Unicode
ငယ်ငယ်ကကြည့်ခဲ့ဘူးတဲ့ ကောင်းဘွိုင်ရုပ်ရှင် ဇာတ်ကားထဲက သေနတ်ချင်းယှဉ်ပစ်ခါနီး ဇာတ်ဝင်ခန်းလိုပဲ.. လူသူလေးပါး ရှင်းလင်းလွန်းတဲ့ မြစ်ကမ်းပါးအစွန်က ခုံအပြာလေးပတ်ချာလည်မှာ ထိုင်နေကြတဲ့ လူ ၃ ယောက်ဟာ တိတ်ဆိတ်လို့နေတယ်။ မိုးနံ့သင်းသင်းလေးပါတဲ့ လေပြေလေးကအဝှေ့၊ ကျနော့်ရှေ့မှာ ထိုင်နေတဲ့ ကျနော်ချစ်တဲ့ မိန်းမနှစ်ယောက်ရဲ့ ဆံနွယ်တွေက တဖျတ်ဖျတ် လေထဲမှာ လွှင့်လို့ပေါ့။ တော်ရုံ စိတ်လှုပ်ရှားစရာ တွေ့တာတောင် တည်ငြိမ်တတ်တဲ့ ကျနော် အခုတစ်ကိုယ်လုံး တဖျင်းဖျင်းထလာတဲ့အထိ တုန်လှုပ်နေမိပြီ။ ပြုံးချိုနေတဲ့ မျက်နှာတွေနဲ့ ကျနော့်ရှေ့မှာ ထိုင်နေတဲ့ ဆရာဝန်မလေးနဲ့ နာ့စ်မလေး..။
“အအေးသောက်မလား ညီမလေးနီနီချို…”
လို့ ပုံ့ပုံ့က ခပ်ပြုံးပြုံးလုပ်ရင်း စကားစပြောတယ်။
“ရတယ် မမ..။ ဒီမှာ အစ်ကို့ဆီက နည်းနည်းမျှသောက်လိုက်မယ်…”
လို့ ပြန်ဖြေရင်း ရုတ်တရက် ကျနော်သောက်လက်စ ဖျော်ရည်ခွက်ကို ဆွဲယူပြီး ကောက်မော့ပစ်လိုက်တယ်။ ကျနော် အထိတ်တလန့်နဲ့ ပုံ့ပုံ့ကို လှမ်းကြည့်လိုက်တော့ လုံးဝမျက်နှာမပျက်ပဲ ကျနော့်ကို တစ်ချက်လောက် စိုက်ကြည့်ပြီး မျက်နှာလွှဲသွားတယ်။ အနီလေးကလည်း သူဘယ်လောက် ကျနော့်ကိုပိုင်ကြောင်း ပြချင်နေပုံပဲ။
ဖူး…… ကျနော် သက်ပြင်းခိုးချနေမိတယ်။ ဘာမှစကားဆက်မပြောပဲ ဒီအတိုင်း ငြိမ်ကျသွားပြန်တာ ၅ မိနစ်လောက် ရှိသွားပြန်ပြီ။ ကျနော့်စိတ်ထဲမှာတော့ ၅ ကမ္ဘာလောက်တောင် ကြာသွားပြီလို့ ထင်နေမိတယ်။ ကျနော် ကံကောင်းနေတာတစ်ချက်က ကျနော်ပြိုင်တူချစ်မိခဲ့တဲ့ မိန်းမနှစ်ယောက်လုံးဟာ ဂုဏ်သိက္ခာရှိတဲ့ ပညာတတ် မိန်းမတွေ ဖြစ်နေလို့ပါ။ မဟုတ်ပဲ သာမန်မိန်းမနှစ်ယောက်သာဆို နေရာမှာတင် ထပြီး သတ်ကြတော့မလားပဲ။ အခုတော့ သူတို့နှစ်ယောက်လုံးက ခပ်ပြုံးပြုံးနဲ့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြတယ်ဗျာ။
“မနက်ကပဲ ကျမတို့နှစ်ယောက် စကားပြောပြီးကြပြီ မောင်ရေ…”
လို့ ပုံ့ပုံ့က စကားစတယ်။
“ညီမလေးနီနီချိုက ဘာတစ်ခုမှ ဖုံးကွယ်မထားပဲ ပုံ့ကို အကုန်ပြောပြခဲ့တယ်လေ…။ မနေ့က ပုံ့တို့သုံးယောက် ဆုံလိုက်ကတည်းက ပုံ့ ရိပ်မိပါတယ်။ မောင်… တစ်ခုခု ပြောချင်သေးလား…”
…………. ….. ….. …… ………..
