ သုံးထပ်သားတွေနဲ့ကန့်ပြီး ကာထားတဲ့ အခန်းဖွဲ့ တစ်ခုကလွဲရင် ကျန်တာက အပေါ်ထပ်တစ်ခုလုံး ဟောခန်းကြီးအတိုင်း။
အခန်းကာထားတဲ့ သုံးထပ်သားပြားတွေက အပေါ်ပိုင်း လွတ်နေတာကြောင့် အခန်းလေးထဲက လျှံထွက်လာတဲ့ မီးရောင်ကို လူခန့်မြင်နေရတယ်။ အဲ့ဒီမီးရောင်နဲ့ပဲ အပေါ်ထပ်တစ်ခုလုံးကို လူခန့် အခုလို စပ်စုခွင့်ရနေတာလေ။ လူခန့် အခန်းနားကို တိုးကပ်လာတော့ အခန်းထဲက အမျိုးသမီးတစ်ယောက်ရဲ့ သီချင်းငြီးသံကို ကြားလာရတယ်။
” ဒီ အသံက ဆူးလေးရဲ့ အသံပဲ။ ဒီအခန်းက ဆူးလေးရဲ့ အခန်းဖြစ်ရမယ်။ ဒါနဲ့ . . . ဒီကောင်မလေးက အရှေ့ထမင်းဆိုင်ကို သွားမကူရဘူးလား။ အို . . . ဘယ်လိုပဲဖြစ်ဖြစ် ငါ့အတွက်တော့ အဆင်ပြေပြီ ။ အခုပဲ . . . သူ့ကို နှစ်ယောက်ချင်း ဝင်တွေ့ပြီး အကျိုးအကြောင်း ရှင်းပြရမယ်။ ဒါမှ ရှေ့ဆက် အစီအစဉ် ဘယ်လိုဆွဲမယ်ဆိုတာ တိုင်ပင်လို့ရမှာ . . .”
လူခန့်လည်း သီးချင်းသံကို နားထောင်ရင်း စိတ်အားတက်ကြွလာပြီး အခန်းဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းခဲ့တော့တယ်။ စိတ်လောကြီးနေတာကြောင့် အခန်းရှေ့သို့ရောက်တဲ့အခါ လူခန့်ဟာ ပိတ်ထားတဲ့ အခန်းတံခါးကို မခေါက်မိဘဲ တစ်ခါတည်း တွန်းဝင်မိလိုက်တော့တာပေါ့။
တွေ့ လိုက်ရတဲ့ မြင်ကွင်းကြောင့် လူခန့် ပါးစပ်က” ဟိုက် . . .” ခနဲ အသံ တစ်ချက်ထွက်သွားပြီး ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ဘဲ ကြောင်ကြည့်နေမိတော့တယ်။ အခန်းထဲမှာ ” အို . . .” ဆိုတဲ့အသံလေးပြုလျှက် ဖြူဖွေးဝိုင်းဆက်တဲ့ သူမရဲ့ ရင်သားအစုံကို လက်ကလေးတစ်ဖက်နဲ့ မလုံတစ်လုံလေး ကာထားပြီး အခြားလက်ကလေးတစ်ဘက်က သူမရဲ့ ပြည့်တင်းသွယ်လှတဲ့ ပေါင်လေးနှစ်ခုရဲ့ ကြားနေရာကိုအုပ်ကာ ကိုယ်ကိုလည်း ခပ်ယို့ယို့ ခပ်ကွေးကွေးလေး လုပ်ထားတဲ့ ဆူးစူးနှင်းဆီ။
” လှလိုက်တာ ကလေးရယ်။ ဖြူဖွေးဝင်းပပြီး ထိရက်စရာမရှိပါလား။ ကြည့်စမ်းပါဦး ရင်သားလေးတွေ ပြည့်ပြည့်တင်းတင်း ဗှိုက်သားပြင်ပြေပြေလေးနဲ့ တင်လေးကလည်း ဝိုင်းဝိုင်းလေး ကားတက်နေတာ။ လူကောင်လေးသာသေးတာ. . . ခန္ဓာကိုယ် အဆစ်အပေါက်ကတော့ မြင်သူရူးလောက်ပါဘိကွယ်။ ဒါတင်ဘယ်ကဦးမလဲ။ အရှက်သည်းနေတဲ့ မျက်နှာလှလှကလေးက နီရဲနေလိုက်တာ . . . ရှက်ရှက်နဲ့ နှုတ်ခမ်းပါးပါးလေးကို ကိုက်ထားတာများ အခုချက်ခြင်းတောင် ပြေးနမ်းလိုက်ချင်ရဲ့ ”
မျက်စိတစ်မှိတ် လျှပ်တပြတ်အတွင်းမှာပဲ လူခန့်ရဲ့ စိတ်ထဲမှာ အတွေးတွေ ရောက်ယက်ခတ်သွားပြီး သတိကို အနိုင်နိုင်ပြန်ထိန်းကာ ကုတင်ဘောင်ပေါ်မှာ တင်ထားတဲ့ တဘက်ပွကြီးတစ်ထည်ကို အလျင်အမြန်ကောက်ယူလို့ . . .
” ရော့ ရော့ ညီမလေး ဒါ ခဏပတ်ထားလိုက် ”
ဆိုပြီး ဆူးလေးထံသို့ ကပြာကယီ ပေးလိုက်ရတော့တယ်။ ထိုအခါမှ အံ့သြမှင်သက်ပြီး လူခန့်ကို ကြောင်ကြည့်နေတဲ့ ဆူးလေးလည်း သတိပြန်ဝင်လာလို့ လူခန့်ပေးတဲ့ တဘက်ကြီးကို ရှက်ကိုးရှက်ကန်းနဲ့ယူလို့ ကိုယ်မှာ ခပ်သုတ်သုတ် ပတ်လိုက်တော့တာပေါ့။ ထို့နောက် နှစ်ယောက်သား ခေါင်းတွေကိုယ်စီငုံ့ပြီး အတော်ကြာအောင် အသံတိတ်နေမိကြပြန်တယ်။ ခဏနေမှ အိမ်ရှင်ဖြစ်တဲ့ ဆူးလေးက အသံတိုးတိုး ကတုန်ကယီလေးနဲ့ စကားစလာတယ်။
” ဆူးလေးက တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ဆိုပြီး အဝတ်အစားတွေ အားလုံးချွတ်ချလို့ ညအိပ်အဝတ်လေးတွေ လဲဖို့လုပ်နေတာ။ တံခါးကို ဂျက်မထိုးမိလိုက်ဘူး။ အခုတော့ ရှက်လိုက်တာရှင် . . .”
ထိုအခါမှ လူခန့်လည်း ဆူးလေးကို စကားပြောဖို့ ပြန်ရဲသွားပြီး ဖြစ်ပျက်သမျှ ကို ရှင်းပြတောင်းပန်ဖို့ ကြိုးစားရတော့တာပေါ့။
” ကိုယ်လည်း တောင်းပန်ပါတယ် ဆူးလေးရယ် . . .။ အမှန်ဆို ကိုယ်က တံခါးလေးဘာလေး ခေါက်ရမှာ။ ဒါပေမယ့် ကိုယ့်မှာလည်း ညီမကို လွတ်လွတ်လပ်လပ် နှစ်ယောက်တည်း တွေ့ချင်နေတဲ့ ကိစ္စကရှိတာမို့ အခန်းအပြင်ကနေ ညီမရဲ့ သီချင်းဆိုသံကို ကြားရတော့ အခုလို အလောတကြီး ဝင်လာမိလိုက်တာပါ။ တကယ်တော့ ကိုယ်က ဦးတိတ်ရှောင် . . .”
လူခန့်ရဲ့စကားက ထိုနေရာအထိပဲ ရောက်သေးတယ် ဆူးလေးက လက်ကာပြပြီး
” ဆူး သိတယ် အစ်ကို။ အစ်ကိုက ပါပါးရဲ့ မိတ်ဆွေတစ်ယောက် မဟုတ်လား။ အခု ဆူးကို ဒီကနေ ကယ်ထုတ်ဖို့ ဒီအိမ်ကိုရောက်လာတာ။ ပါပါးက ဆူးနဲ့လာတွေ့တိုင်း အစ်ကို့ရဲ့အကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ အဲ့ဒီကတည်းက ဆူးက အစ်ကို့ကို ပါပါးစကားထဲကတင်ပဲ အတော်ကို ရင်းနှီးနေခဲ့တာ။ နောက်ဆုံးတစ်ခေါက် ပါပါး ဆူးကိုလာတွေ့တော့ . . . သမီးကို ပါပါးမိတ်ဆွေ မောင်လူခန့် လာကယ်လိမ့်မယ်။ ဒီလူယုတ်မာတွေလက်ထဲက လွတ်မြောက်ပြီး သမီးရသင့်ရထိုက်တဲ့ အမွေအနှစ်တွေကို ပြန်ရရှိဖို့ သူကပဲ အစစအရာရာ အကူအညီပေးမှာ။ ပါပါးကတော့ သွားရတော့မယ်။ နောက်ပိုင်း ကိစ္စတွေအားလုံးကို မောင်လူခန့်နဲ့ပဲ လက်တွဲပြီး ဆောင်ရွက်သွားပါလို့ မှာသွားတယ်။ အဲ့ဒီကတည်းက ဆူးလည်း အစ်ကို့ကို စောင့်မျှော်နေခဲ့တာပဲ။ ”
ဟု လူခန့်ကို သူမ သိကျွမ်းထားပြီးဖြစ်ကြောင်း ရှင်းပြလေတယ်။ လူခန့်လည်း ဆူးလေး အနည်းငယ် အရှက်ပြေသွားပုံပေါ်တာနဲ့
” သြော် .. . ခုဏက ဆူးပြောတော့ အင်္ကျီလဲမလို့ဆို။ လဲလေ. . .။ ကိုယ်အပြင်မှာ ထွက်စောင့်နေမယ် ”
လို့ပြောလိုက်တော့ ဆူးလေးက
” နေပါစေတော့ အစ်ကိုရယ်။ အခုမှတော့ မထူးတော့ပါဘူး။ အစ်ကို အပြင်ထွက်စောင့်လို့ တစ်ယောက်ယောက် မြင်သွားရင် ဒုက္ခပဲမဟုတ်လား။ ဆူးဘာသာဆူး အဆင်ပြေအောင် ကြည့်လဲလိုက်ပါ့မယ် ”
ဟုဆိုကာ သူမရဲ့ကိုယ်ကို တံဘက်ကလေးနဲ့ ဖြန့်ကွယ်ပြီး ညအိပ်အဝတ်အစားများ လဲလှယ်နေပါတော့တယ်။ ဆူးလေး အဝတ်လည်းနေတုန်း လူခန့်က သိချင်တာတွေကို မေးမြန်းစပ်စုပြန်တော့ သူမကလည်း အဝတ်လဲရင်းနှင့်ပင် ပြန်လည်ဖြေကြားရှာတယ်။
” နေပါဦး ဆူးလေးရဲ့ ။ ညီမ ဒီလိုတစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေနေတုန်း ဂျင်မီရောက်လာမှာ မစိုးရိမ်ဘူးလား ”
” စိုးရိမ်စရာတော့ ကောင်းတာပေါ့ အစ်ကိုရယ်. . .။ အရင်နေ့တွေကတော့ ဆူးက တံခါးပိတ်ပြီး ဂျက်ချဖြစ်တယ်။ ဒီနေ့ကြမှ ဂျက်ချဖို့မေ့သွားတာ။ ဒါပေမယ့် တစ်ခုရှိတာက အန်တီမေ့ကို မလွန်ဆန်နိုင်လို့သာ သူ့ရဲ့စိတ်ကြိုက် လိုက်လုပ်ပေးရင်ပေးရမှာ။ တကယ်တော့ ကိုဂျင်မီက ဆူးကို သိပ်အာရုံလာပုံ မပေါ်ဘူး။ သူတကယ် နှစ်သက်တာက မမရှယ်လီလေ . . .”
” ဟုတ်ပါပြီ. . .။ ဒါနဲ့ ဆူးက အိမ်ရှေ့ ဆိုင်ကိုကော လိုက်မကူရဘူးလား ”
” မကူရဘူး အစ်ကိုရဲ့ ။ ဒီအချိန်က ဆူးရဲ့ ကိုယ်ပိုင်အချိန်လေ။ အန်တီမေတို့က ဆူးကို လူမြင်သူမြင် လူရှေ့သူရှေ့ သိပ်မထွက်စေချင်ဘူး။ ရှင်းရှင်းပြောရရင် ဆူးကို လူတောမတိုးစေချင်တာလည်း ပါသလို သူတို့ဆူးကို ခိုင်းစေနေကြတာကိုလည်း လူတွေသိမှာ မလိုလားကြဘူး။ ဒါကြောင့် နောက်ဖေးအိမ်က အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေး အိမ်သာဆေး စတဲ့ ဘာဟီယတွေအကုန်လုံး ဆူးကိုခိုင်းကြပေမယ့် အိမ်ရှေ့ဆိုင်ကိုတော့ မလိုက်ခိုင်းဘူး။ အဲ့ဒီတော့ အဲ့ဒီအိမ်အလုပ်တွေအားလုံး လုပ်ပြီးသွားတဲ့ ဒီလိုအချိန်မျိုးဆို ဆူး အနားရပြီ ”
ဆူးလေးကတော့ အဝတ်လဲရင်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုကို ပြောပြသလို ပြောနေပေမယ့် လူခန့်ရဲ့စိတ်ထဲမှာတော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ အတကယ်ဆို သူလေးက လယ်ပိုင် ယာပိုင် အိမ်ပိုင် ဆိုင်ပိုင် ကားပိုင်နဲ့ သူဌေးမလေးပဲ မဟုတ်လား။ အခုတော့ အိမ်အကူ လုပ်သားတစ်ယောက်လို တစ်အိမ်လုံးမှာ ရှိသမျှ အလုပ်တွေအားလုံးကို သူကလေးတစ်ယောက်တည်း သိမ်းကြုံးလုပ်နေရရှာတယ်။
အဝတ်အစားလည်း လဲပြီးသွားတဲ့အခါမှာ ဆူးလေးက လူခန့်နားကိုလာထိုင်ပြီး သူမရဲ့ဖခင် ဦးတိတ်ရှောင်ရဲ့ အကြောင်းကို မေးပြန်တယ်။ သူမက ဦးတိတ်ရှောင်နဲ့ တစ်လမှ တစ်ခါပဲတွေ့ ရတာ။ တွေ့ရတော့လည်း အချိန်တိုတိုလေးရယ်။ လူခန့်ကတော့ နေ့စဉ်နေ့တိုင်းလိုလို တွေ့နေရတော့ သူမဖခင်ရဲ့ အကြောင်းတွေကို လူခန့်သိသမျှ ပြောပြပါတဲ့လေ. . .။
အဲ့ဒါနဲ့ လူခန့်လည်း ဦးတိတ်ရှောင်နဲ့ စတွေ့ခဲ့ပုံကစပြီး. . . . နောက်ဆုံး သူ့ရဲ့သမီး ဆူးလေးကို ကယ်ပေးဖို့ ဂိုထောင်ပေါ်မှာတွေ့စဉ် မိမိကို အကူအညီတောင်းတဲ့ အကြောင်းအထိ ဖြေးဖြေးချင်း ပြန်ပြောပြလိုက်ပါတော့တယ်။ လူခန့် ဆူးလေးနဲ့ စကားကောင်းနေတုန်း အိမ်အောက်ထပ်က လူသံတွေကြားလာရလို့ စကားပြောတာကို ခဏရပ်လိုက်တယ်။ ဆူးလေးက လေသံတိုးတိုးလေးနဲ့
” သူတို့တွေ ဆိုင်သိမ်းပြီး အိမ်ထဲဝင်လာကြပြီ . . .”
ဟုတ်တယ်. . . လူခန့် နာရီကြည့်လိုက်တော့ ည ၁၂ ကျော်နေပြီ။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က ဒေါ်ကျင်မေရဲ့ အသံသဲ့သဲ့ကို ကြားလိုက်ရပြန်တယ်။
” ဧည့်သည်နိုးသွားမယ်. . . စကားတိုတိုးပြောကြ ”
ထိုအခါ ဆူးလေးက
” သူတို့ အစ်ကို့ကို အခန်းထဲမှာ အိပ်နေတာလို့ပဲ ထင်နေကြတာ။ ကိုဂျင်မီလည်း လည်ရာပတ်ရာက ပြန်ရောက်နေပြီ။ ခုဏက သူ့အသံလည်း ဆူးကြားလိုက်တယ်။ လောလောဆယ်တော့ အစ်ကို အခန်းကို ပြန်လို့ရမှာ မဟုတ်သေးဘူး။ နေလက်စနဲ့တော့ မထူးပါဘူး အစ်ကိုရယ်. . .။ သူတို့ အိပ်ယာဝင်သွားသည်အထိ ဆူးအခန်းမှာပဲနေပြီး စောင့်လိုက်တော့ပေါ့။ ပြီးတော့ ဆူးလည်း အစ်ကို့ကို ပြထားစရာလေးတွေ ရှိသေးတယ်။ ”
ဟု လူခန့်ကို အကြံပေးလေရာ . . . လူခန့်လည်း အကျိုးအကြောင်း လျှော်ညီနေတာနဲ့ပဲ ခေါင်းငြိမ့်လိုက်တော့တာပေါ့။ အောက်ထပ်က အသံတွေ တဖြေးဖြေး ပြန်တိတ်သွားပြီး ဆယ့်ငါးမိနစ်လောက် အကြာမှာ ဆူးလေးက . . .
” ခြေသံကို အတတ်နိုင်ဆုံး ရွရွလေးနင်း အစ်ကို ”
ဟု လူခန့်ကို သတိပေးလို့ အခန်းအပြင်သို့ ဦးဆောင်ခေါ်ယူခဲ့တော့တယ်။ အပေါ်ထပ် အရှေ့ပိုင်းတစ်နေရာ အရောက်မှာတော့ သူမက ရပ်တန့်လိုက်ပြီး ပုဆစ်တုတ်ထိုင်ချလျှက် ကြမ်းခင်းကို လက်သည်းနဲ့ ကုတ်လှပ်လိုက်ရာ ကွမ်းသီးစိပ်သေးသေး တစ်စိပ်စာလောက်ရှိတဲ့ ကြမ်းပေါက်ကလေး တစ်ပေါက် ပေါ်လာပါလေကော။ အဲ့ဒီနောက် ဆူးလေးက လူခန့်ကို လက်ယက်ပြီး လေသံတီးတိုးနဲ့
” လာကြည့် အစ်ကို . . .”
လို့ ခေါ်လိုက်ပြန်တာကြောင့် လူခန့်လည်း အပေါက်ကနေ အိမ်အောက်ထပ်ကို ချောင်းကြည့်လိုက်မိပါတော့တယ်။ ကြမ်းပေါက်ကနေ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လူခန့် အတော်အံ့သြသွားတယ်။ လူခန့်မြင်နေတာက ဒေါ်ကျင်မေရဲ့ အခန်း။ သူမဟာ ကုတင်ပေါ်မှာ ဒူးထောင်ပေါင်ကားနဲ့ ပက်လက်အိပ်နေတယ်။ အပေါ်ပိုင်း ဗလာကျင်းနေပြီး ရင်သားထွားထွား ဝိုင်းဝိုင်းတွေက ဖွေးဖွေးကြီးပေါ်လို့။ ခန္ဓာကိုယ် အောက်ပိုင်းကို စောင်တစ်ထည်ခြုံထားပြီး သူမရဲ့ ပေါင်နှစ်ခုကြားနေရာ စောင်အောက်က လှုပ်လှုပ် အရာတစ်ခု။ အခန်းထဲမှာ ထွန်းထားတဲ့ နှစ်ပေဖန်ချောင်း မီးရောင်က လူခန့်ရဲ့ အမြင်အာရုံကို ရှင်းရှင်းလင်းလင်း ဖြစ်စေတယ်လေ။ ခေါင်းကို ဘယ်ညာရမ်းလိုက် အပေါ်ကိုမော့သွားလိုက် လက်တွေကလည်း အိပ်ယာခင်းကိုကုတ်လိုက် ခေါင်းအုံးကို စုပ်လိုက် ဖြစ်နေတဲ့ ဒေါ်ကျင်မေ့ကိုမြင်ရတာ ခံစားချက် စူးစူးရှရှတစ်ခုကို ခံစားနေရသလိုပဲ။ နှုတ်ခမ်းကိုချွန်တလှည့် သပ်တစ်ခါနဲ့ အံကိုခဲပြီး ခန္ဓာကိုယ်ကလည်း ကော့လန်နေတော့တာ။
လူခန့်လည်း ဆက်ကြည့်နေရင်း ခဏကြာလာတော့ ဒေါ်ကျင်မေရဲ့ လှုပ်ရှားရုန်းကြွမှုတွေဟာ အတော်ကိုပြင်းလာတယ်။ သူမရဲ့ လက်တွေဟာ အောက်ပိုင်းစောင်ခြုံ ပေါင်းကြားက လှုပ်ရှားနေတဲ့ အရာကို စွဲကိုင်ဖိကပ်လိုက် အပေါ်ဘက်ကို ရောက်သွားပြီး ခေါင်းအုံးတွေ အိပ်ယာခင်းတွေကို ဆွဲလွဲကုတ်ခြစ် တွန်းတိုက်ပစ်လိုက် လုပ်နေတာကြောင့် သူမအုံးတဲ့ ခေါင်းအုံးလည်း ကုတင်အောက်ကို ကျသွားတော့တယ်။
ထောင်ထားတဲ့ ပေါင်တံနှစ်ဖက်ကလည်း ဆန့်သွားလိုက် ပြန်ထောင်လာလိုက် ဘေးကိုကားသွားလိုက် အတွင်းကိုပြန်စုလိုက် ဖြစ်နေတဲ့အပြင် သူမရဲ့ ခန္ဓာကိုယ် ဖွင့်ဖွင့်ထွားထွားကြီးကိုလည်း ဗြောင်းဆန်အောင် လူးပျံနေတာကြောင့် နောက်ဆုံးမှာတော့ အောက်ပိုင်းမှာ ခြုံထားတဲ့ စောင်ဟာ သူမရဲ့ ကိုယ်ပေါ်က ကွာကျသွားပါလေကော။ စောင်အောက်က လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတဲ့အရာလည်း ပေါ်လာတော့တာပေါ့။
” ဟင် . . .ဂျင်မီ . . .”
လူခန့် စိတ်ထဲကနေ တအံတသြ ရေရွတ်လို့ အနှီမွေးစားသားမိရဲ့ အချစ်ဇာတ်လမ်းကို ဆက်မကြည့်ချင်တော့တာနဲ့ အသံလုံအောင် ဖြေးဖြေးချင်း ထရပ်ပြီး ဆူးလေးရဲ့အခန်းကို ပြန်ဖို့ ပြင်လိုက်တော့တယ်။ ထိုအခါ ဆူးလေးက လူခန့်ကို ခဏလေးနေဦးဆိုတဲ့ ဟန်နဲ့ လက်ကာပြလျှက် ကြမ်းပေါက်ရှိရာကို အသာငုံ့ပြီး ချောင်းကြည့်ပြန်တယ်။ အဲ့ဒီနောက် ပြန်ထလာကာ လူခန့်ရဲ့ နားနားကို ကပ်လို့
” အန်တီမေကို ကိုဂျင်မီက နမ်းပေးနေတာဆိုတော သူတို့နှစ်ယောက် ဒီည အလုပ်မဖြစ်လောက်ဘူး။ အစ်ကိုတော့ ကံကောင်းပြီ။ ခဏနေရင် ဇာတ်လမ်းနောက်တစ်ပုဒ် ဆူး အစ်ကို့ကိုထပ်ပြမယ်။ လာ . . .”
ဆိုပြီး ခပ်တိုးတိုးလေးပြောကာ သူမရဲ့ အခန်းရှိရာသို့ ရှေ့မှ ဦးဆောင်၍ ထွက်ခွာသွားပါတော့တယ်။ ဆူးလေးရဲ့အခန်းကို ရောက်တဲ့အခါ လူခန့်က ကုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး . . .
” ဂျင်မီနဲ့ ဘွားတော်က အဲ့လိုတွေလား။ ကိုယ်ဖြင့် ယုံတောင်မယုံနိုင်ဘူး . . .”
ဟု ပြောလိုက်တော့ ဆူးလေးက
” ဒီထက် မယုံနိုင်စရာ ကောင်းတာတွေကို ဆူး အစ်ကို့ကို ပြဖို့ရှိသေးတယ်။ အခုလောလောဆယ်တော့ ဆူးအိပ်ယာပေါ်မှာ ဆယ့်ငါးမိနစ် နာရီဝက်လောက် ခဏလှဲပြီး မှေးချင်မှေးလိုက်ဦး။ ရာသီကပူတော့ ဆူး အစ်ကို့ကို ယက်ခပ်ပေးမယ်။ အစ်ကိုလည်း မရှယ်လီနဲ့ တစ်နေကုန် လည်ရပတ်ရတာ ပင်ပန်းနေပြီမဟုတ်လား ”
ဟူ၍ လူခန့်ကို ခေတ္တခဏမျှ အနားယူဖို့ရာ တိုက်တွန်းလေတယ်။ လူခန့်လည်း စိတ်ထဲကနေ. . .
” လိမ္မာလိုက်တဲ့ ကလေးရယ်. . .။ ငါ့အိမ်သူ သက်ထားလေးများ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ ”
လို့ တွေးမိရင်း ခန္ဓာကိုယ်ကလည်း တကယ်ကို ပင်ပန်းနေတာကြောင့် အာနာမနေတော့ဘဲ သူမရဲ့ အိပ်ယာပေါ်ကို လှဲအိပ်ချလိုက်ပြီး ခဏမှေးလိုက်တော့တာပေါ့။ ဆူးလေကတော့ ကုတင်ဘေးက စာရေးစားပွဲခုံလေးမှာ ထိုင်ရင်း ယက်တောင်တစ်ချောင်းနဲ့ လူခန့်ကို ယက်ခပ်ပေးလျှက် . . .။ မိနစ်နှစ်ဆယ်လောက်ကြာတော့ ဆူးလေးက လူခန့်ကို လှုပ်နိုးပြန်တယ်။
” ထ ထ အစ်ကို . . .”
လူခန့်လည်း အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်တဲ့အချိန်မှာ ဆူးလေးက အခန်းမီးခလုပ်ကို ပိတ်လိုက်တာမို့ တစ်ခန်းလုံး မှောင်မဲသွားပါလေကော။ အဲ့ဒီနောက် ဖယောင်းတိုင်မှီး မှိန်မှိန်လေးတစ်ပွင့် ပြန်လင်းလာပြီး ဆူးလေးကို ပြန်မြင်ရလာတယ်။
” ဒီလိုမီးပိတ်လိုက်မှ. . ။ မဟုတ်ရင် မီးရောင်ကို သူတို့ မြင်သွားနိုင်တယ်လေ ”
သူမက လူခန့်နားကို ကပ်ပြောပြပြီးနောက် အခန်းထောင့်တစ်နေရာက ကြမ်းခင်းကို သွားရောက်ကုတ်ဖဲ့ပြန်တယ်။ အပေါက်ကလေးလည်း ဖြစ်သွားကော သူမက ပုဆစ်တုတ်ထိုင်ချလိုက်ပြီး အပေါက်ကနေ အောက်ကို ချောင်းကြည့်လိုက်လေတယ်။ ပြီးတော့ လူခန့်အနားကို ပြန်သွားကာ . . .
” ရပြီအစ်ကို . . သွားကြည့်ချေတော့။ ကိုဂျင်မီ ရောက်နေပြီ . . . ခြေသံတော့ ဖွဖွနင်းနော် အစ်ကို ”
ဟု သတိပေးရင်း လူခန့်ကို တလှည့် ချောင်းကြည့်စေပြန်တယ်။ လူခန့်လည်း သူမ သတိပေးသလို အတတ်နိုင်ဆုံး အသံလုံအောင် ဂရုပြုပြီး အပေါက်ကနေ အောက်ကို ချောင်းမြောင်းကြည့်ရှုလိုက်တော့တာပေါ့။ ကြမ်းပေါက်မှ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ခုန်စရာ။ ရှယ်လီရဲ့အခန်း ကုတင်ပေါ်တွင် ရှယ်လီနဲ့ ဂျင်မီက ထပ်လျှက်သား။ နှစ်ဦးစလုံး အဝတ်အစားတွေ မရှိကြ။ ဂျင်မီက အပေါ်ဘက်က လှုပ်ရှားနေပြီး ရှယ်လီက အောက်ကနေ သူမရဲ့ လက်တွေနဲ့ ဂျင်မီ့ကျောကို သိုင်းဖက်ဖက်ထားတဲ့အပြင် ပေါင်နှစ်ဖက်နဲ့လည်း ဂျင်မီ့ကိုယ်ကို ခွပြီး လှမ်းချိတ်ထားသေး။
လူခန့်ကြည့်နေရင်း ခဏနေတော့ အောက်ကရှယ်လီက အပေါ်မှာရှိတဲ့ ဂျင်မီ့ကို တဖက်သို့ဆွဲချပြီး သူမက အပေါ်က ဖြစ်သွားပြန်တယ်။ အဲ့ဒီနောက် ရှယ်လီက မျက်နှာကို အပေါ်မော့လို့ သူမရဲ့ ခန္ဓာကိုယ် ဖွေးဖွေးလှလှကြီးနဲ့ ကဆုန်ဆိုင်းမြင်းစီးသလို သုံးမိနစ်လောက်ကြာအောင် အတော်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားပြီး ရှေ့သို့ ထိုးစိုက်ကြသွားတော့တယ်။
ချောင်းကြည့်တာကိုရပ်ပြီး လူခန့် ပြန်ထလိုက်တဲ့အခါ ဆူးလေးကလည်း ကြမ်းပေါက် အခြားတစ်ပေါက်ကနေ အောက်ကို ချောင်းမြောင်းလျှက်။ လူခန့်ထလာတာကို သတိထားမိသွားတော့မှ သူမလည်း ရှက်ကိုးရှက်ကန်းလေးနဲ့ လိုက်ထလာပြီး ရှက်ယောင်လွှမ်းလို့ နီရဲနေတဲ့ မျက်နှာလှလှကလေးကို အောက်ကို ငုံ့ထားတော့တယ်။
” လာ . . .ဆူး ”
လူခန့်က ခပ်တိုးတိုးလေးပြောကာ ဆူးလေးရဲ့ လက်ကိုဆွဲကိုင်ပြီး ကုတင်ဘက်သို့ ခေါ်ဆောင်လာခဲ့တယ်။ ကုတင်စွန်းမှာ နှစ်ယောက်သား တင်ပါးလွှဲ ထိုင်လိုက်ကြပြီးနောက် မမြင်နိုင်တဲ့ စွမ်းအားတစ်ခုရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့် လူခန့်က ဆူးလေးရဲ့ ခန္ဓာကိုယ် သေးသေးပြည့်ပြည့်လေးကို ရင်ခွင်ထဲကို ဆွဲသွင်းလို့ တင်းတင်းကြပ်ကြပ်ကို ထွေးပွေ့လိုက်မိပါလေကော။
” အို . . .ကို့ . . .”
ဆိုပြီး ဆူးလေးဆီက အာမေဋိတ်သံ ခပ်တိုးတိုးလေး ထွက်သွားတာကလွဲရင် တစ်စုံတရာ ငြင်းဆန်ရုန်းကန်မှုမျိုးကို လူခန့် မတွေ့ရဘူး။ ခပ်ပြင်းပြင်းလေးရှိုက်ရှူနေရရှာတဲ့ သူမရဲ့ အသက်ရှူသံလေးတွေအပြင် သူမရဲ့ကိုယ်ခန္ဓာလေးလည်း တဆတ်ဆတ် တုန်ရီနေကြောင်းကို လူခန့် သိရှိခံစားနေရတယ်။ အဲ့ဒီနောက် လူခန့်လည်း ဆူးလေးကို ကုတင်ပေါ်သို့ ဆွဲလှဲချလိုက်ပါတော့တယ်။
” သိပ်ချစ်တယ် ဆူးးရယ်။ ကိုယ့်အချစ်ကို ဘယ်လို သဘောထားလဲဟင် . . .”
” သူ့အကြောင်း ဖေဖေ ပြောပြောနေတာကို ကြားရကတည်းက ဒီက အားကိုးတကြီးနဲ့ ချစ်ခင်စွဲလမ်းနေရသူပါ ရှင်ရယ် . . . . ”
အခြေအနေမပေးလို့ သူတို့နှစ်ယောက်ဟာ အချစ်နယ်မကျွံခဲ့ကြရပေမယ့် လူခန့်ဟာ ဆူးလေးရဲ့ ခန္ဓာကိုယ်အနှံ့ အကြားအလပ် မကျန်အောင် ရင်းနှီးခွင့်ရခဲ့တယ်။ ဒေါ်ကျင်မေတို့ သားအမိနဲ့ ဂျင်မီရဲ့ ချစ်ဇာတ်လမ်းကို ညတိုင်းလိုလို တွေ့မြင်ရတဲ့အတွက် ဆန့်ကျင်ဘက်အရသာကို လွန်စွာထိတွေ့ ခံစားလိုစိတ် ပြင်းထန်နေတဲ့ ဆူးလေးခင်မျာလည်း လူခန့်ရဲ့ အနမ်းအရှုံ့ ကြမ်းကြမ်းတွေအောက်မှာ အသံကျယ်ကျယ် မထွက်မိအောင် ကျိတ်မှိတ်အောင့်အီး လူးလိမ့်နေရတော့တာပေါ့။ အဲ့ဒီညက လူခန့် ဆူးလေးရဲ့ အခန်းမှာ အချိန် အတော်ကြာသွားခဲ့ပြီး မနက် သုံးနာရီထိုးခါနီးလောက်မှ အောက်ထပ်က ကိုယ့်အခန်းကို ကိုယ် ပြန်ဖြစ်ခဲ့တော့တာ။
အခန်းကိုမပြန်ခင် ဂျင်မီဟာ ဒေါ်ကျင်မေရဲ့ ထိန်းချုပ်မှုကို အလုံးစုံခံရသူနှယ် ဟန်ဆောင်၍ ကြောင်လက်သည်းဖွက် နေခဲ့သူဖြစ်ကြောင်း၊ ဒေါ်ကျင်မေက ရှယ်လီနှင့် ဂျင်မီဖြစ်နေကြတာကို မသိဘဲ သမီးဖြစ်သူကို ဗန်းပြပြီး ဂျင်မီ့ကို ထိန်းချုပ်ဖို့ရာ ကြံစည်သော်လည်း တကယ်တမ်းမှာမူ ဂျင်မီသည် ဒေါ်ကျင်မေကော သမီးဖြစ်သူရှယ်လီကိုပါ ရနှင့်ပြီးဖြစ်ကြောင်း၊ ၎င်း၏ မူရင်းရည်ရွယ်ချက်မှာ ဒေါ်ကျင်မေ၏ စိတ်တိုင်းကျ မိမိနှင့် လက်ထပ်ပြီးနောက် မိမိကို ကြင်နာဟန်ပြု စည်းရုံးကာ အဖွားကြီးသားအမိကိုပါ မောင်းထုတ်ပစ်ရန် ထို့နောက် မိမိ၏ ပိုင်ဆိုင်မှုများကို ၎င်းတစ်ယောက်တည်း သိမ်းပိုက်လက်ဝါးကြီးအုပ်ရန် ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်ကျင်မေနှင့် ရှယ်လီကသာ မိမိအပေါ်တွင် မောက်မာရိုင်းပြစွာ ဆက်ဆံတတ်သော်လည်း ဂျင်မီကမူ အမြဲတစေ ချိုသာနူးညံ့စွာပင် ဆက်ဆံလေ့ရှိကြောင်း၊ သို့သော် မိမိက ဂျင်မီ၏ ယုတ်ညံ့သောစိတ်ဓာတ်နှင့် အကြံအစည်ကို ကြိုသိသဖြင့် ရွံရှာလွန်းသောကြောင့် အတတ်နိုင်ဆုံး ကင်းအောင်နေခဲ့ကြောင်း၊ စတဲ့ အကြောင်းအရာ အချက်အလက်တွေကို လူခန့်က ဆူးလေးဆီမှ သိရှိခဲ့ရသလို ရှေ့ဆက် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတဲ့ အစီအစဉ် အသေးစိပ်ကိုလည်း သူမကို အသိပေး ပြောကြားခဲ့တော့တယ်။
နောက်နေ့အရောက်မှာ လူခန့််နဲ့ ရှယ်လီဟာ အင်းမဈေးကိုသွားပြီး လူခန့်ပြန်ရင် လက်ဆောင်ပေးဖို့ အသီးအနှံတွေ မြန်မာမုန့်တွေကို ဝယ်ယူကြတယ်။
” သူ့ကိုခေါ်ခဲ့ပါလား. . . ဈေးဝယ်တာတွေ မနိုင်ရင် ကူသယ်ခိုင်းလို့ရတာပေါ့ ”
လို့ ဆူးလေးကိုညွှန်ပြပြီး လူခန့်က အကြံပြုတာကြောင့် ရှယ်လီက ဆူးလေးကိုပါ ဈေးကိုခေါ်လာခဲ့တယ်။ ဒါပေမယ့် သူမကို ဈေးထဲမလိုက်ခိုင်းဘဲ ကားစောင့်ထားပစ်ခဲ့ပြီး ရှယ်လီနဲ့ လူခန့် နှစ်ယောက်သာ စုံတွဲခုတ်လို့ တစ်ဈေးလုံး လှည့်ပတ် ဝယ်ခြမ်းနေတော့တာ။ ဝယ်ပြီးတဲ့ ပစ္စည်းတွေ မနိုင်တော့မှ သူမကိုခေါ်ပြီး ကူသယ်ခိုင်းလိုက်တယ်။
အဲ့ဒီနောက်တော့ လူခန့်ဟာ ဒေါ်ကျင်မေ့အိမ်မှာ ရှယ်လီနဲ့ ဆူးလေးကိုဝင်ချ . . . မနက်စောစောကတည်းက သိမ်းဆည်းထားခဲ့တဲ့ မိမိအဝတ်အိတ်ကိုယူပြီး ဒေါ်ကျင်မေကို နှုတ်ဆက်လို့ မြို့ကို ပြန်ခဲ့ပါတော့တယ်။
____________________
ဖိတ်စာတွေ ရောက်လာပြီ။ ကောင်မလေးက လိမ္မာတော့ လိမ္မာသား။ ဂျင်မီနဲ့လက်ထပ်ဖို့ သူ့ကို အတော်ပြောယူရမယ် . .။ နောက်ဆုံး ပြောမရရင် အကြမ်းနည်းတွေ ဘာတွေတောင် သုံးယူရမယ်လို့ တို့ကထင်ထားတာ။ တကယ်တမ်း တို့ပြောကြည့်တော့ မျက်ရည်လေးတွေကျလာပြီး တအင့်အင့် ရှိုက်ငိုနေတာကလွဲရင် ဘာမှ ဒီလောက်ကြီး ငြင်းဆန်တာမျိုးမရှိဘူး။ အန်တီမေတို့ သဘောပါ။ ဆူးလေးက အန်တီမေရဲ့ တူမပဲ . . အန်တီမေက ကောင်းတယ်ထင်လို့ စီစဉ်တာကို လိုက်နာရမှာပေါ့တဲ့။ ဒါနဲ့ပဲ တို့လည်း ဂျင်မီနဲ့ သူ့ကိုပေးစားပြီး ဧည့်ခံပွဲလေးလုပ်ပေးဖို့ စီစဉ်ရတော့တာပေါ့။
ဧည့်ခံပွဲဆိုတာ တကယ်တော့ အလကားပါ။ ဧည့်ခံပွဲမတိုင်မှီ တစ်ရက်အလို လက်ထပ်စာချုပ်မှာ ဂျင်မီနဲ့ မိဆူးတို့ လက်မှတ်ထိုး၊ ရှေ့နေစုတ်က ပိုင်ဆိုင်မှုတွေအားလုံး မိဆူးကိုလွှဲပေးပြီးရင် တို့အတွက်က ကိစ္စပြီးပြီလေ။ ဒါပေမယ့် လူမြင်သူမြင်ကောင်းအောင် ဧည့်ခံပွဲလေး ဘာလေးတော့ လုပ်ပေးဦးမှ မဟုတ်လား။ နောက်ဇာတ်လမ်းက တို့အတွက် သာသာယာယာပဲ။ မိဆူးကလည်း ခပ်အေးအေး ခပ်နုံနုံ၊ ဂျင်မီဆိုတာကလည်း ကလေးဘဝကတည်းက တို့က ပြီးရင်ပြီးရတာ . . . .၊ ဟော . . . အခု အသက်ကလေး ကြီးလာပြန်တော့လည်း ဒီကောင့်ကို တို့ရဲ့ တဏှာကွန်ယက်ထဲမှာ မလှုပ်နိုင်အောင် ချုပ်နှောင်ထားလိုက်ပြီးပြီလေ . . .။ ဒါ့အပြင် ဒီကောင် တို့ထက်ပိုပြီး ရူးသွပ်စွဲလမ်း အာသာငမ်းငမ်း ဖြစ်နေတဲ့အရာကလည်း တို့လက်ထဲမှာလေ။ အဲ့ဒါကတော့ သမီးရှယ်လီပဲ။
သမီးရှယ်လီကို ဒီကောင် အသေရရ အရှင်ရရ အရူးအမူး ဖြစ်နေတယ်ဆိုတာ တို့က သိပြီးသား။ ဒီကောင် ဆေးသမားလိုလို အရက်သမားလိုလို ဖြစ်နေရတာလည်း ရှယ်လီကြောင့်ပဲ မဟုတ်လား။ သမီးက သူ့ကို မျက်နှာသာမပေးဘဲ ခပ်တည်တည် ခပ်တန်းတန်း ဆက်ဆံနေလို့ သင်း စိတ်လေနေတာ။ ဟင်းဟင်း . . . မင်းလို ဘိန်းစားမျိုးနဲ့ ငါသမီးကို ဘယ်အဖြစ်ခံလိမ့်မလဲ ဂျင်မီရယ်။ မင်းကို ငါမွေးစားခဲ့တယ် ဆိုတာလည်း မင်းအရွယ်ရောက်လာရင် တနေရာရာမှာ အသုံးဝင်လာမယ်လို့ ယူဆခဲ့လို့ပဲ။ ငါ့အတွေးတွေ မှန်ပါတယ်။ အခုတော့ မင်းဟာ တစ်နေရာတည်းတင် မကဘူး နေရာအတော်များများမှာ ငါ့အတွက်အသုံးဝင်တဲ့ ဂျိုကာရုပ်ကလေးပါပဲ။ ဒါပေမယ့် စိတ်မကောင်းပါဘူး ကလေးရယ်။ ကိစ္စတွေပြီးရင် မိဆူးက အိမ်ပေါ်ကဆင်းပြေးပြီး ဘဝပျက်ရမယ်။ မင်းကတော့ ဆေးမှုနဲ့ ထောင်ထဲကို သွားရင်သွား၊ မသွားရင် ဆေးလွန်ပြီး သေရမယ်။ အဲ့ဒါ မင်းတို့နှစ်ယောက်ရဲ့ ရွေးချယ်ခွင့်မရှိတဲ့ ကြမ္မာဆိုးပဲ။ သမီးလေးရှယ်လီက မင်းအတွက်မဟုတ်ဘူး ကောင်လေး။ မြို့က သူဌေးလေးအတွက်ပဲ။ အခုတောင် သူတို့နှစ်ယောက် အတော်ကို ရင်းနှီးသွားကြပြီ မဟုတ်လား။
ဒေါ်ကျင်မေဟာ စားပွဲပေါ်က ဂျင်မီနဲ့ ဆူးစူးနှင်းဆီတို့ရဲ့ မင်္ဂလာဖိတ်စာ တထပ်ကြီးကိုကြည့်ပြီး ရှေ့ ရေးကိုတွေးရင်း ကိုယ့်အတွေးနဲ့ကိုယ် ပီတိတွေ ဖြာနေတော့တယ်။
” ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါခင်ဗျ . . . ”
ကြားလိုက်ရတဲ့အသံကြောင့် ဒေါ်ကျင်မေ့ အတွေးတွေ လွင့်ပျယ်သွားခဲ့တယ်။ ကြည့်လိုက်တော့ ရှေ့နေကြီး ဦးသိန်းအောင်၊ စခန်းမှုးကြီး ရဲတပ်သားတစ်ယောက်နဲ့ မြို့ခံလူကြီးနှစ်ယောက် တို့။
” ကြွကြပါရှင် ကြွကြပါ . . . ထိုင်ပါ . . .။ ဘာကိစ္စများရှိလို့လဲ မသိဘူး ”
ဒေါ်ကျင်မေက နေရာထိုင်ခင်းပေးပြီး လာရင်းကိစ္စကို မေးလိုက်တော့ ရှေ့နေကြီးက
” ကျွန်တော်တို့ ဒီက မဆူးစူးနှင်းဆီကို သူရဲ့ ပိုင်ဆိုင်မှုတွေ လာလွှဲပေးတာပါ ”
” သူ့ရဲ့ ပိုင်ဆိုင်မှုတွေက ဒီအချိန်လွှဲလို့ မရသေးဘူး မဟုတ်လား ”
ဟု ဒေါ်ကျင်မေ ပြန်မေးတဲ့အခါ ရှေ့နေကြီးက
” ရပါပြီဗျ ။ လွန်ခဲ့တဲ့ ၁၅ ရက်က သူ့အသက် ၂၃ နှစ် ပြည့်သွားပြီပဲ ”
ဟု မတုန်မလှုပ်ပုံစံနဲ့ ပြန်ပြောလေတယ်။
” ဒါ . . . ဒါပေမယ့် သူမှ ယောက်ျားမယူရသေးတာ။ အခုမှ ဖိတ်စာရိုက်ရုံရှိသေးတယ်။ ကျွန်မထင်တာက သူတို့နှစ်ယောက် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးမှ သူ့ကို ပိုင်ဆိုင်မှုတွေ အားလုံးလွှဲပေးရမယ်လို့ ထင်ထားတာ။ အဲ့ဒီလို မဟုတ်ဘူးလား ”
ဂျင်မီနဲ့ ဆူးလေး လက်မထပ်ရသေးခင် ပိုင်ဆိုင်မှုတွေအားလုံး ဆူးလေးကို လွှဲပေးလိုက်ရင် ဂျင်မီကို လက်ထပ်ဖို့ငြင်းဆန်ပြီး သူမတို့ကိုပါ နှင်ချတာမျိုး ဖြစ်သွားနိုင်တယ် မဟုတ်ပါလား။ သူမတို့ကို ပြန်ကန်နိုင်မယ့် အခြေအနေဆိုးမျိုးကို ကြိုတင်တွေးတော ရင်မောရင်း ဒေါ်ကျင်မေ့ရဲ့ ရင်ထဲမှာ ဗလောင်ဆူနေပြီလေ။ ရှေ့နေကြီးကတော့ ခပ်အေးအေး အမူအရာနှင့်
” ခဏလေး စောင့်လိုက်ရင် ဒီက ငါ့ညီမ နားလည်သွားမှာပါ ”
ဟု ဒေါ်ကျင်မေကို ဖျောင်းဖြနေလေတယ်။
အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့က ကားစက်သတ်သံကြားရပြီး လူခန့်နဲ့ ဦးသောင်းငွေတို့စုံတွဲ အိမ်ထဲကို ဝင်လာပါလေကော။ ရှယ်လီကတော့ လူသံတွေကြားရတာကြောင့် အိမ်ခန်းထဲကထွက်လာပြီး ဒေါ်ကျင်မေ့ ဘေးမှာ လာရပ်ရှာတယ်။ ဒေါ်ကျင်မေလည်း လူခန့်ကို မြင်ရတော့ အံ့သြသွားပြီး
” ဟင် . . . မောင် မောင် လူခန့်။ အန်တီတို့ဆီ အလည်ထပ်လာတာလား ”
” အန်တီတို့ဆီ အလည်ထပ်လာတာ ဆိုတာထက် ဆွေပြမျိုးပြလာရင်း ကျွန်တော့်ဇနီးသည်ကို ကျွန်တော်လာခေါ်တာလို့ ပြောရင် ပိုမှန်မလားပဲ။ ဘာလို့လဲဆိုတော့ ဆူးလေးနဲ့ ကျွန်တော်နဲ့က တရားဝင် လက်ထပ်ထားကြတဲ့ အကြင်လင်မယားတွေ ဖြစ်နေကြပြီလေ။ ဒီမှာကြည့် . . .”
