Skip to content
TAI YAN MEDIA

TAI YAN MEDIA

NEWS & GENERAL KNOWLEDGE

  • HOME
  • INTERNATIONAL NEWS
  • LOCAL NEWS
  • GENERAL KNOWLEDGE
  • Cele News
  • Finance
  • Toggle search form

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်အရွယ်ကို ပြန်လည်နုပျိုသွားတဲ့ အမျိုးသား(သိပ္ပံပညာ၏ အံ့ဖွယ်တွေ့ရှိမှု)

Posted on May 30, 2024May 30, 2024 By Tai Yan

Unicode

ဒီတူရီအမည်ရှိ အမျိုးသားသည် အတ္တလန္တိတ်သမုဒ္ဒရာအောက် ရေနက်ထဲတွင် လုံးဝန်းသော အိမ်ငယ်တစ်ခုဖြင့် ၃ လ ကျော် နေထိုင်ခဲ့ပြီးနောက် ပြန်ထွက်လာချိန်တွင် အသက် ၁၀ နှစ်ခန့် ပြန်လည်နုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ် သွားခဲ့ကြသည်။

ထူးခြားသည့် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန်အတွက် ရေအောက်တွင် ၃ လကျော်နေထိုင်ရန် သိပ္ပံပညာရှင်များက အငြိမ်းစားရေတပ်အရာရှိဟောင်း ဂျိုးဇက် ဒီတူရီအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လူ့ခန္ဓာကိုယ်အပေါ် ဖိအားများရှိနေသည့် ရေအောက်တွင် နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများကို သိပ္ပံပညာရှင်တို့က လေ့လာလိုခဲ့ခြင်း ဖြစ်သည်။

ဒီတူရီသည် အတ္တလန္တိတ်သမုဒ္ဒရာအောက် ရေနက်ထဲတွင် သေးငယ်သော ရေအောက် အိမ်လုံးလေးတစ်ခု၌ ၃ လကျော် နေထိုင်ခဲ့ပြီး ပြန်ထွက်လာချိန်တွင် ၁၀ နှစ်ကျော် နုပျိုသွားကြောင်း လေ့လာတွေ့ရှိခဲ့ရာ သိပ္ပံပညာရှင်များ တုန်လှုပ်သွားခဲ့ကြသည်။

ဆေးပညာအရ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ကြည့်သောအခါ ဒီတူရီ၏ ခန္ဓာကိုယ်တွင်ရှိသော telomere တို့မှာ လွန်ခဲ့သော ၃ လကထက် ၂၀ ရာခိုင်နှုန်း ပိုမိုရှည်လျားလာသည်ကို တွေ့ရသည်။

Telomere မှာ ခရိုမိုဇုန်းတို့၏ အဖျားများတွင် တည်ရှိသော DNA ထိပ်ဖူးများဖြစ်ပြီး အသက်အရွယ် ကြီးလာ သည်နှင့်အမျှ အရွယ်အစားကျုံ့လာကြသည်။

ထို့အပြင် stem cell များမှာလည်း အရေအတွက်များပြားလာပြီး ဒီတူရီ၏ အလုံးစုံကျန်းမာရေးမှာ အံ့ဖွယ် ပြောင်းလဲသွားခဲ့သည်။

ဒီတူရီသည် နှစ်ခြိုက်စွာအိပ်ပျော်သည့် အကျိုးကျေးဇူးလည်း ရရှိခဲ့သည်။ သူ၏ ကိုလက်စထရော ပမာဏမှာ ၇၂ ခန့် ကျဆင်းသွားခဲ့သည်။

အဆိုပါ ပြောင်းလဲမှုများမှာ ရေအောက်ဖိအားကြောင့်ဖြစ်ပြီး လူ၏ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာရှိကြောင်း ဆရာဝန်တို့က ပြောသည်။

လူတို့တွင် ယခုကဲ့သို့ အတွေ့အကြုံမျိုးလိုအပ်ကြောင်း ဒီတူရီက ပြောသည်။

“ပြင်ပကမ္ဘာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ဖြတ်ပေးမယ့် ဒီလိုနေရာမျိုး လူတွေမှာ လိုအပ်ပါတယ်။ လူတွေကို ဒီနေရာကို ၂ ပတ်လောက် ပို့ပေးပါ။ ဒီနေရာမှာ သူတို့ ခြေထောက်ဆေး ၊ အပန်းဖြေကြရင်း ဖိအားများတဲ့ နေရာမှာ အောက်စီဂျင် ၁၀၀ ရာခိုင်နှုန်းနဲ့ နေရတဲ့ အကျိုးကျေးဇူးကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ် ”ဟု ဒီတူရီက ပြောကြောင်း Daily Mirror သတင်းဌာနက ဖော်ပြသည်။