“အစ်ကို! မမရီကို ပြောပြလိုက်လေ..။ အနီလေးကို အစ်ကို အရမ်းချစ်တဲ့အကြောင်း..။ အနီလေးကို ဘယ်လိုဂရုစိုက်တဲ့အကြောင်း….။ ဘယ်လိုရည်ရွယ်ထားတယ်ဆိုတာတွေ ပြောပြလိုက်ပါ အစ်ကိုရ….”
ရယ်သလိုမောသလိုနဲ့ ကျနော့်သူနာပြုဆရာမလေးကစပြီး တိုက်စစ်ဆင်ပြီဗျာ။ ကျနော် ဘာမှပြန်မပြောနိုင်ပဲ တိတ်နေမိတယ်။
“ဟင်းဟင်း! ဟုတ်လား ညီမလေးအနီချိုရ..။ မမကိုလည်း အတူတူပါပဲဟ..။ သိတဲ့အတိုင်း ဖိုးသက်က မမရဲ့ ငယ်ကျွမ်းဆွေလေ..။ မမကိုဆို အနိုင်လည်းတော်တော်ကျင့်တယ်..။ သံယောဇဉ်လည်း ကြီးရှာတယ်လေ..။ အဲ့လိုခပ်ဆိုးဆိုး ချစ်သူမျိုးကို မမ တသက်လုံး ပဲ့ပြင်ထိန်းကျောင်းသွားဖို့ ဆုံးဖြတ်ပြီးသား..။ ပြီးတော့ သူကလည်း ဘယ်လောက်ဆိုးဆိုး မမကိုတော့ တော်တော်လေး ချစ်ရှာတယ်ဟ။ ဟုတ်တယ်မလား မောင်…”
ဆိုပြီး ကျနော့်ကို မေးငေါ့ပြီး ပြောလာပြန်တယ်။
“အနီလေးကတော့ အစ်ကို့ကို လက်ထပ်ဖို့ ဆုံးဖြတ်ထားတယ်.. မမရေ..။ ဒါနဲ့ စကားမစပ်… အစ်ကိုက မမကို ငယ်သူငယ်ချင်းမှန်းသိပြီး သံယောဇဉ်ဖြစ်သွားတာ မကြာသေးဘူးဆို.. ဟုတ်လား..”
“အာ.. မဟုတ်ပါဘူး ညီမလေးရာ..။ အမှန်က ဖိုးသက် ဒီမြို့ကိုရောက်လာပြီး ဘာမှမကြာလိုက်ဘူး…။ တစ်ညနေ ရေတွင်းမှာ.. မမတို့နှစ်ယောက် ချစ်သူဖြစ်ခဲ့တာပါ..။ မောင်က ညီမလေးကို မပြောပြဘူးထင်တယ်.. ဟင်းဟင်း..”
ကျနော်တော့ ရူးချင်နေပြီဗျာ။ သူတို့နှစ်ယောက်က ဘယ်သူမှ နောက်ဆုတ်မယ့်ပုံ မပေါ်ဘူးဗျ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ကို ကျနော်က ပိုပါတယ်ဆိုတာကို မသိမသာ ယဉ်ယဉ်ကျေးကျေး စကားနိုင်လုနေကြပြီ။ အမှန်က တစ်ယောက်ယောက် မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုတ်သွားရမှာ မဟုတ်ဘူးလား။ တဖြေးဖြေးနဲ့ သူတို့ပြောနေတဲ့ စကားလုံးတွေက တော်တော်လေး လွန်ကဲလာနေပြီဆိုတာ ကျနော် ကြားနေရတယ်။
“ညီမလေးကတော့ နောက်မဆုတ်ပေးနိုင်ပါဘူးရှင်…။ အစ်ကို့ကို အရမ်းချစ်တာပါ..။ အစ်ကိုနဲ့ တသက်လုံးခွဲရရင် သေမှာ…”
“သြော်! ဖြစ်ရလေ ညီမလေးရာ..။ မမလည်း တူတူပါပဲ..။ တသက်လုံး မျှော်ခဲ့ရတဲ့ ကောင်လေးကိုပဲ ယူမယ်လို့ ရည်စူးခဲ့တာပါကွယ်..”