လူခန့်က ပြောလည်းပြော သူ့ရဲ့ လက်ထဲမှာရှိတဲ့ လက်ထပ်စာချုပ်ကိုပါ ဒေါ်ကျင်မေ မြင်သာအောင် ထောင်ပြလိုက်တော့တယ်။
” ဟင် . . . မင်း မင်းးး တို့ . . . .”
ဒေါ်ကျင်မေ အံ့အားသင့်ပြီး လူခန့်ကို ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်နေတဲ့အချိန်မှာ . . . .
” မြင်ပြီမဟုတ်လား ဒေါ်ကျင်မေ။ ဒါ့ကြောင့် ကျွန်တော်တို့က ဆူးလေးကို ပိုင်ဆိုင်မှုတွေလွှဲဖို့ လုပ်ရတာပါ။ သူက လက်ထပ်ပြီးနှင့်ပြီလေ ”
ရှေ့နေကြီးက ခပ်ဖြုံ့ဖြုံ့ပြုံးရင်း ဝင်ပြောပြန်တယ်။ ထိုအခါ ဒေါ်ကျင်မေလည်း အခံရခက်စွာဖြင့်
” နင် နင်တို့ တော်တော်ယုတ်မာကြပါလား ”
ဟု ဒေါ်သတကြီး အော်ဟစ်လိုက်ချိန်
” သြော် . . . အန်တီမေ အန်တီမေ အန်တီကများ ကျွန်မတို့ကို ယုတ်မာတယ်လို့ တပြန်ကြီး ပြောရတယ်ရှိသေး။ ပါပါးဆုံးကတည်းက ပါပါးရဲ့အိမ်နဲ့ ဆိုင်ပေါ်မှာ အခန့်သားတက်နေ . . . ကျောင်းနေရမယ့်အရွယ် တူမလေးကို ကျောင်းထုတ် အိမ်အလုပ်တွေ ဇယ်ဆက်အောင်ခိုင်း….. တူမလေး အသက်ရလာပြန်တော့ မွေးစားသား ဆေးသမားနဲ့ပေးစားပြီး တူမရမယ့် အမွေတွေ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ် သိမ်းပိုက်ဖို့ကြံစည် . . .
အဲ့ဒီလုပ်ရပ်တွေကမှ ယုတ်မာတယ်ခေါ်တာရှင့် . . ယုတ်မာတယ်ခေါ်တာ။ ဟက် . . ဟက်… ကျလည်းကျလောက်ပါရဲ့ . . . တူမကြတော့ ဆေးသမားနဲ့ ပေးစားပြီး ကိုယ့်သမီးအရင်းလေးကြတော့ မြို့ကသူဌေးလေးနဲ့ ငြားစေချင်သတဲ့။ ဒီမှာ အန်တီမေ . . . ကိုလူခန့်ဆိုတာ တခြားမဟုတ်ဘူး။ ကျွန်မဘဝကို အန်တီမေတို့လက်ထဲက ဆွဲထုတ်ဖို့ ပါပါးက ဝိဉာဉ်ဘဝနဲ့ အကူအညီတောင်းပြီး လွှတ်လိုက်တဲ့သူပဲ။ ”
မြန်မာဆန်ဆန် စည်းဝမ်းဆက်ကလေးကို ကျစ်လစ်သေသပ်စွာ ဝတ်ဆင်ထားပြီး နားတွင် တရုတ်စကားပန်းလေး တစ်ပွင့်ပန်ထားတဲ့ ဆူးလေးက လှေခါးထစ်မှ တစ်ထစ်ချင်း ဆင်းလာရင်း ဒေါ်ကျင်မေ့ကို လှမ်းပြောလိုက်တော့တယ်။ အောက်ထပ်ဧည့်ခန်းသို့ ရောက်တဲ့အခါ ဆူးလေးက စကားဆက်ပြန်တယ်။
” ကိုလူခန့် မြို့ပြန်မယ့်နေ့ ဈေးကိုသွားတော့ ကျွန်မပါ လိုက်သွားခဲ့ရတယ်။ ဈေးရောက်တော့ မရှယ်လီဟာ ကျွန်မကို ကားမှာ အစောင့်ထားခဲ့ပြီး ကိုလူခန့်နဲ့ နှစ်ယောက်တွဲလို့ ဈေးဝယ်ထွက်ခဲ့ကြတယ်။ အဲ့ဒီနေ့က မုန့်လက်ဆောင်းဆိုင်မှာ မရှယ်လီ မုန့်လက်ဆောင်း သောက်နေတုန်း ကိုယ်လူခန့်က ကားထဲမှာ ပိုက်ဆံအိတ် ကျန်ခဲ့လို့ဆိုပြီး ပြန်ယူတာ မှတ်မိဦးမှာပေါ့ ”
ဆူးလေးက ရှယ်လီ့ဘက်ကို လှည့်ကာမေးလိုက်တော့ . . . ရှယ်လီလည်း ထိုအကြောင်းအရာကို သတိရပြီး ခေါင်းငြိမ့်ပြလိုက်ရတော့တယ်။
” အဲ့ဒီအချိန် ကားပေါ်မှာ ရှေ့နေကြီးနဲ့ ဟောဒီက မြို့မိမြို့ဖနှစ်ဦး အဆင်သင့် ရောက်နေကြပြီလေ။ ကိုလူခန့်လည်း ကားကိုရောက်လာကော မြို့မိမြို့ဖ ဦးကြီးတွေကို သက်သေထားပြီး ရှေ့နေကြီးဆီမှာ ဆူးတို့နှစ်ယောက် လက်မှတ်ထိုးလိုက်ကြတယ်။ အဲ့ဒီလို အဆင်သင့်ဖြစ်အောင်ကိုလည်း ကိုလူခန့်က ရှေ့နေကြီး ဦးလေးဦးသောင်းငွေတို့နဲ့ အစကတည်းက ကြိုတင်တိုင်ပင် ပြင်ဆင်ခဲ့တာ။ ဟင်း ဟင်း အန်တီမေတို့ တစ်ကွက်နောက်ကျသွားပြီ။ အန်တီမေတို့ရှုံးပြီ။ ကိစ္စတွေအားလုံးပြီးတာနဲ့ အထုပ်ဆွဲပြီး အိမ်ပေါ်ကဆင်းဖို့ ပြင်ထားကြတော့။ ”
အတော်ကို မာမာထန်ထန် ပြတ်ပြတ်သားသား ပြောထုတ်လိုက်တဲ့ ဆူးလေးရဲ့ စကားလုံးတွေ အဆုံးသတ်သွားတဲ့ အချိန်မှာတော့ ဒေါ်ကျင်မေဟာ ကျိတ်မနိုင်ခဲမရဟန်နဲ့ တက်တခေါက်ခေါက် အံတကျိတ်ကျိတ် ဖြစ်နေပြီး သမီးဖြစ်တဲ့ ရှယ်လီကတော့ ရေနွေးနဲ့ အလောင်းခံလိုက်ရတဲ့ သစ်ရွက်လို ပျော့ဖတ်ညှိုးလျှော်စွာဖြင့် အခြေအနေမဲ့ဘဝသို့ ရောက်ရှိသွားမှာကို စိုးရွံ့၍နေရှာတော့တာ။ အဲ့ဒီအချိန်မှာပဲ ဘယ်သူမှထင်မှတ်မထားတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်သွားပါလေကော။
တစ်စုံတစ်ယောက်ဟာ အိမ်ပေါ်ထပ်ကနေ လှေခါးထစ်အတိုင်း ဒုန်းဆိုင်းပြေးဆင်းလာပြီး လှေကားကို ကျောပေးရပ်နေတဲ့ ဆူးလေးကို နောက်မှနေ ချုပ်ကိုင် သိုင်းဖက်လိုက်တော့တယ်။
” အို . . . .ရှင် . . ”
” ဟာ . . .ဂျင်မီ ”
” ဟေ့ကောင် . . .မလှုပ်နဲ့ လက်နက်ချ ”
တခဏအတွင်း အခန်းထဲမှာ အသံတွေ ဆူညံသွားပြီး စခန်းမှူးဦးသောင်ညွန့်က ခါးမှ ခြောက်လုံးပြူးကိုထုတ်ကာ ဂျင်မီ့ကိုချိန်လျှက် ရဲတပ်သားလေးကလည်း လက်ထဲရှိ နံပါတ်ဒုတ်ကို တပြင်ပြင်နှင့်။ လူခန့်က ရှေ့ကိုတိုးဖို့ ကြိုးစားလိုက်တော့
” ဟေ့ကောင် . . . ရှေ့မတိုးနဲ့ ။ လက်နက်တွေအားလုံးလည်း ဖယ်လိုက်။ ဒီမှာတွေ့လား . . . ကောင်မလေး တစ်ခါတည်း သေသွားမယ် ”
အမှန်ပင်. . . ဂျင်မီ လက်ဦးသွားချေပြီ . . .။ ဆူးလေးရဲ့လည်ပင်ကို ၎င်းရဲ့ဓားက ထောက်နှင့်ပြီးပြီ။ အားလုံး ကြံရာမရဖြစ်နေစဉ် ဂျင်မီက တဟားဟား အော်ရယ်လိုက်ပြီး . . .
” ကျုပ် သိပ်ကံကောင်းသွားတယ်။ အမှန် ကျုပ်က အပေါ်ကို ကောင်မလေး အဝတ်လဲဘာညာ တက်ချောင်းတာ ဖွေးဥဝင်းမွှတ်နေတာပဲဗျာ . . . လှချက် ။ ဒီလောက်လှပြီး ဒီလောက်တင်းနေတဲ့ ဟာလေး ငါ့လက်ထဲရောက်ရင်တော့ စိတ်ကြိုက် အပြတ်ကိုချစ်ပစ်လိုက်ဦးမယ်လို့ တွေးနေတုန်း အောက်က လူသံတွေကြားရတာနဲ့ မဆင်းသေးဘဲ အသာအခြေ အနေ စောင့်ကြည့်နေမိတာ။ အခုတော့ ကျုပ်လုပ်ရပ်ဟာ သိပ်ကိုမှန်သွားပြီလေ . . .။ ဒီမှာ . . . . ဂျင်မီ့ရဲ့ဘဝမှာ ကိုယ့်စားရခါနီးမှ ကိုယ့်လက်ထဲက ထမင်းလုပ်ကို သူများပုတ်ချတာ ခံရတဲ့အဖြစ် ဘယ်တော့မှ မဖြစ်စေရဘူး။ အဲ့ဒီတော့ ကောင်မလေးကို ဓားစာခံ ခေါ်သွားရမှာပဲ။ အောက်ကို ဆင်းမလာခင်ကတည်းက ကျုပ်ရဲ့ဘော်ဒါတွေကို ကျုပ် ဖုန်းဆက်ခေါ်ထားပြီးပြီ ”
ဂျင်မီပြောနေဆဲမှာပင် အိမ်ရှေ့တွင် ကားတစ်စီး ထိုးရပ်လိုက်တဲ့အသံ ကြားရပြန်တယ်။ ထိုအခါ ဂျင်မီက မျက်နှာပိုမိုရွှင်ပြသွားပြီး
” ဟော . . . ပြောရင်းဆိုရင်း ရောက်လာကြပြီ။ အဲ့ဒီတော့ ဟိုဗိုလ်ကြီးလည်း သေနတ်ကိုကျည်ထုတ် . . . အဝေးကို လွှတ်ပစ်လိုက်။ ရဲဘော်ကလည်း ဒုတ်ကိုချလိုက်။ ပြီးရင် အားလုံး ကျုပ်ရှေ့ကနေ လမ်းဖယ်ကြ။ ကောင်မလေးကို ကျုပ်ခေါ်သွားမယ်။ ကျုပ် အခုမပြေးလည်း ခင်ဗျားတို့က ကျုပ်ကို ဆေးမှုနဲ့ဖမ်းမှာပဲ မဟုတ်လား။ ဒီတော့ ပြေးမယ့်ပြေးလည်း ကျုပ်က အခုလို ရွှေတွင်းလေးကို မသွားရမှာပေါ့။ ကျုပ်အတွက် စိတ်ချရပြီဆိုတဲ့ အခြေအနေရောက်တော့မှ ကျုပ် လှမ်းဆက်သွယ်လိုက်မယ်။ ပိုက်ဆံနဲ့လာရွေးကြ။ သိပ်မများပါဘူး။ အများဆုံး သိန်း ၁၀၀၀ ပေါ့ . . .။ မဟုတ်ဘူးလား . . . ဟား ဟား ။
သြော် . . အဖွားကြီး ခင်ဗျားကို တစ်ခါတည်းပြောခဲ့မယ်။ ကျုပ် အခုရမယ့် ငွေတွေကို ခင်ဗျား မျှော်မနေနဲ့တော့။ အမှန်က ခင်ဗျားကို ကြောက်ဟန်ဆောင်ပြီး ခင်ဗျားစိတ်ကြိုက် ကျုပ်လိုက်နေပေးနေတယ် ဆိုတာ ခင်ဗျားသမီးအတွက် မဟုတ်ဘူး။ ခင်ဗျားမသိသေးတာတစ်ခု ကျုပ်ပြောပြမယ်။ ခင်ဗျားတင်မကဘူး ခင်ဗျားရဲ့သမီးပါ ကျုပ်နဲ့ငြားပြီးသွားပြီ။ ကျုပ်က သူ့ကို ချစ်လည်းမချစ်သလို စိတ်လည်းမဝင်စားတော့ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားသမီးက ကျုပ်လက်ထဲမှာ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီလေ။ အပြုအစုကောင်းပြီး ကျုပ်စိတ်ကြိုက် အားလုံးကို နေပေးတတ်လွန်းလို့သာ ဆက်ပေါင်းနေတာ။ ကျုပ်ရဲ့ရည်ရွယ်ချက်အမှန်က ဟောဒီက အချောလေးကို မယားလုပ်ပြီး သူ့ကိုကော သူ့ရဲ့ စည်းစိမ်ဥစ္စာတွေကိုပါ သိမ်းပိုက်ဖို့ပဲ။ ရှင်းလား ….။ ကဲ. . . ကြာတယ် ဖယ်ကြ . . . ကျုပ်ပြောသလိုလုပ်နော် ဟေ့လူတွေ . . . ဒီမှာတွေ့လား။ တစ်ချက်တည်း ထိုးသွင်းလိုက်မယ် ”
ဂျင်မီက ပြောလည်းပြော ဆူးလေးရဲ့ လည်ပင်းမှာ ထောက်ထားတဲ့ဓားကို အနည်းငယ် ဖိလိုက်လေရာ ဆူးလေးဆီမှ ” အ . . .” ဆိုသော အသံတစ်ချက်ထွက်လာပြီး လည်ပင်းမှာ အနည်းငယ် သွေးစို့သွားတော့တယ်။ စခန်းမှူးနဲ့ လူခန့်တို့လည်း ဘာမှ မတတ်နိုင်ကြတော့ဘဲ ဂျင်မီပြောတဲ့အတိုင်း လိုက်နာလိုက်ကြရပြီး ၎င်းကို လမ်းဖယ်ပေးလို့ အခြေအနေကို စောင့်ကြည့်နေကြရတော့တာပေါ့။ ဒေါ်ကျင်မေတို့ သားအမိကတော့ လူပုံအလယ်မှာ ဂျင်မီအရှက်ခွဲတာကို ထင်မှတ်မထားဘဲ ခံလိုက်ရတာကြောင့် တစ်ယောက်နှင့်တစ်ယောက် ဖက်ကာ တအင့်အင့် ရှိုက်ငိုနေပါတော့တယ်။
ဂျင်မီဟာ လူခန့်တို့အားလုံးကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆူးလေးကို ချုပ်ကိုင်ဓားထောက်ရင်း အိမ်ပေါက်ဝအထိ နောက်ပြန်ဆွဲခေါ်သွားတယ်။ အိမ်ပေါက်ဝကို ရောက်တဲ့အခါမှာ ကျောပေးထားတဲ့ ဂျင်မီ့ကို အိမ်အပြင်မှ တစ်စုံတစ်ယောက်က ဒုတ်တစ်ချောင်းဖြင့် ခွပ်ခနဲမြည်အောင် ရိုက်နှက်လိုက်လေရာ. . . ၎င်းရဲ့လက်ထဲမှ ဓားလည်းလွတ်ကျသွားပြီး ဆူးလေးကို လွှတ်ကာ ဆန့်ဆန့်ကြီး မှောက်သွားပါတော့တယ်။ အနှောင်အဖွဲ့မှ လွတ်သွားတဲ့ ဆူးလေးလည်း အနောက်ကို လည်ပြန်လှည့်လို့ သူမရဲ့ ကယ်တင်ရှင်ကို ကြည့်လိုက်တော့တာပေါ့။ အားလုံးရဲ့ အကြည့်တွေကလည်း ထိုသူ့ဆီကို ရောက်သွားကြတော့တယ်။
” ဟင် . . . ကိုကို ”
” ဟင်. . . ဇူးဇူးးး ”
” ကိုကိုလွတ်လာပြီ . . . . ဟုတ်လား ”
” ဟုတ်တယ် ညီမလေး။ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာ ”
” ဝမ်းသာလိုက်တာ . . . ကိုကိုရယ်. . .”
တစ်ယောက်နဲ့ တစ်ယောက် ခပ်တင်းတင်းပွေ့ဖက်ပြီး ငိုကြွေးလိုက်ကြတဲ့ မောင်နှမနှစ်ယောက်ရဲ့ ဝမ်းနည်းဝမ်းသာ မျက်ရည်တွေဟာ နွေခေါင်ခေါင်မှာ ရွာသွန်းချလိုက်တဲ့ မိုးစက်မိုးပေါက်များအလား အေးချမ်းမှုရဲ့ ရှေ့ပြေးနိမိတ်ကို ဆောင်လျှက် . . . .။ အဲ့ဒီနောက် . . .
” ဆရာတို့ . . . အိမ်ရှေ့ကားနားမှာ ကျွန်တော်သိပ်ထားတဲ့ နှစ်ကောင်ရှိသေးတယ်။ ဒီကောင်တွေ မသေပါဘူး။ မေ့ရုံတင် ကျွန်တော် ရိုက်ပစ်ခဲ့တာ။ ”
” ဟော . . . ဟိုဟာက ကိုကို့ယောက်ဖကြီးလား။ ယောက်ဖကြီးက လူချောလူခန့်ကြီးပါကော . . .။ ယောက်ဖဆိုပေမယ့် ညီအစ်ကို အရင်းတွေပါပဲ . . .။ ဟုတ်တယ်မဟုတ်လား ဘဒို . . .”
” အန်တီမေနဲ့ ရှယ်လီလည်း ငိုမနေကြနဲ့တော့။ ကျွန်တော် ပြန်ရောက်လာပြီပဲ။ ပြေးကြည့်မှ ဒီအမျိုးလေးတွေပဲ ရှိတာ။ အားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေသွားကြမယ်။ အတိတ်က အဆိုးတရားတွေ မေ့ပစ်လိုက် ”
ဇူးဇူးရဲ့ အသံတွေဟာ တစ်အိမ်လုံး ဆူညံလို့နေပါတော့တယ်။ ကိစ္စအားလုံး အေးအေးဆေးဆေး ဖြစ်သွားလေပြီ။ ဂျင်မီ့နဲ့ အပေါင်းအပါတွေကိုလည်း စခန်းမှူးတို့က ဖမ်းဆီးခေါ်ဆောင်သွားကြသလို ရှေ့နေကြီးနဲ့ မြို့မိမြို့ဖတွေကလည်း ဆူးလေးကို ပေးသင့်ပေးထိုက်တဲ့ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးအပ်ပြီး ပြန်သွားကြချေပြီ။
ထိုအခါမှ လူခန့်က ဝမ်းပန်းတနည်း ငိုကြွေးနေကြတဲ့ ဒေါ်ကျင်မေတို့သားအမိကို ဆူးလေးရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ဒေါ်ကျင်မေ အခုလိုလောဘတက်ရတာ လောင်းကစားလုပ်လိုတာနဲ့ အကြွေးတွေ ဆပ်လိုတာကြောင့် ဖြစ်ကြောင်း၊ အကြွေးတင်ရတာကလည်း လောင်းကစားလုပ်သည့် အတွက်ကြောင့်ဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြသနာရဲ အရင်းခံမှာ လောင်းကစားပင်ဖြစ်တာမို့ ထိုလောင်းကစားကို ရပ်တန်းကရပ်ပြီး ဘဝသစ်ထူထောင်ရန် လိုအပ်ကြောင်း၊ ပြေးကြည့်မှ ဆွေမျိုးဟူ၍ ဒီလူတွေပင်ရှိတာကြောင့် ရက်ရက်စက်စက် အိမ်ပေါ်ကနှင်ချတာမျိုး မိမိမလုပ်လိုဘဲ အင်းမအိမ်နဲ့ဆိုင်ကို သေချာစွာ ဆက်လက်ဦးစီ လုပ်ကိုင်စေလိုကြောင်း၊
မိမိမှ ဆိုင်အတွက်လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပေးမည့်အပြင် အကြွေးများကိုလည်း ဆပ်ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် အင်းမဆိုင်မှရတဲ့ အကျိုးအမြတ် တစ်စုံတစ်ရာကို မိမိတို့လင်မယားထံ ပေးစရာမလိုဘဲ ဇူးဇူးနဲ့ ဒေါ်ကျင်မေတို့သားအမိ အချိုးကြ စုဆောင်းသုံးစွဲပိုင်ခွင့်ရှိကြောင်း၊ နောက်ပိုင်း ဆိုင်တိုးတက်စည်ကားလာတဲ့ အခြေအနေကိုကြည့်ပြီး ရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှုတွေကို ပေးကောင်းပေးရာ ခွဲဝေလွှဲပြောင်းပေးမည် ဖြစ်ကြောင်း. . . . စသဖြင့် ပြောဆိုညှိနှိုင်းလေရာ ဒေါ်ကျင်မေတို့ သားအမိလည်း နောင်တတရားတို့ကို ရင်မှာပိုက်လျှက် ဝမ်းမြောက်ဝမ်းသာ လက်ခံကြလေတယ်။
ဇူးဇူးဟာ ထောင်ထဲမှာ ဆရာကောင်းသမားကောင်းနဲ့ တွေ့ခဲ့ရတယ်။ သူ့ရဲ့ဆရာက လူသတ်မှုတစ်ခုနဲ့ ထောင်ထဲရောက်နေတဲ့ အကြော်ဆရာကြီး တစ်ယောက်ပဲ။ သူ့ရဲ့သမီးလေးကို လူတစ်ယောက်က အဓမ္မကျင့်နေတာကိုတွေ့လို့ လည်ပင်းကို တစ်ချက်တည်း ခုတ်သတ်လိုက်တာ။ ဇူးဇူးဟာ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သားမှန်းသိကော အဖိုးကြီးက ဇူးဇူးကို ခင်ခင်မင်မင် ဆက်ဆံခဲ့တယ်။ တကယ်ဆို ဇူးဇူးဟာ ကိုယ်နဲ့အသက်ကွာလှတဲ့ သက်ကြီးရွယ်အို တစ်ယောက်နဲ့ အပေါင်းအသင်း မလုပ်လိုပေမယ့် ကိုယ့်ထက်လက်စပြင်းတဲ့ စီနီယာကြီး ဖြစ်နေတာကြောင့် အလိုက်အထိုက် ပြန်လည် ဆက်ဆံရတာပေါ့။
ဒါပေမယ့် တဖြေးဖြေး ပေါင်းကြည့်ရင်း အဖိုးကြီးကို ဇူးဇူး လေးစားလာခဲ့တယ်။ နောက်ဆုံးမှာတော့ အဖိုးကြီးနဲ့ ဇူးဇူးဟာ သားအဖတွေလိုကို ရင်းနှီးသွားကြပါကော။ အဖိုးကြီးက ဖိုရုံ တန်းစီးလေ။ ဒါ့ကြောင့် ဇူးဇူးကို အကြော်အလှော်ပညာ သင်ပေးနိုင်ခဲ့တယ်။ ဒါ့အပြင် ဘဝရပ်တည် နေထိုင်နည်းတွေ ခံယူချက်တွေ အတွေးအခေါ် ဒသနတွေကိုပါ အဖိုးကြီးဆီကနေ ဇူးဇူး ဆည်းပူးခွင့်ရခဲ့ပြီး ဆိုးသွမ်းတဲ့အကျင့်အကြံ အတွေးအခေါ်တွေ တစ်ဆထက်တစ်ဆ နည်းပါးပျောက်ကွယ်လာခဲ့တော့တယ်။ အခု လွတ်ငြိမ်းချမ်းသာခွင့်မှာ ဇူးဇူးနဲ့အတူ အဖိုးကြီးပါ လွတ်မြောက်လာလို့ သူ့ရဲ့ဇာတိဖြစ်တဲ့ ကျောက်ပန်းတောင်းကို ပြန်သွားတော့တာ။
ဇူးဇူးကလည်း ၎င်းလိမ္မာသွားသည့်အကြောင်း အထက်ပါအတိုင်း ပြောပြပြီး ဆိုင်ကို ရှေ့ဆက် တိုးတက်ကြီးပွားအောင် လုပ်ဆောင်ဖို့ရာ စိတ်အားတက်ကြွစွာဖြင့် ကတိပေးလေတယ်။
လူခန့်လည်း အင်းမမှာ ဆူးလေးဘက်က မိသားစုတွေနဲ့ နှစ်ရက်လောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်လည်ပတ်ပြီး စီစဉ်ပေးစရာရှိတာတွေ စီစဉ်ပေးခဲ့ကာ ဆူးလေးကို တပါတည်းခေါ်လို့ မြို့ကိုပြန်ခဲ့ပါတော့တယ်။ လူခန့်နဲ့ဆူးလေးဟာ မင်္ဂလာပွဲကို အင်းမမှာတစ်ကြိမ် လူခန့်တို့မြို့ပေါ်မှာတစ်ကြိမ် နှစ်ကြိမ် ကျင်းပကြတယ်။ မခတ္တာက ခင်ပွန်းဖြစ်တဲ့ ကိုကျော်သူရနဲ့အတူ အင်းမမှာလုပ်တဲ့ မင်္ဂလာပွဲကို တက်ရောက်လာရင်း ဖခင်ဦးသောင်းငွေတို့ လင်မယားကိုပါ ဝင်ရောက်ကန်တော့တယ်။ ဦးသောင်းငွေရဲ့မိန်းမ မသက်ထားကတော့ အရွယ် မတိမ်းမယိမ်းလည်းဖြစ် ယခင်က အလုပ်ရှင်တွေလည်း ဖြစ်ခဲ့ဖူးတဲ့ မခတ္တာတို့ဇနီးမောင်နှံရဲ့ ကန်တော့ကို ခံရတာမို့ အတော်ကို ရှက်အမ်းအမ်း ဖြစ်နေရှာတော့တာ။
အင်းမပွဲပြီးတဲ့အခါမှာ မြို့ပေါ်ပွဲအတွက် လူခန့်က ဒေါ်ကျင်မေတို့သားအမိနဲ့ ယောက်ဖတော်ဇူးဇူးကို မြို့ပေါ်ကိုခေါ်ခဲ့ပြီး အိမ်မှာတည်းစေတယ်။ ဦးသောင်းငွေတို့ လင်မယားလည်း မြို့ကိုလိုက်လာတာနဲ့ လူခန့်ရဲ့အိမ်မှာ လူတွေစုံသွားကြပြီး မင်္ဂလာပွဲမကျင်းပခင် တစ်ရက်အလိုညမှာ လူခန့်ရဲ့လက်ရာ ဘဲကင် အခေါက်ကင်နဲ့ အခြား စားသောက်ဖွယ်ရာများကို ဟိုဘက်ဒီဘက် အမျိုးတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့စားသောက်ဖြစ်လိုက်ကြတာပေါ့။
လူခန့်ရဲ့ မင်္ဂလာဆောင်နှစ်ခုစလုံးမှာ ပျော်တပြုံးပြုံး မော်မဆုံးနိုင်အောင် ဖြစ်နေကြသူတွေကတော့. . မကြီးမြသီ . . ထိပ်ဆုံးကပဲ။ ပြီးရင် အောင်ဘုနဲ့ သူဇာတို့လင်မယား . . . သူဇာ့ရဲ့အမေဒေါ်နွဲ့ သူဇာ့ရဲ့ညီမနဲ့ မောင်ငယ်လေးဖြစ်ကြတဲ့ သီတာနဲ့ မောင်သူရ စတဲ့ လူခန့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ ဖြစ်ကြတယ်။ ဦးပုကြီးကလည်း သူ့ဇနီးသည် တရုတ်မနဲ့အတူ မြို့ပေါ်ပွဲကော အင်းမပွဲပါ တက်ရောက်ချီးမြှင့်လေတယ်။ လူခန့်အိမ်ကို ရောက်ကတည်းက ဇူးဇူးဟာ မကြီးမြသီကို ခိုးပြီး တကြည့်ကြည့် လုပ်နေတော့တာ။ လူခန့် ရိပ်စားမိတာပေါ့။ မကြီးကလည်း မင်္ဂလာကိစ္စ မအားတဲ့ကြားက ဇူးဇူးကို တစ်ချက်တစ်ချက် ပြန်ကြည့်သလားပဲ။
သူဇာ့ညီမ သီတာရှိနေတာကို စိတ်မဝင်စားဘဲ မကြီးကိုချည်း ကြည့်နေတော့ ဒီကောင်ဟာ အနုထက် အရင့်ကို စိတ်ဝင်စားတဲ့ကောင်ပဲ ဖြစ်ရမယ်။ အင်း သူတို့အခြေအနေကို စောင့်ကြည့်မှလို့ တွေးမိရင်း ရှေ့ဆက်ဖြစ်လာမယ့် အကြောင်းတွေကို မြင်ယောင်ပြီး လူခန့် တစ်ကိုယ်တည်း ပြုံးလိုက်မိသေး။
အရင် လူခန့်နဲ့မကြီးတို့နေတဲ့အိမ်နဲ့ အောင်ဘုတို့မိသားစု နေတဲ့အိမ်တွေရဲ့ နောက်ဘက် ခပ်လှမ်းလှမ်းမှာ ဆူးလေးနဲ့ မင်္ဂလာဆောင်ပြီး နှစ်ယောက်တည်းနေဖို့ တစ်ထပ်တိုက်အိမ် လှလှကလေးကို ဇိမ်ခံပစ္စည်းအစုံအလင်တပ်ပြီး လူခန့်က ရှယ်ဆောက်ထားတာ။ မင်္ဂလာပွဲပြီးလို့ အားလုံးလူစုခွဲ ကိုယ်စီအိမ်ပြန်ကြတော့ လူခန့်ဟာ အသစ်ဝယ်ထားတဲ့ ဖို့ဒ်ဖိုးကပ် ကားလေးပေါ် ဆူးလေးကိုတင်ပြီး အဲ့ဒီအိမ်လေးရှေ့အထိ ကိုယ်တိုင် မောင်းလာခဲ့တော့တယ်။ အိမ်လေးရဲ့ရှေ့မှာ ရွှေကြိုးတားမယ့်သူတွေ ရှိမနေ။ အဲ့ဒီလို မရှိရအောင်လည်း အစကတည်းက ပေးကောင်းပေးရာ ပေးထားနှင့်ပြီး သေချာစီစဉ်ခဲ့ရတာ မဟုတ်လား။ ကိုယ့်ရဲ့မိန်းမ နုနုထွတ်ထွတ် လှလှတင်းတင်းလေးကို အားရပါးရချစ်ပွဲဝင်ဖို့ အားပျိုးနေတဲ့အချိန်မှာ အနှောက်အယှက်ကလေး တစ်ခုတောင် အဝင်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။
အိပ်ခန်းထဲရောက်တော့ လူခန့်က ခပ်နွမ်းနွမ်းရှိတာနဲ့ ရေဝင်ချိုးလိုက်ပြီး ဆူးလေးကတော့ မှန်တင်ခုံရှေ့ မှာ ဆံထုံးတွေဖြုတ် အဝတ်အစားတွေလဲနဲ့ အလုပ်ရှုပ်နေတော့တာပေါ့။ လူခန့် ရေချိုးခန်းက ထွက်လာတော့ ဆူးလေးလည်း ညအိပ်ဝတ်စုံ ပေါ်အောက်ဝမ်းဆက် ဂါဝန်လေးကို လဲပြီးနေပြီလေ။ လူခန့်လည်း ဆူးလေးရဲ့ အနားကိုသွားလို့ သူမကို ထိုင်ရာကဆွဲထူကာ ပွေ့ဖက်နမ်းရှုံ့လိုက်တော့တယ်။ အဲ့ဒီနောက် သူမရဲ့ ဂါဝန်ကြိုးစလေးကို ကိုင်လိုက်ပြီး
” အင်းမမှာ တွေ့တဲ့ညတုန်းက အခွင့်အရေးမရတာနဲ့ပဲ ကိုယ့်ချစ်သူလေးကို ဝအောင် မချစ်လိုက်ရဘူး။ အခု . . . ဒီကြိုးလေးကို ဆွဲလိုက်တာနဲ့ ဆူးရဲ့တစ်ကိုယ်လုံးကို ကိုယ်ပိုင်ပြီပဲ။ ကဲ . . . ဘယ်လိုလဲ။ ”
ဟု ပြီတီတီလေး ပြောလိုက်ရာ ဆူးလေးက လူခန့်ရဲ့ ရင်ဘတ်ကို လက်သီးဆုပ်ကလေးတွေနဲ့ ဖွဖွလေးထုရင်း
” ဟွန်းး အကဲကြီး . . . သိပ်မုန်းဖို့ကောင်းတာ။ အခွင့်အရေးမရလို့ပဲ တော်တော့တယ်။ အဲ့ဒီနေ့ညက သူချစ်သမျှ နမ်းသမျှကို ဒီကအသံမထွက်မိအောင် အောင့်ပြီးသည်းခံထားရတာ သတိလစ်လုမတတ်ပဲရှင့် . . . သိရဲ့ လား. . . ”
ဟူ၍ မပီကလာ ခပ်ချွဲချွဲလေး ပြန်ပြောလေတယ်။ လူခန့်လည်း အနှီချစ်စရာ့ ကောင်မလေးကို မိမိ ရင်ခွင်ထဲမှာ ထွေးပွေ့ထားရင်း အချစ်စိတ်တွေ ဆထက်တပိုး တိုးပွားလာတာနဲ့ ဒီ့ထက် အချိန်ဆွဲမနေနိုင်တော့ဘဲ အိပ်ယာထက်သို့ သူမကိုဆွဲလှဲပြီး အားရပါးရ ချစ်ပွဲဝင်ပစ်လိုက်တော့မယ်လို့ တွေးတောကြံစည်နေတုန်းမှာ
” ဟင် . . . ဦးတိတ်ရှောင် ”
အမှန်ပဲ။ ဦးတိတ်ရှောင်က တံခါးဝမှာရပ်ပြီး လူခန့်ကို လက်ယက်ခေါ်နေတော့တာ။
” ဟာ . . . ဒီယောက္ခမကွာ . . .”
လူခန့် စိတ်ထဲကနေ ငြီးငြူလိုက်မိပြီး ဆူးလေးကို မအီမလည်လေး ပြုံးပြကာ
” ဆူး ခဏလေးနော် . . .”
ဟု ခွင့်ပန်လို့ ဦးတိတ်ရှောင် ခေါ်ဆောင်ရာသို့ ဆောင့်ဆောင့်အောင့်အောင့် လိုက်ခဲ့ပါတော့တယ်။ ဦးတိတ်ရှောင်က လူခန့်ကို ကားနီကြီးရဲ့ ဂိုထောင်ခေါ်မိုးပေါ်ကို ခေါ်သွားလေတယ်။ ဂိုထောင်ပေါ်လည်းရောက်ကော ဦးတိတ်ရှောင်က
” လူ့က ဝ သမီးနဲ့ ညားပြီး အဆင်တွေပြေနေတော့ ဝ ကို မေ့နေတယ်ပေါ့ ”
ဟုစကားနာထိုးလေရာ လူခန့်က တောင်းတောင်းပန်ပန် အမူအရာနဲ့
” မဟုတ်ပါဘူး ဦးတိတ်ရှောင်ရယ်။ ခင်ဗျားကို ကျုပ် အမြဲသတိရပါတယ်။ ကျုပ် အခုလို ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေနိုင်တာ. . . ဆူးလေးနဲ့ လက်တွဲခွင့်ရတာတွေဟာ ခင်ဗျားရဲ့ ကျေးဇူးတွေပါ။ ခင်ဗျားရဲ့ ကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူး။ မနက်ဖြန် ကျုပ်နဲ့ဆူးလေး မင်္ဂလာဦး ဆွမ်းကပ်ရင်တောင် ခင်ဗျားအတွက် အလှူအတန်းတွေလုပ်ပြီး အမျှဝေပေးဦးမလို့ပါပဲ ”
လို့ ဦးတိတ်ရှောင် ကျေနပ်အောင် ပြန်ရှင်းပြလိုက်တော့တယ်။
” ဒီလိုကြတော့လည်း ဝရဲ့ သားမက်ကလေးက ဘယ်ဆိုးလို့လဲကွ။ ဝက လူ့ကိုစတာပါ။ တကယ်တော့ ဂျင်မီအဖမ်းခံလိုက်ရတာကော ဝသားဇူးဇူး ထောင်ကလွတ်ပြီး လိမ္မာလာတာကော ကျင်မေတို့သားအမိ လောဘတွေ မာနတွေ ပစ်ပါယ်ပြီး အကောင်းဘက်ကို ကူးပြောင်းသွားကြတာတွေကိုပါ ဝ သိပြီးပါပြီ။ ဒီ့အတွက် ဝ လူ့ကို အများကြီး ကျေးဇူးတင်သလို ဝရဲ့ သားနဲ့သမီး . . . ဝရဲ့ စည်းစိမ်ဥစ္စာတွေကို လူ့ရဲ့လက်ထဲမှာ ထားခဲ့ရမှာကိုလည်း ဝ လုံးဝ စိတ်ချသွားပါပြီ ”
” ကျုပ်လက်ထဲမှာ ထားခဲ့မယ်ဆိုရအောင် ခင်ဗျားက ဘယ်သွားမလို့လဲ ”
” ဝ တစ်ခါပြောဖူးပါကော . . . တိုက်ကြီးဘုံကျောင်းက အန်းကုန်းနတ်ဘိုးဘိုးက ဝကို သူ့ဆီမှာ ရုက္ခစိုးလာလုပ်ဖို့ ခေါ်ထားတယ်ဆိုတာ။ အဲ့ဒါ . . . အခု ဝ အဲ့ဒီကို သွားရမယ့်အချိန်ကြပြီ။ ဒီညက ရုက္ခစိုးလုပ်ဖို့ ဝ အဓိဌာန်ဝင်ထားတဲ့ အဓိဌာန်ပြီးဆုံးတဲ့ ညပဲ။ မနက်ဖြန်ကနေစပြီး ရုက္ခစိုးဖြစ်ရတော့မှာမို့ နင်ခင်တဲ့လူတွေ သွားနှုတ်ဆက် စားချင်တာလည်း စားလာခဲ့ဆိုပြီး အန်ကုန်းက အထူးအခွင့်အရေး ပေးလိုက်လို့ လူ့ကိုလာနှုတ်ဆက်ရင်း လူ့ကင်တဲ့ အခေါက်ကင်နဲ့ ဘဲကင်လေး လာစားတာ ”
” ဟာ . . . အခေါက်ကင်က အခုလုပ်ပြီးသား ဘယ်ရှိမလဲ ဦးတိတ်ရှောင်ရဲ့ ။ မင်္ဂလာပွဲရှိလို့ ဒီရက်ပိုင်း ဆိုင်ပိတ်ထားတာလေ . . .”
” သြော်လူ့ရယ် . . . စားဖိုဆောင်က ဖရီဇာထဲကို ဝ ကြည့်ခဲ့ပြီးပါပြီ။ ဝက်သားတွေရှိတယ်လေ။ ဘဲတစ်ကောင်လည်း တွေ့တယ် ”
” ဟုတ်တယ်လေ . . . ဟိုနေ့က အမျိုးတွေကို ကင်ကြွေးရင်း ပိုတဲ့အစိမ်းတွေ။ အဲ့ဒါဘာဖြစ်လဲ . . .”
” ဘာဖြစ်ရမှာလဲ လူ့ရဲ့….. မီးမွှေးလို့ရတဲ့ မီးဖိုရှိတယ်။ အသားစိမ်းတွေလည်း ရှိတယ်။ ဝ သားမက် ဆူပါစားဖိုမှူးကြီး လူ့လည်းရှိတယ် ဆိုမှတော့ . . . . အခေါက်ကင် ဖြစ်ပြီပေါ့ . . .။ ကဲ . . .ပြောနေကြာတယ်။ ဝကို အခုလိုက်ကင်ကြွေးတော့ ”
” ဟာ . . . ဦးတိတ်ရှောင်ကလည်း အခေါက်ကင် ကင်ရတာက အကြာကြီးပဲကိုးဗျာ . . .”
” ကြာတော့ဘာဖြစ်လဲ။ ဝ စောင့်နိုင်ပါတယ်။ မနက်ဖြန် အာရုံမတက်ခင် ရရင်တော်ပြီလေ. . . . ”
” အို . . . . အဖေရယ် . . . ကြာတော့ ဒီည ကျွန်တော် အဖေ့သမီးနဲ့ ဘာ ဘာ . . .”