(မှတ်ချက်။ လူတို့ အသက်ရှုနေသော ပုံမှန်လေမှာ အောက်စီဂျင် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ )

ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်တွင်လည်း ကြီးမားသော တိုးတက်မှုများရှိလာခဲ့ကြောင်း ၎င်းက ပြောသည်။

ဒီတူရီသည် ရေအောက်တွင် နေထိုင်ခဲ့စဉ်ကာလအတွင်း လေ့ကျင့်ခန်းလုပ်သည့် စပရိန်ဖြင့် တစ်ရက်လျှင် တစ်နာရီကျော်၊ တစ်ပတ်လျှင် ၅ ရက် လေ့ကျင့်ခန်းလုပ်ခဲ့သည်။

ဂျိုးဇက် ဒီတူရီသည် ရေအောက်တွင် ၉၃ ရက်ကြာ နေထိုင်မှုအတွက် အခြားမှတ်တိုင်တစ်ခုလည်း စိုက်ထူနိုင် ခဲ့သည်။

ယခင်က ရေအောက်တွင် အကြာဆုံးနေထိုင်မှုအဖြစ် စံချိန်တင်ထားသည်မှာ ၇၃ ရက်ဖြစ်ရာ ယခုအခါ ဒီတူရီက အဆိုပါစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအတိုင်းဆိုလျှင် အနာဂတ်တွင် ချမ်းသာသော သူများအား ဝန်ဆောင်မှုပေးသော သမုဒ္ဒရာရေအောက်ရှိ အိမ်းလုံးငယ်များ ခေတ်စားလာနိုင်သည်။

Zawgyi

လြန္ခဲ့တဲ့ ၁၀ ႏွစ္ခန႔္အ႐ြယ္ကို ျပန္လည္ႏုပ်ိဳသြားတဲ့ အမ်ိဳးသား(သိပၸံပညာ၏ အံ့ဖြယ္ေတြ႕ရွိမႈ)
ဒီတူရီအမည္ရွိ အမ်ိဳးသားသည္ အတၱလႏၲိတ္သမုဒၵရာေအာက္ ေရနက္ထဲတြင္ လုံးဝန္းေသာ အိမ္ငယ္တစ္ခုျဖင့္ ၃ လ ေက်ာ္ ေနထိုင္ခဲ့ၿပီးေနာက္ ျပန္ထြက္လာခ်ိန္တြင္ အသက္ ၁၀ ႏွစ္ခန႔္ ျပန္လည္ႏုပ်ိဳသြားရာ သိပၸံပညာရွင္မ်ား အံ့ၾသတုန္လႈပ္ သြားခဲ့ၾကသည္။
ထူးျခားသည့္ စမ္းသပ္မႈတစ္ခု ျပဳလုပ္ရန္အတြက္ ေရေအာက္တြင္ ၃ လေက်ာ္ေနထိုင္ရန္ သိပၸံပညာရွင္မ်ားက အၿငိမ္းစားေရတပ္အရာရွိေဟာင္း ဂ်ိဳးဇက္ ဒီတူရီအား ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။
လူ႔ခႏၶာကိုယ္အေပၚ ဖိအားမ်ားရွိေနသည့္ ေရေအာက္တြင္ ေနထိုင္ျခင္း၏ အက်ိဳးသက္ေရာက္မႈမ်ားကို သိပၸံပညာရွင္တို႔က ေလ့လာလိုခဲ့ျခင္း ျဖစ္သည္။