အပြန်အလှန် တောင်းပန်သလို လေသံတွေနဲ့ မုန်တိုင်းတိုက်စပြုလာနေတဲ့အထိ ကြားထဲက ကျနော့်မှာ ကျောက်ရုပ်တစ်ရုပ်လို ဘာဝင်ပြောရမှန်းမသိ ငြိမ်သက်လို့ပေါ့။
“ကဲပါ.. မောင်ရေ..။ ဒီနေရာမှာ အပြတ်ပြောပါတော့နော်..”
ဆိုပြီး စကားဦးက ကျနော့်ဖက်ကို လှည့်စပြုလာပြီ။
“အခုအတိုင်းဆို ညီမလေးလည်း သနားစရာကောင်းနေရှာပြီ..။ ပုံ့ပုံ့ကလည်း မောင့်ကို မခွဲနိုင်..။ ဒီတော့ ကာယကံရှင်ဖြစ်တဲ့ မောင်ကိုယ်တိုင် တစ်ခွန်းပဲပြောပြီး ဆုံးဖြတ်ပါတော့…”
လို့ ပုံ့ပုံ့က ကျနော့်ကို စိုက်ကြည့်ရင်း ဆုံးဖြတ်ခိုင်းလာတယ်ဗျာ။
………………………………………
စူးစူးရဲရဲ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျနော့်ကို ငေးကြည့်နေတဲ့ ကျနော့်သူနာပြုဆရာမလေး နီနီချို၊တောက်ပနေတဲ့ အကြည့်တွေထဲမှာ သူ့ကိုကျနော် တသက်လုံး ပစ်မသွားပါဘူးဆိုတဲ့ ယုံကြည်မှုတွေအပြည့်၊ ကျနော့်ကို အသည်းနင့်အောင် ချစ်ရှာတဲ့ ဘာမှအပြစ်မရှိတဲ့ ကောင်မလေး။
ဒီဖက်ကိုကြည့်ပါဦး.. ဒေါက်တာရီရီ.. ဒါမှမဟုတ် အနေတည်ပြီး မနောဖြူတဲ့ ကျနော့်ငယ်ငယ်က ပုံ့ပုံ့။ ခါးကလေး မတ်မတ်နေရင်း တောင့်တောင့်လေးထိုင်ရင်း ကျနော်ပြောမယ့်စကားကို မျှော်လင့်တကြီး ဟန်ကလေးနဲ့လေ။ ဟိုးငယ်ဘဝ ကလေးအရွယ်ကနေ အခုထိ ကျနော့်အပေါ် အနွံတာခံရှာတဲ့ ကောင်မလေးရယ် အခုကျနော့်ကို ဆွေးရိပ်သမ်းနေတဲ့ မျက်ဝန်းညိုညိုလေးနဲ့ အသနားခံနေရှာပြီ။
ကျနော် ဘာလုပ်ရမလဲဗျာ။ ဘာပြောလိုက်ရမလဲ။ တစ်ယောက်ယောက်ကို ကျနော် လွန်လွန်ကျူးကျူး မလုပ်ခဲ့ရသေးဘူးဆိုရင်လည်း အဖြေကရှင်းမယ်။ အခုတော့ နှစ်ယောက်လုံးနဲ့ နယ်ကျွံခဲ့မိပြီဆိုတော့ ဘယ်သူ့ကို ဘာအကြောင်းပြချက်နဲ့ ဖြတ်ရမှာလဲဗျာ။
“အစ်ကိုရေ! ဖြေလိုက်လေ…။ ဘယ်သူ့ကို ပိုချစ်သလဲ..။ ဘယ်သူ့ကို လက်ထပ်မလဲဆိုတာ.. မမရီမေးနေတယ်.. ပြောလိုက်တော့..”