” အောင်မလေးလူ့ရယ်. . . ဝ သမီးနဲ့ အိပ်တာက နောက်နေ့တွေ အိပ်လည်းဖြစ်ပါတယ်။ ဝကိုက ဒီတစ်ညပဲ လူ့ ကျွေးခွင့်မွေးခွင့်ရှိတော့တာ။ နောက်နေ့ ဝ နတ်ဖြစ်သွားလို့ ဘုံကျောင်းရောက်သွားရင် လူ့လာကျွေးချင်ရင်တောင် ဒီလို အခေါက်ကင်တွေ အသားကင်တွေ ကျွေးလို့မရတော့ဘူး။ ပန်းသီးတွေ လိမ္မော်သီးတွေပဲ ဝက စားလို့ရတော့မှာ. . .။ ဒါကြောင် ဒီတစ်ညတော့ လူ့လည်း ဝကို စေတနာပါပါလေး သေချာကင်ကျွေး။ ဝ ကလည်း ဟိုတုန်းကလို အငွေ့ကိုမစားဘူး။ တကယ်ကို အားရှိပါးရှိ စားပစ်လိုက်မယ်။ ဟုတ်ပြီလား . . .။ ကဲ . . . ပြောနေကြာပါတယ် လူ့ရယ်။ တော်ကြာ နေထွက်လာလို့ ဝ မစားလိုက်ရဘဲ ငတ်နေဦးမယ်။ လာပါ . . . . လာပါ . . . . လာစမ်းပါ . . . လူ့လက်ရာလေး စားချင်လွန်းလို့ပါ . . . . .”
ဦးတိတ်ရှောင်က လူခန့်ရဲ့ လက်ကိုဆွဲလျှက် စားဖိုဆောင်ရှိရာသို့ အတင်းခေါ်ဆောင်သွားသလို လူခန့်ကလည်း ဦးတိတ်ရှောင်ခေါ်ဆောင်ရာသို့ ကပ်တတ်ကပ်တတ်နဲ့ မလိုက်ချင်လိုက်ချင် လိုက်ပါသွားရပါတော့တယ်။…ပြီးပါပြီ
Zawgyi
သရဲမတဲ့ လူခန႔္(ဇာတ္သိမ္းပိုင္း)
ဦးတိတ္ေရွာင္ ေျပာတာမွန္တယ္။ သုံးရက္ေလာက္အၾကာမွာ ဦးေသာင္းေငြ လူခန႔္ကိုေခၚၿပီး စကားေျပာေတာ့တယ္။
” တကယ္ေတာ့ ငါဒီမွာ လာေရွာင္ေနတာကို သမီးက ဘယ္မသိပဲေနမလဲ။ သိတာေပါ့။ စိတ္ဆိုးေနတုန္းမို႔လို႔သာ ငါ့ဆီေရာက္မလာေသးတာ။ တကယ္လို႔ သူေရာက္လာခဲ့ရင္လည္း ေလာေလာလတ္လတ္ ငါသူနဲ႔ မ်က္ႏွာခ်င္းဆိုင္ရမွာ မဝံ့မရဲေသးဘူး ”
” အင္းေလ. . . ဦးေလးက ေပါက္ကရေတြ ေလၽွာက္လုပ္တာကို။ အခုဆိုရင္ မခတၱာလည္း သူ႔အမ်ိဳးသား အသိုင္းအဝိုင္းမွာ မ်က္ႏွာပ်က္စရာေတြ ျဖစ္ကုန္ၿပီေပါ့ ”
” ဒါကေတာ့ စိတ္မပူရဘူး ကိုယ့္လူရဲ့ ။ အခု အဘိုးႀကီး အဖြားႀကီးက သမီးၿပီးရင္ၿပီးေကာ ျဖစ္ေနၾကတာ။ သက္ထားနဲ႔ ငါ့ကိစၥမွာလည္း ေမာင္ေက်ာ္သူရ ကိုယ္တိုင္က အလိုတူအလိုပါပဲေလ ”
” ဦးေလးတို႔ သမီးေယာကၡမ ႏွစ္ေယာက္ကေတာ့ ဟုတ္ေနၾကတာပဲ။ ဟိုလူကလည္း ကိုယ့္ကိစၥကိုယ္သာ ရဲရဲရင့္ရင့္ မေျပာရဲမဆိုရဲတာ။ ေယာကၡမကို ေျမႇာက္ေပးဖို႔ေတာ့ ရတယ္။ ေယာကၡမကလည္း သိပ္မကဲရွာဘူး ဆိုေတာ့ . . . တကယ္တည္း တတ္လည္းတတ္နိုင္ၾကတဲ့သူေတြ ”
” ေအးကြ။ မင္းေျပာလည္း ခံရမွာပဲ ေမာင္လူခန႔္ရဲ့ ။ ငါတို႔ကလည္း မင္းေျပာတဲ့အတိုင္း ဟုတ္ေနေတာ့တာကိုးး ဟားး ဟားး ဟားး ”
” အဲ့ဒါေတြ ထားပါေတာ့ . . . အခု ဦးေလး ဘာဆက္လုပ္မယ္ စဥ္းစားထားလဲ ”
” ဒီလိုကြ . . .။ သက္ထားရဲ့ ရြာက အင္းမဆိုတဲ့ ၿမိဳ႕ကေလးနားက။ အဲ့မွာ သူ႔မိဘေတြေကာ အမ်ိဳးေတြပါ ရွိတာ။ ငါ့အေနနဲ႔ သက္ထားတို႔ဘက္မွာ အေျခခ်ခ်င္တယ္။ သူတို႔ရြာမွာ မဟုတ္ရင္ေတာင္ အင္းမၿမိဳ႕ ေပၚမွာေပါ့။ အဲ့ဒါ ငါတို႔ ေနဖို႔ထိုင္ဖို႔နဲ႔ ရင္းႏွီးစားဖို႔ ေငြလိုတယ္။ ဒါေၾကာင့္ ငါပိုင္တဲ့ဒီၿခံကို ေရာင္းမယ္လို႔ ငါဆုံးျဖတ္လိုက္ၿပီ။ ေရာင္းမယ္ဆိုတာမွာလည္း အျခားသူကိုေရာင္းရင္ မင္းတို႔ေတြ အဆင္မေျပျဖစ္မွာစိုးေတာ့ ဦးပုကို ေရာင္းမလားလို႔ ငါေတြးတယ္ေလ။ သူ႔မွာက ကားေတြထားဖို႔ ေနရာအျမဲလိုေနတာ။ သူဝယ္ျဖစ္သြားေတာ့ မင္းတို႔လည္း ေျပာဆိုၿပီး ဆက္ေနလို႔ရတာေပါ့။ ဒါေပမယ့္ ခက္ေနတာက ငါအခုလို တလြဲလုပ္ထားေတာ့ အဘိုးႀကီးကို သြားမေတြ႕ ရဲဘူး။ အဲ့ဒါ မင္းၾကားထဲက ေျပာေပးပါလား ”
” ကိုေက်ာ္သူရက ဦးေလးကို ေျမႇာက္ေပးတုန္းက ေျမႇာက္ေပးၿပီး ေငြၾကေတာ့ ထုတ္မေပးဘူးလား ”
” ထုတ္ေတာ့ေပးတာေပါ့ကြာ။ ဒါေပမယ့္ အဲ့ဒီလိုမ်ိဳးၾကေတာ့လည္း ငါဘယ္ယူခ်င္ပါ့မလဲ။ မင္းပဲစဥ္းစားၾကည့္ေလ။ ေယာကၡမ ေနာက္မိန္းမယူဖို႔ သမက္ဆီ ပိုက္ဆံလက္ျဖန႔္ေတာင္းရတယ္ ဆိုတာ . . . ၾကားလို႔မွမေကာင္း ။ လုပ္ပါကြာ . . . ဦးပုဆီသာ သြားေျပာေပးစမ္းပါ”
” ဦးပုကို ကၽြန္ေတာ္ေျပာေပးတာေတာ့ ဟုတ္ပါၿပီ။ ဒါေပမယ့္ ဦးေလး မခတၱာအတြက္ေကာ ထည့္မစဥ္းစားေတာ့ဘူးလား။ ”
” သမီးအတြက္က ဘာစဥ္းစားစရာလိုလို႔လည္းကြာ။ သူ႔ေယာက္်ားဘက္က ေဘာစိေတြ။ ၿပီးေတာ့ သားေလးကလည္း တစ္ေယာက္တည္း။ သမီးကိုလည္း ခ်စ္လိုက္ၾကတာတုန္လို႔။ ဒီၿခံေရာင္းရတဲ့ ေငြေလာက္က သူ႔အတြက္ ဘာမွအေရးမႀကီးပါဘူး။ အခုေလာေလာဆယ္ အေရးႀကီးေနတာက ငါ့အတြက္ကြ . . . ။ ဦးပုကို သြားစပ္ေပးစမ္းပါ။ ငါလည္း အဆင္ေျပ. . . မင္းတို႔လည္း အဆင္ေျပေအာင္လို႔ . . . .”
” အင္းပါ။ ဟုတ္ပါၿပီ။ ကၽြန္ေတာ္ မနက္ျဖန္ သြားေျပာေပးမယ္ ”
” ေက်းဇူးပါပဲကြာ . . .”
လူခန႔္တို႔ ဆရာတပည့္ႏွစ္ေယာက္ အျပန္အလွန္ စကားေျပာေနတုန္း
” ဦးေလးနဲ႔ ေမာင္ေလး ထမင္းစားၾကမယ္ ”
မႀကီးက ညစာထမင္းစားဖို႔ လာေခၚတာနဲ႔ပဲ စကားစျပတ္သြားေတာ့တယ္။ မႀကီးနဲ႔အတူတူ မသက္ထားပါ ပါလာၿပီး ဦးေသာင္းေငြအနားကိုကပ္လို႔
” လာေလ . . . ကိုႀကီး။ ထမင္းစားသြားၾကမယ္ ”
ဟု ဦးေသာင္းေငြရဲ့ လက္ကိုဆြဲလၽွက္ ႏွစ္ေယာက္သား ပိက်ိပိက်ိလုပ္ရင္း ေရွ႕ကေန ထြက္သြားၾကပါေလေကာ။ မႀကီးက သူတို႔ႏွစ္ေယာက္ကို ၾကည့္က်န္ခဲ့ရင္း ျမင္ျပင္းကတ္ဟန္ျဖင့္
” မသက္ထားမ်ား. . . အခုၾကေတာ့ မေနညတုန္းက ငိုေနရ ေအာ္ေနရတာ သူမဟုတ္တဲ့အတိုင္းပဲ။ သူမ်ားေတြက သူတို႔အသံေတြ မၾကားခ်င္အဆုံး။ တကယ္တည္း တတ္လည္းတတ္နိုင္တဲ့ စုံတြဲေတြ။ အခုညလည္း ဘယ္လို မခ်ိမဆန႔္အသံေတြ ၾကားရဦးမလဲ မသိဘူး ”
ဆိုၿပီး လူခန႔္ေရွ႕မွာပင္ မေအာင့္နိုင္မအီးနိုင္ေတာ့ဘဲ ရြဲ႕ကာမဲ့ကာ ကဲ့ရဲ့ျပစ္တင္ေနေလေတာ့တယ္။ လူခန႔္ကေတာ့ မ်က္ႏွာတစ္ဖက္ကို လွည့္ထားလိုက္ရၿပီး ျပဳံးစိစိျဖစ္ေနေတာ့တာေပါ့။
ည အားလုံး အိပ္ယာဝင္သြားၾကေတာ့ လူခန႔္လည္း အေခါက္ကင္ ပန္းကန္ေလးယူၿပီး ကားရွိရာကို ထြက္ခဲ့ေတာ့တယ္။ ဦးတိတ္ေရွာင္နဲ႔ တိုင္ပင္ဖို႔ လိုအပ္လာၿပီေလ။ ဦးေသာင္းေငြက မစိတ္မႊန္ၿပီး ၿခံေရာင္းမယ္ ဘာဘာညာညာ ေလၽွာက္လုပ္ေနတာ မဟုတ္လား။ အခန႔္မသင့္ရင္ ကိုယ္ပါ ဘုံေပ်ာက္မယ့္ကိန္း။ ဦးတိတ္ေရွာင္နဲ႔ေတြ႕ေတာ့ စားရင္းေသာက္ရင္း ဦးေသာင္းေငြရဲ့ အစီအစဥ္ကို လူခန႔္က ေျပာျပလိုက္ေတာ့ ဦးတိတ္ေရွာင္က လူခန႔္မ်က္ႏွာကို ျပဳံးၿပီး ၾကည့္လိုက္ရင္း
” လူ႔ၾဆာ ဦးေသာင္းေငြက ဒီၿခံကို ေရာင္းခ်င္တယ္။ အေၾကာင္းက သူ႔ေနာက္မိန္းမရဲ့ ဇာတိမွာ အေျခသြားခ်ၾကဖို႔။ ဘယ္သူ႔ကို ေရာင္းခ်င္တာလည္းဆိုေတာ့ အုံနာ ဦးပုကို။ ဦးပုကို ၿခံဝယ္ဖို႔ၾကေတာ့ လူ႔ကို တိုက္တြန္းခိုင္းတယ္။ ဦးပုက ဒီၿခံကို ဝယ္မယ္ မဝယ္မယ္ မေသခ်ာဘူး။ တကယ္လို႔ ဝယ္ျဖစ္ရင္ လူ႔က ဦးပုဆီမွာ ခြင့္ေတာင္းၿပီး ဆက္ေနခြင့္ရမယ္။ ဦးပုက မဝယ္ျဖစ္ဘဲ အျခားသူဝယ္သြားရင္ေတာ့ လူ႔လည္း ဒီမွာ ဆက္ေနရဖို႔ခက္ၿပီ . .။ လူ႔ေျပာခ်င္တာ ဒါပဲမဟုတ္လား ”
” ဟုတ္တယ္ ဦးတိတ္ေရွာင္ရဲ့…. အဲ့ဒါ ဘယ္လိုလုပ္ရမလဲ ”
ထိုအခါ ဦးတိတ္ေရွာင္က လက္ေဖ်ာက္တစ္ခ်က္ တီးလိုက္ၿပီး
” ဘာလုပ္ရမွာလဲ လူ႔ရဲ့ ။ ဒီၿခံကို လူ႔ဝယ္လိုက္ေတာ့ေပါ့။ ” . . . . .
ဟု လူ႔ခန႔္ကို ၿခံဝယ္ဖို႔ အႀကံေပးေလေတာ့တယ္။ ဦးတိတ္ေရွာင္က ဆက္ၿပီးေျပာျပန္တယ္ . . .
” ဒီၿခံက အေတာ္က်ယ္ၿပီး ၿမိဳ႕အထြက္ ဟိုင္းေဝးလမ္းမေပၚမွာ ရွိတာမွန္တယ္။ ဒါေပမယ့္ ဒီဘက္က သိပ္မစည္ေသးသလို ၿမိဳ႕နဲ႔လည္း ဆယ့္ငါးမိနစ္ေလာက္ သြားရေသးတာ မဟုတ္လား။ အဲ့ဒီေတာ့ ၿမိဳ႕အစြန္လိုျဖစ္ၿပီး လူေနလည္းနည္းေသးတယ္။ ၿခံေဈးေတြကလည္း ဘာမွမရွိေသးဘူး။ လူ႔ၾဆာကီးကို ေမးလိုက္။ ဘယ္ေလာက္ရရင္ ထုတ္မလဲလို႔။ လူ႔ဝယ္နိုင္တဲ့ အေနအထားေလာက္ဆို ဝယ္လိုက္ေပေတာ့။ ဝ ထင္တယ္ . . . လူ႔ၾဆာကီး ၂၀၀ ေလာက္ရရင္ ထုတ္မွာ။ ဘာလို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ တစ္လေလာက္ကမွ ဟိုဘက္ေဘးတစ္ၿခံေက်ာ္ အေရာင္းအဝယ္ ျဖစ္သြားတာ ၂၂၀ နဲ႔တဲ့။ ဒါကို သူလည္းၾကားမွာပဲ။ ဒါေပမယ့္ သူက အခု လက္ငင္း ေငြလိုေနတာ မဟုတ္လား။ တကယ္လို႔ ၂၀၀ ဆိုရင္ေတာ့ ေဈးဆစ္မေနနဲ႔။ ဝယ္သာ ဝယ္လိုက္ေတာ့။ ”
” ေအးဗ်ာ . . . ဦးတိတ္ေရွာင္ ေကာင္းမယ္ထင္လို႔ လမ္းညႊန္မွေတာ့ . . . ေနာက္ေန႔ ၾဆာ့ကိုေမးၿပီး အဆင္ေျပရင္ ဝယ္လိုက္ေတာ့မယ္။ ေရႊေတြေတာ့ ေရာင္းပစ္ရမွာေပါ့ ”
လူခန႔္က ဦးတိတ္ေရွာင္ရဲ့ အႀကံေပးမွုကို အလြယ္တကူ လက္ခံလိုက္ေလရာ ဦးတိတ္ေရွာင္လည္း ရႊင္ျပဳံးေသာ အမူအရာျဖင့္
” ေကာင္းတယ္ လူ႔။ ဝေျပာတာကို လိုက္လုပ္လို႔ လူ႔ ဘယ္ေတာ့မွ ေနာင္တမရေစရဘူး။ လူ႔ ဒီၿခံကို ဝယ္လိုက္ရင္ လူ႔မွာ ၿခံက်ယ္ဝန္းက်ယ္တစ္ခု ပိုင္ဆိုင္သြားမယ္။ လူ႔ၾဆာသမားလည္း ေငြေရးေၾကးေရး အဆင္ေျပသြားမယ္။ ၿပီးေတာ့ ဦးပုကိုလည္း ဘာမွသြားၿပီး နားပူနားဆာ လုပ္ေနစရာ မလိုေတာ့ဘူး။ ဒီလူႀကီးက မိန္းမဆန္ေတာ့ တခ်ိဳ႕ေနရာေတြမွာ ေျပာလို႔ဆိုလို႔ အဆင္ေျပသေလာက္ တစ္ခါတေလၾကေတာ့လည္း ကိုးတိုးကတ္တတ္ရယ္။ ၿပီးေတာ့ ဒီၿခံနဲ႔ပတ္သက္ၿပီး လူ႔အတြက္ ေရွ႕ဆက္ေတြးထားတဲ့ အစီအစဥ္ေတြ ဝမွာ အမ်ားႀကီး ရွိေသးတယ္ ”
ဟု ေကာင္းခ်ီးၾသဘာ ေပးေလတယ္။
” ဟုတ္ပါၿပီ ဦးတိတ္ေရွာင္ရယ္။ ခင္ဗ်ားေျပာတာေတြကို ကၽြန္ေတာ္ တေသြမတိမ္း လိုက္နာပါ့မယ္။ က်ဳပ္အတြက္ ခင္ဗ်ား ဘယ္ေတာ့မွ စိတ္မပ်က္ေစရပါဘူး ”
လူခန႔္က ဦးတိတ္ေရွာင္ကို ထိုကဲ့သို႔ ျပန္ေျပာလိုက္ၿပီး ႏွစ္ေယာက္သား စကားစၿမီ ေျပာၾကလို႔ ည ၁၀ နာရီခြဲေလာက္မွာ ဦးတိတ္ေရွာင္ဆီကေန ျပန္ခဲ့ပါေတာ့တယ္။
လူခန႔္က ” ေရႊတိုးတိုး ” ေရႊဆိုင္ကိုသြားၿပီး သူအပ္ထားတဲ့ ေရႊေတြကို ေရာင္းလိုက္ရတယ္။ ဦးတိတ္ေရွာင္က
” တခါတည္းသာ အားလုံးေရာင္းခဲ့ေတာ့ကြာ။ ေရႊေဈးက မက္ဇီမန္ ျဖစ္ေနေလာက္ၿပီ။ ဒီထက္တက္လည္း နည္းနည္းေပါ့ ”
လို႔ မွာလိုက္တာနဲ႔ လူခန႔္လည္း ေရႊေတြအားလုံးကို ေရာင္းလိုက္တာ ဆိုင္က တစ္က်ပ္သား ၈ သိန္း ၉ ေသာင္းႏွုန္းေပးေတာ့ ၃၅ က်ပ္သားအတြက္ သိန္း ၃ သုံးရာေက်ာ္ ရတယ္ေလ။ အတိအက်ဆို ၃၁၁၅၀၀၀၀ ။ ဝယ္ရင္းေဈး ၂၄၅ သိန္းကို ျပန္ေရာင္းတဲ့အခါ ၃၁၁၅၀၀၀၀ ရတယ္ဆိုေတာ့ ေျခာက္လ တစ္ႏွစ္ေလာက္အတြင္းမွာတင္ လူခန႔္ ၆၆ သိန္းခြဲေလာက္ ျမတ္သြားတာ။ ဒါေၾကာင့္ လူခန႔္လည္း ဦးတိတ္ေရွာင္ကို အႀကိမ္ႀကိမ္ ေက်းဇူးတင္မိေတာ့တယ္။
ဦးေသာင္းေငြက သူ႔ၿခံကို သိန္း ၂၁၀ ေလာက္ လိုခ်င္ေပမယ့္ လူခန႔္ယူမယ္ဆိုေတာ့ သိန္း ၁၉၀ နဲ႔ ေပးရွာတယ္ေလ။ ဒါေပမယ့္ လူခန႔္က သူတို႔စုံတြဲအတြက္ မဂၤလာလက္ဖြဲ႕ ၁၀ သိန္းျပန္ထည့္ၿပီး သိန္း ၂၀၀ ေလာက္အထိ ေပးလိုက္ဖို႔ ရည္မွန္းထားတယ္။ ဒါေၾကာင့္ လူခန႔္ဆီမွာ ေငြသားအေနနဲ႔ သိန္းတစ္ရာေက်ာ္ေလာက္ ပိုေနေသးတာေပါ့။
ဒီေငြပိုေတြကို အိမ္သယ္မသြားခ်င္တာနဲ႔ ဘာလုပ္ရင္ ေကာင္းမလဲလို႔ ဆိုင္ရွင္ ေဒၚတိုးတိုးကို အႀကံဉာဏ္ေတာင္းေတာ့ သူမက. . . ၎ဆီမွာ အပ္ႏွံခဲ့ရင္ တစ္လကို ေငြတစ္ရာအတြက္ ၁ က်ပ္နဲ႔ ၂၅ ျပား အတိုးေပးနိုင္ေၾကာင္း . . . . ေငြ တစ္ရာ့ဆယ့္တစ္သိန္း ငါးေသာင္းအတြက္ တစ္လလၽွင္ အတိုးႏွုန္း တစ္သိန္းေလးေသာင္းခန႔္ ( ၁၃၉၃၇၅ ) လူခန႔္ ရရွိမွာျဖစ္ေၾကာင္း . . . သုံးလလၽွင္တစ္ခါ အတိုးရွင္းေပးမည္ျဖစ္ၿပီး အပ္ေငြျပန္ေဖာ္လိုပါက တစ္လခန႔္ ႀကိဳတင္အသိေပးပါရန္ အေၾကာင္း . . . စသျဖင့္ ရွင္းျပေျပာဆိုေလရာ လူခန႔္လည္း ေပ်ာ္ရႊင္စြာျဖင့္ ပိုေငြမ်ားကို ေရႊတိုးတိုးေရႊဆိုင္တြင္ အပ္ႏွံကာ ေဘာင္ခ်ာျဖတ္ခဲ့ပါေတာ့တယ္။
ဦးေသာင္းေငြကေတာ့ ေပ်ာ္တာေပါ့။ ဘယ္သူမွမသိလိုက္ဘဲ ၿခံေရာင္းၿခံဝယ္က သိုသိုသိပ္သိပ္နဲ႔ ပြဲၿပီးသြားတာကိုး။ တခါတည္း ေရွ႕ေနေခၚ စာခ်ဳပ္ခ်ဳပ္ၿပီး စာရႊက္စာတမ္းေတြအားလုံး လူခန႔္ကို အပ္လိုက္ေတာ့တာ။ အဲ့ဒီေနာက္ လူခန႔္ေပးတဲ့ သိန္း ၂၀၀ ကိုယူ အထုတ္အပိုးျပင္လို႔ ကားငွါးၿပီး အင္းမကို ခ်က္ျခင္း ထြက္ခြာသြားၾကေတာ့တယ္။
လူခန႔္က ဦးတိတ္ေရွာင္နဲ႔ ေတြ႕တဲ့အခါမွာ ပိုေငြသိန္းတစ္ရာေက်ာ္ကို ေရႊတိုးတိုး ေရႊဆိုင္မွာ အတိုးနဲ႔ အပ္ခဲ့ေၾကာင္း ေျပာျပလိုက္ေတာ့ ဦးတိတ္ေရွာင္က လူခန႔္ကို မိန႔္မိန႔္ႀကီးျပဳံးၾကည့္ၿပီး
” လူ႔ေတာင္ ဝ နဲ႔ အေနနီးလို႔လား မသိဘူး။ တေျဖးေျဖး ေတာ္လာၿပီ။ မွန္တယ္ လူ႔။ ဝ သာ လူ႔ေနရာမွာဆိုလည္း ဘာလုပ္ရမွန္း မသိေသးခင္ ေငြပိုႀကီး လက္ထဲကိုင္မထားဘူး။ အခုလို စိတ္ခ် ယုံၾကည္ရတဲ့ေနရာမွာ အတိုးရင္းပြား လုပ္ထားမိမွာပဲ ”
ဟု ခ်ီးက်ဴးေထာပနာ ျပဳေလတယ္။ ဒီလိုနဲ႔ လူခန႔္တစ္ေယာက္ အခါေတာ္ေပး ဦးတိတ္ေရွာင္ရဲ့ ေကာင္းမွုနဲ႔ ၿမိဳ႕စြန္ ဟိုက္ေဝးလမ္းမေပၚက ဦးေသာင္းေငြပိုင္ ၿခံဝန္းက်ယ္ႀကီးကို ဝယ္ယူျဖစ္လိုက္ေတာ့တာေပါ့။ မႀကီးျမသီကလည္း ေမာင္ျဖစ္သူ လူခန႔္ရဲ့လုပ္ရပ္ကို ေက်နပ္ပီတိ ျဖစ္ေနပါေတာ့တယ္။
လူခန႔္ မႀကီးျမသီနဲ႔ စပါယ္ရာေအာင္ဘု တို႔ဟာ တက္ညီလက္ညီနဲ႔ အလုပ္ကို ႀကိဳးစားလုပ္ကိုင္ၾကၿပီး ကိုယ့္တာဝန္ကို ကိုယ္ေက်ေအာင္ ထမ္းေဆာင္ၾကတယ္။ စပါယ္ရာေအာင္ဘုကိုလည္း သူစိမ္းဆိုၿပီး ေဘးဖယ္မထားဘဲ ေမာင္ႏွမရင္းျခာတစ္ေယာက္လိုပဲ သေဘာထားၾကတာေၾကာင့္ လူခန႔္တို႔ၿခံဝန္းေလးဟာ အေတာ္ကို ေပ်ာ္စရာေကာင္းတဲ့ ၿခံဝန္းေလး ျဖစ္ေနေတာ့တာေပါ့။
အခုေနာက္ပိုင္း မႀကီးနဲ႔ေအာင္ဘု တပူးတြဲတြဲ ျဖစ္ေနသလိုပဲ။ ေတြ႕လိုက္ရင္ ႏွစ္ေယာက္သား ရယ္လို႔ျပဳံးလို႔။ သူတို႔ႏွစ္ေယာက္ ဘယ္အေျခအေနေတြ ျဖစ္ေနၾကၿပီလည္းဆိုတာ လူခန႔္ ေမးၾကည့္ရေတာ့မယ္။ ဒါေပမယ့္ ကာယကံရွင္ေတြကို မေမးခင္ ဦးတိတ္ေရွာင္နဲ႔ တိုင္ပင္ၾကည့္ေတာ့ ၎က . . .
” အလကားပါကြာ . . . သူတို႔ႏွစ္ေယာက္ ႀကိဳက္ၾကတာ မဟုတ္ပါဘူး။ ရြယ္ေကာင္းေတြျဖစ္တဲ့ သူစိမ္း မိန္းမတစ္ေယာက္နဲ႔ ေယာက္်ားတစ္ေယာက္ တစ္ၿခံတည္းမွာ အတူတူေနတာ ၾကာလာေတာ့လည္း တခါတေလ သရိုးသရီေလးေတြ ျဖစ္လာတတ္တာေပါ့။ ဒါ သဘာဝပဲေလ။ စိတ္ပူမေနစမ္းပါနဲ႔ လူ႔ရယ္ . . .”
လို႔ လူခန႔္ကို ျပန္ေျပာတယ္ေလ။ ဒါနဲ႔လူခန႔္လည္း အဲ့ဒီကိစၥကို ဘာသိဘာသာ ေနလိုက္ေတာ့တယ္။
ဦးတိတ္ေရွာင္ေျပာတာ မွန္ေနၿပီ။ ေနာက္တစ္လေလာက္ ၾကာေတာ့ စပါယ္ရာေအာင္ဘုက လူခန႔္ကို ေျပာလာတယ္။
” ကားၾဆာ ကၽြန္ေတာ္ မိန္းမယူေတာ့မယ္။ ေဈးနားက ကၽြန္ေတာ္တို႔ ကုန္ခ်ေနၾကဆိုင္မွာ အလုပ္လုပ္တဲ့ သူဇာနဲ႔ေလ . . .။ အဲ့ဒါ . . . ကၽြန္ေတာ္တို႔ လက္ထပ္ၿပီးသြားရင္လည္း အခု ကၽြန္ေတာ္ေနေနတဲ့ တဲေလးမွာ တစ္လေလာက္ေတာ့ ဆက္ေနပါရေစ။ ဒီၾကားထဲ ေနစရာ ရွာခ်င္လို႔ပါ။ အဲ့ဒါေလး ခြင့္ေတာင္းတာ . . .”
သူဇာ ဆိုတဲ့ ေကာင္မေလးက အသားညိဳညိဳ မ်က္ႏွာဝိုင္းဝိုင္း အရပ္ပုပုနဲ႔ ။ ကိုယ္လုံးေလးလွၿပီး ႐ုပ္ရည္ေလးက သနားကမား။ ဆံပင္လည္း အေတာ္သန္တယ္။ လူခန႔္နဲ႔ ဒီကေလးမကလည္း အရင္းအႏွီးႀကီး မဟုတ္ေတာင္ မစိမ္းၾက။ သို႔ေပမယ့္ မိမိရဲ့စပါယ္ရာ ေအာင္ဘုနဲ႔ ဘယ္အခ်ိန္မွာ ဘယ္လိုေတြ ႀကိဳက္သြားၾကတယ္ ဆိုတာကိုေတာ့ လူခန႔္လည္း မေတြးတတ္။ ေမးလည္း ေမးမေနေတာ့။
” ေအာင္ဘုရယ္ မင္းနဲ႔ ငါနဲ႔က ေျပာရမယ့္လူေတြလား။ ငါက ကားၾဆာမို႔လို႔သာ ေလးစားသမွုနဲ႔ ၾဆာသမား ဘာညာေခၚေနတာ။ တကယ္ဆို မင္းက ငါ့ထက္ ႏွစ္ႏွစ္ေတာင္ ႀကီးေသးတယ္။ အခု ငါေတာင္ အသက္က ၂၅ ႏွစ္ရွိေနၿပီဆိုေတာ့ မင္းဆိုရင္ အသက္ ၂၇ ႏွစ္ထဲမွာ ျဖစ္ေနၿပီ။ အိမ္ေထာင္တစ္ခုကို တည္ေထာင္ဖို႔ အခ်ိန္မေစာေတာ့ပါဘူး။ ၿပီးေတာ့ မင္းမွာလည္း စုထားေဆာင္းထားတာေတြ ရွိေနၿပီ မဟုတ္လား. . . ။ ေနဖို႔ထိုင္ဖို႔ ကိစၥကိုလည္း ဘာမွပူမေနနဲ႔။ ဒီမွာ အဆင္ေျပရင္ ဒီမွာပဲ ဆက္ေနေပါ့ ” . . .