ဒီတူရီသည္ အတၱလႏၲိတ္သမုဒၵရာေအာက္ ေရနက္ထဲတြင္ ေသးငယ္ေသာ ေရေအာက္ အိမ္လုံးေလးတစ္ခု၌ ၃ လေက်ာ္ ေနထိုင္ခဲ့ၿပီး ျပန္ထြက္လာခ်ိန္တြင္ ၁၀ ႏွစ္ေက်ာ္ ႏုပ်ိဳသြားေၾကာင္း ေလ့လာေတြ႕ရွိခဲ့ရာ သိပၸံပညာရွင္မ်ား တုန္လႈပ္သြားခဲ့ၾကသည္။
ေဆးပညာအရ က်န္းမာေရးစစ္ေဆးမႈမ်ား လုပ္ေဆာင္ၾကည့္ေသာအခါ ဒီတူရီ၏ ခႏၶာကိုယ္တြင္ရွိေသာ telomere တို႔မွာ လြန္ခဲ့ေသာ ၃ လကထက္ ၂၀ ရာခိုင္ႏႈန္း ပိုမိုရွည္လ်ားလာသည္ကို ေတြ႕ရသည္။
Telomere မွာ ခ႐ိုမိုဇုန္းတို႔၏ အဖ်ားမ်ားတြင္ တည္ရွိေသာ DNA ထိပ္ဖူးမ်ားျဖစ္ၿပီး အသက္အ႐ြယ္ ႀကီးလာ သည္ႏွင့္အမွ် အ႐ြယ္အစားက်ဳံ႕လာၾကသည္။
ထို႔အျပင္ stem cell မ်ားမွာလည္း အေရအတြက္မ်ားျပားလာၿပီး ဒီတူရီ၏ အလုံးစုံက်န္းမာေရးမွာ အံ့ဖြယ္ ေျပာင္းလဲသြားခဲ့သည္။
ဒီတူရီသည္ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္သည့္ အက်ိဳးေက်းဇူးလည္း ရရွိခဲ့သည္။ သူ၏ ကိုလက္စထေရာ ပမာဏမွာ ၇၂ ခန႔္ က်ဆင္းသြားခဲ့သည္။
အဆိုပါ ေျပာင္းလဲမႈမ်ားမွာ ေရေအာက္ဖိအားေၾကာင့္ျဖစ္ၿပီး လူ၏ ကိုယ္ခႏၶာအတြက္ ေကာင္းက်ိဳးမ်ားစြာရွိေၾကာင္း ဆရာဝန္တို႔က ေျပာသည္။

လူတို႔တြင္ ယခုကဲ့သို႔ အေတြ႕အႀကဳံမ်ိဳးလိုအပ္ေၾကာင္း ဒီတူရီက ေျပာသည္။
“ျပင္ပကမာၻရဲ႕ လႈပ္ရွားမႈေတြနဲ႔ အဆက္ျဖတ္ေပးမယ့္ ဒီလိုေနရာမ်ိဳး လူေတြမွာ လိုအပ္ပါတယ္။ လူေတြကို ဒီေနရာကို ၂ ပတ္ေလာက္ ပို႔ေပးပါ။ ဒီေနရာမွာ သူတို႔ ေျခေထာက္ေဆး ၊ အပန္းေျဖၾကရင္း ဖိအားမ်ားတဲ့ ေနရာမွာ ေအာက္စီဂ်င္ ၁၀၀ ရာခိုင္ႏႈန္းနဲ႔ ေနရတဲ့ အက်ိဳးေက်းဇူးကို ေတြ႕ႀကဳံခံစားရမွာ ျဖစ္ပါတယ္ ”ဟု ဒီတူရီက ေျပာေၾကာင္း Daily Mirror သတင္းဌာနက ေဖာ္ျပသည္။
(မွတ္ခ်က္။ လူတို႔ အသက္ရႈေနေသာ ပုံမွန္ေလမွာ ေအာက္စီဂ်င္ ၂၀ ရာခိုင္ႏႈန္းခန႔္ ပါဝင္သည္။ )
ခႏၶာကိုယ္၏ ဇီဝျဖစ္စဥ္တြင္လည္း ႀကီးမားေသာ တိုးတက္မႈမ်ားရွိလာခဲ့ေၾကာင္း ၎က ေျပာသည္။

ဒီတူရီသည္ ေရေအာက္တြင္ ေနထိုင္ခဲ့စဥ္ကာလအတြင္း ေလ့က်င့္ခန္းလုပ္သည့္ စပရိန္ျဖင့္ တစ္ရက္လွ်င္ တစ္နာရီေက်ာ္၊ တစ္ပတ္လွ်င္ ၅ ရက္ ေလ့က်င့္ခန္းလုပ္ခဲ့သည္။
ဂ်ိဳးဇက္ ဒီတူရီသည္ ေရေအာက္တြင္ ၉၃ ရက္ၾကာ ေနထိုင္မႈအတြက္ အျခားမွတ္တိုင္တစ္ခုလည္း စိုက္ထူႏိုင္ ခဲ့သည္။
ယခင္က ေရေအာက္တြင္ အၾကာဆုံးေနထိုင္မႈအျဖစ္ စံခ်ိန္တင္ထားသည္မွာ ၇၃ ရက္ျဖစ္ရာ ယခုအခါ ဒီတူရီက အဆိုပါစံခ်ိန္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ယခုအတိုင္းဆိုလွ်င္ အနာဂတ္တြင္ ခ်မ္းသာေသာ သူမ်ားအား ဝန္ေဆာင္မႈေပးေသာ သမုဒၵရာေရေအာက္ရွိ အိမ္းလုံးငယ္မ်ား ေခတ္စားလာႏိုင္သည္။