ဆိုပြီး အနီလေးက စိတ်လှုပ်ရှားနေတဲ့ အသံတုန်တုန်လေးနဲ့ ပြောလာပြီ။ ပုံ့ပုံ့ခင်မျာလည်း စိတ်အရမ်းလှုပ်ရှားနေတဲ့ဟန်နဲ့ အောက်နှုတ်ခမ်းကို သွားဖြူဖြူလေးနဲ့ ခပ်တင်းတင်း ကိုက်ထားရှာပြီ။ ကျနော် မခံနိုင်တော့ဘူးဗျာ။ ဒီအခြေနေကြီးကို မခံစားနိုင်တော့ဘူး။ ကျနော် ဝုန်းကနဲ မတ်တပ်ထရပ်လိုက်ပြီး အက်ကွဲနေတဲ့အသံနဲ့ အော်လိုက်တယ်…။
“ငါ နှစ်ယောက်စလုံးကို မခွဲနိုင်ဘူး …။ ဘယ်သူ့ကိုမှ ပိုမချစ်ဘူး..။ နှစ်ယောက်စလုံးကို မြတ်နိုးတယ်..။ ငါ့ကို မင်းတို့ ချစ်တယ်ဆို အဲ့မေးခွန်းကို နောက်ထပ် မမေးကြပါနဲ့တော့..”
လို့ စိတ်ထဲရှိတာတွေ ကပေါက်တိကပေါက်ချာ ပြောလိုက်ရင်း ဆတ်ကနဲ လှည့်ထွက်လိုက်မိတယ်။ နောက်ကို ပြန်လှည့်မကြည့်မိဘူး..။ သူတို့နှစ်ယောက်ထဲ အအေးဆိုင်မှာ ကျန်ရစ်ခဲ့ပြီ။
—————————————
“အဲ့ဒီလိုတွေ ဖြစ်ကုန်တယ်ဗျာ..။ ကျနော် ဘာလုပ်ရမလဲ…”
အက်ကွဲရီဝေ မူးယစ်နေတဲ့ ကျနော့်စကားသံက ခနော်ခနဲ့ အရက်ဆိုင်အိုလေးပေါ်ကို တဖြောက်ဖြောက်ကျနေတဲ့ မိုးပေါက်သံတွေကြားထဲမှာ မသဲမကွဲ ထွက်ကျလာတယ်။ နေ့လည်က ကျနော်နဲ့ ကျနော်ချစ်တဲ့ မိန်းမနှစ်ယောက်ရဲ့ မန်ကျည်းဖျော်ရည်ဆိုင်ထဲက ပြဿနာကို အခု ကျနော့်ရှေ့မှာထိုင်နေတဲ့ ဆံပင်ရှည်ရှည်နဲ့ ခေတ်ပေါ်ကဗျာဆရာကြီး နှစ်ယောက်ကို ရင်ဖွင့်နေမိတယ်။ ကျနော်အတော်လေး ဗျာများစပြုနေပြီဗျာ။ ဘယ်ချစ်သူကိုမှလည်း မပစ်ရက်ပြန်။ သူနာပြုဆရာမလေးကို ပိုချစ်တယ်ဆိုတာတောင်.. ဆရာဝန်မလေးကိုလည်း သနားချစ်ကလေး ချစ်မြတ်နိုးနေတော့ကာ သိပ်ခက်နေပါပြီလေ။
ကျနော့်အဖြစ်ကိုကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ ဆရာသမားနှစ်ယောက်ကတော့ နှမ်းဖတ်ချဉ်သုပ်ကို ကောက်ဝါးလိုက်၊ ဘီအီးတွေ တစ်ခွက်စီ ထပ်မော့ပြီး ဆေးပေါ့လိပ် ကိုယ်စီဖွာရင်း စဉ်းစားခန်းဝင်နေကြတယ်။ ဘာလုပ်ရမှန်းမသိတဲ့ ကျနော်တစ်ယောက် သူတို့မျက်နှာတွေကို တစ်လှည့်စီငေးရင်း ဘာအကြံဉာဏ်များ ပေးလာမလဲဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ပေါ့။
“မောင်သက်.. ဘယ်သူ့ကိုမှ မပြတ်နိုင်ဘူးဆိုပါတော့ …”
ဆေးပေါ့လိပ်မီးခိုးတွေကို မှုတ်ထုတ်ရင်း ဆရာသမားတစ်ယောက်က စကားစတော့ ကျနော် ခေါင်းငြိမ့်ပြမိတယ်။
“အိမ်း! နှစ်လမ်းရှိတယ်..ကွာ…။ မင်း နှစ်ယောက်လုံးကို တပြိုင်နက်ထဲ ယူရင်ယူ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေလိုက်.. ဒါပဲ..”
“ဗျာ!!”