လူခန႔္က ေအာင္ဘုကို ျပန္ေျပာလိုက္ေတာ့ ေအာင္ဘုလည္း လူခန႔္ကို ေက်းဇူးအထပ္ထပ္ တင္သြားပါေတာ့တယ္။
ေအာင္ဘုနဲ႔ သူဇာ ဘုန္းႀကီး သုံးပါးပင့္ . . . မဂၤလာဦးဆြမ္းကပ္ . . . တရားနာ . . . ႐ုံးတက္လက္မွတ္ထိုးၿပီး အက်ဥ္းပဲ မဂၤလာေဆာင္လိုက္ၾကတယ္ေလ။ မဂၤလာေဆာင္လည္း ၿပီးေကာ သူဇာနဲ႔အတူ ညီမျဖစ္တဲ့ သီတာပါ လူခန႔္တို႔ၿခံထဲကို ပါလာေလရဲ့ ။ သူဇာက အသက္ ၂၃ ႏွစ္ေလာက္ရွိၿပီး သီတာေလးကေတာ့ ၂၀ ေလာက္ပဲ ရွိလိမ့္ဦးမယ္ထင္ပ။ ညီအစ္မႏွစ္ေယာက္စလုံး ေဈးနားက ကုန္စုံဆိုင္မွာ အလုပ္လုပ္ၾကတာ။
သူဇာတို႔ ညီအစ္မႏွစ္ေယာက္ တိုးလာေတာ့ လူခန႔္တို႔ၿခံထဲမွာ အရင္ကထက္စာရင္ လူပိုစည္သြားတယ္။ ေအာင္ဘုနဲ႔ သူဇာ လင္မယားက တဲေလးမွာေနၾကၿပီး သီတာ့ကိုေတာ့ ညားခါစလင္မယားနဲ႔ တဲေသးေသးေလးထဲမွာ အတူမထားသင့္တာမို႔ ျမသီ အေဖာ္ရေအာင္ အိမ္မႀကီးထဲမွာ ေခၚထားလိုက္ရတယ္ေလ။
မနက္. . . လူခန႔္နဲ႔ေအာင္ဘု ကားထြက္တဲ့အခ်ိန္ သူတို႔ညီအစ္မကိုပါ ေခၚသြား . . . ေဈးဘက္ခ်ေပးပစ္ခဲ့. . . ညေန ေဈးသိမ္းေတာ့ပတ္ႀကိဳ ကားမွာေနခိုင္းၿပီး ကားနားခ်ိန္မွ အိမ္ကိုအတူတူ ျပန္ၾကရတာေပါ့။ ၾကာလာေတာ့ အိမ္မွုကိစၥေတြ မႀကီးတစ္ေယာက္တည္း မနိုင္တာနဲ႔ ကူညီညာလုပ္ဖို႔ လူခန႔္က သီတာ့ကို အလုပ္ထြက္ခိုင္း လိုက္ေတာ့တယ္။
ဒီလိုနဲ႔ သူတို႔ငါးေယာက္ ၿခံထဲမွာ သင့္သင့္ျမတ္ျမတ္ ေနလာၾကရင္း ေျခာက္လေလာက္ၾကာတဲ့အခါ . . ရြာမွာရွိတဲ့ . . သူဇာတို႔ရဲ့ဖခင္ႀကီး ဆုံးပါးသြားျပန္တယ္။ မိခင္ျဖစ္တဲ့ ေဒၚႏြဲ႕နဲ႔ ေမာင္အငယ္ဆုံးေလး ေမာင္သူရတို႔ က်န္ရစ္ခဲ့ၾကၿပီး ဖခင္ႀကီးမဆုံးခင္ ေဆးဖိုးဝါးခ စရိတ္ေတြေထာင္းလို႔ ပိုင္တဲ့ဝိုင္းေလးကို ေရာင္းလိုက္ရေတာ့ အခုအခါမွာ ေနစရာမရွိေတာ့ပဲ အေတာ္ဒုကၡေရာက္ေနၾကေလရဲ့ ။
သူဇာတို႔ညီအစ္မကလည္း သူတို႔ရဲ့အပူကို လူခန႔္တို႔ေမာင္ႏွစ္မ သိေအာင္ မေျပာရွာပါဘူး။ သူဇာ့ခင္ပြန္းျဖစ္တဲ့ ေအာင္ဘုကေတာ့ သိလားမသိလား မေျပာတတ္။ သူတို႔ညီအစ္မႏွစ္ေယာက္ မ်က္ႏွာမေကာင္းဘဲ တမွိုင္ေဆြးေဆြး ျဖစ္ေနၾကတာ ေတြ႕ရလို႔ လူခန႔္တို႔က ေခၚေမးၾကည့္မွ သူတို႔ရဲ့ အပူေသာကကို သိၾကရတာ။
ဒါနဲ႔ လူခန႔္လည္း ေအာင္ဘုနဲ႔တိုင္ပင္ၿပီး မိမိက ေငြစိုက္ထုတ္လို႔ သူတို႔လင္မယားေနေနတဲ့ တဲေလးကို လူထပ္ေနနိုင္ေအာင္ သြပ္မိုးထရံကာ တစ္ထပ္အိမ္ေလးအျဖစ္ ျပင္ေဆာက္လိုက္ေတာ့တယ္။ အဲ့ဒီေနာက္ ေဒၚႏြဲ႕တို႔ သားအမိကိုပါ သူဇာတို႔လင္မယားနဲ႔အတူ ၿခံထဲမွာလာေနဖို႔ လူခန႔္က ေခၚထားလိုက္ေတာ့ . . . ထိုမိသားစုဟာ လူခန႔္အေပၚမွာ ေက်းဇူးရွင္ႀကီး တစ္ေယာက္လိုကို မွတ္ထင္ေလးစားေနၾကေတာ့တာေပါ့။
လူခန႔္ဘဝမွာ မိမိနဲ႔မႀကီး ေမာင္ႏွမႏွစ္ေယာက္တည္း ေျခာက္ေျခာက္ေသြ႕ေသြ႕ ရွိရာက . . . စပါယ္ရာေအာင္ဘုကို အေၾကာင္းျပဳၿပီး ၎မိန္းမနဲ႔ မိန္းမဘက္က ေဆြမ်ိဳးေတြပါ ေရာက္လာၾကေတာ့ လူခန႔္တို႔ဘဝလည္း အေတာ္ကို စိုေျပသိုက္ဝန္းသြားေတာ့တယ္။ ေဆြမ်ိဳးသညာ ရွားပါးလွတဲ့ လူခန႔္တို႔ေမာင္ႏွမဟာ အခ်ိန္တိုအတြင္းမွာပဲ ထိုသူေတြကို ခင္မင္တြယ္တာသြားခဲ့ၾကသလို . . . ထိုသူေတြကလည္း လူခန႔္တို႔ကို အားကိုးအားထားအေနနဲ႔ ခ်စ္ခင္ေလးစားၾကလၽွက္။
ေအာင္ဘုရဲ့ေယာက္ဖ ေမာင္သူရေလးက လူခန႔္ ေၾကာ္တတ္ေလွာ္တတ္တာကို သိသြားေတာ့ စိတ္ဝင္စားသြားၿပီး သင္ၾကားေပးဖို႔ ေတာင္းပန္တာေၾကာင့္ လူခန႔္လည္း ဦးတိတ္ေရွာင္ရဲ့ ခြင့္ျပဳခ်က္နဲ႔ အားတဲ့အခ်ိန္ေတြမွာ ေမာင္သူရကို ေၾကာ္နည္းေလွာ္နည္းေတြ သင္ၾကားေပးေနေတာ့တာ။ အဲ့ဒီလိုပဲ ေအာင္ဘုကလည္း ေမာင္သူရဆီကေန ကားေမာင္းသင္ရင္း အခုဆိုရင္ အေတာ္ကို စိတ္ခ်လက္ခ် ေမာင္းနိုင္ေနၿပီ။
ေနာက္ထပ္ တစ္ႏွစ္ေလာက္ ၾကာတဲ့အခ်ိန္ . . ေမာင္သူရလည္း ပညာကုန္သေလာက္ရွိ ေအာင္ဘုလည္း လက္လႊတ္နိုင္တဲ့ အေျခအေနလည္း ေရာက္ေကာ ဦးတိတ္ေရွာင္က လူခန႔္ကို စကားဆိုလာေတာ့တယ္။
” ဒီမွာ လူ႔ . . . အခုဆိုရင္ ဒီဘက္က တေျဖးေျဖးနဲ႔ စည္လာၿပီ။ အစိုးရေျပာင္းကတည္းက လူ႔ၿခံေရွ႕က လမ္းမႀကီးကို အသစ္ခင္းထားတာ . . ၾကည့္လိုက္စမ္း။ ျဖဴးေနတာပဲ။ ေနာက္ဆို ဒီဘက္ေတြမွာ ကားဂိတ္ေတြ ဘာေတြေတာင္ ေျပာင္းခ်င္ရင္ ေျပာင္းလာနိုင္တယ္။ အခုေတာင္ လမ္းေကာင္းၿပီး မီးတိုင္ေတြ ထိန္ေနေအာင္ လင္းေနေတာ့ ညဘက္ ေလညႇင္းခံရင္း ကား ဆိုင္ကယ္ စသျဖင့္ ထြက္စီးၾကတဲ့လူေတြ တစ္ေန႔ထက္တစ္ေန႔ မ်ားလာၾကၿပီ။ အဲ့ဒီေတာ့ လူ႔က ကားဆက္မေမာင္းနဲ႔ေတာ့။ ေမာင္သူရနဲ႔အတူတူ လူ႔ရဲ့ၿခံေရွ႕မွာ အေခါက္ကင္ ဘဲကင္ ေၾကးအိုး စတာေတြေရာင္းတဲ့ တ႐ုတ္အစားအစာဆိုင္ဖြင့္ . . ။ အဘိုးႀကီးကို ေနာက္ထပ္ စပါယ္ရာ တစ္ေယာက္ ထပ္ရွာခိုင္းၿပီး ကားကို ေအာင္ဘုနဲ႔လႊတ္လိုက္။ သူ႔မွာလည္း ကားေလးလိုင္စင္ရေနၿပီပဲ။ ၿမိဳ႕ထဲ ပတ္ေမာင္းတာေလာက္က ကိစၥမရွိပါဘူး။ ”
ဦးတိတ္ေရွာင္ရဲ့ အႀကံေပးမွုကို လူခန႔္နားေထာင္ၿပီး ကားကို ေအာင္ဘုနဲ႔ လႊဲေပးလိုက္တာကေတာ့ ဟုတ္ပါၿပီ။ ဦးပုကိုလည္း ၾကည့္ေျပာလို႔ရပါတယ္။ ၿပီးေတာ့ ေအာင္ဘုက နဂိုလ္ကတည္းက သူရွာေပးထားတဲ့ သူ႔လူပဲ. . . သူနဲ႔ရင္းႏွီးၿပီးသား။
” က်ဳပ္က ကားဒရိုင္ဘာအလုပ္ကို စြန႔္လႊတ္ၿပီး ဒီၿခံေရွ႕မွာ ေၾကာ္ေလွာ္ ေရာင္းရမယ္ဆိုတာကေတာ့ ၿမိဳ႕ထဲမွာလည္း ဒါမ်ိဳးေတြက ရေနတာပဲ။ လူေတြက ၿမိဳ႕ထဲမွာပဲ ဝယ္စားၾကမွာေပါ့။ ဒီကို လာစားၾကပါ့မလား . . .။ က်ဳပ္စိုးရိမ္တာေလးကို ေျပာျပတာပါ ”
ဆိုၿပီး ေစာဒက ျပန္တက္လိုက္ေတာ့ ဦးတတ္ေရွာင္က လူခန႔္ရဲ့ မ်က္ႏွာကို ေလးေလးနက္နက္ စိုက္ၾကည့္ရင္း
” ဒီလိုရွိတယ္ လူ႔ရဲ့ ။ အလုပ္တစ္ခုကို လုပ္ေတာ့မယ္ဆိုရင္ ျဖစ္မွျဖစ္ပါ့မလားဆိုတဲ့ သံသယစိတ္မ်ိဳး ဘယ္ေတာ့မွ မထားရဘူး။ မျဖစ္ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ ရဲရဲရင့္ရင့္ ေဆာင္ရြက္ရတယ္။ လူ႔ရဲ့ေနရာကို သူတို႔မလာမွာစိုးရင္ လာခ်င္ေအာင္လုပ္ရမယ္။ ၿမိဳ႕ထဲက လူေတြဟာ တစ္ေန႔တာအလုပ္ေတြ ဖိဆီးၿပီး မ်ားေသာအားျဖင့္ စိတ္ေတြ မြန္းၾကပ္ေနၾကတာ မ်ားတယ္။ အဲ . . . လူ႔ဆိုင္ကို ေရာက္တာနဲ႔ သူတို႔ရဲ့ မြန္းၾကပ္ေနတဲ့စိတ္ေတြ အနည္းနဲ႔အမ်ား ေျပေလ်ာ့သြားေအာင္ လူ႔က ဝန္ေဆာင္မွုေပးနိုင္ရမယ္။ လူ႔မွာ ၿမိဳ႕ထဲက ဆိုင္ေတြထက္သာတာက ေနရာအက်ယ္အဝန္းပဲ။ လူ႔ ၿခံထဲကိုေရာက္လို႔ သူတို႔ရဲ့စိတ္ေတြ ထြက္ေပါက္ရသြားၿပီ ေက်နပ္ႏွစ္သိမ့္မွု ရသြားၾကၿပီဆိုရင္ လူ႔ဆီကို မေရာက္ေရာက္ေအာင္ သူတို႔လာၾကေတာ့မွာ။ ၿပီးေတာ့ ဝ တစ္ခု အာမခံနိုင္တာ ရွိေသးတယ္။ အဲ့ဒါက. . . ဝ လူ႔ကို သင္ၾကားေပးထားတဲ့ ပညာေတြဟာ ဝတို႔ မ်ိဳးရိုးစဥ္ဆက္ ထိန္းသိမ္းလာခဲ့ၾကတဲ့ တ႐ုတ္နန္းတြင္း ဟင္းခ်က္ပညာေတြပဲ။ ေျပာရရင္ ပီကင္း လက္ရာစစ္စစ္ေတြေပါ့။ ဒါေၾကာင့္ လူ႔ရဲ့လက္ရာကို လူ႔ဘယ္ေတာ့မွ အထင္မေသးလိုက္နဲ႔။ လူ႔ရဲ့လက္ရာကို မွီတဲ့သူဆိုတာ ဒီလို ခရိုင္ၿမိဳ႕သာသာ တိုင္းခြဲၿမိဳ႕မွာမေျပာနဲ႔ ရန္ကုန္လို မႏၲေလးလို ၿမိဳ႕ႀကီးေတြမွာေတာင္ ႏွစ္ေယာက္သုံးေယာက္အျပင္ ပိုမရွိဘူး။ ဒါကို ဝ ရဲရဲႀကီး အာမခံနိုင္တယ္။ ဒါ့ေၾကာင့္ ဝ အႀကံေပးတာကိုသာ ယုံယုံၾကည္ၾကည္ လက္ခံၿပီး ရဲရဲႀကီး လုပ္ပစ္လိုက္စမ္းပါ လူ႔ရယ္ ”
ဟု အရွည္သေဝး ရွင္းၿပ တိုက္တြန္းေလတယ္။ လူခန႔္လည္း ဦးတိတ္ေရွာင္ရဲ့ စကားကို နားေထာင္ရင္ အမွားမရွိဘူးဟု ယုံၾကည္တာေၾကာင့္ ေထြေထြထူးထူး စဥ္းစားမေနေတာ့ဘဲ ၎ရဲ့ အႀကံေပးခ်က္ကို အလြယ္တကူပင္ လက္ခံ ေခါင္းၿငိမ့္လိုက္ပါေတာ့တယ္။
လူခန႔္နဲ႔ ေအာင္ဘု ကားအုံနာ ဦးပုဆီကိုသြားၿပီး. . . လူခန႔္က တ႐ုတ္အစားအစာ ဆိုင္ဖြင့္ေတာ့မွာမို႔ ကားမေမာင္းေတာ့ေၾကာင္း . . . ထို႔ေၾကာင့္ ေအာင္ဘုကို ကားဆက္ေမာင္းခြင့္ျပဳပါရန္အေၾကာင္း စသျဖင့္ ေျပာျပေတာင္းဆိုၾကေတာ့ ဦးပုက မ်က္ႏွာသိပ္မေကာင္းလွဘူး။
” လုပ္ေပါ့ကြာ။ မင္းတို႔လုပ္သမၽွ ခံရမွာပဲ။ စိတ္ႀကိဳက္သာ လုပ္ေပေတာ့။ စပါယ္ရာလည္း ငါရွာမေပးနိုင္ဘူး။ မင္းတို႔ဘာသာ မင္တို႔ရွာၾက ။ ညေနကားသိမ္းလို႔ ျပန္လာရင္ ငါေငြရွင္းေပးမယ္။ ”
လို႔ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ေျပာလႊတ္တာနဲ႔ လူခန႔္တို႔ႏွစ္ေယာက္လည္း ကုတ္ၿပီးျပန္လာခဲ့ရတယ္။
” ဦးေလးရဲ့ကားကို သပ္သပ္ ၿခံတစ္ၿခံလိုကန႔္ၿပီး ထားေပးမွာပါ။ ဟို စားေသာက္ဆိုင္ကိစၥေတြနဲ႔ လုံးဝ မေရာေစရပါဘူး ”
မျပန္ခင္ လူခန႔္က မရဲတရဲနဲ႔ ကတိေပးလိုက္ေတာ့
” လုပ္ခ်င္သလိုလုပ္ ”
ဆိုၿပီး ဘုခ်ည္းေတာလႊတ္ေနလို႔ လူခန႔္တို႔လည္း အေျခအေနမေကာင္းတာနဲ႔ ျမန္ျမန္လစ္ခဲ့ၾကေတာ့တာေပါ့။ အျပန္လမ္းမွာ လူခန႔္နဲ႔ ေအာင္ဘု စကားေျပာျဖစ္ၾကတယ္။
” ဟုတ္ေတာ့လည္း ဟုတ္တယ္ ကိုေအာင္ဘုရဲ့ ။ က်ဳပ္ စားေသာက္ဆိုင္ဖြင့္မွာက သူ႔ရဲ့ နတ္ကိစၥနဲ႔ ေျဖာင့္ေျဖာင့္ႀကီးကို ဆန႔္က်င္ေနေတာ့တာ။ အဖိုးႀကီး တင္းမယ္ဆိုလည္း တင္းစရာပဲ။ ”
” စိတ္မပူပါနဲ႔ ကားၾဆာရယ္။ အဖိုးႀကီးမေက်နပ္လည္း အခုအခ်ိန္မွာ သူက်ဳပ္တို႔ကို ပစ္ပယ္လို႔ မရပါဘူး။ သူ႔အသက္က ၆၀ ေလာက္ ျဖစ္ေနေတာ့ အက်ပိုင္းေရာက္ေနၿပီေလ။ အျခားကားေတြကလည္း တေျဖးေျဖးပ်က္လာေတာ့ ထင္သေလာက္ ေငြကမဝင္ေတာ့ဘူး။ ဒီၾကားထဲ က်ဳပ္တို႔လို ယုံၾကည္ၿပီး မ်က္ႏွာလႊဲရတဲ့ ဒရိုင္ဘာေတြ စပါယ္ရာေတြကလည္း အရွားသား။ အဲ့ဒီကား အဲ့ဒီလူေတြနဲ႔ အရွုံးမေပၚေအာင္ မနည္း ရပ္တည္ေနရေလာက္တယ္။ သူ႔မွာ အားကိုးအားထား ျပဳရေလာက္ေအာင္ ဝင္ေငြရၿပီး ကားသန႔္ေသးတာဆိုလို႔ က်ဳပ္တို႔ကားပဲ ရွိေတာ့တာ။ အဲ့ဒီေတာ့ ကားၾဆာ စားေသာက္ဆိုင္ဖြင့္မွာ သူသိပ္ဘဝင္မၾကေပမယ့္ က်ဳပ္ကို ဒရိုင္ဘာ ထပ္ခန႔္ဖို႔ကိုေတာ့ ခြင့္ျပဳရတာေပါ့။ ၿမိဳ႕ထဲတစ္ဝိုက္နဲ႔ ေဈးပတ္ဝန္းက်င္က မိတ္မွန္သမၽွကလည္း က်ဳပ္တို႔ႏွစ္ေယာက္မ်က္ႏွာေတြနဲ႔ပဲ ရင္းႏွီးၿပီးသား မဟုတ္လား။ သူအျခား ဒရိုင္ဘာတင္ရင္ လက္ရွိ အလုပ္ျဖစ္ေနတဲ့ ဂယ္ေပါက္ေလးပါ မြတ္သြားမွာေပါ့။ ေနာက္တစ္ခုက ေနရာ. . . .။ ဒီေခတ္ႀကီးထဲမွာ အခုလို ကားအႀကီးတစ္စီး ထားရေအာင္ ေနရာတစ္ခုရဖို႔ဆိုတာ အေတာ္ကိုမလြယ္တဲ့ကိစၥ။ အခုအေျခအေနက သူက်ဳပ္ကို ဒရိုင္ဘာဆက္ခန႔္လိုက္တာနဲ႔ သူ႔ကားကို ဖရီးထားဖို႔ ေနရာေကာင္းတစ္ခုက အဆင္သင့္ရွိေနၿပီးသားေလ။ သူ ဒီအခြင့္အေရးကို ဘယ္လက္လြတ္ခံပါ့မလဲ။ ဘိုးေတာ္ႀကီးက လူလည္ႀကီးပါ။ ၾဆာသမား လုပ္စရာရွိတာသာ စိတ္ေျဖာင့္လက္ေျဖာင့္ ဆက္လုပ္ေတာ့ ”
” ဟုတ္ပါၿပီ။ ကိုေအာင္ဘုရယ္ . . .။ က်ဳပ္လည္း . . . တကယ္တမ္း အေရးရယ္ အေၾကာင္းရယ္ဆို သူကိုးကြယ္ပသေနတဲ့ နတ္ေတြက သူ႔ကို ဘာတစ္ခုမွ အကူအညီမေပးနိုင္ဘူး။ သူ႔ကို ေစတနာထားဆက္ဆံတဲ့ က်ဳပ္တို႔ကပဲ ကူညီေစာင့္ေရွာက္နိုင္မယ္ . . ဆိုတာ အဘိုးႀကီး တစ္ေန႔ေတာ့ နားလည္လာမယ္. . . လို႔ ယုံၾကည္ပါတယ္။ ”
လူခန႔္ရဲ့ ၿခံက မ်က္ႏွာစာ ေပ ၁၀၀ ေလာက္က်ယ္ၿပီး ေနာက္ကို ေပ ၃၀၀ ေလာက္ ရွည္သြားတာ။ လူခန႔္က ၿခံေရွ႕ ညာဘက္ေထာင့္ေလးမွာ ကြန္ကရစ္ အနည္းငယ္ ခင္းလိုက္ၿပီး ေၾကာ္ဖို႔ေလွာ္ဖို႔ ဒယ္ေတြ မီးဖိုေတြနဲ႔ ဆိုင္ခုံကိုပါ ေနရာခ်လိုက္တယ္။ ေျမကိုေျပာင္ေအာင္လွည္း မာက်ဴရီမီးကို ထိန္ေနေအာင္ထြန္းၿပီး ဝိုင္းေတြကိုလည္း ဆိုင္ခုံနဲ႔ မနီးမေဝးေတြမွာ စနစ္တက် တည္ခင္ထားတာ။ စစျခင္းအေနနဲ႔ ဝိုင္းခုႏွစ္ဝိုင္း ခ်ထားၿပီး တစ္ဝိုင္းကို ထိုင္ခုံေလးခုံ ထိုးထားတယ္။ အစားအစာေတြကိုလည္း အမယ္ အမ်ားႀကီး မေရာင္းေသးဘဲ
အေခါက္ကင္
ဘဲကင္
ေၾကးအိုး ေၾကးအိုးဆီခ် က္
ထမင္းေၾကာ္
ထမင္းေပါင္း
ေခါက္ဆြဲေၾကာ္
ၾကဇံေၾကာ္
စတဲ့ အမယ္ခုႏွစ္မ်ိဳးေလာက္နဲ႔ စတင္လိုက္တာေလ။ ဦးတိတ္ေရွာင္ရဲ့ အႀကံေပးခ်က္အရ လူခန႔္ဟာ ဆိုင္စဖြင့္မယ့္ မနက္နဲ႔ ေန႔လည္ပိုင္းေတြမွာ ၿမိဳ႕ထဲကိုပတ္ၿပီး ကားၾဆာဘဝက ရင္းႏွီးခဲ့ၾကတဲ့ ကုန္စုံဆိုင္ ကုန္စိမ္းဆိုင္ ပိုင္ရွင္ေတြ . . . ကုန္သည္ပြဲစားေတြ . . . ပြဲ႐ုံပိုင္ရွင္ေတြကို အေခါက္ကင္နဲ႔ ဘဲကင္ အျမည္းနည္းနည္းစီ လိုက္ေဝလို႔ ဆိုင္ေၾကာ္ျငာခဲ့တယ္။
ထူးျခားေကာင္းမြန္လွတဲ့ လူခန႔္ရဲ့လက္ရာကို ျမည္းစမ္းၿပီးၾကတဲ့ေနာက္ ထိုသူေတြ စြဲလန္းသြားၾကၿပီး လူ ၁၀ ေယာက္မွာ ၉ ေယာက္ေလာက္က အဲ့ဒီညမွာပဲ လူခန႔္ရဲ့ဆိုင္ကို ေရာက္လာၾကေတာ့တာေပါ့။ လူခန႔္ဟာ ထင္မွတ္မထားပဲ ဆိုင္စစဖြင့္ျခင္း ညမွာပဲ အေတာ္ေရာင္းလိုက္ရတယ္။
ေနာက္ေန႔ေတြမွာလည္း တဆင့္စကား တဆင့္ၾကားၿပီး လူခန႔္ရဲ့ဆိုင္ကို လာေရာက္ စမ္းသပ္စားသုံးသူေတြ အမ်ားအျပား။ အထူးသျဖင့္ လူခန႔္ရဲ့ဘဲကင္နဲ႔ အေခါက္ကင္ဟာ တစ္ပတ္ဆယ္ရက္အတြင္းမွာပဲ လူခန႔္တို႔ နယ္တစ္ဝိုက္မွာ နာမည္ႀကီးသြားပါေလေကာ။ လူခန႔္က ဆိုင္နာမည္ကို ” ၿမိဳ႕စားႀကီး ” လို႔ေပးထားေတာ့ လူေတြပါးစပ္ဖ်ားမွာ ၿမိဳ႕စားႀကီး ဘဲကင္နဲ႔ အေခါက္ကင္မွ မစားဖူးေသးရင္ ေခတ္မမွီေတာ့ဘူးလိုကို ျဖစ္ကုန္ၾကေတာ့တာ။
ဘဲကင္ အေခါက္ကင္ နာမည္ရသြားေတာ့ လူေတြဟာ ၿမိဳ႕ထဲနဲ႔ နီးတယ္ေဝးတယ္ သိပ္မၾကည့္ၾကေတာ့ဘူး။ စိတ္ေျပလက္ေပ်ာက္ ဆိုင္ကယ္စီးရင္း ကားစီးရင္းနဲ႔ လူခန႔္ရဲ့ ဆိုင္ကို လာထိုင္ကာ ေပ်ာ္ပြဲစားၾကေတာ့တယ္။ အစားအေသာက္ကလည္းေကာင္းၿပီး ၿခံဝန္းက်ယ္နဲ႔ဆိုေတာ့ စိတ္ေရာကိုယ္ပါ လြတ္လပ္ေပါ့ပါးရတယ္ မဟုတ္ပါလား။
လူခန႔္ဟာ တစ္လအတြင္းမွာပဲ ဝိုင္း ၇ ဝိုင္းကေန ၁၅ ဝိုင္းအထိ တိုးလိုက္ရၿပီး ေရခဲေသတၱာပုံးႀကီး တစ္ခုဝယ္လို႔ ေရခဲစိမ္အေအးေတြကိုလည္း ေရာင္းခ်ေနရေတာ့တယ္။ ဒါေတာင္ ပက္စီနဲ႔ ကိုကာကိုလာက . . သူတို႔ရဲ့ မတ္ရပ္ေရခဲေသတၱာေတြ လာထားေပးပါရေစလို႔ ခြင့္ေတာင္းေနၾကတာကို လူခန႔္က ”ဆိုင္ခန္းေသခ်ာမဖြဲ႕ ရေသးလို႔ ေနာက္လေလာက္မွ လာထားပါ ” လို႔ ေတာင္းပန္ထားရေသး။
အဲ့ဒီလို . . . လူခန႔္ရဲ့ ဆိုင္က မထင္မွတ္ဘဲ ေရာင္းအားေကာင္းေနေတာ့ ကာယကံရွင္ျဖစ္တဲ့ လူခန႔္ေကာ. . . ဒိုင္ခံကူညီရတဲ့ ေမာင္သူရ မႀကီးျမသီ ေဒၚႏြဲ႕ သီတာတို႔ေတြလည္း အားရတယ္ကို မရွိေတာ့ဘူး။ ဒါနဲ႔ လူခန႔္လည္း စားပြဲထိုးဖို႔နဲ႔ လက္တို႔လက္ေတာင္းခိုင္းဖို႔အတြက္ အနီးပါးနားက ေကာင္ေလးႏွစ္ေယာက္ကို ေနစားနဲ႔ ထပ္ေခၚလိုက္ရေတာ့တယ္။ မအားတဲ့ၾကားထဲက မႀကီးျမသီနဲ႔ ေဒၚႏြဲ႕တို႔က ဝိုင္းေတြရဲ့ မလွမ္းမကမ္းမွာ ပန္းပင္ေတြ သစ္ခြစင္ေတြ ရြက္လွပင္ေတြ စိုက္ပ်ိဳးၾကျပန္တယ္။ ေမာင္သူရကလည္း ေအာင္ဘုနဲ႔တိုင္ပင္ၿပီး ေအာင္ဘု အားတဲ့အခ်ိန္ေတြမွာ ပန္းပင္ေတြၾကားထဲ အလွမီးေတြ လိုက္ဆင္ၾကျပန္ေတာ့ ထိုအလွအပ ပသာဒျမင္ကြင္းေတြဟာ ဆိုင္ကိုလာသမၽွ ဧည့္သည္ေတြရဲ့ စိတ္ကို ညႇို႔ယူဖမ္းစား ဆြဲေဆာင္ၾကေတာ့တာေပါ့။
ဒီလိုနဲ႔ လူခန႔္လည္း တစ္လေက်ာ္ ႏွစ္လေလာက္ ဆိုင္ဖြင့္ၿပီးေကာ . . . ဆိုင္ရဲ့ ေရာင္းအားအရ အခု ဆိုင္ခုံခင္းထားတဲ့ ၿခံေရွ႕ ညာဘက္ေထာင့္ေနရာမွာ ေပ ၂၀ x ၄၀ ေလာက္က်ယ္မယ့္ ဆိုင္ခန္းတစ္ခန္းကို သစ္သားတိုင္ေထာင္ . . သြပ္မိုး. . . အုပ္နဲ႔သံဇကာကာၿပီး တည္ေဆာက္မွ ျဖစ္ေတာ့မယ္လို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါေတာ့တယ္။
ဦးတိတ္ေရွာင္ကို တိုင္ပင္ေတာ့ . . .
” လူ႔ဆိုင္ရဲ့ ေရာင္းအားကို လူ႔သိေနတာပဲ။ တစ္လ ႏွစ္လနဲ႔တင္ လူ႔ ဒီေလာက္ေရာင္းေကာင္းေနရင္ ေနာက္ဒီထက္ ပိုေရာင္းေကာင္းဖို႔ပဲ ရွိေတာ့တယ္။ မယုံရင္ လူ႔ေစာင့္ၾကည့္ေန။ ဝ သင္ေပးထားတဲ့ ဘဲကင္နဲ႔ အေခါက္ကင္ လက္ရာေတြကို အနယ္နယ္ အရပ္ရပ္ကေနကို တကူးတက လူ႔ဆီမွာ လာစားၾကလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အခု ရန္ကုန္မွာ နာမည္ႀကီးေနတဲ့ ေရႊဘဲ ဘဲကင္ဆိုတာေတာင္ ဝရဲ့ ဘဲကင္ ေလာက္မေကာင္းလို႔ပဲ။ အဲ့ဒီေတာ့ ဆိုင္ကိုလည္း ကေရာ္ကမယ္ ေဆာက္မေနနဲ႔ေတာ့။ ရန္ကုန္ဆိုင္ေတြလို သံေဘာင္ေတြေခြ . . . သြပ္ထူထူမိုး။ တဖက္ၿခံဘက္က အျခမ္းကိုပဲ အုတ္တံတိုင္းကာ။ က်န္တဲ့ မ်က္ႏွာစာသုံးဘက္ကို သံပန္းတံခါးေတြ အလူမီနီယံ ဆြဲတံခါးေတြတပ္ . . . ဝိုင္းေတြကိုလည္း ထပ္တိုးဖို႔လုပ္။ မီးဖိုေခ်ာင္ကိုလည္း ေကာင္းေကာင္းေနရာေပးရမယ္။ သန႔္သန႔္ရွင္းရွင္း လုပ္ရမယ္ ”
ဦးတိတ္ေရွာင္က လူခန႔္ကို အလုပ္တိုးခ်ဲ႕ဖို႔ ေျမႇာက္ေပးေလေတာ့တယ္။ လူခန႔္လည္း ဦးတိတ္ေရွာင္ရဲ့ စိတ္တိုင္းက် လိုက္လုပ္လိုက္တာ ေရႊဆိုင္မွာအပ္ထားတဲ့ သိန္းတစ္ရာေက်ာ္ေကာ ရတဲ့အတိုးေတြပါ ေျပာင္တလင္း ခါသြားေလရဲ့ ။ ဒါ့အျပင္ ကားေမာင္းၿပီး စုထားတဲ့ေငြေတြနဲ႔ ႏွစ္လအတြင္း ဆိုင္ေရာင္းလို႔ရတဲ့ အျမတ္ေငြေတြပါ ကုန္ခမ္းသြားေတာ့တာေပါ့။ ဆိုင္ကေတာ့ က်ယ္က်ယ္ဝန္းဝန္း သားသားနားနား လင္းလင္းထိန္ထိန္နဲ႔ အေတာ္ကို ဖိုင္းသြားေတာ့တာ။ ဦးတိတ္ေရွာင္ကေတာ့ . . .
” ရင္းရမယ့္အခ်ိန္တန္လို႔ ရင္းတာ။ ဘာမွ ႏွေျမာမေနနဲ႔။ လူ႔ မွာ ေသခ်ာတဲ့ ေဈးကြက္နဲ႔ ေဖာက္သယ္ေတြရွိတယ္။ ဒီထက္မက လုပ္ငန္းတိုးတက္လာဖို႔လည္း အလားအလာေကာင္းေတြ အမ်ားႀကီး။ လူ႔ ေရွ႕ဆက္ ဒီထက္မက တိုးတက္ခ်င္ရင္ ေသခ်ာတဲ့ ေနရာေတြမွာ ရင္းႏွီးျမႇပ္ႏွံဖို႔ ဘယ္ေတာ့မွ မစိုးရြံ့နဲ႔ ”
ဟု လူခန႔္ကို အားေပးစကားေျပာၾကားၿပီး သင္ၾကားျပသေပးေလတယ္။ ဆိုင္အသစ္ေဆာက္ၿပီး စဖြင့္တဲ့ေန႔မွာပဲ မွန္မဲတပ္ထားတဲ့ ၂၀၀၂ ေမာ္ဒယ္ တိုယိုတာ ခေရာင္း အနက္ေရာင္ကားတစ္စီး ၿခံထဲကို ခပ္ၾကမ္းၾကမ္းဝင္ခ်လာၿပီး ဆိုင္ေရွ႕အထိ ေမာင္းလာလၽွက္ ဆိုင္ေရွ႕မွာ ထိုးရပ္လိုက္တယ္။
” အဘိုးႀကီးကား မဟုတ္လားဗ် ။ အဘိုးႀကီး မစီးစဖူး ကားေတြဘာေတြ ထုတ္စီးေနပါလား။ ဘာကိစၥလဲမသိဘူး ”
ေအာင္ဘု ကားသိမ္းၿပီးခ်ိန္မို႔ ဆိုင္ထဲမွာရွိေနေတာ့ . . . . လူခန႔္က ၎ကို လက္ကုတ္ေျပာလိုက္ၿပီး အံ့အားသင့္ေနၾကတာေပါ့။ ေမာင္သူရလည္း အနားကို ေရာက္လာတယ္။
” အဖိုးႀကီး ျပသနာလာရွာတာလား မသိဘူးေနာ္ ”
” မေျပာတတ္ဘူး။ ဒီလူႀကီးက တစ္ခါတေလ မိန္းမစိတ္ ”
လူခန႔္တို႔ တစ္ေယာက္တစ္ေပါက္ ထင္ျမင္ခ်က္ေပးေနဆဲမွာပဲ ၿခံေရွ႕လမ္းမေဘးကို ဦးပုပိုင္တဲ့ ကုန္ကားေလးစီး ထပ္မံထိုးစိုက္လာၿပီး ကားေတြေပၚမွ ကားၾဆာေတြ စပါယ္ရာေတြ အပါအဝင္ ဦးပုရဲ့ အျခားတပည့္တပမ္းေတြ ၁၅ ေယာက္ေလာက္ ဆင္းလာလို႔ ၿခံထဲကို ရွူတီတီမ်က္ႏွာေပးေတြနဲ႔ ဝင္လာၾကပါေကာ။ အဲ့ဒီေနာက္ ခေရာင္းကားနက္ႀကီးရဲ့ ေရွ႕ခန္းတံခါး ပြင့္လာၿပီး ဦးပုထြက္လာကာ လူခန႔္တို႔ဆိုင္အတြင္းကို ဦးေဆာင္ဝင္လာေတာ့တယ္။ ေနာက္မွာ တပည့္တပမ္းေတြက ဝန္းရံလၽွက္။ ဦးပုရဲ့ မ်က္ႏွာေၾကာဟာ အေတာ္ကို ခက္ထန္မာေၾကာေနတယ္။ ဥေရာပအဝတ္အစား အနက္ေရာင္ဝမ္းဆက္ကို ဝတ္ဆင္ထားတဲ့ ၎ဟာ လက္ထဲက ေတာင္ေဝွးနဲ႔ သံမံတလင္းကို တေဒါက္ေဒါက္ ျမည္ေအာင္ေထာက္ၿပီး လူခန႔္တို႔ရပ္ေနတဲ့ေနရာကို တလွမ္းခ်င္း လွမ္းလာပုံမွာ မာဖီယား ဂိုဏ္းေခါင္းေဆာင္တစ္ဦးႏွယ္။
ေသခ်ာၿပီ။ ဦးပု ပြဲလာၾကမ္းေတာ့မယ္။ လူခန႔္တို႔ သုံးေယာက္သားလည္း တစ္ေယာက္လက္ကိုတစ္ေယာက္ ကိုင္လိုက္ၾကၿပီး ၾကဳံေတြ႕သမၽွ ျပသနာကို ရင္ဆိုင္ဖို႔ အားေမြးလိုက္ၾကေတာ့တာေပါ့။ ျမသီ ေဒၚႏြဲ႕ သူဇာ သီတာစတဲ့ လူခန႔္တို႔ အိမ္သားေတြနဲ႔ ေခၚထားတဲ့ စားပြဲထိုးေလးႏွစ္ေယာက္ဟာလည္း ဆိုင္ေနာက္ဘက္မွာ စိုးရိမ္ထိတ္လန႔္စြာနဲ႔ အေျခအေနကို ေစာင့္ၾကည့္ေနၾကေတာ့တယ္။ ဦးပုက လူခန႔္တို႔ သုံးဦးေရွ႕ေရာက္ေကာ ေလသံမာမာနဲ႔ စကားစလိုက္တယ္။
” ဒီမွာ ဟိတ္ေကာင္ေတြ . . . မင္းတို႔က ငါ့ကို အိုမင္းမစြမ္းႀကီးဆိုၿပီး ေဘးဖယ္ခ်င္ၾကတယ္။ နတ္ယုံဘာယုံနဲ႔ ေသာက္ေျခာက္ႀကီးလို႔လည္း အထင္ေသးၾကတယ္။ ဒီမွာ . . . မင္းတို႔ မေသမခ်င္းမွတ္ထား။ ငါဆိုတဲ့ေကာင္က မလုပ္ခ်င္ရင္လည္း မလုပ္ဘူး။ ေအး လုပ္မိၿပီဆိုရင္လည္း ပြဲသိမ္းပဲ။ ငပုက မင္းတို႔ထင္ထားသလို ေသာက္သုံမၾကတဲ့ ငပု မဟုတ္ဘူး . . .။ ငပုဘာေကာင္ဆိုတာ ဒီေန႔ေတာ့ မင္းတို႔ သိရၿပီေပါ့ကြာ . . .”
ဦးပုက လူခန႔္တို႔ကို ႀကိမ္းေမာင္းေျပာဆိုေနတဲ့ အခ်ိန္မွာ သူ႔တပည့္ေတြက လူခန႔္တို႔ကို ဝိုင္းဝန္းပိတ္ဆို႔ၿပီးႏွင့္ၾကၿပီ။ ဦးပုရဲ့ ေဒါသသံေတြကို နားေထာင္ရင္း လူခန႔္နဲ႔ေအာင္ဘုတို႔လည္း ၾကဳံလာရေတာ့မယ့္ အႏၲရာယ္ကို စိုးရိမ္စြာနဲ႔ ေစာင့္စားေနလိုက္ၾကေတာ့တယ္။ အဘိုးႀကီးရဲ့ မ်က္ႏွာအမူအရာေတြ ေျပာသံဆိုသံေတြဟာ ဘာမွ မစဥ္းစားေတာ့ဘဲ လုပ္ခ်င္တာကို ဇြတ္လုပ္ပစ္ေတာ့မယ့္ပုံ။ ေမာင္သူရေလးကေတာ့ အသက္ငယ္သူမို႔ ေၾကာက္လန႔္ၿပီး အသားေတြ တဆတ္ဆတ္တုန္လၽွ က္ . .
” မင္းတို႔ေတြဟာ အေတာ္ ေက်းဇူးကန္းတဲ့ေကာင္ေတြ။ မင္းတို႔အေပၚမွာ ငါဒီေလာက္ေကာင္းခဲ့တာကို. . . ငါ့အေပၚၾကေတာ့ ျပန္ၿပီး အသိတတ္တရား မထားၾကဘူး။ ဘယ့္ႏွယ့္ကြာ . . . ငါ့ကားကို အနားထားၿပီး ဘဲကင္ အေခါက္ကင္ကို တနယ္လုံးမွာ ဒီေလာက္အထိ နာမည္အႀကီးဆုံးျဖစ္သြားေအာင္ ေရာင္းရလား ”
ဦးပုရဲ့ ေဒါသေတြက အထြတ္အထိတ္ကို ေရာက္ေနေခ်ၿပီ။ လူခန႔္လည္း မ်က္ႏွာငယ္ေလးျဖင့္ အရဲကိုးၿပီး ရွင္းျပဖို႔ ႀကိဳးစားရေတာ့တာေပါ့။
” ကၽြ န္. . .ကၽြန္ . . .ကၽြန္ေတာ္. .တို႔ . . .”
” ေဟ့ေကာင္ . . . လုပ္ခ်င္တာလုပ္ၿပီး အခုမွ ငါ့ေရွ႕ မွာ အထစ္ထစ္အေငါ့ေငါ့ေတြ ျဖစ္ျပမေနနဲ႔။ မင္းတို႔ကို ငါ ဘာစိတ္အဆိုးဆုံးလဲ သိလား ”
” မ. . .မ. .သိ ”
” ေအးးးး မသိရင္ ေသေအာင္မွတ္ထား။ ဘဲကင္ အေခါက္ကင္ေတြကို ဒီနယ္တစ္ဝိုက္မွာ နာမည္အႀကီးဆုံးျဖစ္ေအာင္ ေရာင္းၿပီး ငါ့အတြက္ၾကေတာ့ တစ္ခြက္မွ ပို႔မေပးတာကိုပဲကြ . . .။ အခုခ်က္ျခင္း တို႔အတြက္ အေခါက္ကင္ေတြ ဘဲကင္ေတြ ခ်စမ္းကြာ . . .။ အျပတ္စားပစ္လိုက္မယ္ . . . ”
ဦးပုရဲ့ စကားလည္း ဆုံးေကာ လူခန႔္နဲ႔ ေအာင္ဘုလည္း
” ဗ်ာ. . . . .”
ကနဲ သံၿပိဳင္ေရရြတ္လိုက္ၾကၿပီး တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ ၾကည့္လိုက္ၾကေတာ့တယ္။ ဦးပုက လူခန႔္တို႔ေဘးမွာ ဝိုင္းထားၾကတဲ့ သူ႔တပည့္ေတြကိုလည္း
” ေဟ့ေကာင္ေတြ . . . ဘာေၾကာင္ေတာင္ေတာင္ လုပ္ေနတာလဲ။ လြတ္တဲ့ဝိုင္း ဝင္ထိုင္ၾကေလ။ ဒီေန႔ ငါဒကာခံမွာ ”
ဟု ေျပာလိုက္ေလရာ . . . ထိုသူတို႔မ်ားကလည္း ေပ်ာ္ရႊင္ဝမ္းေျမာက္စြာျဖင့္
” ေဟးးး ခနဲ ”
ေအာ္ဟစ္လိုက္ၾကၿပီး နီးစပ္ရာဝိုင္းမ်ားတြင္ သူ႔ထက္ငါဦးေအာင္ အလုအယက္ ေနရာအသီသီး ဝင္ယူၾကပါေတာ့တယ္။ ထို႔ေနာက္ ဦးပုက အျဖစ္အပ်က္ေတြကို လူခန႔္နဲ ေအာင္ဘု နားလည္သြားေအာင္ ရွင္းျပေလတယ္။
” ဒီလိုကြ . . . ငါ ငယ္ငယ္တုန္းက ဝက္သားသိပ္ႀကိဳက္တာ။ တစ္ခါေတာ့ ငါအႀကီးအက်ယ္ ေနမေကာင္းျဖစ္တာ ေသေကာင္ေပါင္းလည္းပဲ။ အဲ့ဒီအခ်ိန္မွာ ငါ့အေဖက ငါ့ကိုဆရာဝန္ျပေပးသလို နတ္ယုံတဲ့ ငါ့အေမကလည္း သူကိုးကြယ္တဲ့ နတ္ေတြကိုပင့္ၿပီး ပြဲေပးဘာေပး လုပ္ေတာ့တာ။ ဆရာဝန္ရဲ့ ကုသမွုနဲ႔ ငါျပန္ၿပီး နလံထလာေပမယ့္ ေမေမက ေဖေဖထက္စာရင္ ငါနဲ႔အေနပိုနီးေတာ့ သူေျပာျပသလို သူ႔ရဲ့နတ္ေတြ ေစာင့္ေရွာက္မစလို႔သာ ငါ အသက္ခ်မ္းသာရာရခဲ့တယ္လို႔ ယုံၾကည္မိခဲ့တယ္။ အဲ့ဒီကတည္းက ငါလည္း ငါသိပ္ႀကိဳက္တဲ့ ဝက္သားကို စြန႔္လႊတ္ခဲ့ၿပီး နတ္ေတြကို ကိုးကြယ္ပသေတာ့တာပဲ။ အခုေတာ့ အမွန္တရားကို ငါေကာင္းေကာင္းသိပါၿပီ။ တကယ့္လက္ေတြ႕ ဘဝမွာ ဒီနတ္ေတြဟာ ဘာမွ အေရးမပါဘူး . . .။ ကိုယ့္အတြက္ တကယ္ မွီခိုရာ အားထားရာအစစ္ဟာ ကိုယ္ျပဳခဲ့တဲ့ ေကာင္းမွုကုသိုလ္ကံနဲ႔ မိတ္ေဆြရင္းျခာေတြပဲ ျဖစ္ၾကတယ္ ဆိုတာကိုေပါ့။ အဲ့ဒါေၾကာင့္ ငါဆိုတဲ့ေကာင္က နတ္ယုံတဲ့ အေျခာက္ ဦးပုမဟုတ္ဘူး . . .။ ဝက္သားႀကိဳက္တဲ့ ဦးပုဆိုတာကို မင္းတို႔သိေအာင္ လက္ေတြ႕လာျပရတာပဲေဟ့။ ငါ အခုလိုအျမင္မွန္ေတြ ျပန္ရလာေအာင္ ငါ့ကို လမ္းျပေပးခဲ့တဲ့ လမ္းျပၾကယ္ေလးလည္း ရွိေသးတယ္ . . .”
ဦးပုဟာ လူခန႔္တို႔ကိုရွင္းျပေနရင္း ခေရာင္းကားဆီသို႔ ထြက္သြားၿပီး ကားေနာက္ခန္းတံခါးကို ဖြင့္လို႔ . . .
” လာ . . . စတားေလး ”
ဟု ေခၚလိုက္ေလရာ ကားေပၚမွ ဆံပင္တိုတို မ်က္ႏွာဝိုင္းဝိုင္း မ်က္လုံးေပါက္က်ဥ္းက်ဥ္းနဲ႔ ခႏၶာကိုယ္ ျပည့္တင္းလွပတဲ့ တ႐ုတ္မတစ္ေယာက္ ဆင္းလာပါေတာ့တယ္။ အသက္ ၃၀ ဝန္းက်င္ရွိ အႏွီတ႐ုတ္မဟာ ဦးပုရဲ့ လက္ေမာင္းတစ္ဖက္ကို ဆြဲယူမွီခိုလိုက္ၿပီး လူခန႔္တို႔ ရွိရာသို႔ ႏွစ္ဦးတြဲလို႔ ေလၽွာက္လွမ္းလာၾကေလတယ္။ လူခန႔္တို႔လည္း ဦးပုလုပ္သမၽွကို အံ့ၾသမွင္သက္စြာ လိုက္ၾကည့္ေနၾကရေတာ့တာေပါ့။ အနားကိုေရာက္ေတာ့ ဦးပုက
” ဒါက ခင္ေမလြမ္ တဲ့။ ငါကေတာ့ စတားေလး လို႔ပဲ ေခၚတယ္။ ငါ့ရဲ့ လမ္းျပၾကယ္ေလးမို႔လို႔။ ၿပီးခဲ့တဲ့ အပတ္ကမွ သူနဲ႔ငါနဲ႔ ႐ုံးတက္ လက္ထပ္လိုက္ၾကတာ။ ငါ အခုလို ေျပာင္းလဲသြားတာဟာ သူ႔ေၾကာင့္ အမ်ာႀကီးပါတယ္ ။ ဘယ္လိုလဲ . . . ငါ့မိန္းမ မိုက္တယ္မဟုတ္လား။ ၿပီးေတာ့ ဦးပုဆိုတဲ့လူဟာ အိုမင္းမစြမ္း မဟုတ္ဘူး။ အိုေပမယ့္ စြမ္းတုန္း သန္တုန္း ဆိုတာကို မင္းတို႔ကို ငါ သက္ေသလာျပတာပဲ ”
ဟု ၎ရဲ့ စကားကို အဆုံးသတ္လိုက္မွ လူခန႔္တို႔လည္း ” ဟူးးးးးး ခနဲ ” သက္ျပင္းခ် နိုင္ေတာ့တာေပါ့။ လူခန႔္က . . .
” ဦးေလးရယ္ . . . မိန္းမယူတာ ကၽြန္ေတာ္တို႔ေတာင္ မသိရပါလား ”
လို႔ ေျပာလိုက္ေတာ့
” ငါက မင္းတို႔ကို စပရိုက္လုပ္ခ်င္လို႔ ”
တဲ့ေလ။
” တ႐ုတ္မေလးကို ယူထားမွေတာ့ ဦးေလး ဘယ္ဝက္သားေရွာင္လို႔ ျဖစ္ပါေတာ့မလဲ။ ဝက္သားေရွာင္မလား လူသားေရွာင္မလား ႀကိဳက္တာတစ္ခုခု ေရြးရေတာ့မွာေလ ”
ေအာင္ဘုက အရႊန္းထေဖာက္လိုက္တယ္။
” ေအးေပါ့ကြာ. . . ေျပာပါ ေျပာပါ။ ငါကလည္း အိုႀကီးအိုမၾကမွ ေဟာဒီက တ႐ုတ္မေလးကို ခ်စ္မိသြားတာကိုးကြ . . . . ဟားး ဟားး ဟားး ဟားး”
ဦးပုက ျပန္ေျပာလိုက္ၿပီး သုံးေယာက္သား ၿပိဳင္တူ ရယ္လိုက္ၾကေတာ့တာေပါ့။
” အို. . . ကိုႀကီးနဲ႔ ေမာင္ေလးတို႔ကလည္း ဘာေတြေျပာမွန္းလဲ မသိဘူး ”
ခင္ေမလြမ္ကေတာ့ အရွက္သည္းလၽွက္။
ဦးပုတို႔စုံတြဲဦးေဆာင္တဲ့ အဖြဲ႕ဟာ လူခန႔္တို႔ဆိုင္မွာ စိတ္တိုင္းၾက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စားေသာက္ၾကၿပီး ျပန္လည္ ထြက္ခြာသြားၾကေတာ့တယ္။ ဦးပုက ျပန္ခါနီး လူခန႔္နားကပ္လို႔ . . . ကာမအားတိုးေစမယ့္ ဟင္းလၽွာတစ္မ်ိဳးေလာက္ စီစဥ္ေပးဖို႔အေၾကာင္းကို နားပူနဆာ လုပ္သြားေသးတာ။ ဒါနဲ႔ လူခန႔္လည္း ဦးတိတ္ေရွာင္ကို ေမးစမ္းၾကည့္ေတာ့ ဦးတိတ္ေရွာင္က. . .