Facebook Comments Box

Related posts:

ဒီ၁ပတ်အတွင်းဘာတွေကြုံရမလဲ? ☸️

တရုတ်ထုတ်လိုက်တဲ့ ဒေါ်လာသုံးသောင်းကျော်တန် လေယာဉ်ငယ်(မြန်မာငွေ သန်း၁၅၀၀ ဝန်းကျင်)

ကရဝေးရွက်နဲ့ လပြည့်ည တက်မည်စီပွား မုချမှတ်

Bangkok

GENERAL KNOWLEDGE, INTERNATIONAL NEWS

Post navigation

Previous Post: “အန်ကယ် ဒါ ဒါ ကြီးနဲ့ ဖြစ်ပါ့မလား… ကျွန်မဟာလေး ပြဲကွဲသွားအုံးမယ် “
Next Post: “လုပ်ပေးပါတော့ ဦးရယ်.. ချစ်ဖူး အရမ်းခံချင်နေပြီ”ဆိုပြီး ခြံစောင့်ကို နောက်မီးလင်းနေတဲ့ ကျနော့မိန်းမ

Related Posts

အလှူရှင်၏နှလုံးကို ဒရုန်းဖြင့် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ INTERNATIONAL NEWS
တရုတ်ထုတ်လိုက်တဲ့ ဒေါ်လာသုံးသောင်းကျော်တန် လေယာဉ်ငယ်(မြန်မာငွေ သန်း၁၅၀၀ ဝန်းကျင်) INTERNATIONAL NEWS
ဒီ၁ပတ်အတွင်းဘာတွေကြုံရမလဲ? ☸️ GENERAL KNOWLEDGE
Bangkok INTERNATIONAL NEWS
ကရဝေးရွက်နဲ့ လပြည့်ည တက်မည်စီပွား မုချမှတ် GENERAL KNOWLEDGE
How To Invest In Cryptocurrency Smartly Finance

Recent Posts

  • လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်အရွယ်ကို ပြန်လည်နုပျိုသွားတဲ့ အမျိုးသား(သိပ္ပံပညာ၏ အံ့ဖွယ်တွေ့ရှိမှု)
  • တရုတ်ထုတ်လိုက်တဲ့ ဒေါ်လာသုံးသောင်းကျော်တန် လေယာဉ်ငယ်(မြန်မာငွေ သန်း၁၅၀၀ ဝန်းကျင်)
  • ဒီ၁ပတ်အတွင်းဘာတွေကြုံရမလဲ? ☸️
  • အင်းစက်အိမ်
  • “မောင်.. မမကို. မညှင်းဆဲပါနဲ့တော့ကွယ်… မမအာပူးက ယားလှပြီ”

Recent Comments

  1. စာဖတ်သူ on ချစ်ရတဲ့ နပ်စ်မလေး (အပိုင်းဆက်)

Archives

  • June 2024
  • May 2024
  • March 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • July 2022

Categories

  • Apanpyay
  • Cele News
  • Finance
  • GENERAL KNOWLEDGE
  • INTERNATIONAL NEWS
  • LOCAL NEWS
  • Uncategorized

Related Post

အလှူရှင်၏နှလုံးကို ဒရုန်းဖြင့် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့

တရုတ်ထုတ်လိုက်တဲ့ ဒေါ်လာသုံးသောင်းကျော်တန် လေယာဉ်ငယ်(မြန်မာငွေ သန်း၁၅၀၀ ဝန်းကျင်)

Bangkok

မြန်မာငွေ သိန်း၂၀၀လောက်တန်တဲ့ LV brand Luggage ကို စမိုင်းလ်ဆီက လက်ဆောင်ရလိုက်တဲ့...

TAIYAN MEDIA IS FREE MEDIA BY TAIYAN
  • About Us
  • Privacy Policy
Contact Us

Copyright © 2025 TAI YAN MEDIA.

Powered by PressBook Media WordPress theme