လမ်းမဖက် အမှောင်ထုထဲကို ငေးနေတဲ့ ကျန်တဲ့ဆရာသမားက ဆတ်ကနဲ လှည့်လာပြီး…
“နှစ်ယောက်လုံးကို ဘယ်လိုယူမလဲ။ ဒါ ဗမာပြည်ဗျ…။ တစ်လင်တစ်မယားစနစ် ကျင့်သုံးတဲ့ တိုင်းပြည်..။ ခင်ဗျား ဘာထရန်ရပ်ဆဲလ်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့စာအုပ် မဖတ်ဖူးဘူးလား…”
“ဟ.. မင်း ဘာထရန်ရပ်ဆဲလ်က မိန်းမဘယ်နှစ်ယောက် ယူသွားသလဲ သေချာပြန်စဉ်းစားဦး.. ချီးတဲ့မှပဲ..”
သူတို့နှစ်ယောက် အချီအချထပြီး ငြင်းကုန်ကြတာကိုကြည့်ပြီး ကျနော် ပိုလို့တောင် စိတ်အိုက်လာတယ်ဗျာ။ ဘာလုပ်ရမှန်းမသိလို့ တိုင်ပင်မှ ပြဿနာ ထဖြစ်ကုန်ပြန်ပြီ။
“ဘာပဲပြောပြော အဆင်ပြေရင် ပြီးတာပဲဟာကို..။ ဒီတော့ မောင်သက်..။ မင်း နှစ်ယောက်လုံးကို ယူပစ်လိုက်ကွာ.. ကြာတယ်..။ ဒါမျိုးကိစ္စ လောကမှာ မဖြစ်ဖူး၊ မရှိဖူးတာမှ မဟုတ်တာ..”
“မတတ်နိုင်ဘူး… ဘယ်သူ့ကိုမှ မပစ်နိုင်လို့ နှစ်ယောက်လုံးကို ယူမယ်သာပြင်လိုက်..။ မင်းကို တကယ်ချစ်တဲ့ မိန်းမက လက်ခံလိမ့်မယ်..။ မင်းကို လိုချင်တာထက် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားတဲ့ တစ်ယောက်က နောက်ဆုတ်ချင် ဆုတ်သွားနိုင်တယ်…။ ဒါဆိုလည်း ရှင်းသွားကရော…။ ဟုတ်လား ငါပြောတာ..”
အဲ့ဒီညက မိုးတော်တော်ချုပ်မှ ကျနော် အိမ်ပြန်ရောက်သွားတယ်။ မိုးရေတွေစိုရွှဲပြီး ယိုင်တိုင်တိုင်နဲ့ ပုံ့ပုံ့အခန်းပြူတင်းပေါက်ကို သွားထုပြီး နိုးလိုက်သေးတယ်။ အိပ်ပျော်ဟန်မတူတဲ့ ပုံ့ပုံ့တစ်ယောက် ကျနော့်အဝတ်ရေစိုတွေကို ဆွဲချွတ်ပြီး တဘက်နဲ့ တစ်ကိုယ်လုံးခြောက်အောင် သုတ်ပေးပြီး စောင်ပါးလေးနဲ့ပတ်ပြီး ဖက်ထားပေးတာတော့ ကျနော် မှတ်မိတယ်။ သူ ကျနော့်ကိုဖက်ရင်း ငိုနေတယ်ဗျာ။ သူ့ရင်ခွင်ထဲက ရီဝေေ၀ဖြစ်နေတဲ့ ကျနော်ကတော့ စိတ်ထဲရှိတာတွေကို မိုးသံတဝေါဝေါကြားမှာ အော်နေမိခဲ့တာပေါ့လေ….။
“ပုံ့ပုံ့ နင်ငါ့ကို အရမ်းချစ်တာပဲလား…။ အေး အနီလေးကလည်း ငါ့ကိုအရမ်းချစ်ရှာတယ်..။ ငါကလည်း နှစ်ယောက်လုံးကို ချစ်တယ်ဟာ..”
“မောင်!! တအားမအော်နဲ့..တော်ပြီ.. တိတ်တော့.. ပုံ့ တောင်းပန်ပါတယ်နော်..”
“အေး.. ပုံ့ကလေး နင့်ကိုငါယူမယ်..။ အနီလေးကိုလည်း ယူမယ်။ နှစ်ယောက်လုံးကို ယူမယ်ဟာ…။ ဘယ်သူဘာပြောပြော နင်တို့နှစ်ယောက်လုံးကို ငါ လက်ထပ်ပစ်လိုက်မယ်…”
“မောင်ရယ်! တော်ပါတော့.. ပုံ့ ဖက်ထားပေးမယ်နော်… အိပ်တော့နော် အိပ်တော့….”