” ဒါျမန္းကြာ။ ဘဲတစ္ေကာင္ဝယ္။ ပရေဆးဆိုင္က ဆင္တုန္းမႏြယ္ x x x သား ။ အိမ္ေနာက္ေဖးမွာ အေလ့က်ေပါက္ေနတဲ့ ရွဉ့္မတက္က x x x သား ”
စသျဖင့္ ဦးပုအတြက္ ဟင္းခ်က္ေပးဖို႔ လမ္းညႊန္ျပသလိုက္ေလတယ္။ လူခန႔္ ေနာက္ေန႔ ဟင္းခ်က္ၿပီး သြားပို႔ေတာ့ အဘိုးႀကီးက သိပ္ကိုေပ်ာ္ရႊင္တက္ႂကြလို႔။ ေနာက္သုံးရက္ေလာက္ၾကာေတာ့ ဦးပု လူခန႔္ဆီ ေရာက္လာျပန္ပါေကာ။
” မင္းဟင္းက သိပ္စြမ္းတယ္။ အဲ့ဒီေန႔ညကဆိုရင္ စတားေလး ငိုၿပီးေတာ့ကို တားယူရတာ။ အစကေတာ့ မရပ္ခ်င္ဘူးေပါ့။ ေနာက္ပိုင္း သနားလာတာနဲ႔ ငါလည္းကိစၥကို အၿပီးသတ္ေပးလိုက္ရတယ္။ သူ႔ခင္မ်ာ ေပ်ာ့ေခြသြားတာပဲ။ မင္းဟင္းကိုေတာ့ ငါ သိပ္သေဘာၾကသြားၿပီ။ ေနာက္ေန႔ေတြမွာလည္း ငါ့ဖို႔ အဲ့ဒီဟင္း စီစဥ္ေပးပါဦးကြာ။ ငါ က်သ၍ ရွင္းေပးပါ့မယ္။ ၿပီးေတာ့ ငါ့လို မိန္းမငယ္ငယ္ ယူထားၾကတဲ့ ငါ့ေဘာ္ဒါ အဖိုးႀကီးေတြကိုလည္း မင္းဟင္းညႊန္းေပးမယ္။ ”
ဟု ေတာင္းဆိုတာေၾကာင့္ လူခန႔္လည္း ထိုဟင္းကို သုံးရက္ျခားတစ္ခါေလာက္ ခ်က္ၿပီး ဦးပုဆီကို ပို႔ေပးေနရေတာ့တာေပါ့။ ဦးတိတ္ေရွာင္နဲ႔ ေတြ႕တဲ့အခါ ဦးတိတ္ေရွာင္က လူခန႔္ကို
” အဲ့ဒီဟင္းနည္းက တကယ္စြမ္းတဲ့ တ႐ုတ္နန္းတြင္းနည္းကြ။ စားရတာလည္း အရသာရွိသလို စြမ္းေဆာင္ရည္ကလည္း အံ့မခန္းဘဲ။ ၾကည့္ပါလား . . . ဦးပုလို အသက္ေျခာက္ဆယ္ေက်ာ္ အဖိုးႀကီးမွာေတာင္ ဒီေလာက္ အစြမ္းျပေနေသးရင္ အသက္ေလးဆယ္ေက်ာ္ ငါးဆယ္ဝန္းက်င္ အမ်ိဳးသားေတြဆို ဘာေျပာေကာင္းပါ့မလဲ။ အဲ့ဒီေတာ့ လူ႔အေနနဲ႔ ဒီဟင္းခ်က္ေရာင္းရင္. . . ေရာင္းေကာင္းမွာ ေျမႀကီးလက္ခတ္မလြဲပဲ။ ေဈးလည္းႀကိဳက္သေလာက္ ဆိုေပေတာ့။ လူ႔တို႔ ဝတို႔ ေယာက္်ားေတြဆိုတာ ဒီလိုကိစၥမ်ိဳးေတြဆို မႏွေျမာတတ္ၾကဘူး မဟုတ္လား ”
စသျဖင့္ အႀကံဉာဏ္ေတြ ထပ္ေပးလိုက္ျပန္ရာ . . . လူခန႔္လည္း ထိုဟင္းကို ” က်ားတစ္ရာ ဘဲေပါင္း ” လို႔ ကင္ပြန္းတပ္ၿပီး ေၾကာ္ေလွာ္ေရာင္းခ်ရမယ့္ ဟင္းစာရင္းထဲမွာ ထည့္ထားလိုက္ေတာ့တယ္။ လူခန႔္ရဲ့ဆိုင္လည္း အရင္အလုပ္ျဖစ္တယ္ဆိုတာထက္ ၄၀ ရာခိုင္ႏွုန္းေလာက္ ပိုမိုၿပီး ေရာင္းအား တိုးတက္သြားပါေတာ့တယ္။
——————————————-
လေတြႏွစ္ေတြလည္း ေျပာင္းခဲ့ၿပီပဲ။ လူခန႔္လည္း အသက္ ၂၉ ႏွစ္တင္းတင္းျပည့္ခဲ့ၿပီး အျခားသူမ်ားလည္း ကိုယ္စီကိုယ္စီ အသက္အရြက္ေတြ ႀကီးရင့္ကုန္ၾကေတာ့တယ္။ ” ၿမိဳ႕စားႀကီး ” စားေသာက္ဆိုင္မွာလည္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုေအာင္ျမင္လာတာ အခုဆိုရင္ မူလဆိုင္ေဟာင္းရဲ့ ေဘးမွာ ကားအဝင္အထြက္အတြက္ ေပ ၂၀ ေလာက္ လမ္းခ်န္ထားၿပီး က်န္တဲ့ ၿခံမ်က္ႏွာစာတစ္ခုလုံးကို ဆိုင္ခန္းက်ယ္ႀကီး အသစ္ထပ္ေဆာက္လိုက္ရတယ္။
ဆိုင္မွာ စည္ဘီယာ ေကာ့ေတး အေပ်ာ့အျပင္း red black green blue gold စသျဖင့္ အေဖ်ာ္ယမကာမ်ိဳးစုံကို ရရွိနိုင္ၿပီေလ။ ဘဲကင္နဲ႔ အေခါက္ကင္ကလည္း ေကာင္းလြန္းဆိုေတာ့ လူခန႔္ရဲ့ဆိုင္ဟာ အခ်ိန္တိုင္း ဝိုင္းျပည့္ေနေတာ့တာ။ ဘဲကင္နဲ႔ အေခါက္ကင္ ကေကာင္းတယ္ဆိုလို႔ က်န္တဲ့ အစားအစာေတြကလည္း ညံ့မယ္မထင္ေလနဲ႔ . . . ရန္ကုန္က ေတာ္႐ုံတန္ယုံ ဟိုတယ္ေလာက္ကို သနားတယ္ . . .။
ေၾကာ္တဲ့ ခ်က္တဲ့ အလုပ္ကိုေတာ့ လူခန႔္ကိုယ္တိုင္ မလုပ္ေတာ့ဘူး။ မီးဖိုခန္းမွာ လူခန႔္ရဲ့လက္ထြက္ စားဖိုမွူး သုံးေယာက္ခန႔္ထားတယ္။ အဲ့ဒီသူေတြကို ေမာင္သူရက ႀကီးၾကပ္ရတယ္။ ဆိုင္မွာ အလုပ္သမား စားပြဲထိုး က်ားမေပါင္း အေယာက္အစိတ္ေလာက္ရွိၿပီး ဆိုင္ရဲ့အေနာက္ဘက္မွာ က်ားေဆာင္တစ္ေဆာင္ မေဆာင္တစ္ေဆာင္ ေဆာက္ၿပီး ထားထားရတာ။ အလုပ္သမားအေရးနဲ႔ ေဈးဝယ္ဖို႔ခ်မ္းဖို႔ ကုန္ေတြေအာ္ဒါမွာဖို႔ကို မႀကီးက တာဝန္ယူၿပီး ဆိုင္ရဲ့အလွအပ သန႔္ရွင္းသပ္ရပ္ေရးကိုေတာ့ ေဒၚႏြဲ႕နဲ႔ သီတာက တာဝန္ယူၾကတယ္။ လူခန႔္က စာရင္းေလာက္ပဲလုပ္ေတာ့တာ။ ဆိုင္ကို အေရးႀကီးဧည့္သည္ေတြ ခင္မင္ရတဲ့ မိတ္ရင္းေဆြညာေတြ လာတယ္ဆိုရင္ေတာ့ လူခန႔္က ကိုယ္တိုင္ေၾကာ္ခ်က္ၿပီး ဧည့္ခံေလ့ရွိတယ္။ လူခန႔္မွာက အျခားအာ႐ုံစိုက္စရာ ကားလုပ္ငန္းကလည္း ရွိေနၿပီမဟုတ္ပါလား. . .။
ကားလုပ္ငန္းအစက ဒီလို . . . .။ ဦးပုက ခင္ေမလြမ္နဲ႔ ျငားၿပီးေနာက္ပိုင္း ကားေတြကို တေျဖးေျဖးေလ်ာ့ခ်ၿပီး ခင္ေမလြမ္တို႔ရဲ့ မိရိုးဖလာလုပ္ငန္းျဖစ္တဲ့ ကုန္စုံဆိုင္ကို အားစိုက္ခ်င္တယ္။ အဲ့ဒါနဲ႔ပဲ ကားေတြေရာင္းဖို႔ လူခန႔္ကို လာတိုင္ပင္ေတာ့ လူခန႔္လည္း ဦးတိတ္ေရွာင္ သံေယာဇဥ္နဲ႔ မိမိတို႔ဆီမွာ ထားထားတဲ့ ကားနီႀကီးကို ျဖစ္ညႇစ္ၿပီး အရင္ဝယ္လိုက္ေတာ့တာ။ လူခန႔္ေကာ ေအာင္ဘုကပါ ကားလုပ္ငန္းနဲ႔ အကၽြမ္းဝင္ၿပီးသား သူေတြျဖစ္တဲ့အျပင္ ဦးတိတ္ေရွာင္ရဲ့ ပံ့ပိုးမွုကလည္း ပါေသးတာေၾကာင့္ ကားနီႀကီးက လူခန႔္တို႔လက္ထဲမွာ အေတာ္အလုပ္ျဖစ္တယ္။ အဲ့ဒါနဲ႔ လူခန႔္ဟာ ကားလုပ္ငန္းကိုပါ စိတ္ဝင္စားသြားၿပီး ဦးပုပိုင္တဲ့ ကားေျခာက္စီးထဲက လတ္ေသးတဲ့ကား သုံးစီးကို တစ္စီးစီ တေျဖးေျဖးခ်င္း ဝယ္ယူျဖစ္လိုက္ေတာ့တာေပါ့။ က်န္တဲ့ကားေတြကိုေတာ့ ဦးပုက ေတာဘက္ကို ေအာက္ေဈးနဲ႔ေရာင္းထုတ္လိုက္တယ္ေလ။
အခုေတာ့ ေအာင္ဘုလည္း ကားမေမာင္းေတာ့ဘူး။ ကားသုံးစီးမွာ ဒရိုင္ဘာေတြ စပါယ္ရာေတြ ေရြးခ်ယ္ခန႔္ထားၿပီး ႀကီးၾကပ္လုပ္ကိုင္ရတယ္။ ကားနီႀကီးကိုေတာ့ လူခန႔္က လုံးလုံးအနားေပးလို႔ ၿခံေခါင္းရင္းမွာ သူ႔အတြက္ ဂိုေထာင္ေဆာက္ၿပီးကို သိမ္းထားေတာ့တာ။ အရင္အိမ္ေတြ တဲေတြကိုလည္း ဖ်က္လိုက္ၿပီး အိမ္ေနရာမွာ အာစီ ႏွစ္ထပ္တိုက္ ေကာင္းေကာင္းတစ္လုံးေဆာက္လို႔ လူခန႔္တို႔ေမာင္ႏွမ ေနၾကတယ္။ တဲေနရာမွာေတာ့ လူခန႔္က အာစီ တစ္ထပ္တိုက္တစ္လုံးကို ခပ္က်ယ္က်ယ္ေဆာက္လိုက္ၿပီး ေအာင္ဘုတို႔ မိသားစု ေဆြမ်ိဳးတစ္သိုက္ကို ေပးေနလိုက္ေတာ့တယ္။ ေနာက္ပိုင္းမွာ မႀကီးျမသီက သူ႔အတြက္ အေဖာ္ရေအာင္ဆိုၿပီး သီတာကို ႏွစ္ထပ္တိုက္ဆီကို ျပန္ေခၚထားလိုက္ေလရဲ့ ။ ေအာင္ဘုနဲ႔ သူဇာမွာလည္း သားေလးတစ္ေယာက္ရတာ သုံးႏွစ္သားေတာင္ရွိသြားၿပီေလ။
လူခန႔္က မိမိနဲ႔မႀကီးအတြက္ ခေရာင္းကားတစ္စီးနဲ႔ ေအာင္ဘုတို႔အတြက္ ဖီဒါတစ္စီး ဝယ္ထားေတာ့ အားလုံး သြားေရးလာေရးကအစ အဆင္ေျပေနၾကတာေပါ့။ ဒါ့အျပင္ လူခန႔္ဟာ. . . . မႀကီးကလြဲရင္ က်န္တဲ့ ေအာင္ဘု သူဇာ သီတာ ေဒၚႏြဲ႕ ေမာင္သူရတို႔ကို ၎တို႔လုပ္ေဆာင္ရတဲ့ တာဝန္ေတြကိုလိုက္ၿပီး လစာေကာင္းေကာင္း ေပးထားေသးတယ္။ မႀကီးကေတာ့ လစာမလိုဘူးေလ . . . လူခန႔္ဆီက ႀကိဳက္သေလာက္ ယူသုံးလို႔ရေနတာပဲ။
ဒီလိုနဲ႔ လူခန႔္တို႔ရဲ့ ညီညီညြတ္ညြတ္ႀကိဳးစားမွု ဦးတိတ္ေရွာင္ရဲ့ လမ္းညႊန္အႀကံေပးမွု ေဆာင္မၾကည့္ရွုမွုေတြေၾကာင့္ လူခန႔္ရဲ့ဘဝဟာ ကိုးႏွစ္ ဆယ္ႏွစ္အတြင္းမွာကို အေျပာင္းလည္းႀကီး ေျပာင္းလည္းလာခဲ့ပါေတာ့တယ္။
တစ္ညေတာ့ ဦးတိတ္ေရွာင္ရဲ့ ကားဂိုေဒါင္ေခါင္မိုးေပၚမွာ လူခန႔္နဲ႔ ဦးတိတ္ေရွာင္ ထိုင္ၿပီး စကားလက္ဆုံၾကေနၾကေလရဲ့ ။ ဆိုင္ပိတ္ခ်ိန္ေတာ့ မေရာက္ေသးဘူး။ လူတိုင္းက သူ႔အလုပ္နဲ႔သူလည္ပတ္ေနၾကဆဲ။ လူခန႔္တစ္ေယာက္သာ ဦးတိတ္ေရွာင္နဲ႔ စကားေအးေဆးမေျပာရတာၾကာလို႔ ဂိုေဒါင္ေပၚတက္ခဲ့တာ။ လူမွုေရး စီးပြားေရး သာေရးနာေရး စသျဖင့္ ေရာက္တတ္ရာရာ ေျပာၾကရင္း ဦးတိတ္ေရွာင္က လူခန႔္ကို စကားစလာတယ္။
” လူ႔ရဲ့ ရိုးသားႀကိဳးစားမွု ဝရဲ့ လမ္းညႊန္ပမ့္ပိုးမွုေတြေၾကာင့္ အခုဆိုရင္ လူ႔ရဲ့ရည္ရြယ္ခ်က္ေတြ ျပည့္ေျမာက္ၿပီး ေလာ္ပန္ဘဝကို ေရာက္ခဲ့ရၿပီ။ ဝလည္း ဒီထက္ေကာင္းတဲ့ ဒီထက္ျမင့္တဲ့ နတ္ဘုံကို သြားခ်င္ၿပီ။ ဒါေပမယ့္ ဝမွာ ကိစၥတစ္ခုကို ေနာက္ဆံတင္းေနရတာေၾကာင့္ စိတ္ခ်လက္ခ် မသြားနိုင္ဘူးျဖစ္ေနတယ္။ အဲ့ဒါ ဝအေနနဲ႔ စိတ္ခ်လက္ခ် နတ္ဘဝကို သြားနိုင္ဖို႔ . . . လူ႔ ဝကို ကူညီပါလို႔ အကူအညီေတာင္းပါရေစ ”
” အို . . . ဦးတိတ္ေရွာင္ရယ္ . . . ဒီေလာက္ေတာင္ စကားပလႅင္ေတြ ခံေနရလား။ က်ဳပ္နဲ႔ခင္ဗ်ားက ေျပာရမယ့္လူေတြမွ မဟုတ္တာ။ ခင္ဗ်ားအတြက္ဆို က်ဳပ္က ဘာမဆိုကူညီဖို႔အသင့္ပဲ။ ေနာက္ဆုံး က်ဳပ္ အခုပိုင္ဆိုင္ထားတဲ့ စည္းစိမ္ဥစၥာေတြကို စြန႔္လႊတ္ရမယ္ဆိုရင္ေတာင္ ခင္ဗ်ားအတြက္ဆို ဝဲလ္ကမ္းပဲ။ ဘာလို႔လည္းဆိုေတာ့ ခင္ဗ်ားနဲ႔ က်ဳပ္က မိတ္ရင္းေဆြရင္းေတြဆိုလည္း ဟုတ္တယ္. . . ဆရာတပည့္ဆိုလည္းဟုတ္တယ္ . . . တူဝရီးေတြဆိုလည္း ဟုတ္တယ္. . . မဟုတ္လား။ ကဲ. . . ေျပာမွာသာေျပာ . . . က်ဳပ္ ဘာကူညီရမလဲ ”
စိတ္ေစတနာအရင္းခံနဲ႔ တက္ႂကြလန္းဆန္းစြာ ေျပာလိုက္တဲ့ လူခန႔္ရဲ့ စကားသံကို ၾကားလိုက္ရေတာ့ ဦးတိတ္ေရွာင္လည္း ပီတိအျပဳံးေတြ ေဝဆာသြားကာ
” လူ႔ေျပာသေလာက္ႀကီးလည္း မဟုတ္ပါဘူး လူ႔ရယ္ . . .။ ဝကိုကူညီလို႔ လူ႔ရဲ့ စည္းစိမ္ဥစၥာေတြလည္း မစြန႔္လႊတ္ရပါဘူး။ စည္းစိမ္ေတြ မစြန႔္လႊတ္ရတဲ့အျပင္ ကံေကာင္းရင္ လူ႔အတြက္ ျဖဴျဖဴလွလွ ဇနီးလိမၼာေလးတစ္ေယာက္ေတာင္ ရဦးမယ္ ”
” အိုးး ပစၥည္းဥစၥာေတြ မဆုံးရွုံးတဲ့အျပင္ မိန္းမေခ်ာေခ်ာေလးေတာင္ ရဦးမယ္ ဟုတ္လားး။ ဒီကလည္း အသက္သုံးဆယ္နားကပ္ေနၿပီ အခုထိ မစြံေသးလို႔ မိန္းမလိုခ်င္ေနတာနဲ႔ အေတာ္ပဲ။ ေျပာစမ္းပါ . . . ဘာအကူအညီလည္း အခုခ်က္ျခင္းကို ေပးခ်င္လာၿပီ ”
လူခန႔္က အရႊန္းေဖာက္လိုက္ၿပီး ႏွစ္ေယာက္သား ” တဟား ဟား ” ရယ္မိလိုက္ၾကျပန္တယ္။ အဲ့ဒီေနာက္ အရယ္တန႔္လို႔လူခန႔္က
” ကဲေျပာ . . . ကၽြန္ေတာ္ ဘာကူညီရမွာလဲ ”
လို႔ ဦးတိတ္ေရွာင္ကို ေမးလိုက္ရာ ဦးတိတ္ေရွာင္က အေဝးတစ္ေနရာကို ေဆြးေဆြးေျမ့ေျမ့ တစ္ခ်က္ေမၽွာ္ၾကည့္ၿပီး ၎အကူအညီေတာင္းလိုတဲ့ ကိစၥကို လူခန႔္သိေအာင္ ေျဖးေျဖးျခင္း ရွင္းျပေနပါေတာ့တယ္။
“ဒီလို လူ႔ ရဲ့ . . .။ ဝ လူ႔ဘဝတုန္းက ရန္ကုန္ျပည္လမ္းမေပၚမွာရွိတဲ့ အင္းမဆိုတဲ့ ၿမိဳ႕ကေလးမွာ စားေသာက္ဆိုင္အလုပ္ကို လုပ္ကိုင္ခဲ့တာ အရမ္းကို အလုပ္ျဖစ္တယ္။ အင္းမကလည္း ၿမိဳ႕သာေသးတာ ပတ္ဝန္းက်င္ ေကာစကံရြာေတြက အမ်ားသား။ လယ္ယာကိုင္းကၽြန္းလည္း ေကာင္းၾကေတာ့ ရြာသားေတြဟာ အရမ္းကို ေငြရႊင္ၾကတယ္။ ရြာေတြမွာက မီးမရေတာ့ သူတို႔ဟာ ညေမွာင္ၿပီဆို အင္းမၿမိဳ႕ေပၚကို တက္လာၾကၿပီး တစ္ၿမိဳ႕လုံးမွာ မီးအလင္းဆုံးျဖစ္တဲ့ ဝရဲ့ဆိုင္မွာ စတည္းခ်လို႔ ေသာက္ၾကစားၾက ေပ်ာ္ၾကပါးၾကေတာ့တာပဲ။ ဒါက နယ္မိတ္ေနာ္။ က်န္တဲ့ ဟိုင္းေဝးခရီးသည္ကားေတြက တစ္ညကို အနည္းဆုံး ၃ စီးေလာက္ ဝဆိုင္မွာ ထမင္းဝင္စားၾကတဲ့အျပင္ ကုန္တင္ကားသမားေတြဟာလည္း ဝဆိုင္က လက္ရာနဲ႔ ဆက္ဆံေရးကို သေဘာေခြ႕ၾကတယ္။ ေျပာရရင္ ဝ ရဲ့ စားေသာက္ဆိုင္ဟာ အခု လူ႔ ရဲ့ ဆိုင္ေလာက္ မဟုတ္ရင္ေတာင္ ေတာ္ေတာ္ေတာ့ အလုပ္ျဖစ္တယ္လို႔ ဆိုရမွာပဲ။ ဒါေပမယ့္ ဝက ဒီဆိုင္နဲ႔တင္ ေက်နပ္မေနဘဲ ကားအလုပ္ လယ္ယာအလုပ္ေတြကိုလည္း လုပ္လို႔ရသမၽွ အကုန္ျဖန႔္က်က္လုပ္ေဆာင္ထားတာ။ ေငြရွိေနၿပီဆို ဘာလုပ္လုပ္ အဆင္ေျပတယ္ေလ။
ဝ လုပ္တဲ့အလုပ္တိုင္း ေအာင္ျမင္ၿပီး အျမတ္အစြန္းေတြ အမ်ားႀကီးရတာခ်ည္းပဲ။ အဲ့ဒီေတာ့ ဝဟာ ႏွစ္စဥ္ ဝ ရတဲ့ အျမတ္အစြန္းေတြထဲက လွူသင့္တာလွူ ျပန္ရင္းသင့္တာရင္း ေပးကမ္းသင့္တဲ့သူကို ေပးကမ္းၿပီး က်န္တာေတြကို ျပည္ဘဏ္မွာ တက္အပ္ထားတာ အားလုံးေပါင္း သိန္း ၅၀၀ ေက်ာ္ေလာက္ရွိတယ္။ ဝ ပိုင္တဲ့ လယ္ေတြကလည္း ဧကရာေက်ာ္ေတာင္။ အဲ့ဒီလယ္ေတြကိုေတာ့ ဝရဲ့မိတ္ေဆြ ေရွ႕ေနႀကီးဦးသိန္းေအာင္က ထိန္းသိမ္းလုပ္ကိုင္ေပးတယ္။ သူက မိရိုးဖလာ လယ္သမားမ်ိဳးရိုးက ဆင္းသက္လာေတာ့ အားလုံးကို နိုင္နိုင္နင္းနင္း ကိုင္တြယ္နိုင္တယ္ေလ။ ဝ က ႏွစ္စဥ္အျမတ္စာရင္းေလာက္ပဲ စစ္ရတာ။
ဝ ကားစမ္းေမာင္းရင္ ကားတိုက္ေသေတာ့ ဝမွာ ဇူးဇူးေမာင္လို႔ေခၚတဲ့ သားေလးတစ္ေယာက္နဲ႔ ဆူးစူးႏွင္းဆီ ဆိုတဲ့ သမီးေလးတစ္ေယာက္ က်န္ရစ္ခဲ့တယ္။ သူတို႔ေလးေတြခင္မ်ာ သနားပါရဲ့ . . .။ ငယ္စဥ္ကတည္းက သူတို႔အေမ ဆုံးပါးသြားလို႔ မိတဆိုးေလးေတြ ျဖစ္ေနရာက . . . ဝ ပါထပ္ဆုံးပါးေတာ့ ဖတဆိုးေလးေတြပါ ထပ္ျဖစ္ကုန္ၾကေတာ့တာေပါ့။
ဝ ရဲ့သား ဇူးဇူးက ဆိုးသြမ္းတဲ့အက်င့္ရွိတယ္။ အရြယ္နဲ႔မလိုက္ေအာင္ အေပါင္းအသင္းစုံၿပီး ဝရဲ့အလုပ္အကိုင္ေတြကိုလည္း ဘာမွ စိတ္မဝင္စားဘူး။ ေလာင္းကစားမွာလည္း လက္စႀကီးသလို အသုံးအျဖဳန္ကလည္း အားႀကီးလက္ဖြာတယ္။ ဒါေပမယ့္ သားႀကီးအတြက္ တစ္ခုခံသာတာက ကြယ္လြန္သြားၾကၿပီျဖစ္တဲ့ ဝ မိဘ. . သူ႔အဘိုးအဖြားေတြရဲ့ အေမြကို ဝတို႔ တ႐ုတ္လူမ်ိဳးေတြ ထုံးစံအတိုင္း ဝ မရွိရင္ သားႀကီးက ဆက္ခံရမွာ။ အဲ့ဒီအတြက္ စာရြက္စာတန္းေတြလည္း ေရွ႕ေနႀကီး ဦးသိန္းေအာင္ဆီမွာ ရွိၿပီးသား။ သားႀကီး အသက္ ၁၈ ႏွစ္ျပည့္တာနဲ႔ တစ္ခါတည္းလႊဲေပးလိုက္႐ုံပဲ။
ဝ စိတ္ပူမိတာက ဝ ရဲ့ သမီးငယ္ေလး ဆူး အတြက္ပဲ။ ဒါနဲ႔ ဝလည္း ကားအက္စီးဒင့္မျဖစ္ခင္ ႏွစ္လေလာက္အလိုမွာ သမီးေလးရဲ့ ေနာင္ေရးကို စိတ္မေအးျဖစ္ၿပီး ေရွ႕ေနႀကီးနဲ႔တိုင္ပင္လို႔ . . . ဝ ပိုင္တဲ့ လယ္ယာကိုင္းကၽြန္းေတြ နဲ႔ ဘဏ္က သိန္း ၅၀၀ ေက်ာ္အပါအဝင္ ဝ ဆိုင္ဖြင့္ထားတဲ့ အိမ္နဲ႔ၿခံကိုပါ သမီးေလး ဆူးနာမည္နဲ႔ လႊဲထားမိခဲ့တယ္။
ဒါေပမယ့္ . . . ဝ ႐ုတ္တရက္တိမ္းပါးသြားခဲ့ရင္ သားႀကီးက သူ႔ညီမကို အနိုင္က်င့္ၿပီး ေငြေတြ . . . ပိုင္ဆိုင္မွုေတြကို လုယူျဖဳန္းတီးပစ္မွာ စိုးရိမ္တာကတစ္ေၾကာင္း . . . . သမီးေလးဆူးက ငယ္ရြယ္ေသးတာက တစ္ေၾကာင္းေၾကာင့္ . . . . သမီး ဆူး ၂၃ ႏွစ္ျပည့္လို႔ ေယာက္်ားရၿပီးခါမွ ဒီဟာေတြကို လႊဲေပးရမယ္ . . . . လို႔ စာခ်ဳပ္ထဲမွာ ထည့္ေရးၿပီး ေရွ႕ ေနႀကီးဆီမွာ စာခ်ဳပ္ေကာ ပိုင္ဆိုင္မွု အေထာက္အထားေတြ အားလုံးကိုပါ အပ္ထားလိုက္ေတာ့တာေပါ့။
ဒီလိုလုပ္ခဲ့တာ သိပ္မွန္သြားတယ္။ ဝ က အခုလို ေစာေစာစီးစီး စံစီေလာသြားေတာ့ သမီးေလးခင္မ်ာ သိပ္ဒုကၡေရာက္ရွာတယ္။ ဝ ဆုံးေတာ့ သူ႔အသက္က ၁၃ ႏွစ္ ကေလးသာသာ ရွိေသးတာကိုး။ သားႀကီးကေတာ့ ဝ လည္းဆုံးေကာ သူ႔ကိုအလိုလိုက္တဲ့ သူ႔အေမဘက္က အေဒၚအပ်ိဳႀကီးဆီ ေျပးေတာ့တာပဲ။ အဲ့ဒီမိန္းမႀကီးလည္း ၾကာၾကာမေနလိုက္ရပါဘူး။ သားႀကီး အသက္ ၁၈ ႏွစ္ျပည့္ခါနီးမွာ မိန္းမေရာဂါနဲ႔ ကြယ္လြန္သြားရွာတယ္။ သားႀကီးဟာ အဘိုးအဖြားေတြရဲ့ အေမြေကာ အေဒၚႀကီးရဲ့ အေမြေတြပါရၿပီး သိပ္ကို သုံးလို႔ျဖဳန္းလို႔ ေကာင္းေနေတာ့တာ။
ဝ ဆုံးတယ္ဆိုတဲ့ အသံလည္းၾကားေကာ ရန္ကုန္က ဝရဲ့ ညီမတစ္ဝမ္းကြဲ က်င္ေမ အိမ္ကိုေရာက္လာပါေကာ။ တစ္ေယာက္တည္းက်န္ခဲ့တဲ့ သမီးေလးဆူးကို ေစာင့္ေရွာက္ဖို႔ ဘာဘာညာညာ အရပ္ထဲမွာ ေလၽွာက္ေျပာေပမယ့္ သူတစ္ကယ္တမ္း အင္းမကို ေရာက္လာတာက ဝပိုင္ဆိုင္သမၽွကို အပိုင္သိမ္းဖို႔ပဲ။ သူေလာဘတက္မယ္ဆိုလည္း တက္စရာေလ။ ဝ မွာ ေဆြမ်ိဳးအနီးစပ္ဆုံးဆိုလို႔ ဝ သားနဲ႔ သမီးၿပီးရင္ သူပဲရွိတာ။ ဒါေပမယ့္ ေရွ႕ေနႀကီးဆီက သူသိလိုက္ရတာက အိမ္ေတြၿခံေတြ လယ္ယာေျမေတြနဲ႔ ဘဏ္ကေငြေတြကို သမီးဆူးနာမည္နဲ႔ လႊဲေပးၿပီးသား။ အသက္ ၂၃ ျပည့္တာနဲ႔ ထိမ္းျမားလက္ထပ္ၿပီးရင္ ဒါေတြကို သမီးဆူး ဆီလႊဲေပးရမယ္ . . . ဆိုတာကိုပဲေပါ့။ က်င္ေမလည္း ေလာင္းကစားနဲ႔ စည္းပြားပ်က္ၿပီး အင္းမမွာ ပြေပါက္လာႀကံတာဆိုေတာ့ ရန္ကုန္ကို မျပန္ေတာ့ဘဲ သမီးကို အေဖာ္ျပဳသလိုလိုနဲ႔ အင္းမမွာ ဆက္ေနတယ္ေလ။ ဘာပဲေျပာေျပာ စာခ်ဳပ္ထဲမွာ ပါမသြားတဲ့ ကားေတြက သူ႔အတြက္ ေမၽွာ္လင့္စရာေတြပဲ မဟုတ္လား။
က်င္ေမ့မွာ ရွယ္လီလို႔ေခၚတဲ့ သမီးတစ္ေယာက္နဲ႔ ဂ်င္မီလို႔ေခၚတဲ့ ေမြးစားသားတစ္ေယာက္ ပါလာၾကၿပီး ဂ်င္မီက သမီးေလးထက္ ၄ ႏွစ္ေလာက္ႀကီးတယ္။ ရွယ္လီကေတာ့ ၂ ႏွစ္ေလာက္ႀကီးတယ္။ က်င္ေမဟာ စားေသာက္ဆိုင္ကိုလည္း ဆက္ဖြင့္သလို ကားလုပ္ငန္းကိုလည္း ဟန္မပ်က္ ဆက္လုပ္တယ္။ အဲ့ဒီအခ်ိန္ကစၿပီး က်င္ေမဟာ သမီးေလးကို အိမ္နိမ့္စံဘဝနဲ႔ ႏွိမ့္ခ်ခ်ဳပ္ခ်ယ္ထားေတာ့တာေပါ့။ ေက်ာင္းလည္း ထုတ္ပစ္လိုက္တယ္။ သမီးေလးကို က်င္ေမ ျပစ္ျပစ္ခါခါႀကီး မလုပ္ရဲတာက သူ႔ရဲ့အစ္ကို လူမိုက္ ဇူးဇူးကိုေၾကာက္လို႔။
သားဇူးဇူးက ရွားရွားပါးပါး စိတ္ေကာင္းဝင္ၿပီး မမူးတဲ့အခ်ိန္ၾကရင္ သူ႔ညီမကို သိပ္ခ်စ္တတ္ေတာ့ အဲ့ဒီအခါမ်ိဳးမွာ သမီးေလးကို သြားေတြ႕ၿပီး အဆင္ေျပလား ဘာညာ ေမးေလ့ရွိတယ္။ ဒါေပမယ့္ အဲ့လို အခ်ိန္မ်ိဳးကလည္း ေလးငါးေျခာက္လမွ တစ္ခါေလာက္ပဲ ျဖစ္တတ္တာပါ။ က်န္တဲ့ အခ်ိန္ေတြကေတာ့ သမီးေလးခင္မ်ာ တစ္ေယာက္တည္း အထီးက်န္ အားငယ္ေနရရွာတာေပါ့။ ၿပီးေတာ့ သမီးက စိတ္ကူးေပါက္မွ ခ်ိဳၾကားခ်ိဳၾကား ေရာက္လာတတ္တဲ့ အစ္ကိုျဖစ္သူကို အားမကိုးရဲေတာ့ လက္ရွိအတူတူ ေနေနရတဲ့ က်င္ေမတို႔နဲ႔ အဆင္ေျပေအာင္ သူ႔အစ္ကိုလာေမးရင္ အဆင္ေျပေၾကာင္း ညာေျပာရရွာတယ္ေလ။
က်င္ေမဟာ မလုပ္တတ္လုပ္တတ္နဲ႔ ကားလုပ္ငန္းကို လုပ္ရင္း ေလာင္းကစားေတြကလည္း ရွုံးေနတာေၾကာင့္ ကားေတြကို တစ္စီးၿပီးတစ္စီး ထုတ္ေရာင္းေနတာ အခုဆိုရင္ ဝ ပိုင္တဲ့ကားေတြ တစ္စီးမွမရွိေတာ့ဘူး။ စားေသာက္ဆိုင္ကိုလည္း ဖြင့္သာထားတာ စိတ္မပါေတာ့ သူတို႔ရဲ့ ဆက္ဆံေရးညံ့ဖ်င္းမွုေၾကာင့္ စားသုံးသူေတြကလည္း စိတ္ကုန္လာၾကသလို သစၥာရွိတဲ့ ဝန္ထမ္းေဟာင္းေတြ အေၾကာ္ဆရာေတြဟာလည္း ေျပးကုန္ၾကေတာ့တယ္။
ဒီလိုနဲ႔ က်င္ေမဟာ ရွိတာေတြေရာင္ခ်ၿပီး ဘဝကို ျဖစ္သလို ျဖတ္သန္းေနတုန္း လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္မွာေတာ့ ဖဲဝိုင္းလူသတ္မွုနဲ႔ ဝရဲ့ သားႀကီးဇူးဇူး ေထာင္က်သြားပါေလေကာ။ သားႀကီးကလည္းမရွိ သမီးေလးကလည္း အသက္ ၂၃ ႏွစ္ ျပည့္ခါနီးလာေတာ့ ယုတ္မာဖို႔ကို သင္းတို႔က တစ္မ်ိဳးႀကံျပန္တယ္။ အဲ့ဒါကေတာ့ သမီးေလး ၂၃ ႏွစ္ျပည့္တာနဲ႔ သူရဲ့ ေမြးစားသား ဂ်င္မီနဲ႔ လက္ထပ္ေပးၿပီး သမီးေလးရမယ့္ လယ္ယာေျမေတြ အိမ္ၿခံေတြ ပိုက္ဆံေတြကို လက္ဝါးႀကီးအုပ္ သိမ္းယူဖို႔ပဲ။ သင္းက အခုကတည္းကေတာင္ မဂၤလာကိစၥကို အတင္းစီစဥ္ခ်င္ေနတာ။ ေရွ႕ေနႀကီးက. . . ကာယကံရွင္ရဲ့ ဆႏၵမပါဘဲနဲ႔ အတင္းအၾကပ္စီစဥ္ရင္ ဘယ္လိုဘယ္ပုံေတြ ျပစ္မွုေျမာက္တယ္ . . . ဆိုၿပီး ဥပေဒလမ္းေၾကာင္းနဲ႔ တားျမစ္ထားလို႔ သူတို႔အစီအစဥ္ကို သမီးကေလးလက္ခံဖို႔ကို ေခ်ာ့တစ္ခါ ေခ်ာက္တလွည့္နဲ႔ စည္း႐ုံးသိမ္းသြင္းရင္း သမီးေလး အသက္ ၂၃ ႏွစ္ျပည့္တာကို ေစာင့္ေနၾကေလရဲ့ ။
ဒါ့ေၾကာင့္ ဝအေနနဲ႔ လူ႔ကို အကူအညီေတာင္းခ်င္တာက . . . အဲ့ဒီလို လူယုတ္မာေတြ လက္ထဲမွာ ေရာက္ေနတဲ့ ဝရဲ့သမီးေလးဘဝကို လူ႔ ကယ္တင္ေပးပါကြာ. . .။ ေနာက္ဆုံး ဝ ရဲ့ ပိုင္ဆိုင္မွုေတြ ေငြေၾကးေတြ ဘာမွ ျပန္ပါမလာရင္ေနပါေစ. . . သမီးေလး ဒီလူေတြရဲ့လက္ထဲက လြတ္ေျမာက္ရင္ ဝ ေက်နပ္ပါၿပီ။ သမီးေလးရဲ့ ဘဝမွာ အားကိုးစရာ အေတာ္ကိုမဲ့ေနပါၿပီ။ အစ္ကိုကလည္း ေထာင္က် ေနတဲ့ လူမိုက္။ အနီးစပ္ဆုံး ေဆြမ်ိဳးေတြကလည္း သူ႔အေပၚကို မေကာင္းႀကံဖို႔ အျမဲ အသင့္ျဖစ္ေနၾကတယ္။ အျခားေဆြရင္းမ်ိဳးညႇာ အေပါင္းအသင္းလည္းမရွိ။ ပညာလည္း ဆုံးခန္းတိုင္ေအာင္ မသင္ရရွာဆိုေတာ့ သမီးေလးခင္မ်ာ သူ႔အေပၚမေကာင္းတဲ့ ဒီလူယုတ္မာေတာထဲက ႐ုန္းထြက္မသြားရဲဘဲ သူတို႔နဲ႔ အဆင္ေျပေအာင္ အလိုက္အထိုက္ ၾကည့္ေနရတာပါ။ ”
ဦးတိတ္ေရွာင္က သူ႔ရဲ့ဘဝဇာတ္ေၾကာင္းနဲ႔ မိသားစုအေျခအေနကို အရွည္သေဝး ေျပာျပၿပီး လူခန႔္ဆီကို အကူအညီေတာင္းရင္း မ်က္ရည္မ်ားပင္ ရစ္ဝဲလာရွာတယ္။ လူခန႔္လည္း ဦးတ္ိတ္ေရွာင္ ေျပာျပသမၽွကို နားေထာင္ၿပီး စိတ္မေကာင္းလည္းျဖစ္ မခံမရပ္နိုင္လည္း ျဖစ္တာေၾကာင့္ ဦးတိတ္ေရွာင္ကို မိမိအစြမ္းအစရွိသ၍ အကူအညီေပးဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။
” စိတ္ခ် . . . ဦးတိတ္ေရွာင္။ ဆူးေလးကို ဒီယုတ္မာေတြရဲ့ လက္ထဲကေန က်ဳပ္မရရေအာင္ ဆြဲထုတ္မယ္။ ဒါ့အျပင္ကို သူရသင့္ရထိုက္တဲ့ သူ႔ရဲ့ရပိုင္ခြင့္ေတြကိုလည္း တစ္ျပားတစ္ခ်ပ္မွ မဆုံးရွုံးဘဲ ရေစရမယ္။ ၿပီးရင္ ဒီလူယုတ္မာေတြကိုပါ အိမ္ေပၚကေန ႏွင္ခ်ျပမယ္ . . .”
လူခန႔္ရဲ့ အားတက္သေရာ ေႂကြးေက်ာ္ ကတိေပးစကားသံေၾကာင့္ ဦးတိတ္ေရွာင္ရဲ့ မ်က္ႏွာလည္း ျပန္ၿပီး ရႊင္လန္းသြားေတာ့တာေပါ့။
” ဒါနဲ႔ . . . ေနပါဦး ဦးတိတ္ေရွာင္ရဲ့ ။ ခင္ဗ်ားက ကားနီႀကီးနဲ႔ ကားနီႀကီးနားမွာေနၿပီး အင္းမမွာရွိတဲ့ ခင္ဗ်ားသမီး ဆူးေလးရဲ့အေၾကာင္းေတြကို ဘာလို႔သိေနရတာလဲ ”
လူခန႔္က စိတ္ထဲမရွင္းတာ တစ္ခုကို ေမးျမန္းျပန္ေတာ့ . . .
” လူ႔ . . . အန္းကုန္းနတ္ႀကီး ဆိုတာကို ၾကားဖူးလား ”
” ၾကားဖူးတာေပါ့။ ဗွိုက္ရႊဲရႊဲနဲ႔ နတ္ႀကီးေလ။ သူ႔ကိုယ္ေပၚမွာ ကေလးေတြ ဖက္တက္ေနၾကတယ္ ”
” ဟုတ္တယ္လူ႔ . . . . ဝ က မေသခင္ကတည္းက အန္းကုန္းနတ္ႀကီးကို သိပ္ကိုးကြယ္တာ။ တိုက္ႀကီး ဘုံေက်ာင္းမွာေတာင္ ဗုဒၶ႐ုပ္ပြားေတာ္တစ္ဆူနဲ႔ နတ္ႀကီးအတြက္ ဗိမၼာန္ေဆာင္တစ္ခု သြားလွူထားေသးတယ္။ အခု ဝ အဆင့္ျမင့္သြားလို႔ ႐ုကၡစိုးနတ္ျဖစ္သြားရင္ အဲ့ဒီေက်ာင္းေဆာင္မွာ ေနရာရမွာ ။
ဒါေတြက ထားပါ. . .။ ဝ ေျပာခ်င္တာက ဝ ေသသြားတဲ့အခါ ေသၿပီးၿပီးျခင္း အန္းကုန္းနတ္ႀကီး ဝ ဆီကိုေရာက္လာတယ္။ ဝကို သူ႔ဘုံေက်ာင္းမွာ လာေနေတာ့တဲ့။ ဝက. . . သမီးေလးကို စိတ္မခ်လို႔ လာမေနပါရေစနဲ႔ဦးလို႔ ေျပာၿပီး သမီးေလးနဲ႔ ေတြ႕ခြင့္ပါေတာင္းေတာ့ နတ္ႀကီးက . . . နင္က ဒီကားနဲ႔ ေနာက္ဆုံးေသတာ။ နင့္ရဲ့ ဝိဉာဥ္က ဒီကားမွာစြဲေနၿပီ။ အခု နင္ ငါနဲ႔တစ္ခါတည္းလိုက္ၿပီး ငါ့ေက်ာင္းမွာ ႐ုကၡစိုးလုပ္ရင္လုပ္ မဟုတ္ရင္ နင္ဒီကားအနီးတစ္ဝိုက္မွာပဲ ေနရမယ္လို႔ ဝကို ရွင္းျပတယ္။
ဝလည္း ငိုယိုၿပီး မရမက ပူဆာခြင့္ေတာင္းေတာ့ ေနာက္ဆုံးမွာ . . . ေအးေလ နင္ဒီေလာက္ေတာင္ျဖစ္ေနရင္ ကားေစာင့္လုပ္ၿပီး လူေတြနဲ႔ ၁၀ ႏွစ္ ၁၅ ႏွစ္ေလာက္ အတူတူေနဦးေပါ့။ ဒီၾကားထဲ နင့္သမီးနဲ႔ တစ္လမွာတစ္ခါ တစ္ခါမွာ ၁၅ မိနစ္ေလာက္ သြားေတြ႕ေပါ့။ ဆိုင္ရာပိုင္ရာနတ္ေတြကို ငါၾကည့္ေျပာေပးထားပါ့မယ္။ ဒါေပမယ့္ ငါေနာက္တစ္ခါလာေခၚရင္ေတာ့ နင္မျငင္းနဲ႔ေတာ့ေနာ္။ လူ႔ဘဝထက္ နတ္ဘဝက အမ်ားႀကီးသာပါတယ္ကြာ . . . . ဆိုၿပီး ဝရဲ့ အနားကေန ထြက္သြားေတာ့တာ။
ဝ လည္း အဲ့ကတည္းက သမီးေလးနဲ႔ တစ္လကို ဆယ့္ငါးမိနစ္ေလာက္ အိပ္မက္ထဲမွာ ေတြ႕ခြင့္ရတယ္။ လူနဲ႔ေတြ႕သလိုမ်ိဳးေတာ့ အျပင္မွာေတြ႕လို႔ေတာ့ မရဘူးေပါ့။ သမီးေလးရွိတဲ့ေနရာကို သြားၿပီး ဝက အိပ္မက္ေပးရတာ။ သမီးေလးကလည္း သူခံစားေနရတဲ့ ေသာကေတြ ဒုကၡေတြကို ဝနဲ႔ မေတြ႕ ေတြ႕ရတဲ့ အခ်ိန္ေလးမွာ ေျပာျပရင္ဖြင့္ရွာတယ္ေလ . . . ။ ဒါေၾကာင့္ ဝက သမီးေလးေကာ အျခားသူေတြရဲ့ အေျခအေနေတြကိုပါ သမီးေလးရဲ့ အိပ္မက္ထဲက ေျပာစကားအရ သိေနရေတာ့တာ”
ဦးတိတ္ေရွာင္က လူခန႔္နားလည္သေဘာေပါက္ေအာင္ ျပန္လည္ရွင္းျပလိုက္ရာ လူခန႔္က
” ဟုတ္ပါၿပီ . . . ဆူးေလးကို အျမန္ဆုံး ကယ္ထုတ္နိုင္ဖို႔ က်ဳပ္ အစီအစဥ္ဆြဲပါ့မယ္ . . .”
