လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်အရွယ်ကို ပြန်လည်နုပျိုသွားတဲ့ အမျိုးသား(သိပ္ပံပညာ၏ အံ့ဖွယ်တွေ့ရှိမှု)
Unicode ဒီတူရီအမည်ရှိ အမျိုးသားသည် အတ္တလန္တိတ်သမုဒ္ဒရာအောက် ရေနက်ထဲတွင် လုံးဝန်းသော အိမ်ငယ်တစ်ခုဖြင့် ၃ လ ကျော် နေထိုင်ခဲ့ပြီးနောက် ပြန်ထွက်လာချိန်တွင် အသက် ၁၀ နှစ်ခန့် ပြန်လည်နုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ် သွားခဲ့ကြသည်။ ထူးခြားသည့် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန်အတွက် ရေအောက်တွင် ၃ လကျော်နေထိုင်ရန် သိပ္ပံပညာရှင်များက အငြိမ်းစားရေတပ်အရာရှိဟောင်း ဂျိုးဇက် ဒီတူရီအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပေါ် ဖိအားများရှိနေသည့် ရေအောက်တွင် နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများကို သိပ္ပံပညာရှင်တို့က လေ့လာလိုခဲ့ခြင်း ဖြစ်သည်။ ဒီတူရီသည် အတ္တလန္တိတ်သမုဒ္ဒရာအောက် ရေနက်ထဲတွင် သေးငယ်သော ရေအောက် အိမ်လုံးလေးတစ်ခု၌ ၃ လကျော် နေထိုင်ခဲ့ပြီး ပြန်ထွက်လာချိန်တွင် ၁၀ နှစ်ကျော် နုပျိုသွားကြောင်း လေ့လာတွေ့ရှိခဲ့ရာ သိပ္ပံပညာရှင်များ တုန်လှုပ်သွားခဲ့ကြသည်။…