ဟု ကတိေပးလိုက္ေတာ့တယ္။ အဲ့ဒီေနာက္ ဦးတိတ္ေရွာင္က ညႇိုးငယ္စြာနဲ႔ လူခန႔္ကို စကားဆိုျပန္တယ္။
” ဝ လူ႔ကို အားနာနာနဲ႔ပဲ ခြင့္ေတာင္းစရာ ရွိေသးတယ္။ အဲ့ဒါက တျခားေတာ့ မဟုတ္ပါဘူး။ လူ႔ ဝရဲ့ သမီးေလးကို ကယ္ထုတ္ဖို႔ႀကိဳးစားတဲ့အခါမွာ ဝ လူ႔ကို အကူအညီ မေပးနိုင္ေတာ့ဘူး။ လြန္ခဲ့တဲ့ ၃ ရက္ေလာက္က ဝ ဆီကို အန္းကုန္းႀကီး ေရာက္လာခဲ့တယ္။ သူ႔ေက်ာင္းမွာ ႐ုကၡစိုးနတ္လိုက္လုပ္ဖို႔ အခ်ိန္က်ၿပီတဲ့။ ၿပီးေတာ့ သူက ေျပာေသးတယ္။ ဝက ကားေစာင့္ဘြနဲ႔ ႏွစ္ေတြအၾကာႀကီး ေနလာတာဆိုေတာ့ ႐ုကၡစိုးနတ္ျဖစ္ဖို႔ကို ဥပုတ္ေစာင့္လို႔ တခ်ိဳ႕ သမၼထက်င့္စဥ္ေတြ က်င့္ရေတာ့မယ္ဆိုၿပီး ဝကို က်င့္စဥ္ေတြ ေပးသြားတယ္။ အဲ့ဒါေတြက်င့္ရေတာ့မွာမို႔ အင္းမကို ဝ မလိုက္နိုင္ေတာ့ဘူး။ ကားနီႀကီးေကာ ဝကိုပါ လူ႔ထားခဲ့ရလိမ့္မယ္။ လူ႔ရဲ့ ကိုယ္စြမ္းဉာဏ္စြမ္းခ်ည္းသက္သက္နဲ႔ သမီးေလးဆူးကို ကယ္ထုတ္ရမွာ။ တကယ္ဆို သမီးေလးအတြက္ပဲ ဝလည္း လိုက္ၿပီး လူ႔ကို အရမ္းကို ကူညီခ်င္ေနတာ။ ဒါေပမယ့္ အထက္က အမိန႔္က်ၿပီဆိုေတာ့ ဝ လြန္ဆန္လို႔မရဘူး။ ဒီအတြက္ လူ႔ ဝကို ခြင့္လႊတ္ေပးဖို႔ အႏူးအညႊတ္ေတာင္းပန္ပါရေစ။ ”
ထိုအခါ လူ႔ခန႔္လည္း
” အို . . . ဒီကိစၥေလးေလာက္ကို ဆရာပါစရာ မလိုပါဘူး။ တပည့္နဲ႔တင္ ၿပီးပါတယ္။ စိတ္သာခ် ေန . . .။ ဆူးေလးကို ေခၚထုတ္လာၿပီး ဟို အက်င့္မေကာင္းတဲ့ ေလာဘသားေတြကို ေကာင္းေကာင္းလက္စင္ေပးျပမယ္။ ဦးတိတ္ေရွာင္မပါေပမယ့္ က်ဳပ္မွာ ခင္ဗ်ား လမ္းညႊန္သင္ျပထားတဲ့ ေတြးနည္းေခၚနည္း လုပ္နည္းကိုင္နည္းေတြ အမ်ားႀကီး ရွိေနပါၿပီဗ် ။ ကိုယ့္ဘာသာကိုယ္သာ စိတ္ေျဖာင့္လက္ေျဖာင့္ တရားအလုပ္လုပ္ က်န္ရစ္ခဲ့ ”
ဟု လက္မကိုေထာင္လၽွက္ ဦးတိတ္ေရွာင္ကို ႏွစ္သိမ့္စကား ေျပာၾကားလိုက္ပါေတာ့တယ္။
” ကားေတြကလည္း ေရာင္းသုံးတာ အားလုံးကုန္ၿပီ။ စားေသာက္ဆိုင္ကလည္း အသုံးစရိတ္ေတာင္ အနိုင္နိုင္ရွာေနရတာ။ လယ္ေတြယာေတြလည္း ေမၽွာ္ရဖို႔ေဝးေကာ။ အဲ့ဟာေတြကရတဲ့ အျမတ္ေတာင္ ေရွ႕ေနစုတ္က ဟိုဗိုင္းနာမေလး နာမည္နဲ႔ ဘဏ္မွာအပ္သတဲ့။ ဒါေပမယ့္ ကိစၥမရွိပါဘူးေလ။ လာမယ့္ေရွ႕လဆို ေကာင္မစုတ္ေလး အသက္ ၂၃ ႏွစ္ ျပည့္ၿပီ။ အဲ့ဒီအခါၾက ဂ်င္မီနဲ႔ တစ္ခါတည္းေပးစားၿပီး သူ႔အေမြေတြကို အပိုင္သိမ္းလိုက္႐ုံပဲ။ ေရွ႕ေနစုတ္ကေတာ့ သူ႔ထုံးစံအတိုင္း ကဖ်က္ယဖ်က္ လုပ္လို႔ရသေလာက္ေတာ့ လုပ္ဦးမွာပဲ။ ဟင္း ဟင္း ဒါေပမယ့္ လက္မခံလို႔မရတဲ့ အေျခအေနေတြ ေရာက္သြားရင္ သင္းလည္း ဘာတတ္နိုင္မွာလဲ။
ၾကင္ေမတို႔က ပြဲမၾကမ္းခ်င္ေသးလို႔။ တကယ္ဆို ေကာင္မေလးက ကိုယ့္လက္ခုပ္ထဲက ေရပဲ။ ဂ်င္မီနဲ႔လႊတ္ေပး. . . ဗီဒီယိုရိုက္ထားလိုက္ရင္ ၿပီးၿပီေလ။ အန္တီစီစဥ္တာကို ေအးေဆးလက္ခံမလား ဒီဇာတ္လမ္းကို အင္တာနက္ေပၚ အျပန႔္ခံမလားေပါ့။ ဟား ဟား ဟား . . . ေကာင္မေလးကိုယ္တိုင္က ေမာင္းထုတ္တာခံရတဲ့ဘဝ ေရာက္သြားေအာင္ေတာင္ ဟိုေရွ႕ေနေကာင္ကို လုပ္ပစ္လိုက္လို႔ရေသး။ လာထားပဲ လယ္ေတြယာေတြ အိမ္ေတြ ၿခံေတြ ေငြေတြ . . . .။
ဂ်င္မီအတြက္ကေတာ့ စိတ္ပူစရာမရွိပါဘူး။ သူလည္းအခ်ိန္တန္ရင္ သူ႔စရိတ္နဲ႔သူသြားရမွာ။ ဒီေကာင္က ေဆးသမား ေဆးခ်ေနရရင္ၿပီးေကာ ဆိုတဲ့ေကာင္။ ၿပီးေတာ့ သူတကယ္ သံေယာဇဥ္ရွိၿပီး ေႂကြေနတာက သမီးရွယ္လီေလ။ ဒီေကာင္က ဟိုကေလးမေလးလို ကုတ္ေခ်ာင္းေခ်ာင္း ဗိုင္းေကာင္းေက်ာက္ဖိ ပုံစံကို ၾကည့္လို႔ရတာ မဟုတ္ဘူး။ တို႔ကို မလြန္ဆန္နိုင္လို႔သာ ေရလိုက္သင့္ငါးလိုက္သင့္ ဆက္ဆံေနရတာ။ အမွန္ သူက ရွယ္လီ့လို ေခတ္ဆန္ဆန္ ဆိုရွယ္က်က် ကိုယ္လုံးကိုယ္ထည္ ေတာင့္ေတာင့္တင္းတင္း ဖြံ့ဖြံ့ထြားထြားနဲ႔ ညႇို႔အားျပင္းတဲ့ အလွတရားေတြကိုသာ စိတ္ဝင္စားတာ။ ေမြးစားအေမျဖစ္တဲ့ ဒီက အသိဆုံးေပါ့။
ဒီေကာင္နဲ႔ ေကာင္မေလးကို အရင္ဆုံးေပးစားရမယ္။ ၿပီးရင္ ေကာင္မေလးပိုင္သမၽွကို နည္းအမ်ိဳးမ်ိဳးနဲ႔ ေရာင္းခ်ပစ္လို႔ ေငြသားအျဖစ္ ေျပာင္းသင့္ရင္ေျပာင္း . . . ေရႊေခ်ာင္းေတြ ဝယ္သင့္ရင္ဝယ္ၿပီး ကိုယ္ေတြဆီမွာ ဥထားလိုက္႐ုံပဲ။ အဲ့ဒီအခ်ိန္အထိေတာ့ ဒီဘိန္းစားေလးကို သမီးနဲ႔ျမႇားၿပီး ေခ်ာ့ေမာ့ထားရမွာ။
အဲ . . . ေကာင္မေလးပိုင္ဆိုင္သမၽွ အားလုံး တို႔လက္ထဲေရာက္ၿပီဆိုရင္ ဒီငရွုပ္မေလးမကို ျပသနာရွာၿပီး ကန္ထုတ္လိုက္႐ုံေပါ့။ ဂ်င္မီကေတာ့ လိမၼာရင္လိမၼာသလို တို႔နဲ႔ ဆက္လက္တြဲသြားလို႔ရမယ္။ မလိမၼာရင္ေတာ့ အျပတ္ရွင္းရင္ေတာင္ရတဲ့ အေနအထား။ ေဆးသုံးရင္း ေဆးလြန္လို႔ ေလၽွာသြားတယ္ဆို ဘယ္သူမွ သံသယျဖစ္စရာ မရွိဘူးေလ။ ကိစၥေတြအားလုံး ျပတ္သြားရင္ေတာ့ တနယ္တေက်းမွာ သူေဌးလုပ္ေန႐ုံပဲ။ ဟား ဟား ဟား ပိုင္လိုက္တဲ့ ျဖစ္ျခင္းးး . . . . ”
ေဒၚက်င္ေမ အေတြးေကာင္းေနတုန္း အိမ္ေရွ႕ က ကားစက္သတ္သံၾကားရၿပီး ခဏေနေတာ့ သမီးရွယ္လီနဲ႔အတူ ဧည့္သည္သူေဌးေလး အိမ္ထဲကို ဝင္လာၾကတယ္။
” သမီးတို႔ျပန္လာၾကၿပီ။ ေမာင္လူခန႔္ကို ကမၻာလုံးဘုရားတို႔ ဗိုလ္ဘုရားတို႔ စုံေအာင္လိုက္ပို႔ခဲ့ရဲ့လား ”
ေဒၚက်င္ေမက ထိုင္ရာကထၿပီး ေမးလိုက္ေတာ့
” ဟုတ္ကဲ့ ေမေမ။ အားလုံးစုံခဲ့တယ္။ အျပန္ ကန္ေက်ာင္းဘုရားေတာင္ ဝင္ဖူးခဲ့ေသး ”
သမီးျဖစ္သူက တက္ႂကြလန္းဆန္းစြာ ျပန္လည္ ေျဖၾကားလိုက္တယ္။ ေဒၚက်င္ေမက ဧည့္သည္ဘက္ကို လွည့္ၿပီး . . .
” ဘယ္လိုလဲ ေမာင္လူခန႔္။ မင္းညီမနဲ႔ လည္ရတာ အဆင္ေျပရဲ့လား။ လမ္းမွာ သူမင္းကို ဂ်ီၾကတာတို႔ ၾဆာႀကီးလုပ္တာတို႔ေတာ့ မလုပ္ေလာက္ပါဘူးေနာ္ ”
” ဟုတ္ကဲ့. . . အားလုံးအဆင္ေျပပါတယ္ အန္တီ။ ညီမေလးရွယ္လီက ေနရာစုံလိုက္ပို႔ၿပီး ကၽြန္ေတာ္ မသိတာေတြလည္း ရွင္းျပတယ္ ”
” ေအးကြယ္. . . ဒါဆိုလည္း ခဏတျဖဳတ္ အခန္းမွာ သြားနားခ်င္နားခ်ည့္ေလ။ ထမင္းပြဲ ျပင္ၿပီးသြားရင္ မင္းညီမကို အေခၚခိုင္းလိုက္မယ္။ ”
” ဟုတ္ကဲ့ပါ အန္တီ . .။ အန္တီတို႔လည္း ကၽြန္ေတာ့္အတြက္ အလုပ္ေတြရွုပ္ကုန္ၿပီေနာ္ . . .။ အားနာစရာေတြေတာ့ ျဖစ္ကုန္ၿပီ ”
” အားမနာရပါဘူးကြယ္။ ငါ့တူလို ဧည့္ေကာင္းေဆာင္ေကာင္း သူေဌးေလးကို ျဖစ္သလိုထားရလို႔ အန္တီတို႔ကသာ မင္းကို အားနာရမွာ . .။ ကဲ ကဲ . . မင္းလည္း ပင္ပန္းေကာေပါ့။ သြားနားခ်ည့္ေတာ့။ အန္တီ မင္းအတြက္ ထမင္းဝိုင္း ျပင္လိုက္ဦးမယ္ ”
” ဟုတ္ကဲ့ အန္တီ ”
ဧည့္သည္လည္း သူ႔အခန္းထဲဝင္သြားေကာ ေဒၚက်င္ေမလည္း ထမင္းဝိုင္းျပင္ဖို႔ ထမင္းစားခန္းကို ထြက္ခဲ့ပါေတာ့တယ္။
” ေဟ့ . . .မိဆူး ေရ. . . . မိဆူးး . . . ”
” ရွင္ . . .လာပါၿပီ အန္တီေမ ”
” ေအးး ရွင္ . . . ေနာက္မွထား။ လူအရင္ ဒီကိုလာခဲ့။ ဧည့္သည္အတြက္ ငါကိုယ္တိုင္ ထမင္းဝိုင္းျပင္ေပးမလို႔ ။ ငါ့ကို လာကူစမ္း . .
” ဟုတ္ကဲ့ အန္တီေမ ”.
လူခန႔္ ေဒၚက်င္ေမတို႔အိမ္မွာ ဧည့္သည္ေတာ္ႀကီး လုပ္ေနတာ ႏွစ္ရက္ရွိၿပီေလ။ ဒီမိန္းမႀကီးကို ဝင္ေရာရတာက မခက္ပါဘူး။ ဖူဆယ္ေဘာလုံးကြင္းေထာင္ၿပီး အဆင္ေျပေနၾကတဲ့ အင္းမၿမိဳ႕ ခံဦးေသာင္းေငြတို႔ အိမ္မွာ ခဏတည္း . . . လယ္ယာလုပ္ငန္း စိတ္ဝင္စားလို႔ လယ္ေလးဘာေလး ဝယ္ခ်င္တယ္လို႔ သတင့္လႊင့္ . . . ဒါပဲေလ။
က်န္တာကေတာ့ ၿမိဳ႕ေလးကေသး . . . ဦးေသာင္းေငြရဲ့ မိန္းမ မသက္ထားက အႂကြားကသန္ ။ လူခန႔္ရဲ့ ေက်းဇူးေတြကလည္း ရွိထားျပန္ဆိုေတာ့ သူမက. . . . အိမ္မွာ ၿမိဳ႕ကသူေဌးေလး ေရာက္ေနတယ္ . . . ဒီနယ္တေၾကာမွာ မသိသူမရွိတဲ့ ” ၿမိဳ႕စားႀကီး ” စားေသာက္ဆိုင္ႀကီးရဲ့ ပိုင္ရွင္ေလ . . . ေကာင္ေလးက လူသာငယ္တာ ေအာက္သက္က အေတာ္ေၾကတယ္ . . . သူ႔ရဲ့ ဆိုင္က နာမည္ႀကီး ဟင္းလ်ာေတြမွန္သမၽွ သူတီထြင္ထားတဲ့ ပညာေတြခ်ည္းပဲ . . . အဲ့ဒီေလာက္ေတာင္ ေအာင္ျမင္ေနတဲ့ စားေသာက္ဆိုင္ႀကီးေကာ ကုန္တင္ကားေတြပါ ပိုင္ေနတာေတာင္ အခုထက္ထိ စားဖိုေဆာင္ဝင္ၿပီး တခါတေလ ေၾကာ္တုန္းေလွာ္တုန္းရယ္ . . . စီးပြားေရး အကြက္အကြင္းကလည္း ျမင္ပ . . . လယ္ယာလုပ္ငန္းကို စိတ္ဝင္စားလို႔ဆိုၿပီး ဒီမွာ လာေလ့လာေနတာသာၾကည့္. . . . စသျဖင့္ လူခန႔္ရဲ့ ေကာင္းေၾကာင္းေတြကို ဟုတ္တာေတြေကာ မဟုတ္တာေတြပါ ေစတနာပိုပိုသာသာနဲ႔ တစ္အိမ္တက္ တစ္အိမ္ဆင္း လိုက္ေျပာတာေပါ့။
ဒီသတင္းကို ေဒၚက်င္ေမလည္းၾကားေကာ သူ႔သမီးေခၚၿပီး. . . လူခန႔္ဆီကို တခါတည္း ေပါက္ခ်လာပါေလေကာ။ ေဒၚက်င္ေမက အသက္ ၄၅ ႏွစ္ေလာက္ရွိၿပီး သူသမီးရွယ္လီကေတာ့ ၂၅ ႏွစ္ေလာက္ပဲ ရွိလိမ္ဦးမယ္။ မေအေကာ သမီးပါ ကိုယ္ခႏၶာႀကံ့ခိုင္ဖြံ့ၿဖိဳးၿပီး ျဖဴျဖဴေဖြးေဖြး ျပည့္ျပည့္တင္းတင္းေတြ။ မ်က္ႏွာေတြက ခပ္ဝိုင္းဝိုင္းနဲ႔ ၾကည့္ေပ်ာ္ရွုေပ်ာ္ေတြပါ။ ဒါေပမယ့္ တ႐ုတ္မေတြပီပီ မ်က္လုံးေပါက္ ခပ္ေမွးေမွးေတြေပါ့။ သမီးျဖစ္တဲ့ ရွယ္လီကေတာ့ အဖြားႀကီးထက္စာရင္ အနည္းငယ္ မ်က္လုံးေပါက္ ပိုက်ယ္သေယာင္ရွိၿပီး ႏွာတံပိုခၽြန္တယ္ေလ။ ေဒၚက်င္ေမက လူခန႔္ကို ေတြ႕တာနဲ႔ . . .
”စားေသာက္ဆိုင္ လုပ္ငန္းတူခ်င္းမို႔ မိတ္လာဖြဲ႕တာပါ။ ဒီလို နာမည္ႀကီး စားေသာက္ဆိုင္ႀကီးရဲ့ ပိုင္ရွင္သူေဌးနဲ႔ေတြ႕ရတာ အရမ္းကို ဝမ္းသာဂုဏ္ယူပါတယ္။ ေမာင္လူခန႔္ရဲ့ အခ်ိဳ႕ ပညာေလးေတြလည္း အန္တီေမတို႔ကို ေဝမၽွေပးလွည့္ပါဦး။ မျပန္ခင္ အန္တီေမတို႔အိမ္မွာ လာၿပီး တည္းခိုဖို႔ကိုလည္း ဖိတ္ေခၚပါရေစ ”
စတဲ့ အလာဘသာလာဘေတြ လာေျပာၿပီး အတင္းဝင္ေရာေတာ့တာ။ အမွန္တကယ္က ဆူးေလးရဲ့ ပိုင္ဆိုင္မွုေတြကို သူတို႔ လက္ဝါးႀကီးအုပ္ၿပီးသြားရင္ လယ္ေတြ အျမန္ဆုံး ျပန္ေရာင္းထုတ္နိုင္ဖို႔ ဝယ္လက္သူေဌးတစ္ေယာက္ လိုခ်င္ေနတာ လူခန႔္က သိၿပီးသား။ ဒါ့အျပင္ အဖြားႀကီးက လူခန႔္ကို ေတြ႕ သြားတဲ့အခါ သူ႔သမီးနဲ႔ပါ ဇာတ္လမ္းျဖစ္ေစခ်င္ေနပုံ ရျပန္တယ္။ လူခန႔္ကေတာ့ သိပ္ေကာင္းတဲ့ အခြင့္အေရးေတြရေနၿပီလို႔ ေတြးမိၿပီး ေနာက္ေန႔မွာပဲ ေဒၚက်င္ေမတို႔အိမ္ကို ေျပာင္းေနလိုက္ေတာ့တာေပါ့။
ေဒၚက်င္ေမ့အိမ္ကို ေရာက္ကတည္းက လူခန႔္ ဆူးဆိုတဲ့ ေကာင္မေလးကို အကဲခတ္ေနတာ။ ေကာင္မေလးက ျဖဴျဖဴေသးေသး ျပည့္ျပည့္တင္းတင္း ခ်စ္စရာေလး။ ဆံပင္တိုေလးနဲ႔ မ်က္ႏွာကေလးက ဝိုင္းလို႔။ တ႐ုတ္စပ္ဆိုေပမယ့္ မ်က္လုံးလည္း ဒီေလာက္ႀကီး မေမွးသလို ႏွာတံေလးကလည္း ခၽြန္ေနတာ။ ဘုရားစူး တ႐ုတ္မေလးလို႔ ေျပာရမွာပဲ။
တစ္ခုရွိတာက သူကေလးရဲ့ မ်က္ႏွာေကာ အဝတ္အစားေတြပါ ညႇိုးညႇိုးႏြမ္းႏြမ္းေလး။ ၿပီးေတာ့ အိမ္သန႔္ရွင္းေရးကစၿပီး အဝတ္ေလၽွာ္ မီးပူတိုက္အထိ ေအာက္ေျခသိမ္း အကုန္လုပ္ေပးရဟန္တူတယ္။ လူခန႔္ေရာက္တာ သိပ္မၾကာေသးေပမယ့္ ” မိဆူးေရ . . .မိဆူးေရ . . .” ဆိုၿပီး ေဒၚက်င္ေမ ေခၚခိုင္းေနတဲ့အသံ မၾကာခဏ ၾကားေနရတယ္။ လူခန႔္တို႔ ထမင္းစားေတာ့လည္း အႏွီမိန္းမေခ်ာေလးက အနားမွာ ရပ္ခပ္ေပးလၽွက္။
သနားစရာ မိန္းမေခ်ာေလးကို ဘယ္လို ကယ္ထုတ္ရမလဲဆိုတာ လူခန႔္က ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ႀကံစည္ေတြးေတာေနသလို . . . ေဒၚက်င္ေမကလည္း သူ႔သမီးရွယ္လီနဲ႔ လူခန႔္ကို အျပတ္ေလွာ္ေနေတာ့တာ။ လူခန႔္ အိမ္ကိုစေရာက္လာကတည္းက ရွယ္လီနဲ႔ ႏွစ္ေယာက္တည္း ဟိုလႊတ္ဒီလြတ္ ဟိုဟာလိုက္ျပခိုင္း ဒီဟာလိုက္ျပခိုင္းနဲ႔။ လူခန႔္က ခေရာင္းကားေလး ယူလာမိေတာ့ သူတို႔သားအမိရဲ့ စိတ္ႀကိဳက္ ရွယ္လီေခၚရာ လိုက္ၾကည့္ဖို႔ အေတာ္ကို အဆင္ေျပသြားတယ္ေလ။
တကယ္ေတာ့ ရွယ္လီက သိပ္ကို ညႇို႔အားျပင္းတဲ့ မိန္းမ အမ်ိဳးအစားထဲကပါ။ အသားအရည္ ႐ုပ္အဆင္း႐ူပကာ ကိုယ္ခႏၶာအရွိုက္အဖို အရစ္အဝိုက္ ဘာမွေျပာစရာမရွိဘူး။ ရာႏွုန္းျပည့္ မဟုတ္ရင္ေတာင္ အားလုံးက ဂုဏ္ထူးမွတ္ဝင္ၿပီးသား။ လူခန႔္ကိုလည္း အေတာ္ကို ခင္ခင္မင္မင္ ေဖာ္ေဖာ္ေရြေရြနဲ႔ ေျပာဆိုဆက္ဆံတဲ့အျပင္ တစ္ခါတေလ အၾကည့္စူးစူးေတြနဲ႔ စိုက္ၾကည့္လို႔ ေနတတ္ေသးတယ္။ လူခန႔္ေနရာမွာ အျခားေယာက္်ား တစ္ေယာက္သာဆို အရည္ေပ်ာ္သြားေလာက္ၿပီ။ လူခန႔္ကေတာ့ ေခါင္းထဲမွာ အခ်ိန္ျပည့္ ဆူးေလးရဲ့အေၾကာင္းပဲ ေတြးေနမိေတာ့တာ။ ရွယ္လီကိုလည္း အဆင္ေျပေအာင္ အလိုက္အထိုက္ ၾကည့္ၿပီး ဆက္ဆံထားရတာေပါ့။
အဖြားႀကီးနဲ႔ သူ႔သမီးရွယ္လီက လူခန္ကို အဲ့ဒီလိုေတြ သဲသဲလွုပ္ျဖစ္ေနေပမယ့္ သိပ္မေက်နပ္တဲ့သူလည္း ရွိျပန္တယ္။ သူကေတာ့ ဂ်င္မီ ေလ။ ဂ်င္မီဆိုတဲ့ အရပ္ရွည္ရွည္ ကုတ္ေခ်ာင္းေခ်ာင္း ငနဲသားက အိမ္လည္းမကပ္သလို အိမ္ျပန္လာျပန္ရင္လည္း လူခန႔္ကို ရွူသိုးသိုးနဲ႔ ၾကည့္ေနတတ္တာ။ အဲ့ဒါေၾကာင့္ သင္းကိုလည္း အႏၲရာယ္ေကာင္ စာရင္းထဲမွာ လူခန႔္ ထည့္ထားလိုက္ေတာ့တယ္။ ဆူးေလးကို ဆြဲထုတ္ဖို႔ဆိုရင္ အရင္ဆုံး ဆူးေလးနဲ႔ ႏွစ္ေယာက္ခ် င္း ေတြ႕ဖို႔ လိုအပ္တယ္ေလ။ ဒါေၾကာင့္ လူခန႔္လည္း ထမင္းစားေသာက္ အဖြားႀကီးသားအမိနဲ႔ စကားစၿမီ ခဏတျဖဳတ္ေျပာၿပီး ကိုယ့္အခန္းထဲ ကိုယ္ျပန္ဝင္လို႔ အေျခအေနကို ေစာင့္ၾကည့္ေနလိုက္ေတာ့တယ္။
လူခန႔္ အိပ္ခန္းထဲဝင္လာကတည္းက အဖြားႀကီးသားအမိ အိမ္ေရွ႕ထမင္းဆိုင္ကို ျပန္ထြက္သြားၾကၿပီေလ။ အခုအခ်ိန္က လူနည္းနည္းက်တဲ့ အခ်ိန္ဆိုေတာ့ ဆူးေလးလည္း အဲ့ဒီမွာပဲ ရွိေနေလာက္တယ္။ ဂ်င္မီကေတာ့ ၿမိဳ႕ထဲပဲ ေလၽွာက္လည္ေနသလား ဆိုင္ထဲမွာပဲလား မေျပာတတ္။ ဒီေလာက္ အေရာင္းရႀကီးမဟုတ္ေတာ့ အဖြားႀကီးက ဆိုင္လုပ္သား သုံးေယာက္ပဲ ေခၚထားတယ္။ အဲ့ဒီ သုံးေယာက္ကလည္း ဆိုင္ထဲမွာပဲအလုပ္လုပ္ ဆိုင္ထဲမွာပဲေန ညအိပ္ေတာ့လည္း ဆိုင္ထဲမွာပဲ အိပ္ၾကတာ။ ကိစၥႀကီးငယ္မရွိဘဲ ေနာက္ေဖးအိမ္ဘက္ကို လာေလ့မရွိၾကဘူး။ အခုအေနအထားအရ ေနာက္ေဖးတစ္အိမ္လုံးမွာ ဧည့္သည္ျဖစ္တဲ့ လူခန႔္တစ္ေယာက္တည္း။ ဒါေၾကာင့္ လူခန႔္လည္း
”ဒီလို အခြင့္အေရးမ်ိဳးကို လက္လြတ္ခံလို႔ဘယ္ျဖစ္မလဲ။ ငါတစ္ေဟာက္တည္းရွိတုန္း တစ္အိမ္လုံးအႏွံ့ လိုက္စပ္စုရမယ္ ”
ဟု ေတြးမိၿပီး အခန္းအျပင္ကို ျပန္ထြက္ခဲ့ပါေတာ့တယ္။ လူခန႔္ အခန္းတံခါးကို ေသခ်ာျပန္ပိတ္ၿပီး အိမ္ထဲမွာ ဟိုဟိုဒီဒီ စူးစမ္းၾကည့္လိုက္တယ္။ အိမ္က အုတ္ပတ္ကား ႏွစ္ထပ္အိမ္ျဖစ္ေပမယ့္ ေတာေနေတာထိုင္ ပုံစံအတိုင္း အခန္းေတြက ေသေသခ်ာခ်ာ ကာရံထားတာမ်ိဳး မရွိသလို ဖြဲ႕စည္းပုံလည္း သိပ္မၾကဘူး။ လူခန႔္ကို အခုထားထားတဲ့ အခန္းတစ္ခုသာ လုံလုံျခဳံျခဳံ တံခါးနဲ႔ဘာနဲ႔။ က်န္တဲ့ အခန္းေတြကေတာ့ အခန္းဆိုတာထက္ အကန႔္ေတြလို႔ေျပာရင္ ပိုမွန္မယ္။
လူခန႔္ အခန္းနဲ႔ကပ္လၽွက္မွာ အခန္းတစ္ခန္း ကန႔္ထားၿပီး အဝကို ကန႔္လန႔္ကာ တစ္ထည္နဲ႔ ကာထားတယ္။ ကန႔္လန႔္ကာကို လွပ္ၾကည့္လိုက္ေတာ့ အခန္းထဲက အသုံးအေဆာင္ ပစၥည္းေတြကို ျမင္ရတာနဲ႔ ေဒၚက်င္ေမရဲ့အခန္းျဖစ္မွန္း လူခန႔္ တန္းသိလိုက္တာေပါ့။ ေဒၚက်င္ေမ့အခန္းရဲ့ေရွ႕ မ်က္ႏွာခ် င္းဆိုင္မွာလည္း အခန္းတစ္ခန္းေတြ႕ရလို႔ ကန႔္လန႔္ကာ လွပ္ၾကည့္လိုက္ျပန္ေတာ့. . . ဒါက ဂ်င္မီ့အခန္း ျဖစ္ဖို႔မ်ားတယ္လို႔ လူခန႔္ သုံးသပ္မိျပန္တယ္။
အဲ့ဒီအခန္းေတြရဲ့ ေရွ႕ကေန ျဖတ္လာမိေတာ့ ဧည့္ခန္းကို ေရာက္သြားေတာ့တယ္။ ဧည့္ခန္းကေန အိမ္ေနာက္ေဖးကို ဝင္သြားတဲ့ ေလၽွာက္လမ္းေလးတစ္ခုရွိၿပီး ေလၽွာက္လမ္းဝရဲ့ ဘယ္ဘက္ျခမ္းမွာ အိမ္အေပၚထပ္ကိုတက္တဲ့ ေလွကား။ ေနာက္ေဖး ေလၽွာက္လမ္းအဆုံးမွာေတာ့ ေရခ်ိဳးခန္း အိမ္သာနဲ႔ အဆုံးသတ္သြားတာ။ ေလၽွာက္လမ္းရဲ့ ဘယ္ဘက္မွာက ထမင္းစားခန္းနဲ႔ မီးဖိုေခ်ာင္ျဖစ္ၿပီး ညာဘက္မွာ တံခါးပိတ္ထားတဲ့ အခန္းတစ္ခန္း ေတြ႕ရျပန္တယ္။ လူခန႔္ အခန္းတံခါးကို အသာတြန္းၾကည့္လိုက္ေတာ့ တြန္းလို႔ရတာနဲ႔ပဲ လက္စနဲ႔ အခန္းထဲကိုပါ တခါတည္း ေလ့လာၾကည့္လိုက္မိတယ္။
” အဖြားႀကီးရဲ့ သမီးပ်ိဳ . . . . ရွယ္လီ့ရဲ့ အခန္းပဲျဖစ္ရမယ္။ အေတာ္လုံလုံျခဳံျခဳံနဲ႔ သားသားနားနား။ အဲကြန္းေတာင္ တပ္ထားလိုက္ေသး။ အင္းးး . . . ဒါဆို ဆူးေလးရဲ့ အခန္းက အေပၚထပ္မွာျမန္းလား။ ၿပီးေတာ့ . . . အေပၚထပ္တစ္ခုလုံးကို အလြတ္ထားၿပီး ဘာလို႔မ်ား ဒီအိမ္သားေတြ အိမ္ေအာက္မွာခ်ည္း အိပ္ၾကတယ္မသိဘူး ”
အခန္းတံခါးကို ျပန္ေစ့ရင္း လူခန႔္ တစ္ကိုယ္တည္း ေတြးေတာမိလိုက္ျပန္တယ္။ အဲ့ဒီေနာက္ေတာ့ လူခန္းလည္း အိမ္ေရွ႕ ဧည့္ခန္းဘက္ကို ျပန္ထြက္ခဲ့ၿပီး ေလွခါးကေန အေပၚထပ္ကို တက္ခဲ့ပါေတာ့တယ္။ အေပၚထပ္ကိုေရာက္ေတာ့မွ ေဒၚၾကင္ေမတို႔ အေပၚထပ္မွာ ဘာလို႔မအိပ္ၾကသလဲဆိုတာ လူခန႔္ သေဘာေပါက္သြားေတာ့တယ္။ အိမ္ေခါင္မိုးသြပ္နဲ႔ ေအာက္ၾကမ္းခင္းနဲ႔က အရမ္းကပ္ေနတယ္ေလ။ မ်က္ႏွာခ်က္လည္းမရွိေတာ့ ပူစရာရွိလႊတ္ပူ ေအးစရာရွိ လႊတ္ေအးေပါ့။ အေနာက္ဘက္ ခပ္က်က်ေနရာမွာ သုံးထပ္သားေတြနဲ႔ကန႔္ၿပီး ကာထားတဲ့ အခန္းဖြဲ႕ တစ္ခုကလြဲရင္ က်န္တာက အေပၚထပ္တစ္ခုလုံး ေဟာခန္းႀကီးအတိုင္း။
အခန္းကာထားတဲ့ သုံးထပ္သားျပားေတြက အေပၚပိုင္း လြတ္ေနတာေၾကာင့္ အခန္းေလးထဲက လၽွံထြက္လာတဲ့ မီးေရာင္ကို လူခန႔္ျမင္ေနရတယ္။ အဲ့ဒီမီးေရာင္နဲ႔ပဲ အေပၚထပ္တစ္ခုလုံးကို လူခန႔္ အခုလို စပ္စုခြင့္ရေနတာေလ။ လူခန႔္ အခန္းနားကို တိုးကပ္လာေတာ့ အခန္းထဲက အမ်ိဳးသမီးတစ္ေယာက္ရဲ့ သီခ်င္းၿငီးသံကို ၾကားလာရတယ္။
” ဒီ အသံက ဆူးေလးရဲ့ အသံပဲ။ ဒီအခန္းက ဆူးေလးရဲ့ အခန္းျဖစ္ရမယ္။ ဒါနဲ႔ . . . ဒီေကာင္မေလးက အေရွ႕ထမင္းဆိုင္ကို သြားမကူရဘူးလား။ အို . . . ဘယ္လိုပဲျဖစ္ျဖစ္ ငါ့အတြက္ေတာ့ အဆင္ေျပၿပီ ။ အခုပဲ . . . သူ႔ကို ႏွစ္ေယာက္ခ်င္း ဝင္ေတြ႕ၿပီး အက်ိဳးအေၾကာင္း ရွင္းျပရမယ္။ ဒါမွ ေရွ႕ဆက္ အစီအစဥ္ ဘယ္လိုဆြဲမယ္ဆိုတာ တိုင္ပင္လို႔ရမွာ . . .”
လူခန႔္လည္း သီးခ်င္းသံကို နားေထာင္ရင္း စိတ္အားတက္ႂကြလာၿပီး အခန္းဆီသို႔ ခပ္သြက္သြက္ ေလၽွာက္လွမ္းခဲ့ေတာ့တယ္။ စိတ္ေလာႀကီးေနတာေၾကာင့္ အခန္းေရွ႕သို႔ေရာက္တဲ့အခါ လူခန႔္ဟာ ပိတ္ထားတဲ့ အခန္းတံခါးကို မေခါက္မိဘဲ တစ္ခါတည္း တြန္းဝင္မိလိုက္ေတာ့တာေပါ့။
ေတြ႕ လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ လူခန႔္ ပါးစပ္က” ဟိုက္ . . .” ခနဲ အသံ တစ္ခ်က္ထြက္သြားၿပီး ဘာဆက္လုပ္လို႔ လုပ္ရမွန္းမသိေတာ့ဘဲ ေၾကာင္ၾကည့္ေနမိေတာ့တယ္။ အခန္းထဲမွာ ” အို . . .” ဆိုတဲ့အသံေလးျပဳလၽွက္ ျဖဴေဖြးဝိုင္းဆက္တဲ့ သူမရဲ့ ရင္သားအစုံကို လက္ကေလးတစ္ဖက္နဲ႔ မလုံတစ္လုံေလး ကာထားၿပီး အျခားလက္ကေလးတစ္ဘက္က သူမရဲ့ ျပည့္တင္းသြယ္လွတဲ့ ေပါင္ေလးႏွစ္ခုရဲ့ ၾကားေနရာကိုအုပ္ကာ ကိုယ္ကိုလည္း ခပ္ယို႔ယို႔ ခပ္ေကြးေကြးေလး လုပ္ထားတဲ့ ဆူးစူးႏွင္းဆီ။
” လွလိုက္တာ ကေလးရယ္။ ျဖဴေဖြးဝင္းပၿပီး ထိရက္စရာမရွိပါလား။ ၾကည့္စမ္းပါဦး ရင္သားေလးေတြ ျပည့္ျပည့္တင္းတင္း ဗွိုက္သားျပင္ေျပေျပေလးနဲ႔ တင္ေလးကလည္း ဝိုင္းဝိုင္းေလး ကားတက္ေနတာ။ လူေကာင္ေလးသာေသးတာ. . . ခႏၶာကိုယ္ အဆစ္အေပါက္ကေတာ့ ျမင္သူ႐ူးေလာက္ပါဘိကြယ္။ ဒါတင္ဘယ္ကဦးမလဲ။ အရွက္သည္းေနတဲ့ မ်က္ႏွာလွလွကေလးက နီရဲေနလိုက္တာ . . . ရွက္ရွက္နဲ႔ ႏွုတ္ခမ္းပါးပါးေလးကို ကိုက္ထားတာမ်ား အခုခ်က္ျခင္းေတာင္ ေျပးနမ္းလိုက္ခ်င္ရဲ့ ”
မ်က္စိတစ္မွိတ္ လၽွပ္တျပတ္အတြင္းမွာပဲ လူခန႔္ရဲ့ စိတ္ထဲမွာ အေတြးေတြ ေရာက္ယက္ခတ္သြားၿပီး သတိကို အနိုင္နိုင္ျပန္ထိန္းကာ ကုတင္ေဘာင္ေပၚမွာ တင္ထားတဲ့ တဘက္ပြႀကီးတစ္ထည္ကို အလ်င္အျမန္ေကာက္ယူလို႔ . . .
” ေရာ့ ေရာ့ ညီမေလး ဒါ ခဏပတ္ထားလိုက္ ”
ဆိုၿပီး ဆူးေလးထံသို႔ ကျပာကယီ ေပးလိုက္ရေတာ့တယ္။ ထိုအခါမွ အံ့ၾသမွင္သက္ၿပီး လူခန႔္ကို ေၾကာင္ၾကည့္ေနတဲ့ ဆူးေလးလည္း သတိျပန္ဝင္လာလို႔ လူခန႔္ေပးတဲ့ တဘက္ႀကီးကို ရွက္ကိုးရွက္ကန္းနဲ႔ယူလို႔ ကိုယ္မွာ ခပ္သုတ္သုတ္ ပတ္လိုက္ေတာ့တာေပါ့။ ထို႔ေနာက္ ႏွစ္ေယာက္သား ေခါင္းေတြကိုယ္စီငုံ႔ၿပီး အေတာ္ၾကာေအာင္ အသံတိတ္ေနမိၾကျပန္တယ္။ ခဏေနမွ အိမ္ရွင္ျဖစ္တဲ့ ဆူးေလးက အသံတိုးတိုး ကတုန္ကယီေလးနဲ႔ စကားစလာတယ္။
” ဆူးေလးက တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ဆိုၿပီး အဝတ္အစားေတြ အားလုံးခၽြတ္ခ်လို႔ ညအိပ္အဝတ္ေလးေတြ လဲဖို႔လုပ္ေနတာ။ တံခါးကို ဂ်က္မထိုးမိလိုက္ဘူး။ အခုေတာ့ ရွက္လိုက္တာရွင္ . . .”
ထိုအခါမွ လူခန႔္လည္း ဆူးေလးကို စကားေျပာဖို႔ ျပန္ရဲသြားၿပီး ျဖစ္ပ်က္သမၽွ ကို ရွင္းျပေတာင္းပန္ဖို႔ ႀကိဳးစားရေတာ့တာေပါ့။
” ကိုယ္လည္း ေတာင္းပန္ပါတယ္ ဆူးေလးရယ္ . . .။ အမွန္ဆို ကိုယ္က တံခါးေလးဘာေလး ေခါက္ရမွာ။ ဒါေပမယ့္ ကိုယ့္မွာလည္း ညီမကို လြတ္လြတ္လပ္လပ္ ႏွစ္ေယာက္တည္း ေတြ႕ခ်င္ေနတဲ့ ကိစၥကရွိတာမို႔ အခန္းအျပင္ကေန ညီမရဲ့ သီခ်င္းဆိုသံကို ၾကားရေတာ့ အခုလို အေလာတႀကီး ဝင္လာမိလိုက္တာပါ။ တကယ္ေတာ့ ကိုယ္က ဦးတိတ္ေရွာင္ . . .”
လူခန႔္ရဲ့စကားက ထိုေနရာအထိပဲ ေရာက္ေသးတယ္ ဆူးေလးက လက္ကာျပၿပီး
” ဆူး သိတယ္ အစ္ကို။ အစ္ကိုက ပါပါးရဲ့ မိတ္ေဆြတစ္ေယာက္ မဟုတ္လား။ အခု ဆူးကို ဒီကေန ကယ္ထုတ္ဖို႔ ဒီအိမ္ကိုေရာက္လာတာ။ ပါပါးက ဆူးနဲ႔လာေတြ႕တိုင္း အစ္ကို႔ရဲ့အေၾကာင္းကို အျမဲေျပာျပေလ့ရွိတယ္။ အဲ့ဒီကတည္းက ဆူးက အစ္ကို႔ကို ပါပါးစကားထဲကတင္ပဲ အေတာ္ကို ရင္းႏွီးေနခဲ့တာ။ ေနာက္ဆုံးတစ္ေခါက္ ပါပါး ဆူးကိုလာေတြ႕ေတာ့ . . . သမီးကို ပါပါးမိတ္ေဆြ ေမာင္လူခန႔္ လာကယ္လိမ့္မယ္။ ဒီလူယုတ္မာေတြလက္ထဲက လြတ္ေျမာက္ၿပီး သမီးရသင့္ရထိုက္တဲ့ အေမြအႏွစ္ေတြကို ျပန္ရရွိဖို႔ သူကပဲ အစစအရာရာ အကူအညီေပးမွာ။ ပါပါးကေတာ့ သြားရေတာ့မယ္။ ေနာက္ပိုင္း ကိစၥေတြအားလုံးကို ေမာင္လူခန႔္နဲ႔ပဲ လက္တြဲၿပီး ေဆာင္ရြက္သြားပါလို႔ မွာသြားတယ္။ အဲ့ဒီကတည္းက ဆူးလည္း အစ္ကို႔ကို ေစာင့္ေမၽွာ္ေနခဲ့တာပဲ။ ”
ဟု လူခန႔္ကို သူမ သိကၽြမ္းထားၿပီးျဖစ္ေၾကာင္း ရွင္းျပေလတယ္။ လူခန႔္လည္း ဆူးေလး အနည္းငယ္ အရွက္ေျပသြားပုံေပၚတာနဲ႔
” ေၾသာ္ .. . ခုဏက ဆူးေျပာေတာ့ အကၤ်ီလဲမလို႔ဆို။ လဲေလ. . .။ ကိုယ္အျပင္မွာ ထြက္ေစာင့္ေနမယ္ ”
လို႔ေျပာလိုက္ေတာ့ ဆူးေလးက
” ေနပါေစေတာ့ အစ္ကိုရယ္။ အခုမွေတာ့ မထူးေတာ့ပါဘူး။ အစ္ကို အျပင္ထြက္ေစာင့္လို႔ တစ္ေယာက္ေယာက္ ျမင္သြားရင္ ဒုကၡပဲမဟုတ္လား။ ဆူးဘာသာဆူး အဆင္ေျပေအာင္ ၾကည့္လဲလိုက္ပါ့မယ္ ”
ဟုဆိုကာ သူမရဲ့ကိုယ္ကို တံဘက္ကေလးနဲ႔ ျဖန႔္ကြယ္ၿပီး ညအိပ္အဝတ္အစားမ်ား လဲလွယ္ေနပါေတာ့တယ္။ ဆူးေလး အဝတ္လည္းေနတုန္း လူခန႔္က သိခ်င္တာေတြကို ေမးျမန္းစပ္စုျပန္ေတာ့ သူမကလည္း အဝတ္လဲရင္းႏွင့္ပင္ ျပန္လည္ေျဖၾကားရွာတယ္။
” ေနပါဦး ဆူးေလးရဲ့ ။ ညီမ ဒီလိုတစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ေနေနတုန္း ဂ်င္မီေရာက္လာမွာ မစိုးရိမ္ဘူးလား ”
” စိုးရိမ္စရာေတာ့ ေကာင္းတာေပါ့ အစ္ကိုရယ္. . .။ အရင္ေန႔ေတြကေတာ့ ဆူးက တံခါးပိတ္ၿပီး ဂ်က္ခ်ျဖစ္တယ္။ ဒီေန႔ၾကမွ ဂ်က္ခ်ဖို႔ေမ့သြားတာ။ ဒါေပမယ့္ တစ္ခုရွိတာက အန္တီေမ့ကို မလြန္ဆန္နိုင္လို႔သာ သူ႔ရဲ့စိတ္ႀကိဳက္ လိုက္လုပ္ေပးရင္ေပးရမွာ။ တကယ္ေတာ့ ကိုဂ်င္မီက ဆူးကို သိပ္အာ႐ုံလာပုံ မေပၚဘူး။ သူတကယ္ ႏွစ္သက္တာက မမရွယ္လီေလ . . .”
” ဟုတ္ပါၿပီ. . .။ ဒါနဲ႔ ဆူးက အိမ္ေရွ႕ ဆိုင္ကိုေကာ လိုက္မကူရဘူးလား ”
” မကူရဘူး အစ္ကိုရဲ့ ။ ဒီအခ်ိန္က ဆူးရဲ့ ကိုယ္ပိုင္အခ်ိန္ေလ။ အန္တီေမတို႔က ဆူးကို လူျမင္သူျမင္ လူေရွ႕သူေရွ႕ သိပ္မထြက္ေစခ်င္ဘူး။ ရွင္းရွင္းေျပာရရင္ ဆူးကို လူေတာမတိုးေစခ်င္တာလည္း ပါသလို သူတို႔ဆူးကို ခိုင္းေစေနၾကတာကိုလည္း လူေတြသိမွာ မလိုလားၾကဘူး။ ဒါေၾကာင့္ ေနာက္ေဖးအိမ္က အဝတ္ေလၽွာ္ မီးပူတိုက္ အိမ္သန႔္ရွင္းေရး အိမ္သာေဆး စတဲ့ ဘာဟီယေတြအကုန္လုံး ဆူးကိုခိုင္းၾကေပမယ့္ အိမ္ေရွ႕ဆိုင္ကိုေတာ့ မလိုက္ခိုင္းဘူး။ အဲ့ဒီေတာ့ အဲ့ဒီအိမ္အလုပ္ေတြအားလုံး လုပ္ၿပီးသြားတဲ့ ဒီလိုအခ်ိန္မ်ိဳးဆို ဆူး အနားရၿပီ ”
ဆူးေလးကေတာ့ အဝတ္လဲရင္း ပုံမွန္ျဖစ္ရိုးျဖစ္စဥ္ တစ္ခုကို ေျပာျပသလို ေျပာေနေပမယ့္ လူခန႔္ရဲ့စိတ္ထဲမွာေတာ့ အေတာ္ကို စိတ္မေကာင္းျဖစ္မိတယ္။ အတကယ္ဆို သူေလးက လယ္ပိုင္ ယာပိုင္ အိမ္ပိုင္ ဆိုင္ပိုင္ ကားပိုင္နဲ႔ သူေဌးမေလးပဲ မဟုတ္လား။ အခုေတာ့ အိမ္အကူ လုပ္သားတစ္ေယာက္လို တစ္အိမ္လုံးမွာ ရွိသမၽွ အလုပ္ေတြအားလုံးကို သူကေလးတစ္ေယာက္တည္း သိမ္းၾကဳံးလုပ္ေနရရွာတယ္။
အဝတ္အစားလည္း လဲၿပီးသြားတဲ့အခါမွာ ဆူးေလးက လူခန႔္နားကိုလာထိုင္ၿပီး သူမရဲ့ဖခင္ ဦးတိတ္ေရွာင္ရဲ့ အေၾကာင္းကို ေမးျပန္တယ္။ သူမက ဦးတိတ္ေရွာင္နဲ႔ တစ္လမွ တစ္ခါပဲေတြ႕ ရတာ။ ေတြ႕ရေတာ့လည္း အခ်ိန္တိုတိုေလးရယ္။ လူခန႔္ကေတာ့ ေန႔စဥ္ေန႔တိုင္းလိုလို ေတြ႕ေနရေတာ့ သူမဖခင္ရဲ့ အေၾကာင္းေတြကို လူခန႔္သိသမၽွ ေျပာျပပါတဲ့ေလ. . .။
အဲ့ဒါနဲ႔ လူခန႔္လည္း ဦးတိတ္ေရွာင္နဲ႔ စေတြ႕ခဲ့ပုံကစၿပီး. . . . ေနာက္ဆုံး သူ႔ရဲ့သမီး ဆူးေလးကို ကယ္ေပးဖို႔ ဂိုေထာင္ေပၚမွာေတြ႕စဥ္ မိမိကို အကူအညီေတာင္းတဲ့ အေၾကာင္းအထိ ေျဖးေျဖးခ်င္း ျပန္ေျပာျပလိုက္ပါေတာ့တယ္။ လူခန႔္ ဆူးေလးနဲ႔ စကားေကာင္းေနတုန္း အိမ္ေအာက္ထပ္က လူသံေတြၾကားလာရလို႔ စကားေျပာတာကို ခဏရပ္လိုက္တယ္။ ဆူးေလးက ေလသံတိုးတိုးေလးနဲ႔
” သူတို႔ေတြ ဆိုင္သိမ္းၿပီး အိမ္ထဲဝင္လာၾကၿပီ . . .”
ဟုတ္တယ္. . . လူခန႔္ နာရီၾကည့္လိုက္ေတာ့ ည ၁၂ ေက်ာ္ေနၿပီ။ အဲ့ဒီအခ်ိန္မွာပဲ ေအာက္ထပ္က ေဒၚက်င္ေမရဲ့ အသံသဲ့သဲ့ကို ၾကားလိုက္ရျပန္တယ္။
” ဧည့္သည္နိုးသြားမယ္. . . စကားတိုတိုးေျပာၾက ”
ထိုအခါ ဆူးေလးက
” သူတို႔ အစ္ကို႔ကို အခန္းထဲမွာ အိပ္ေနတာလို႔ပဲ ထင္ေနၾကတာ။ ကိုဂ်င္မီလည္း လည္ရာပတ္ရာက ျပန္ေရာက္ေနၿပီ။ ခုဏက သူ႔အသံလည္း ဆူးၾကားလိုက္တယ္။ ေလာေလာဆယ္ေတာ့ အစ္ကို အခန္းကို ျပန္လို႔ရမွာ မဟုတ္ေသးဘူး။ ေနလက္စနဲ႔ေတာ့ မထူးပါဘူး အစ္ကိုရယ္. . .။ သူတို႔ အိပ္ယာဝင္သြားသည္အထိ ဆူးအခန္းမွာပဲေနၿပီး ေစာင့္လိုက္ေတာ့ေပါ့။ ၿပီးေတာ့ ဆူးလည္း အစ္ကို႔ကို ျပထားစရာေလးေတြ ရွိေသးတယ္။ ”
ဟု လူခန႔္ကို အႀကံေပးေလရာ . . . လူခန႔္လည္း အက်ိဳးအေၾကာင္း ေလၽွာ္ညီေနတာနဲ႔ပဲ ေခါင္းၿငိမ့္လိုက္ေတာ့တာေပါ့။ ေအာက္ထပ္က အသံေတြ တေျဖးေျဖး ျပန္တိတ္သြားၿပီး ဆယ့္ငါးမိနစ္ေလာက္ အၾကာမွာ ဆူးေလးက . . .
” ေျခသံကို အတတ္နိုင္ဆုံး ရြရြေလးနင္း အစ္ကို ”
ဟု လူခန႔္ကို သတိေပးလို႔ အခန္းအျပင္သို႔ ဦးေဆာင္ေခၚယူခဲ့ေတာ့တယ္။ အေပၚထပ္ အေရွ႕ပိုင္းတစ္ေနရာ အေရာက္မွာေတာ့ သူမက ရပ္တန႔္လိုက္ၿပီး ပုဆစ္တုတ္ထိုင္ခ်လၽွက္ ၾကမ္းခင္းကို လက္သည္းနဲ႔ ကုတ္လွပ္လိုက္ရာ ကြမ္းသီးစိပ္ေသးေသး တစ္စိပ္စာေလာက္ရွိတဲ့ ၾကမ္းေပါက္ကေလး တစ္ေပါက္ ေပၚလာပါေလေကာ။ အဲ့ဒီေနာက္ ဆူးေလးက လူခန႔္ကို လက္ယက္ၿပီး ေလသံတီးတိုးနဲ႔
” လာၾကည့္ အစ္ကို . . .”
လို႔ ေခၚလိုက္ျပန္တာေၾကာင့္ လူခန႔္လည္း အေပါက္ကေန အိမ္ေအာက္ထပ္ကို ေခ်ာင္းၾကည့္လိုက္မိပါေတာ့တယ္။ ၾကမ္းေပါက္ကေန ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ လူခန႔္ အေတာ္အံ့ၾသသြားတယ္။ လူခန႔္ျမင္ေနတာက ေဒၚက်င္ေမရဲ့ အခန္း။ သူမဟာ ကုတင္ေပၚမွာ ဒူးေထာင္ေပါင္ကားနဲ႔ ပက္လက္အိပ္ေနတယ္။ အေပၚပိုင္း ဗလာက်င္းေနၿပီး ရင္သားထြားထြား ဝိုင္းဝိုင္းေတြက ေဖြးေဖြးႀကီးေပၚလို႔။ ခႏၶာကိုယ္ ေအာက္ပိုင္းကို ေစာင္တစ္ထည္ျခဳံထားၿပီး သူမရဲ့ ေပါင္ႏွစ္ခုၾကားေနရာ ေစာင္ေအာက္က လွုပ္လွုပ္ အရာတစ္ခု။ အခန္းထဲမွာ ထြန္းထားတဲ့ ႏွစ္ေပဖန္ေခ်ာင္း မီးေရာင္က လူခန႔္ရဲ့ အျမင္အာ႐ုံကို ရွင္းရွင္းလင္းလင္း ျဖစ္ေစတယ္ေလ။ ေခါင္းကို ဘယ္ညာရမ္းလိုက္ အေပၚကိုေမာ့သြားလိုက္ လက္ေတြကလည္း အိပ္ယာခင္းကိုကုတ္လိုက္ ေခါင္းအုံးကို စုပ္လိုက္ ျဖစ္ေနတဲ့ ေဒၚက်င္ေမ့ကိုျမင္ရတာ ခံစားခ်က္ စူးစူးရွရွတစ္ခုကို ခံစားေနရသလိုပဲ။ ႏွုတ္ခမ္းကိုခၽြန္တလွည့္ သပ္တစ္ခါနဲ႔ အံကိုခဲၿပီး ခႏၶာကိုယ္ကလည္း ေကာ့လန္ေနေတာ့တာ။
လူခန႔္လည္း ဆက္ၾကည့္ေနရင္း ခဏၾကာလာေတာ့ ေဒၚက်င္ေမရဲ့ လွုပ္ရွား႐ုန္းႂကြမွုေတြဟာ အေတာ္ကိုျပင္းလာတယ္။ သူမရဲ့ လက္ေတြဟာ ေအာက္ပိုင္းေစာင္ျခဳံ ေပါင္းၾကားက လွုပ္ရွားေနတဲ့ အရာကို စြဲကိုင္ဖိကပ္လိုက္ အေပၚဘက္ကို ေရာက္သြားၿပီး ေခါင္းအုံးေတြ အိပ္ယာခင္းေတြကို ဆြဲလြဲကုတ္ျခစ္ တြန္းတိုက္ပစ္လိုက္ လုပ္ေနတာေၾကာင့္ သူမအုံးတဲ့ ေခါင္းအုံးလည္း ကုတင္ေအာက္ကို က်သြားေတာ့တယ္။
ေထာင္ထားတဲ့ ေပါင္တံႏွစ္ဖက္ကလည္း ဆန႔္သြားလိုက္ ျပန္ေထာင္လာလိုက္ ေဘးကိုကားသြားလိုက္ အတြင္းကိုျပန္စုလိုက္ ျဖစ္ေနတဲ့အျပင္ သူမရဲ့ ခႏၶာကိုယ္ ဖြင့္ဖြင့္ထြားထြားႀကီးကိုလည္း ေျဗာင္းဆန္ေအာင္ လူးပ်ံေနတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ေအာက္ပိုင္းမွာ ျခဳံထားတဲ့ ေစာင္ဟာ သူမရဲ့ ကိုယ္ေပၚက ကြာက်သြားပါေလေကာ။ ေစာင္ေအာက္က လွုပ္လွုပ္လွုပ္လွုပ္ ျဖစ္ေနတဲ့အရာလည္း ေပၚလာေတာ့တာေပါ့။
” ဟင္ . . .ဂ်င္မီ . . .”
လူခန႔္ စိတ္ထဲကေန တအံတၾသ ေရရြတ္လို႔ အႏွီေမြးစားသားမိရဲ့ အခ်စ္ဇာတ္လမ္းကို ဆက္မၾကည့္ခ်င္ေတာ့တာနဲ႔ အသံလုံေအာင္ ေျဖးေျဖးခ်င္း ထရပ္ၿပီး ဆူးေလးရဲ့အခန္းကို ျပန္ဖို႔ ျပင္လိုက္ေတာ့တယ္။ ထိုအခါ ဆူးေလးက လူခန႔္ကို ခဏေလးေနဦးဆိုတဲ့ ဟန္နဲ႔ လက္ကာျပလၽွက္ ၾကမ္းေပါက္ရွိရာကို အသာငုံ႔ၿပီး ေခ်ာင္းၾကည့္ျပန္တယ္။ အဲ့ဒီေနာက္ ျပန္ထလာကာ လူခန႔္ရဲ့ နားနားကို ကပ္လို႔
” အန္တီေမကို ကိုဂ်င္မီက နမ္းေပးေနတာဆိုေတာ သူတို႔ႏွစ္ေယာက္ ဒီည အလုပ္မျဖစ္ေလာက္ဘူး။ အစ္ကိုေတာ့ ကံေကာင္းၿပီ။ ခဏေနရင္ ဇာတ္လမ္းေနာက္တစ္ပုဒ္ ဆူး အစ္ကို႔ကိုထပ္ျပမယ္။ လာ . . .”
ဆိုၿပီး ခပ္တိုးတိုးေလးေျပာကာ သူမရဲ့ အခန္းရွိရာသို႔ ေရွ႕မွ ဦးေဆာင္၍ ထြက္ခြာသြားပါေတာ့တယ္။ ဆူးေလးရဲ့အခန္းကို ေရာက္တဲ့အခါ လူခန႔္က ကုတင္ေပၚမွာ ထိုင္ခ်လိုက္ၿပီး . . .
” ဂ်င္မီနဲ႔ ဘြားေတာ္က အဲ့လိုေတြလား။ ကိုယ္ျဖင့္ ယုံေတာင္မယုံနိုင္ဘူး . . .”
ဟု ေျပာလိုက္ေတာ့ ဆူးေလးက
” ဒီထက္ မယုံနိုင္စရာ ေကာင္းတာေတြကို ဆူး အစ္ကို႔ကို ျပဖို႔ရွိေသးတယ္။ အခုေလာေလာဆယ္ေတာ့ ဆူးအိပ္ယာေပၚမွာ ဆယ့္ငါးမိနစ္ နာရီဝက္ေလာက္ ခဏလွဲၿပီး ေမွးခ်င္ေမွးလိုက္ဦး။ ရာသီကပူေတာ့ ဆူး အစ္ကို႔ကို ယက္ခပ္ေပးမယ္။ အစ္ကိုလည္း မရွယ္လီနဲ႔ တစ္ေနကုန္ လည္ရပတ္ရတာ ပင္ပန္းေနၿပီမဟုတ္လား ”
ဟူ၍ လူခန႔္ကို ေခတၱခဏမၽွ အနားယူဖို႔ရာ တိုက္တြန္းေလတယ္။ လူခန႔္လည္း စိတ္ထဲကေန. . .
” လိမၼာလိုက္တဲ့ ကေလးရယ္. . .။ ငါ့အိမ္သူ သက္ထားေလးမ်ား ျဖစ္ရင္ ဘယ္ေလာက္ေကာင္းမလဲ ”
လို႔ ေတြးမိရင္း ခႏၶာကိုယ္ကလည္း တကယ္ကို ပင္ပန္းေနတာေၾကာင့္ အာနာမေနေတာ့ဘဲ သူမရဲ့ အိပ္ယာေပၚကို လွဲအိပ္ခ်လိုက္ၿပီး ခဏေမွးလိုက္ေတာ့တာေပါ့။ ဆူးေလကေတာ့ ကုတင္ေဘးက စာေရးစားပြဲခုံေလးမွာ ထိုင္ရင္း ယက္ေတာင္တစ္ေခ်ာင္းနဲ႔ လူခန႔္ကို ယက္ခပ္ေပးလၽွက္ . . .။ မိနစ္ႏွစ္ဆယ္ေလာက္ၾကာေတာ့ ဆူးေလးက လူခန႔္ကို လွုပ္နိုးျပန္တယ္။
” ထ ထ အစ္ကို . . .”
လူခန႔္လည္း အိပ္ခ်င္မူးတူးနဲ႔ ထထိုင္လိုက္တဲ့အခ်ိန္မွာ ဆူးေလးက အခန္းမီးခလုပ္ကို ပိတ္လိုက္တာမို႔ တစ္ခန္းလုံး ေမွာင္မဲသြားပါေလေကာ။ အဲ့ဒီေနာက္ ဖေယာင္းတိုင္မွီး မွိန္မွိန္ေလးတစ္ပြင့္ ျပန္လင္းလာၿပီး ဆူးေလးကို ျပန္ျမင္ရလာတယ္။
” ဒီလိုမီးပိတ္လိုက္မွ. . ။ မဟုတ္ရင္ မီးေရာင္ကို သူတို႔ ျမင္သြားနိုင္တယ္ေလ ”
သူမက လူခန႔္နားကို ကပ္ေျပာျပၿပီးေနာက္ အခန္းေထာင့္တစ္ေနရာက ၾကမ္းခင္းကို သြားေရာက္ကုတ္ဖဲ့ျပန္တယ္။ အေပါက္ကေလးလည္း ျဖစ္သြားေကာ သူမက ပုဆစ္တုတ္ထိုင္ခ်လိုက္ၿပီး အေပါက္ကေန ေအာက္ကို ေခ်ာင္းၾကည့္လိုက္ေလတယ္။ ၿပီးေတာ့ လူခန႔္အနားကို ျပန္သြားကာ . . .
” ရၿပီအစ္ကို . . သြားၾကည့္ေခ်ေတာ့။ ကိုဂ်င္မီ ေရာက္ေနၿပီ . . . ေျခသံေတာ့ ဖြဖြနင္းေနာ္ အစ္ကို ”
ဟု သတိေပးရင္း လူခန႔္ကို တလွည့္ ေခ်ာင္းၾကည့္ေစျပန္တယ္။ လူခန႔္လည္း သူမ သတိေပးသလို အတတ္နိုင္ဆုံး အသံလုံေအာင္ ဂ႐ုျပဳၿပီး အေပါက္ကေန ေအာက္ကို ေခ်ာင္းေျမာင္းၾကည့္ရွုလိုက္ေတာ့တာေပါ့။ ၾကမ္းေပါက္မွ ျမင္လိုက္ရတဲ့ ျမင္ကြင္းက ရင္ခုန္စရာ။ ရွယ္လီရဲ့အခန္း ကုတင္ေပၚတြင္ ရွယ္လီနဲ႔ ဂ်င္မီက ထပ္လၽွက္သား။ ႏွစ္ဦးစလုံး အဝတ္အစားေတြ မရွိၾက။ ဂ်င္မီက အေပၚဘက္က လွုပ္ရွားေနၿပီး ရွယ္လီက ေအာက္ကေန သူမရဲ့ လက္ေတြနဲ႔ ဂ်င္မီ့ေက်ာကို သိုင္းဖက္ဖက္ထားတဲ့အျပင္ ေပါင္ႏွစ္ဖက္နဲ႔လည္း ဂ်င္မီ့ကိုယ္ကို ခြၿပီး လွမ္းခ်ိတ္ထားေသး။
လူခန႔္ၾကည့္ေနရင္း ခဏေနေတာ့ ေအာက္ကရွယ္လီက အေပၚမွာရွိတဲ့ ဂ်င္မီ့ကို တဖက္သို႔ဆြဲခ်ၿပီး သူမက အေပၚက ျဖစ္သြားျပန္တယ္။ အဲ့ဒီေနာက္ ရွယ္လီက မ်က္ႏွာကို အေပၚေမာ့လို႔ သူမရဲ့ ခႏၶာကိုယ္ ေဖြးေဖြးလွလွႀကီးနဲ႔ ကဆုန္ဆိုင္းျမင္းစီးသလို သုံးမိနစ္ေလာက္ၾကာေအာင္ အေတာ္ကို ျပင္းျပင္းထန္ထန္ လွုပ္ရွားၿပီး ေရွ႕သို႔ ထိုးစိုက္ၾကသြားေတာ့တယ္။
ေခ်ာင္းၾကည့္တာကိုရပ္ၿပီး လူခန႔္ ျပန္ထလိုက္တဲ့အခါ ဆူးေလးကလည္း ၾကမ္းေပါက္ အျခားတစ္ေပါက္ကေန ေအာက္ကို ေခ်ာင္းေျမာင္းလၽွက္။ လူခန႔္ထလာတာကို သတိထားမိသြားေတာ့မွ သူမလည္း ရွက္ကိုးရွက္ကန္းေလးနဲ႔ လိုက္ထလာၿပီး ရွက္ေယာင္လႊမ္းလို႔ နီရဲေနတဲ့ မ်က္ႏွာလွလွကေလးကို ေအာက္ကို ငုံ႔ထားေတာ့တယ္။
” လာ . . .ဆူး ”
လူခန႔္က ခပ္တိုးတိုးေလးေျပာကာ ဆူးေလးရဲ့ လက္ကိုဆြဲကိုင္ၿပီး ကုတင္ဘက္သို႔ ေခၚေဆာင္လာခဲ့တယ္။ ကုတင္စြန္းမွာ ႏွစ္ေယာက္သား တင္ပါးလႊဲ ထိုင္လိုက္ၾကၿပီးေနာက္ မျမင္နိုင္တဲ့ စြမ္းအားတစ္ခုရဲ့ တိုက္တြန္းလွုံ႔ေဆာ္မွုေၾကာင့္ လူခန႔္က ဆူးေလးရဲ့ ခႏၶာကိုယ္ ေသးေသးျပည့္ျပည့္ေလးကို ရင္ခြင္ထဲကို ဆြဲသြင္းလို႔ တင္းတင္းၾကပ္ၾကပ္ကို ေထြးေပြ႕လိုက္မိပါေလေကာ။
” အို . . .ကို႔ . . .”
ဆိုၿပီး ဆူးေလးဆီက အာေမဋိတ္သံ ခပ္တိုးတိုးေလး ထြက္သြားတာကလြဲရင္ တစ္စုံတရာ ျငင္းဆန္႐ုန္းကန္မွုမ်ိဳးကို လူခန႔္ မေတြ႕ရဘူး။ ခပ္ျပင္းျပင္းေလးရွိုက္ရွူေနရရွာတဲ့ သူမရဲ့ အသက္ရွူသံေလးေတြအျပင္ သူမရဲ့ကိုယ္ခႏၶာေလးလည္း တဆတ္ဆတ္ တုန္ရီေနေၾကာင္းကို လူခန႔္ သိရွိခံစားေနရတယ္။ အဲ့ဒီေနာက္ လူခန႔္လည္း ဆူးေလးကို ကုတင္ေပၚသို႔ ဆြဲလွဲခ်လိုက္ပါေတာ့တယ္။
” သိပ္ခ်စ္တယ္ ဆူးးရယ္။ ကိုယ့္အခ်စ္ကို ဘယ္လို သေဘာထားလဲဟင္ . . .”
” သူ႔အေၾကာင္း ေဖေဖ ေျပာေျပာေနတာကို ၾကားရကတည္းက ဒီက အားကိုးတႀကီးနဲ႔ ခ်စ္ခင္စြဲလမ္းေနရသူပါ ရွင္ရယ္ . . . . ”
အေျခအေနမေပးလို႔ သူတို႔ႏွစ္ေယာက္ဟာ အခ်စ္နယ္မကၽြံခဲ့ၾကရေပမယ့္ လူခန႔္ဟာ ဆူးေလးရဲ့ ခႏၶာကိုယ္အႏွံ့ အၾကားအလပ္ မက်န္ေအာင္ ရင္းႏွီးခြင့္ရခဲ့တယ္။ ေဒၚက်င္ေမတို႔ သားအမိနဲ႔ ဂ်င္မီရဲ့ ခ်စ္ဇာတ္လမ္းကို ညတိုင္းလိုလို ေတြ႕ျမင္ရတဲ့အတြက္ ဆန႔္က်င္ဘက္အရသာကို လြန္စြာထိေတြ႕ ခံစားလိုစိတ္ ျပင္းထန္ေနတဲ့ ဆူးေလးခင္မ်ာလည္း လူခန႔္ရဲ့ အနမ္းအရွုံ႔ ၾကမ္းၾကမ္းေတြေအာက္မွာ အသံက်ယ္က်ယ္ မထြက္မိေအာင္ က်ိတ္မွိတ္ေအာင့္အီး လူးလိမ့္ေနရေတာ့တာေပါ့။ အဲ့ဒီညက လူခန႔္ ဆူးေလးရဲ့ အခန္းမွာ အခ်ိန္ အေတာ္ၾကာသြားခဲ့ၿပီး မနက္ သုံးနာရီထိုးခါနီးေလာက္မွ ေအာက္ထပ္က ကိုယ့္အခန္းကို ကိုယ္ ျပန္ျဖစ္ခဲ့ေတာ့တာ။
အခန္းကိုမျပန္ခင္ ဂ်င္မီဟာ ေဒၚက်င္ေမရဲ့ ထိန္းခ်ဳပ္မွုကို အလုံးစုံခံရသူႏွယ္ ဟန္ေဆာင္၍ ေၾကာင္လက္သည္းဖြက္ ေနခဲ့သူျဖစ္ေၾကာင္း၊ ေဒၚက်င္ေမက ရွယ္လီႏွင့္ ဂ်င္မီျဖစ္ေနၾကတာကို မသိဘဲ သမီးျဖစ္သူကို ဗန္းျပၿပီး ဂ်င္မီ့ကို ထိန္းခ်ဳပ္ဖို႔ရာ ႀကံစည္ေသာ္လည္း တကယ္တမ္းမွာမူ ဂ်င္မီသည္ ေဒၚက်င္ေမေကာ သမီးျဖစ္သူရွယ္လီကိုပါ ရႏွင့္ၿပီးျဖစ္ေၾကာင္း၊ ၎၏ မူရင္းရည္ရြယ္ခ်က္မွာ ေဒၚက်င္ေမ၏ စိတ္တိုင္းက် မိမိႏွင့္ လက္ထပ္ၿပီးေနာက္ မိမိကို ၾကင္နာဟန္ျပဳ စည္း႐ုံးကာ အဖြားႀကီးသားအမိကိုပါ ေမာင္းထုတ္ပစ္ရန္ ထို႔ေနာက္ မိမိ၏ ပိုင္ဆိုင္မွုမ်ားကို ၎တစ္ေယာက္တည္း သိမ္းပိုက္လက္ဝါးႀကီးအုပ္ရန္ ျဖစ္နိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ေဒၚက်င္ေမႏွင့္ ရွယ္လီကသာ မိမိအေပၚတြင္ ေမာက္မာရိုင္းျပစြာ ဆက္ဆံတတ္ေသာ္လည္း ဂ်င္မီကမူ အျမဲတေစ ခ်ိဳသာႏူးညံ့စြာပင္ ဆက္ဆံေလ့ရွိေၾကာင္း၊ သို႔ေသာ္ မိမိက ဂ်င္မီ၏ ယုတ္ညံ့ေသာစိတ္ဓာတ္ႏွင့္ အႀကံအစည္ကို ႀကိဳသိသျဖင့္ ရြံရွာလြန္းေသာေၾကာင့္ အတတ္နိုင္ဆုံး ကင္းေအာင္ေနခဲ့ေၾကာင္း၊ စတဲ့ အေၾကာင္းအရာ အခ်က္အလက္ေတြကို လူခန႔္က ဆူးေလးဆီမွ သိရွိခဲ့ရသလို ေရွ႕ဆက္ ဘယ္လိုေဆာင္ရြက္ၾကမယ္ဆိုတဲ့ အစီအစဥ္ အေသးစိပ္ကိုလည္း သူမကို အသိေပး ေျပာၾကားခဲ့ေတာ့တယ္။
ေနာက္ေန႔အေရာက္မွာ လူခန႔္္နဲ႔ ရွယ္လီဟာ အင္းမေဈးကိုသြားၿပီး လူခန႔္ျပန္ရင္ လက္ေဆာင္ေပးဖို႔ အသီးအႏွံေတြ ျမန္မာမုန႔္ေတြကို ဝယ္ယူၾကတယ္။
” သူ႔ကိုေခၚခဲ့ပါလား. . . ေဈးဝယ္တာေတြ မနိုင္ရင္ ကူသယ္ခိုင္းလို႔ရတာေပါ့ ”
လို႔ ဆူးေလးကိုညႊန္ျပၿပီး လူခန႔္က အႀကံျပဳတာေၾကာင့္ ရွယ္လီက ဆူးေလးကိုပါ ေဈးကိုေခၚလာခဲ့တယ္။ ဒါေပမယ့္ သူမကို ေဈးထဲမလိုက္ခိုင္းဘဲ ကားေစာင့္ထားပစ္ခဲ့ၿပီး ရွယ္လီနဲ႔ လူခန႔္ ႏွစ္ေယာက္သာ စုံတြဲခုတ္လို႔ တစ္ေဈးလုံး လွည့္ပတ္ ဝယ္ျခမ္းေနေတာ့တာ။ ဝယ္ၿပီးတဲ့ ပစၥည္းေတြ မနိုင္ေတာ့မွ သူမကိုေခၚၿပီး ကူသယ္ခိုင္းလိုက္တယ္။
အဲ့ဒီေနာက္ေတာ့ လူခန႔္ဟာ ေဒၚက်င္ေမ့အိမ္မွာ ရွယ္လီနဲ႔ ဆူးေလးကိုဝင္ခ် . . . မနက္ေစာေစာကတည္းက သိမ္းဆည္းထားခဲ့တဲ့ မိမိအဝတ္အိတ္ကိုယူၿပီး ေဒၚက်င္ေမကို ႏွုတ္ဆက္လို႔ ၿမိဳ႕ကို ျပန္ခဲ့ပါေတာ့တယ္။
ဖိတ္စာေတြ ေရာက္လာၿပီ။ ေကာင္မေလးက လိမၼာေတာ့ လိမၼာသား။ ဂ်င္မီနဲ႔လက္ထပ္ဖို႔ သူ႔ကို အေတာ္ေျပာယူရမယ္ . .။ ေနာက္ဆုံး ေျပာမရရင္ အၾကမ္းနည္းေတြ ဘာေတြေတာင္ သုံးယူရမယ္လို႔ တို႔ကထင္ထားတာ။ တကယ္တမ္း တို႔ေျပာၾကည့္ေတာ့ မ်က္ရည္ေလးေတြက်လာၿပီး တအင့္အင့္ ရွိုက္ငိုေနတာကလြဲရင္ ဘာမွ ဒီေလာက္ႀကီး ျငင္းဆန္တာမ်ိဳးမရွိဘူး။ အန္တီေမတို႔ သေဘာပါ။ ဆူးေလးက အန္တီေမရဲ့ တူမပဲ . . အန္တီေမက ေကာင္းတယ္ထင္လို႔ စီစဥ္တာကို လိုက္နာရမွာေပါ့တဲ့။ ဒါနဲ႔ပဲ တို႔လည္း ဂ်င္မီနဲ႔ သူ႔ကိုေပးစားၿပီး ဧည့္ခံပြဲေလးလုပ္ေပးဖို႔ စီစဥ္ရေတာ့တာေပါ့။
ဧည့္ခံပြဲဆိုတာ တကယ္ေတာ့ အလကားပါ။ ဧည့္ခံပြဲမတိုင္မွီ တစ္ရက္အလို လက္ထပ္စာခ်ဳပ္မွာ ဂ်င္မီနဲ႔ မိဆူးတို႔ လက္မွတ္ထိုး၊ ေရွ႕ေနစုတ္က ပိုင္ဆိုင္မွုေတြအားလုံး မိဆူးကိုလႊဲေပးၿပီးရင္ တို႔အတြက္က ကိစၥၿပီးၿပီေလ။ ဒါေပမယ့္ လူျမင္သူျမင္ေကာင္းေအာင္ ဧည့္ခံပြဲေလး ဘာေလးေတာ့ လုပ္ေပးဦးမွ မဟုတ္လား။ ေနာက္ဇာတ္လမ္းက တို႔အတြက္ သာသာယာယာပဲ။ မိဆူးကလည္း ခပ္ေအးေအး ခပ္ႏုံႏုံ၊ ဂ်င္မီဆိုတာကလည္း ကေလးဘဝကတည္းက တို႔က ၿပီးရင္ၿပီးရတာ . . . .၊ ေဟာ . . . အခု အသက္ကေလး ႀကီးလာျပန္ေတာ့လည္း ဒီေကာင့္ကို တို႔ရဲ့ တဏွာကြန္ယက္ထဲမွာ မလွုပ္နိုင္ေအာင္ ခ်ဳပ္ေႏွာင္ထားလိုက္ၿပီးၿပီေလ . . .။ ဒါ့အျပင္ ဒီေကာင္ တို႔ထက္ပိုၿပီး ႐ူးသြပ္စြဲလမ္း အာသာငမ္းငမ္း ျဖစ္ေနတဲ့အရာကလည္း တို႔လက္ထဲမွာေလ။ အဲ့ဒါကေတာ့ သမီးရွယ္လီပဲ။
သမီးရွယ္လီကို ဒီေကာင္ အေသရရ အရွင္ရရ အ႐ူးအမူး ျဖစ္ေနတယ္ဆိုတာ တို႔က သိၿပီးသား။ ဒီေကာင္ ေဆးသမားလိုလို အရက္သမားလိုလို ျဖစ္ေနရတာလည္း ရွယ္လီေၾကာင့္ပဲ မဟုတ္လား။ သမီးက သူ႔ကို မ်က္ႏွာသာမေပးဘဲ ခပ္တည္တည္ ခပ္တန္းတန္း ဆက္ဆံေနလို႔ သင္း စိတ္ေလေနတာ။ ဟင္းဟင္း . . . မင္းလို ဘိန္းစားမ်ိဳးနဲ႔ ငါသမီးကို ဘယ္အျဖစ္ခံလိမ့္မလဲ ဂ်င္မီရယ္။ မင္းကို ငါေမြးစားခဲ့တယ္ ဆိုတာလည္း မင္းအရြယ္ေရာက္လာရင္ တေနရာရာမွာ အသုံးဝင္လာမယ္လို႔ ယူဆခဲ့လို႔ပဲ။ ငါ့အေတြးေတြ မွန္ပါတယ္။ အခုေတာ့ မင္းဟာ တစ္ေနရာတည္းတင္ မကဘူး ေနရာအေတာ္မ်ားမ်ားမွာ ငါ့အတြက္အသုံးဝင္တဲ့ ဂ်ိဳကာ႐ုပ္ကေလးပါပဲ။ ဒါေပမယ့္ စိတ္မေကာင္းပါဘူး ကေလးရယ္။ ကိစၥေတြၿပီးရင္ မိဆူးက အိမ္ေပၚကဆင္းေျပးၿပီး ဘဝပ်က္ရမယ္။ မင္းကေတာ့ ေဆးမွုနဲ႔ ေထာင္ထဲကို သြားရင္သြား၊ မသြားရင္ ေဆးလြန္ၿပီး ေသရမယ္။ အဲ့ဒါ မင္းတို႔ႏွစ္ေယာက္ရဲ့ ေရြးခ်ယ္ခြင့္မရွိတဲ့ ၾကမၼာဆိုးပဲ။ သမီးေလးရွယ္လီက မင္းအတြက္မဟုတ္ဘူး ေကာင္ေလး။ ၿမိဳ႕က သူေဌးေလးအတြက္ပဲ။ အခုေတာင္ သူတို႔ႏွစ္ေယာက္ အေတာ္ကို ရင္းႏွီးသြားၾကၿပီ မဟုတ္လား။
ေဒၚက်င္ေမဟာ စားပြဲေပၚက ဂ်င္မီနဲ႔ ဆူးစူးႏွင္းဆီတို႔ရဲ့ မဂၤလာဖိတ္စာ တထပ္ႀကီးကိုၾကည့္ၿပီး ေရွ႕ ေရးကိုေတြးရင္း ကိုယ့္အေတြးနဲ႔ကိုယ္ ပီတိေတြ ျဖာေနေတာ့တယ္။
” ကၽြန္ေတာ္တို႔ကို ဝင္ခြင့္ျပဳပါခင္ဗ် . . . ”
ၾကားလိုက္ရတဲ့အသံေၾကာင့္ ေဒၚက်င္ေမ့ အေတြးေတြ လြင့္ပ်ယ္သြားခဲ့တယ္။ ၾကည့္လိုက္ေတာ့ ေရွ႕ေနႀကီး ဦးသိန္းေအာင္၊ စခန္းမွုးႀကီး ရဲတပ္သားတစ္ေယာက္နဲ႔ ၿမိဳ႕ခံလူႀကီးႏွစ္ေယာက္ တို႔။
” ႂကြၾကပါရွင္ ႂကြၾကပါ . . . ထိုင္ပါ . . .။ ဘာကိစၥမ်ားရွိလို႔လဲ မသိဘူး ”
ေဒၚက်င္ေမက ေနရာထိုင္ခင္းေပးၿပီး လာရင္းကိစၥကို ေမးလိုက္ေတာ့ ေရွ႕ေနႀကီးက
” ကၽြန္ေတာ္တို႔ ဒီက မဆူးစူးႏွင္းဆီကို သူရဲ့ ပိုင္ဆိုင္မွုေတြ လာလႊဲေပးတာပါ ”
” သူ႔ရဲ့ ပိုင္ဆိုင္မွုေတြက ဒီအခ်ိန္လႊဲလို႔ မရေသးဘူး မဟုတ္လား ”
ဟု ေဒၚက်င္ေမ ျပန္ေမးတဲ့အခါ ေရွ႕ေနႀကီးက
” ရပါၿပီဗ် ။ လြန္ခဲ့တဲ့ ၁၅ ရက္က သူ႔အသက္ ၂၃ ႏွစ္ ျပည့္သြားၿပီပဲ ”
ဟု မတုန္မလွုပ္ပုံစံနဲ႔ ျပန္ေျပာေလတယ္။
” ဒါ . . . ဒါေပမယ့္ သူမွ ေယာက္်ားမယူရေသးတာ။ အခုမွ ဖိတ္စာရိုက္႐ုံရွိေသးတယ္။ ကၽြန္မထင္တာက သူတို႔ႏွစ္ေယာက္ လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီးမွ သူ႔ကို ပိုင္ဆိုင္မွုေတြ အားလုံးလႊဲေပးရမယ္လို႔ ထင္ထားတာ။ အဲ့ဒီလို မဟုတ္ဘူးလား ”
ဂ်င္မီနဲ႔ ဆူးေလး လက္မထပ္ရေသးခင္ ပိုင္ဆိုင္မွုေတြအားလုံး ဆူးေလးကို လႊဲေပးလိုက္ရင္ ဂ်င္မီကို လက္ထပ္ဖို႔ျငင္းဆန္ၿပီး သူမတို႔ကိုပါ ႏွင္ခ်တာမ်ိဳး ျဖစ္သြားနိုင္တယ္ မဟုတ္ပါလား။ သူမတို႔ကို ျပန္ကန္နိုင္မယ့္ အေျခအေနဆိုးမ်ိဳးကို ႀကိဳတင္ေတြးေတာ ရင္ေမာရင္း ေဒၚက်င္ေမ့ရဲ့ ရင္ထဲမွာ ဗေလာင္ဆူေနၿပီေလ။ ေရွ႕ေနႀကီးကေတာ့ ခပ္ေအးေအး အမူအရာႏွင့္
” ခဏေလး ေစာင့္လိုက္ရင္ ဒီက ငါ့ညီမ နားလည္သြားမွာပါ ”
ဟု ေဒၚက်င္ေမကို ေဖ်ာင္းျဖေနေလတယ္။
အဲ့ဒီအခ်ိန္မွာပဲ အိမ္ေရွ႕က ကားစက္သတ္သံၾကားရၿပီး လူခန႔္နဲ႔ ဦးေသာင္းေငြတို႔စုံတြဲ အိမ္ထဲကို ဝင္လာပါေလေကာ။ ရွယ္လီကေတာ့ လူသံေတြၾကားရတာေၾကာင့္ အိမ္ခန္းထဲကထြက္လာၿပီး ေဒၚက်င္ေမ့ ေဘးမွာ လာရပ္ရွာတယ္။ ေဒၚက်င္ေမလည္း လူခန႔္ကို ျမင္ရေတာ့ အံ့ၾသသြားၿပီး
” ဟင္ . . . ေမာင္ ေမာင္ လူခန႔္။ အန္တီတို႔ဆီ အလည္ထပ္လာတာလား ”
” အန္တီတို႔ဆီ အလည္ထပ္လာတာ ဆိုတာထက္ ေဆြျပမ်ိဳးျပလာရင္း ကၽြန္ေတာ့္ဇနီးသည္ကို ကၽြန္ေတာ္လာေခၚတာလို႔ ေျပာရင္ ပိုမွန္မလားပဲ။ ဘာလို႔လဲဆိုေတာ့ ဆူးေလးနဲ႔ ကၽြန္ေတာ္နဲ႔က တရားဝင္ လက္ထပ္ထားၾကတဲ့ အၾကင္လင္မယားေတြ ျဖစ္ေနၾကၿပီေလ။ ဒီမွာၾကည့္ . . .”
လူခန႔္က ေျပာလည္းေျပာ သူ႔ရဲ့ လက္ထဲမွာရွိတဲ့ လက္ထပ္စာခ်ဳပ္ကိုပါ ေဒၚက်င္ေမ ျမင္သာေအာင္ ေထာင္ျပလိုက္ေတာ့တယ္။
” ဟင္ . . . မင္း မင္းးး တို႔ . . . .”
ေဒၚက်င္ေမ အံ့အားသင့္ၿပီး လူခန႔္ကို ဘာမွ ျပန္မေျပာနိုင္ေအာင္ ျဖစ္ေနတဲ့အခ်ိန္မွာ . . . .
” ျမင္ၿပီမဟုတ္လား ေဒၚက်င္ေမ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔က ဆူးေလးကို ပိုင္ဆိုင္မွုေတြလႊဲဖို႔ လုပ္ရတာပါ။ သူက လက္ထပ္ၿပီးႏွင့္ၿပီေလ ”
ေရွ႕ေနႀကီးက ခပ္ျဖဳံ႕ျဖဳံ႕ျပဳံးရင္း ဝင္ေျပာျပန္တယ္။ ထိုအခါ ေဒၚက်င္ေမလည္း အခံရခက္စြာျဖင့္
” နင္ နင္တို႔ ေတာ္ေတာ္ယုတ္မာၾကပါလား ”
ဟု ေဒၚသတႀကီး ေအာ္ဟစ္လိုက္ခ်ိန္
” ေၾသာ္ . . . အန္တီေမ အန္တီေမ အန္တီကမ်ား ကၽြန္မတို႔ကို ယုတ္မာတယ္လို႔ တျပန္ႀကီး ေျပာရတယ္ရွိေသး။ ပါပါးဆုံးကတည္းက ပါပါးရဲ့အိမ္နဲ႔ ဆိုင္ေပၚမွာ အခန႔္သားတက္ေန . . . ေက်ာင္းေနရမယ့္အရြယ္ တူမေလးကို ေက်ာင္းထုတ္ အိမ္အလုပ္ေတြ ဇယ္ဆက္ေအာင္ခိုင္း….. တူမေလး အသက္ရလာျပန္ေတာ့ ေမြးစားသား ေဆးသမားနဲ႔ေပးစားၿပီး တူမရမယ့္ အေမြေတြ ပိုင္ဆိုင္မွုေတြကို လက္ဝါးႀကီးအုပ္ သိမ္းပိုက္ဖို႔ႀကံစည္ . . .
အဲ့ဒီလုပ္ရပ္ေတြကမွ ယုတ္မာတယ္ေခၚတာရွင့္ . . ယုတ္မာတယ္ေခၚတာ။ ဟက္ . . ဟက္… က်လည္းက်ေလာက္ပါရဲ့ . . . တူမၾကေတာ့ ေဆးသမားနဲ႔ ေပးစားၿပီး ကိုယ့္သမီးအရင္းေလးၾကေတာ့ ၿမိဳ႕ကသူေဌးေလးနဲ႔ ျငားေစခ်င္သတဲ့။ ဒီမွာ အန္တီေမ . . . ကိုလူခန႔္ဆိုတာ တျခားမဟုတ္ဘူး။ ကၽြန္မဘဝကို အန္တီေမတို႔လက္ထဲက ဆြဲထုတ္ဖို႔ ပါပါးက ဝိဉာဥ္ဘဝနဲ႔ အကူအညီေတာင္းၿပီး လႊတ္လိုက္တဲ့သူပဲ။ ”
ျမန္မာဆန္ဆန္ စည္းဝမ္းဆက္ကေလးကို က်စ္လစ္ေသသပ္စြာ ဝတ္ဆင္ထားၿပီး နားတြင္ တ႐ုတ္စကားပန္းေလး တစ္ပြင့္ပန္ထားတဲ့ ဆူးေလးက ေလွခါးထစ္မွ တစ္ထစ္ခ်င္း ဆင္းလာရင္း ေဒၚက်င္ေမ့ကို လွမ္းေျပာလိုက္ေတာ့တယ္။ ေအာက္ထပ္ဧည့္ခန္းသို႔ ေရာက္တဲ့အခါ ဆူးေလးက စကားဆက္ျပန္တယ္။
” ကိုလူခန႔္ ၿမိဳ႕ျပန္မယ့္ေန႔ ေဈးကိုသြားေတာ့ ကၽြန္မပါ လိုက္သြားခဲ့ရတယ္။ ေဈးေရာက္ေတာ့ မရွယ္လီဟာ ကၽြန္မကို ကားမွာ အေစာင့္ထားခဲ့ၿပီး ကိုလူခန႔္နဲ႔ ႏွစ္ေယာက္တြဲလို႔ ေဈးဝယ္ထြက္ခဲ့ၾကတယ္။ အဲ့ဒီေန႔က မုန႔္လက္ေဆာင္းဆိုင္မွာ မရွယ္လီ မုန႔္လက္ေဆာင္း ေသာက္ေနတုန္း ကိုယ္လူခန႔္က ကားထဲမွာ ပိုက္ဆံအိတ္ က်န္ခဲ့လို႔ဆိုၿပီး ျပန္ယူတာ မွတ္မိဦးမွာေပါ့ ”
ဆူးေလးက ရွယ္လီ့ဘက္ကို လွည့္ကာေမးလိုက္ေတာ့ . . . ရွယ္လီလည္း ထိုအေၾကာင္းအရာကို သတိရၿပီး ေခါင္းၿငိမ့္ျပလိုက္ရေတာ့တယ္။
” အဲ့ဒီအခ်ိန္ ကားေပၚမွာ ေရွ႕ေနႀကီးနဲ႔ ေဟာဒီက ၿမိဳ႕မိၿမိဳ႕ဖႏွစ္ဦး အဆင္သင့္ ေရာက္ေနၾကၿပီေလ။ ကိုလူခန႔္လည္း ကားကိုေရာက္လာေကာ ၿမိဳ႕မိၿမိဳ႕ဖ ဦးႀကီးေတြကို သက္ေသထားၿပီး ေရွ႕ေနႀကီးဆီမွာ ဆူးတို႔ႏွစ္ေယာက္ လက္မွတ္ထိုးလိုက္ၾကတယ္။ အဲ့ဒီလို အဆင္သင့္ျဖစ္ေအာင္ကိုလည္း ကိုလူခန႔္က ေရွ႕ေနႀကီး ဦးေလးဦးေသာင္းေငြတို႔နဲ႔ အစကတည္းက ႀကိဳတင္တိုင္ပင္ ျပင္ဆင္ခဲ့တာ။ ဟင္း ဟင္း အန္တီေမတို႔ တစ္ကြက္ေနာက္က်သြားၿပီ။ အန္တီေမတို႔ရွုံးၿပီ။ ကိစၥေတြအားလုံးၿပီးတာနဲ႔ အထုပ္ဆြဲၿပီး အိမ္ေပၚကဆင္းဖို႔ ျပင္ထားၾကေတာ့။ ”
အေတာ္ကို မာမာထန္ထန္ ျပတ္ျပတ္သားသား ေျပာထုတ္လိုက္တဲ့ ဆူးေလးရဲ့ စကားလုံးေတြ အဆုံးသတ္သြားတဲ့ အခ်ိန္မွာေတာ့ ေဒၚက်င္ေမဟာ က်ိတ္မနိုင္ခဲမရဟန္နဲ႔ တက္တေခါက္ေခါက္ အံတက်ိတ္က်ိတ္ ျဖစ္ေနၿပီး သမီးျဖစ္တဲ့ ရွယ္လီကေတာ့ ေရေႏြးနဲ႔ အေလာင္းခံလိုက္ရတဲ့ သစ္ရြက္လို ေပ်ာ့ဖတ္ညႇိုးေလၽွာ္စြာျဖင့္ အေျခအေနမဲ့ဘဝသို႔ ေရာက္ရွိသြားမွာကို စိုးရြံ့၍ေနရွာေတာ့တာ။ အဲ့ဒီအခ်ိန္မွာပဲ ဘယ္သူမွထင္မွတ္မထားတဲ့ အေျခအေနတစ္ခု ျဖစ္ေပၚသြားပါေလေကာ။
တစ္စုံတစ္ေယာက္ဟာ အိမ္ေပၚထပ္ကေန ေလွခါးထစ္အတိုင္း ဒုန္းဆိုင္းေျပးဆင္းလာၿပီး ေလွကားကို ေက်ာေပးရပ္ေနတဲ့ ဆူးေလးကို ေနာက္မွေန ခ်ဳပ္ကိုင္ သိုင္းဖက္လိုက္ေတာ့တယ္။
” အို . . . .ရွင္ . . ”
” ဟာ . . .ဂ်င္မီ ”
” ေဟ့ေကာင္ . . .မလွုပ္နဲ႔ လက္နက္ခ် ”
တခဏအတြင္း အခန္းထဲမွာ အသံေတြ ဆူညံသြားၿပီး စခန္းမွူးဦးေသာင္ညြန႔္က ခါးမွ ေျခာက္လုံးျပဴးကိုထုတ္ကာ ဂ်င္မီ့ကိုခ်ိန္လၽွက္ ရဲတပ္သားေလးကလည္း လက္ထဲရွိ နံပါတ္ဒုတ္ကို တျပင္ျပင္ႏွင့္။ လူခန႔္က ေရွ႕ကိုတိုးဖို႔ ႀကိဳးစားလိုက္ေတာ့
” ေဟ့ေကာင္ . . . ေရွ႕မတိုးနဲ႔ ။ လက္နက္ေတြအားလုံးလည္း ဖယ္လိုက္။ ဒီမွာေတြ႕လား . . . ေကာင္မေလး တစ္ခါတည္း ေသသြားမယ္ ”
အမွန္ပင္. . . ဂ်င္မီ လက္ဦးသြားေခ်ၿပီ . . .။ ဆူးေလးရဲ့လည္ပင္ကို ၎ရဲ့ဓားက ေထာက္ႏွင့္ၿပီးၿပီ။ အားလုံး ႀကံရာမရျဖစ္ေနစဥ္ ဂ်င္မီက တဟားဟား ေအာ္ရယ္လိုက္ၿပီး . . .
” က်ဳပ္ သိပ္ကံေကာင္းသြားတယ္။ အမွန္ က်ဳပ္က အေပၚကို ေကာင္မေလး အဝတ္လဲဘာညာ တက္ေခ်ာင္းတာ ေဖြးဥဝင္းမႊတ္ေနတာပဲဗ်ာ . . . လွခ်က္ ။ ဒီေလာက္လွၿပီး ဒီေလာက္တင္းေနတဲ့ ဟာေလး ငါ့လက္ထဲေရာက္ရင္ေတာ့ စိတ္ႀကိဳက္ အျပတ္ကိုခ်စ္ပစ္လိုက္ဦးမယ္လို႔ ေတြးေနတုန္း ေအာက္က လူသံေတြၾကားရတာနဲ႔ မဆင္းေသးဘဲ အသာအေၿခ အေန ေစာင့္ၾကည့္ေနမိတာ။ အခုေတာ့ က်ဳပ္လုပ္ရပ္ဟာ သိပ္ကိုမွန္သြားၿပီေလ . . .။ ဒီမွာ . . . . ဂ်င္မီ့ရဲ့ဘဝမွာ ကိုယ့္စားရခါနီးမွ ကိုယ့္လက္ထဲက ထမင္းလုပ္ကို သူမ်ားပုတ္ခ်တာ ခံရတဲ့အျဖစ္ ဘယ္ေတာ့မွ မျဖစ္ေစရဘူး။ အဲ့ဒီေတာ့ ေကာင္မေလးကို ဓားစာခံ ေခၚသြားရမွာပဲ။ ေအာက္ကို ဆင္းမလာခင္ကတည္းက က်ဳပ္ရဲ့ေဘာ္ဒါေတြကို က်ဳပ္ ဖုန္းဆက္ေခၚထားၿပီးၿပီ ”
ဂ်င္မီေျပာေနဆဲမွာပင္ အိမ္ေရွ႕တြင္ ကားတစ္စီး ထိုးရပ္လိုက္တဲ့အသံ ၾကားရျပန္တယ္။ ထိုအခါ ဂ်င္မီက မ်က္ႏွာပိုမိုရႊင္ျပသြားၿပီး
” ေဟာ . . . ေျပာရင္းဆိုရင္း ေရာက္လာၾကၿပီ။ အဲ့ဒီေတာ့ ဟိုဗိုလ္ႀကီးလည္း ေသနတ္ကိုက်ည္ထုတ္ . . . အေဝးကို လႊတ္ပစ္လိုက္။ ရဲေဘာ္ကလည္း ဒုတ္ကိုခ်လိုက္။ ၿပီးရင္ အားလုံး က်ဳပ္ေရွ႕ကေန လမ္းဖယ္ၾက။ ေကာင္မေလးကို က်ဳပ္ေခၚသြားမယ္။ က်ဳပ္ အခုမေျပးလည္း ခင္ဗ်ားတို႔က က်ဳပ္ကို ေဆးမွုနဲ႔ဖမ္းမွာပဲ မဟုတ္လား။ ဒီေတာ့ ေျပးမယ့္ေျပးလည္း က်ဳပ္က အခုလို ေရႊတြင္းေလးကို မသြားရမွာေပါ့။ က်ဳပ္အတြက္ စိတ္ခ်ရၿပီဆိုတဲ့ အေျခအေနေရာက္ေတာ့မွ က်ဳပ္ လွမ္းဆက္သြယ္လိုက္မယ္။ ပိုက္ဆံနဲ႔လာေရြးၾက။ သိပ္မမ်ားပါဘူး။ အမ်ားဆုံး သိန္း ၁၀၀၀ ေပါ့ . . .။ မဟုတ္ဘူးလား . . . ဟား ဟား ။
ေၾသာ္ . . အဖြားႀကီး ခင္ဗ်ားကို တစ္ခါတည္းေျပာခဲ့မယ္။ က်ဳပ္ အခုရမယ့္ ေငြေတြကို ခင္ဗ်ား ေမၽွာ္မေနနဲ႔ေတာ့။ အမွန္က ခင္ဗ်ားကို ေၾကာက္ဟန္ေဆာင္ၿပီး ခင္ဗ်ားစိတ္ႀကိဳက္ က်ဳပ္လိုက္ေနေပးေနတယ္ ဆိုတာ ခင္ဗ်ားသမီးအတြက္ မဟုတ္ဘူး။ ခင္ဗ်ားမသိေသးတာတစ္ခု က်ဳပ္ေျပာျပမယ္။ ခင္ဗ်ားတင္မကဘူး ခင္ဗ်ားရဲ့သမီးပါ က်ဳပ္နဲ႔ျငားၿပီးသြားၿပီ။ က်ဳပ္က သူ႔ကို ခ်စ္လည္းမခ်စ္သလို စိတ္လည္းမဝင္စားေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားသမီးက က်ဳပ္လက္ထဲမွာ ဖြတ္ဖြတ္ညက္ညက္ ေၾကေနၿပီေလ။ အျပဳအစုေကာင္းၿပီး က်ဳပ္စိတ္ႀကိဳက္ အားလုံးကို ေနေပးတတ္လြန္းလို႔သာ ဆက္ေပါင္းေနတာ။ က်ဳပ္ရဲ့ရည္ရြယ္ခ်က္အမွန္က ေဟာဒီက အေခ်ာေလးကို မယားလုပ္ၿပီး သူ႔ကိုေကာ သူ႔ရဲ့ စည္းစိမ္ဥစၥာေတြကိုပါ သိမ္းပိုက္ဖို႔ပဲ။ ရွင္းလား ….။ ကဲ. . . ၾကာတယ္ ဖယ္ၾက . . . က်ဳပ္ေျပာသလိုလုပ္ေနာ္ ေဟ့လူေတြ . . . ဒီမွာေတြ႕လား။ တစ္ခ်က္တည္း ထိုးသြင္းလိုက္မယ္ ”
ဂ်င္မီက ေျပာလည္းေျပာ ဆူးေလးရဲ့ လည္ပင္းမွာ ေထာက္ထားတဲ့ဓားကို အနည္းငယ္ ဖိလိုက္ေလရာ ဆူးေလးဆီမွ ” အ . . .” ဆိုေသာ အသံတစ္ခ်က္ထြက္လာၿပီး လည္ပင္းမွာ အနည္းငယ္ ေသြးစို႔သြားေတာ့တယ္။ စခန္းမွူးနဲ႔ လူခန႔္တို႔လည္း ဘာမွ မတတ္နိုင္ၾကေတာ့ဘဲ ဂ်င္မီေျပာတဲ့အတိုင္း လိုက္နာလိုက္ၾကရၿပီး ၎ကို လမ္းဖယ္ေပးလို႔ အေျခအေနကို ေစာင့္ၾကည့္ေနၾကရေတာ့တာေပါ့။ ေဒၚက်င္ေမတို႔ သားအမိကေတာ့ လူပုံအလယ္မွာ ဂ်င္မီအရွက္ခြဲတာကို ထင္မွတ္မထားဘဲ ခံလိုက္ရတာေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ ဖက္ကာ တအင့္အင့္ ရွိုက္ငိုေနပါေတာ့တယ္။
ဂ်င္မီဟာ လူခန႔္တို႔အားလုံးကို လွည့္ၾကည့္လွည့္ၾကည့္နဲ႔ ဆူးေလးကို ခ်ဳပ္ကိုင္ဓားေထာက္ရင္း အိမ္ေပါက္ဝအထိ ေနာက္ျပန္ဆြဲေခၚသြားတယ္။ အိမ္ေပါက္ဝကို ေရာက္တဲ့အခါမွာ ေက်ာေပးထားတဲ့ ဂ်င္မီ့ကို အိမ္အျပင္မွ တစ္စုံတစ္ေယာက္က ဒုတ္တစ္ေခ်ာင္းျဖင့္ ခြပ္ခနဲျမည္ေအာင္ ရိုက္ႏွက္လိုက္ေလရာ. . . ၎ရဲ့လက္ထဲမွ ဓားလည္းလြတ္က်သြားၿပီး ဆူးေလးကို လႊတ္ကာ ဆန႔္ဆန႔္ႀကီး ေမွာက္သြားပါေတာ့တယ္။ အေႏွာင္အဖြဲ႕မွ လြတ္သြားတဲ့ ဆူးေလးလည္း အေနာက္ကို လည္ျပန္လွည့္လို႔ သူမရဲ့ ကယ္တင္ရွင္ကို ၾကည့္လိုက္ေတာ့တာေပါ့။ အားလုံးရဲ့ အၾကည့္ေတြကလည္း ထိုသူ႔ဆီကို ေရာက္သြားၾကေတာ့တယ္။
” ဟင္ . . . ကိုကို ”
” ဟင္. . . ဇူးဇူးးး ”
” ကိုကိုလြတ္လာၿပီ . . . . ဟုတ္လား ”
” ဟုတ္တယ္ ညီမေလး။ ႏွစ္သစ္ကူး လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာတာ ”
” ဝမ္းသာလိုက္တာ . . . ကိုကိုရယ္. . .”
တစ္ေယာက္နဲ႔ တစ္ေယာက္ ခပ္တင္းတင္းေပြ႕ဖက္ၿပီး ငိုေႂကြးလိုက္ၾကတဲ့ ေမာင္ႏွမႏွစ္ေယာက္ရဲ့ ဝမ္းနည္းဝမ္းသာ မ်က္ရည္ေတြဟာ ေႏြေခါင္ေခါင္မွာ ရြာသြန္းခ်လိုက္တဲ့ မိုးစက္မိုးေပါက္မ်ားအလား ေအးခ်မ္းမွုရဲ့ ေရွ႕ေျပးနိမိတ္ကို ေဆာင္လၽွက္ . . . .။ အဲ့ဒီေနာက္ . . .
” ဆရာတို႔ . . . အိမ္ေရွ႕ကားနားမွာ ကၽြန္ေတာ္သိပ္ထားတဲ့ ႏွစ္ေကာင္ရွိေသးတယ္။ ဒီေကာင္ေတြ မေသပါဘူး။ ေမ့႐ုံတင္ ကၽြန္ေတာ္ ရိုက္ပစ္ခဲ့တာ။ ”
” ေဟာ . . . ဟိုဟာက ကိုကို႔ေယာက္ဖႀကီးလား။ ေယာက္ဖႀကီးက လူေခ်ာလူခန႔္ႀကီးပါေကာ . . .။ ေယာက္ဖဆိုေပမယ့္ ညီအစ္ကို အရင္းေတြပါပဲ . . .။ ဟုတ္တယ္မဟုတ္လား ဘဒို . . .”
” အန္တီေမနဲ႔ ရွယ္လီလည္း ငိုမေနၾကနဲ႔ေတာ့။ ကၽြန္ေတာ္ ျပန္ေရာက္လာၿပီပဲ။ ေျပးၾကည့္မွ ဒီအမ်ိဳးေလးေတြပဲ ရွိတာ။ အားလုံး စည္းစည္းလုံးလုံး ခ်စ္ခ်စ္ခင္ခင္ ေနသြားၾကမယ္။ အတိတ္က အဆိုးတရားေတြ ေမ့ပစ္လိုက္ ”
ဇူးဇူးရဲ့ အသံေတြဟာ တစ္အိမ္လုံး ဆူညံလို႔ေနပါေတာ့တယ္။ ကိစၥအားလုံး ေအးေအးေဆးေဆး ျဖစ္သြားေလၿပီ။ ဂ်င္မီ့နဲ႔ အေပါင္းအပါေတြကိုလည္း စခန္းမွူးတို႔က ဖမ္းဆီးေခၚေဆာင္သြားၾကသလို ေရွ႕ေနႀကီးနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြကလည္း ဆူးေလးကို ေပးသင့္ေပးထိုက္တဲ့ စာရြက္စာတမ္းေတြ လႊဲေျပာင္းေပးအပ္ၿပီး ျပန္သြားၾကေခ်ၿပီ။
ထိုအခါမွ လူခန႔္က ဝမ္းပန္းတနည္း ငိုေႂကြးေနၾကတဲ့ ေဒၚက်င္ေမတို႔သားအမိကို ဆူးေလးရဲ့ ပိုင္ဆိုင္မွုေတြအေပၚ ေဒၚက်င္ေမ အခုလိုေလာဘတက္ရတာ ေလာင္းကစားလုပ္လိုတာနဲ႔ အေႂကြးေတြ ဆပ္လိုတာေၾကာင့္ ျဖစ္ေၾကာင္း၊ အေႂကြးတင္ရတာကလည္း ေလာင္းကစားလုပ္သည့္ အတြက္ေၾကာင့္ျဖစ္ေၾကာင္း၊ ဒါ့ေၾကာင့္ ျပသနာရဲ အရင္းခံမွာ ေလာင္းကစားပင္ျဖစ္တာမို႔ ထိုေလာင္းကစားကို ရပ္တန္းကရပ္ၿပီး ဘဝသစ္ထူေထာင္ရန္ လိုအပ္ေၾကာင္း၊ ေျပးၾကည့္မွ ေဆြမ်ိဳးဟူ၍ ဒီလူေတြပင္ရွိတာေၾကာင့္ ရက္ရက္စက္စက္ အိမ္ေပၚကႏွင္ခ်တာမ်ိဳး မိမိမလုပ္လိုဘဲ အင္းမအိမ္နဲ႔ဆိုင္ကို ေသခ်ာစြာ ဆက္လက္ဦးစီ လုပ္ကိုင္ေစလိုေၾကာင္း၊
မိမိမွ ဆိုင္အတြက္လိုအပ္သည့္ အကူအညီမ်ားကို ေထာက္ပံ့ေပးမည့္အျပင္ အေႂကြးမ်ားကိုလည္း ဆပ္ေပးမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ အင္းမဆိုင္မွရတဲ့ အက်ိဳးအျမတ္ တစ္စုံတစ္ရာကို မိမိတို႔လင္မယားထံ ေပးစရာမလိုဘဲ ဇူးဇူးနဲ႔ ေဒၚက်င္ေမတို႔သားအမိ အခ်ိဳးၾက စုေဆာင္းသုံးစြဲပိုင္ခြင့္ရွိေၾကာင္း၊ ေနာက္ပိုင္း ဆိုင္တိုးတက္စည္ကားလာတဲ့ အေျခအေနကိုၾကည့္ၿပီး ရသင့္ရထိုက္တဲ့ ပိုင္ဆိုင္မွုေတြကို ေပးေကာင္းေပးရာ ခြဲေဝလႊဲေျပာင္းေပးမည္ ျဖစ္ေၾကာင္း. . . . စသျဖင့္ ေျပာဆိုညႇိႏွိုင္းေလရာ ေဒၚက်င္ေမတို႔ သားအမိလည္း ေနာင္တတရားတို႔ကို ရင္မွာပိုက္လၽွက္ ဝမ္းေျမာက္ဝမ္းသာ လက္ခံၾကေလတယ္။
ဇူးဇူးဟာ ေထာင္ထဲမွာ ဆရာေကာင္းသမားေကာင္းနဲ႔ ေတြ႕ခဲ့ရတယ္။ သူ႔ရဲ့ဆရာက လူသတ္မွုတစ္ခုနဲ႔ ေထာင္ထဲေရာက္ေနတဲ့ အေၾကာ္ဆရာႀကီး တစ္ေယာက္ပဲ။ သူ႔ရဲ့သမီးေလးကို လူတစ္ေယာက္က အဓမၼက်င့္ေနတာကိုေတြ႕လို႔ လည္ပင္းကို တစ္ခ်က္တည္း ခုတ္သတ္လိုက္တာ။ ဇူးဇူးဟာ စားေသာက္ဆိုင္ပိုင္ရွင္ရဲ့ သားမွန္းသိေကာ အဖိုးႀကီးက ဇူးဇူးကို ခင္ခင္မင္မင္ ဆက္ဆံခဲ့တယ္။ တကယ္ဆို ဇူးဇူးဟာ ကိုယ္နဲ႔အသက္ကြာလွတဲ့ သက္ႀကီးရြယ္အို တစ္ေယာက္နဲ႔ အေပါင္းအသင္း မလုပ္လိုေပမယ့္ ကိုယ့္ထက္လက္စျပင္းတဲ့ စီနီယာႀကီး ျဖစ္ေနတာေၾကာင့္ အလိုက္အထိုက္ ျပန္လည္ ဆက္ဆံရတာေပါ့။
ဒါေပမယ့္ တေျဖးေျဖး ေပါင္းၾကည့္ရင္း အဖိုးႀကီးကို ဇူးဇူး ေလးစားလာခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ အဖိုးႀကီးနဲ႔ ဇူးဇူးဟာ သားအဖေတြလိုကို ရင္းႏွီးသြားၾကပါေကာ။ အဖိုးႀကီးက ဖို႐ုံ တန္းစီးေလ။ ဒါ့ေၾကာင့္ ဇူးဇူးကို အေၾကာ္အေလွာ္ပညာ သင္ေပးနိုင္ခဲ့တယ္။ ဒါ့အျပင္ ဘဝရပ္တည္ ေနထိုင္နည္းေတြ ခံယူခ်က္ေတြ အေတြးအေခၚ ဒသနေတြကိုပါ အဖိုးႀကီးဆီကေန ဇူးဇူး ဆည္းပူးခြင့္ရခဲ့ၿပီး ဆိုးသြမ္းတဲ့အက်င့္အႀကံ အေတြးအေခၚေတြ တစ္ဆထက္တစ္ဆ နည္းပါးေပ်ာက္ကြယ္လာခဲ့ေတာ့တယ္။ အခု လြတ္ၿငိမ္းခ်မ္းသာခြင့္မွာ ဇူးဇူးနဲ႔အတူ အဖိုးႀကီးပါ လြတ္ေျမာက္လာလို႔ သူ႔ရဲ့ဇာတိျဖစ္တဲ့ ေက်ာက္ပန္းေတာင္းကို ျပန္သြားေတာ့တာ။
ဇူးဇူးကလည္း ၎လိမၼာသြားသည့္အေၾကာင္း အထက္ပါအတိုင္း ေျပာျပၿပီး ဆိုင္ကို ေရွ႕ဆက္ တိုးတက္ႀကီးပြားေအာင္ လုပ္ေဆာင္ဖို႔ရာ စိတ္အားတက္ႂကြစြာျဖင့္ ကတိေပးေလတယ္။
လူခန႔္လည္း အင္းမမွာ ဆူးေလးဘက္က မိသားစုေတြနဲ႔ ႏွစ္ရက္ေလာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္လည္ပတ္ၿပီး စီစဥ္ေပးစရာရွိတာေတြ စီစဥ္ေပးခဲ့ကာ ဆူးေလးကို တပါတည္းေခၚလို႔ ၿမိဳ႕ကိုျပန္ခဲ့ပါေတာ့တယ္။ လူခန႔္နဲ႔ဆူးေလးဟာ မဂၤလာပြဲကို အင္းမမွာတစ္ႀကိမ္ လူခန႔္တို႔ၿမိဳ႕ေပၚမွာတစ္ႀကိမ္ ႏွစ္ႀကိမ္ က်င္းပၾကတယ္။ မခတၱာက ခင္ပြန္းျဖစ္တဲ့ ကိုေက်ာ္သူရနဲ႔အတူ အင္းမမွာလုပ္တဲ့ မဂၤလာပြဲကို တက္ေရာက္လာရင္း ဖခင္ဦးေသာင္းေငြတို႔ လင္မယားကိုပါ ဝင္ေရာက္ကန္ေတာ့တယ္။ ဦးေသာင္းေငြရဲ့မိန္းမ မသက္ထားကေတာ့ အရြယ္ မတိမ္းမယိမ္းလည္းျဖစ္ ယခင္က အလုပ္ရွင္ေတြလည္း ျဖစ္ခဲ့ဖူးတဲ့ မခတၱာတို႔ဇနီးေမာင္ႏွံရဲ့ ကန္ေတာ့ကို ခံရတာမို႔ အေတာ္ကို ရွက္အမ္းအမ္း ျဖစ္ေနရွာေတာ့တာ။
အင္းမပြဲၿပီးတဲ့အခါမွာ ၿမိဳ႕ေပၚပြဲအတြက္ လူခန႔္က ေဒၚက်င္ေမတို႔သားအမိနဲ႔ ေယာက္ဖေတာ္ဇူးဇူးကို ၿမိဳ႕ေပၚကိုေခၚခဲ့ၿပီး အိမ္မွာတည္းေစတယ္။ ဦးေသာင္းေငြတို႔ လင္မယားလည္း ၿမိဳ႕ကိုလိုက္လာတာနဲ႔ လူခန႔္ရဲ့အိမ္မွာ လူေတြစုံသြားၾကၿပီး မဂၤလာပြဲမက်င္းပခင္ တစ္ရက္အလိုညမွာ လူခန႔္ရဲ့လက္ရာ ဘဲကင္ အေခါက္ကင္နဲ႔ အျခား စားေသာက္ဖြယ္ရာမ်ားကို ဟိုဘက္ဒီဘက္ အမ်ိဳးေတြအားလုံး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဝိုင္းဖြဲ႕စားေသာက္ျဖစ္လိုက္ၾကတာေပါ့။
လူခန႔္ရဲ့ မဂၤလာေဆာင္ႏွစ္ခုစလုံးမွာ ေပ်ာ္တျပဳံးျပဳံး ေမာ္မဆုံးနိုင္ေအာင္ ျဖစ္ေနၾကသူေတြကေတာ့. . မႀကီးျမသီ . . ထိပ္ဆုံးကပဲ။ ၿပီးရင္ ေအာင္ဘုနဲ႔ သူဇာတို႔လင္မယား . . . သူဇာ့ရဲ့အေမေဒၚႏြဲ႕ သူဇာ့ရဲ့ညီမနဲ႔ ေမာင္ငယ္ေလးျဖစ္ၾကတဲ့ သီတာနဲ႔ ေမာင္သူရ စတဲ့ လူခန႔္ရဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြပဲ ျဖစ္ၾကတယ္။ ဦးပုႀကီးကလည္း သူ႔ဇနီးသည္ တ႐ုတ္မနဲ႔အတူ ၿမိဳ႕ေပၚပြဲေကာ အင္းမပြဲပါ တက္ေရာက္ခ်ီးျမႇင့္ေလတယ္။ လူခန႔္အိမ္ကို ေရာက္ကတည္းက ဇူးဇူးဟာ မႀကီးျမသီကို ခိုးၿပီး တၾကည့္ၾကည့္ လုပ္ေနေတာ့တာ။ လူခန႔္ ရိပ္စားမိတာေပါ့။ မႀကီးကလည္း မဂၤလာကိစၥ မအားတဲ့ၾကားက ဇူးဇူးကို တစ္ခ်က္တစ္ခ်က္ ျပန္ၾကည့္သလားပဲ။
သူဇာ့ညီမ သီတာရွိေနတာကို စိတ္မဝင္စားဘဲ မႀကီးကိုခ်ည္း ၾကည့္ေနေတာ့ ဒီေကာင္ဟာ အႏုထက္ အရင့္ကို စိတ္ဝင္စားတဲ့ေကာင္ပဲ ျဖစ္ရမယ္။ အင္း သူတို႔အေျခအေနကို ေစာင့္ၾကည့္မွလို႔ ေတြးမိရင္း ေရွ႕ဆက္ျဖစ္လာမယ့္ အေၾကာင္းေတြကို ျမင္ေယာင္ၿပီး လူခန႔္ တစ္ကိုယ္တည္း ျပဳံးလိုက္မိေသး။
အရင္ လူခန႔္နဲ႔မႀကီးတို႔ေနတဲ့အိမ္နဲ႔ ေအာင္ဘုတို႔မိသားစု ေနတဲ့အိမ္ေတြရဲ့ ေနာက္ဘက္ ခပ္လွမ္းလွမ္းမွာ ဆူးေလးနဲ႔ မဂၤလာေဆာင္ၿပီး ႏွစ္ေယာက္တည္းေနဖို႔ တစ္ထပ္တိုက္အိမ္ လွလွကေလးကို ဇိမ္ခံပစၥည္းအစုံအလင္တပ္ၿပီး လူခန႔္က ရွယ္ေဆာက္ထားတာ။ မဂၤလာပြဲၿပီးလို႔ အားလုံးလူစုခြဲ ကိုယ္စီအိမ္ျပန္ၾကေတာ့ လူခန႔္ဟာ အသစ္ဝယ္ထားတဲ့ ဖို႔ဒ္ဖိုးကပ္ ကားေလးေပၚ ဆူးေလးကိုတင္ၿပီး အဲ့ဒီအိမ္ေလးေရွ႕အထိ ကိုယ္တိုင္ ေမာင္းလာခဲ့ေတာ့တယ္။ အိမ္ေလးရဲ့ေရွ႕မွာ ေရႊႀကိဳးတားမယ့္သူေတြ ရွိမေန။ အဲ့ဒီလို မရွိရေအာင္လည္း အစကတည္းက ေပးေကာင္းေပးရာ ေပးထားႏွင့္ၿပီး ေသခ်ာစီစဥ္ခဲ့ရတာ မဟုတ္လား။ ကိုယ့္ရဲ့မိန္းမ ႏုႏုထြတ္ထြတ္ လွလွတင္းတင္းေလးကို အားရပါးရခ်စ္ပြဲဝင္ဖို႔ အားပ်ိဳးေနတဲ့အခ်ိန္မွာ အေႏွာက္အယွက္ကေလး တစ္ခုေတာင္ အဝင္ခံလို႔ ဘယ္ျဖစ္ပါ့မလဲ။
အိပ္ခန္းထဲေရာက္ေတာ့ လူခန႔္က ခပ္ႏြမ္းႏြမ္းရွိတာနဲ႔ ေရဝင္ခ်ိဳးလိုက္ၿပီး ဆူးေလးကေတာ့ မွန္တင္ခုံေရွ႕ မွာ ဆံထုံးေတြျဖဳတ္ အဝတ္အစားေတြလဲနဲ႔ အလုပ္ရွုပ္ေနေတာ့တာေပါ့။ လူခန႔္ ေရခ်ိဳးခန္းက ထြက္လာေတာ့ ဆူးေလးလည္း ညအိပ္ဝတ္စုံ ေပၚေအာက္ဝမ္းဆက္ ဂါဝန္ေလးကို လဲၿပီးေနၿပီေလ။ လူခန႔္လည္း ဆူးေလးရဲ့ အနားကိုသြားလို႔ သူမကို ထိုင္ရာကဆြဲထူကာ ေပြ႕ဖက္နမ္းရွုံ႔လိုက္ေတာ့တယ္။ အဲ့ဒီေနာက္ သူမရဲ့ ဂါဝန္ႀကိဳးစေလးကို ကိုင္လိုက္ၿပီး
” အင္းမမွာ ေတြ႕တဲ့ညတုန္းက အခြင့္အေရးမရတာနဲ႔ပဲ ကိုယ့္ခ်စ္သူေလးကို ဝေအာင္ မခ်စ္လိုက္ရဘူး။ အခု . . . ဒီႀကိဳးေလးကို ဆြဲလိုက္တာနဲ႔ ဆူးရဲ့တစ္ကိုယ္လုံးကို ကိုယ္ပိုင္ၿပီပဲ။ ကဲ . . . ဘယ္လိုလဲ။ ”
ဟု ၿပီတီတီေလး ေျပာလိုက္ရာ ဆူးေလးက လူခန႔္ရဲ့ ရင္ဘတ္ကို လက္သီးဆုပ္ကေလးေတြနဲ႔ ဖြဖြေလးထုရင္း
” ဟြန္းး အကဲႀကီး . . . သိပ္မုန္းဖို႔ေကာင္းတာ။ အခြင့္အေရးမရလို႔ပဲ ေတာ္ေတာ့တယ္။ အဲ့ဒီေန႔ညက သူခ်စ္သမၽွ နမ္းသမၽွကို ဒီကအသံမထြက္မိေအာင္ ေအာင့္ၿပီးသည္းခံထားရတာ သတိလစ္လုမတတ္ပဲရွင့္ . . . သိရဲ့ လား. . . ”
ဟူ၍ မပီကလာ ခပ္ခၽြဲခၽြဲေလး ျပန္ေျပာေလတယ္။ လူခန႔္လည္း အႏွီခ်စ္စရာ့ ေကာင္မေလးကို မိမိ ရင္ခြင္ထဲမွာ ေထြးေပြ႕ထားရင္း အခ်စ္စိတ္ေတြ ဆထက္တပိုး တိုးပြားလာတာနဲ႔ ဒီ့ထက္ အခ်ိန္ဆြဲမေနနိုင္ေတာ့ဘဲ အိပ္ယာထက္သို႔ သူမကိုဆြဲလွဲၿပီး အားရပါးရ ခ်စ္ပြဲဝင္ပစ္လိုက္ေတာ့မယ္လို႔ ေတြးေတာႀကံစည္ေနတုန္းမွာ
” ဟင္ . . . ဦးတိတ္ေရွာင္ ”
အမွန္ပဲ။ ဦးတိတ္ေရွာင္က တံခါးဝမွာရပ္ၿပီး လူခန႔္ကို လက္ယက္ေခၚေနေတာ့တာ။
” ဟာ . . . ဒီေယာကၡမကြာ . . .”
လူခန႔္ စိတ္ထဲကေန ၿငီးျငဴလိုက္မိၿပီး ဆူးေလးကို မအီမလည္ေလး ျပဳံးျပကာ
” ဆူး ခဏေလးေနာ္ . . .”
ဟု ခြင့္ပန္လို႔ ဦးတိတ္ေရွာင္ ေခၚေဆာင္ရာသို႔ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ လိုက္ခဲ့ပါေတာ့တယ္။ ဦးတိတ္ေရွာင္က လူခန႔္ကို ကားနီႀကီးရဲ့ ဂိုေထာင္ေခၚမိုးေပၚကို ေခၚသြားေလတယ္။ ဂိုေထာင္ေပၚလည္းေရာက္ေကာ ဦးတိတ္ေရွာင္က
” လူ႔က ဝ သမီးနဲ႔ ညားၿပီး အဆင္ေတြေျပေနေတာ့ ဝ ကို ေမ့ေနတယ္ေပါ့ ”
ဟုစကားနာထိုးေလရာ လူခန႔္က ေတာင္းေတာင္းပန္ပန္ အမူအရာနဲ႔
” မဟုတ္ပါဘူး ဦးတိတ္ေရွာင္ရယ္။ ခင္ဗ်ားကို က်ဳပ္ အျမဲသတိရပါတယ္။ က်ဳပ္ အခုလို ခ်မ္းခ်မ္းသာသာ ျပည့္ျပည့္စုံစုံ ေနနိုင္တာ. . . ဆူးေလးနဲ႔ လက္တြဲခြင့္ရတာေတြဟာ ခင္ဗ်ားရဲ့ ေက်းဇူးေတြပါ။ ခင္ဗ်ားရဲ့ ေက်းဇူးကို က်ဳပ္တစ္သက္မေမ့ပါဘူး။ မနက္ျဖန္ က်ဳပ္နဲ႔ဆူးေလး မဂၤလာဦး ဆြမ္းကပ္ရင္ေတာင္ ခင္ဗ်ားအတြက္ အလွူအတန္းေတြလုပ္ၿပီး အမၽွေဝေပးဦးမလို႔ပါပဲ ”
လို႔ ဦးတိတ္ေရွာင္ ေက်နပ္ေအာင္ ျပန္ရွင္းျပလိုက္ေတာ့တယ္။
” ဒီလိုၾကေတာ့လည္း ဝရဲ့ သားမက္ကေလးက ဘယ္ဆိုးလို႔လဲကြ။ ဝက လူ႔ကိုစတာပါ။ တကယ္ေတာ့ ဂ်င္မီအဖမ္းခံလိုက္ရတာေကာ ဝသားဇူးဇူး ေထာင္ကလြတ္ၿပီး လိမၼာလာတာေကာ က်င္ေမတို႔သားအမိ ေလာဘေတြ မာနေတြ ပစ္ပါယ္ၿပီး အေကာင္းဘက္ကို ကူးေျပာင္းသြားၾကတာေတြကိုပါ ဝ သိၿပီးပါၿပီ။ ဒီ့အတြက္ ဝ လူ႔ကို အမ်ားႀကီး ေက်းဇူးတင္သလို ဝရဲ့ သားနဲ႔သမီး . . . ဝရဲ့ စည္းစိမ္ဥစၥာေတြကို လူ႔ရဲ့လက္ထဲမွာ ထားခဲ့ရမွာကိုလည္း ဝ လုံးဝ စိတ္ခ်သြားပါၿပီ ”
” က်ဳပ္လက္ထဲမွာ ထားခဲ့မယ္ဆိုရေအာင္ ခင္ဗ်ားက ဘယ္သြားမလို႔လဲ ”
” ဝ တစ္ခါေျပာဖူးပါေကာ . . . တိုက္ႀကီးဘုံေက်ာင္းက အန္းကုန္းနတ္ဘိုးဘိုးက ဝကို သူ႔ဆီမွာ ႐ုကၡစိုးလာလုပ္ဖို႔ ေခၚထားတယ္ဆိုတာ။ အဲ့ဒါ . . . အခု ဝ အဲ့ဒီကို သြားရမယ့္အခ်ိန္ၾကၿပီ။ ဒီညက ႐ုကၡစိုးလုပ္ဖို႔ ဝ အဓိဌာန္ဝင္ထားတဲ့ အဓိဌာန္ၿပီးဆုံးတဲ့ ညပဲ။ မနက္ျဖန္ကေနစၿပီး ႐ုကၡစိုးျဖစ္ရေတာ့မွာမို႔ နင္ခင္တဲ့လူေတြ သြားႏွုတ္ဆက္ စားခ်င္တာလည္း စားလာခဲ့ဆိုၿပီး အန္ကုန္းက အထူးအခြင့္အေရး ေပးလိုက္လို႔ လူ႔ကိုလာႏွုတ္ဆက္ရင္း လူ႔ကင္တဲ့ အေခါက္ကင္နဲ႔ ဘဲကင္ေလး လာစားတာ ”
” ဟာ . . . အေခါက္ကင္က အခုလုပ္ၿပီးသား ဘယ္ရွိမလဲ ဦးတိတ္ေရွာင္ရဲ့ ။ မဂၤလာပြဲရွိလို႔ ဒီရက္ပိုင္း ဆိုင္ပိတ္ထားတာေလ . . .”
” ေၾသာ္လူ႔ရယ္ . . . စားဖိုေဆာင္က ဖရီဇာထဲကို ဝ ၾကည့္ခဲ့ၿပီးပါၿပီ။ ဝက္သားေတြရွိတယ္ေလ။ ဘဲတစ္ေကာင္လည္း ေတြ႕တယ္ ”
” ဟုတ္တယ္ေလ . . . ဟိုေန႔က အမ်ိဳးေတြကို ကင္ေႂကြးရင္း ပိုတဲ့အစိမ္းေတြ။ အဲ့ဒါဘာျဖစ္လဲ . . .”
” ဘာျဖစ္ရမွာလဲ လူ႔ရဲ့….. မီးေမႊးလို႔ရတဲ့ မီးဖိုရွိတယ္။ အသားစိမ္းေတြလည္း ရွိတယ္။ ဝ သားမက္ ဆူပါစားဖိုမွူးႀကီး လူ႔လည္းရွိတယ္ ဆိုမွေတာ့ . . . . အေခါက္ကင္ ျဖစ္ၿပီေပါ့ . . .။ ကဲ . . .ေျပာေနၾကာတယ္။ ဝကို အခုလိုက္ကင္ေႂကြးေတာ့ ”
” ဟာ . . . ဦးတိတ္ေရွာင္ကလည္း အေခါက္ကင္ ကင္ရတာက အၾကာႀကီးပဲကိုးဗ်ာ . . .”
” ၾကာေတာ့ဘာျဖစ္လဲ။ ဝ ေစာင့္နိုင္ပါတယ္။ မနက္ျဖန္ အာ႐ုံမတက္ခင္ ရရင္ေတာ္ၿပီေလ. . . . ”
” အို . . . . အေဖရယ္ . . . ၾကာေတာ့ ဒီည ကၽြန္ေတာ္ အေဖ့သမီးနဲ႔ ဘာ ဘာ . . .”
” ေအာင္မေလးလူ႔ရယ္. . . ဝ သမီးနဲ႔ အိပ္တာက ေနာက္ေန႔ေတြ အိပ္လည္းျဖစ္ပါတယ္။ ဝကိုက ဒီတစ္ညပဲ လူ႔ ေကၽြးခြင့္ေမြးခြင့္ရွိေတာ့တာ။ ေနာက္ေန႔ ဝ နတ္ျဖစ္သြားလို႔ ဘုံေက်ာင္းေရာက္သြားရင္ လူ႔လာေကၽြးခ်င္ရင္ေတာင္ ဒီလို အေခါက္ကင္ေတြ အသားကင္ေတြ ေကၽြးလို႔မရေတာ့ဘူး။ ပန္းသီးေတြ လိေမၼာ္သီးေတြပဲ ဝက စားလို႔ရေတာ့မွာ. . .။ ဒါေၾကာင္ ဒီတစ္ညေတာ့ လူ႔လည္း ဝကို ေစတနာပါပါေလး ေသခ်ာကင္ေကၽြး။ ဝ ကလည္း ဟိုတုန္းကလို အေငြ႕ကိုမစားဘူး။ တကယ္ကို အားရွိပါးရွိ စားပစ္လိုက္မယ္။ ဟုတ္ၿပီလား . . .။ ကဲ . . . ေျပာေနၾကာပါတယ္ လူ႔ရယ္။ ေတာ္ၾကာ ေနထြက္လာလို႔ ဝ မစားလိုက္ရဘဲ ငတ္ေနဦးမယ္။ လာပါ . . . . လာပါ . . . . လာစမ္းပါ . . . လူ႔လက္ရာေလး စားခ်င္လြန္းလို႔ပါ . . . . .”
ဦးတိတ္ေရွာင္က လူခန႔္ရဲ့ လက္ကိုဆြဲလၽွက္ စားဖိုေဆာင္ရွိရာသို႔ အတင္းေခၚေဆာင္သြားသလို လူခန႔္ကလည္း ဦးတိတ္ေရွာင္ေခၚေဆာင္ရာသို႔ ကပ္တတ္ကပ္တတ္နဲ႔ မလိုက္ခ်င္လိုက္ခ်င္ လိုက္ပါသြားရပါေတာ့တယ္။…ၿပီးပါၿပီ