“ဖက်ထား… အရမ်းဖက်… ချမ်းလိုက်တာ.. ပုံ့ရေ.. ငါနင့်ကို မခွဲနိုင်ပါဘူးဟာ.. နင့်ကို ငါယူမှာပါ…”
“အင်းပါ..မောင်ရယ်… အိပ်လိုက်တော့.. အိပ်… အိပ်…”
မနက်မိုးလင်းတော့ ကျနော် ကြည်ကြည်လင်လင်ပဲ နိုးလာတယ်။ ရေမိုးချိုးပြီးတာနဲ့ ဘာမှမဖြစ်သလိုပဲ ပုံ့ပုံ့ကို ဆေးရုံလိုက်ပို့တယ်။ သူကလည်း ခပ်ပြုံးပြုံးပဲဖြစ်နေလို့ ကျနော် အံ့သြမိနေသေးတယ်ဗျ။
တိုက်တိုက်ဆိုင်ဆိုင် ဂျူတီထွက်လာတဲ့ အနီလေးနဲ့ ဆေးရုံဆင်ဝင်အောက်မှာ သွားဆုံမိသေးတယ်။ သဘောထားကြီးလွန်းတာလား ဟန်ဆောင်နေကြတာလားတော့ ကျနော် နားမလည်ဘူးဗျာ…။ နှစ်ယောက်လုံးက အပြုံးမပျက် နှုတ်ဆက်နေကြတာများ.. မမရီ.. ညီမလေးအနီချို ဆိုတာတွေချည်းပဲလေ။ ပုံ့ပုံ့က ကျနော့်ဖက်လှည့်လာရင်း …
“မောင်ရေ.. ညနေ ပုံ့ကိုလာကြိုဖို့ မမေ့နဲ့နော်.. တာ့တာ”
ဆိုပြီး ဆေးရုံထဲဝင်သွားရော..။ ကျနော်လည်း အနီ့ကို စက်ဘီးနဲ့တင်ပြီး သူ့အိမ်ဖက်ကို နင်းလာခဲ့တယ်။ လမ်းမှာ ဗိုက်ဆာတယ်ဆိုလို့ လက်ဖက်ရည်နဲ့ ပလာတာ ဝင်ဝယ်လာခဲ့သေးတယ်။ အိမ်ရောက်မှ နှစ်ယောက်သား တူတူစားသောက်ရင်း အနီလေးက ရယ်ကျဲကျဲမျက်နှာလေးနဲ့….
“မောင်ရေ…”
လို့ စတော့ ကျနော်က
“ဟေ့ကောင် တော်ပါဟာ”
လို့ ဟောက်လိုက်တာကို ဂရုမစိုက်တဲ့ ဟန်လေးနဲ့ တခစ်ခစ် ရယ်နေပြန်တယ်။
အိပ်ခန်းပြူတင်းပေါက်ကို ကုတင်ပေါ်ကနေ အသာတွန်းဖွင့်လိုက်တော့ အလင်းရောင်ကောင်းကောင်း မရသေးဘူး။ မိုးရာသီရဲ့ လလယ်ရောက်နေတဲ့ မနက်ခင်းဆိုတော့ အပြင်မှာ မိုးမြူတွေ ကျဆင်းနေတာ ကြည့်လို့လှလိုက်တာဗျာ။ ခပ်မှောင်မှောင် ဝေလီဝေလင်း မနက်ခင်းတစ်ခုမှာ အဖြူဆွတ်ဆွတ် မိုးမြူမှုန်တွေကို မြင်လိုက်ရတော့ ဖြူမွန်ရဲ့ကဗျာထဲက ဆွတ်ဆွတ်မှောင် ဆိုတဲ့ စကားလုံးကို သတိရမိသေးတယ်။
စိမ့်အေးအေးလေးဖြစ်နေတဲ့ လေနုနုလေးတွေက ညင်သာသာလေး တိုက်ခတ်တိုးဝင်လာတယ်။ ကုတင်ပေါ်က ကျနော့်ဘေးမှာ အသက်ရှူသံ ခပ်တိုးတိုး မှန်မှန်လေးနဲ့ ကျနော့်ဆရာဝန်မလေး အိပ်မောကျနေရှာတယ်။ ခပ်ကွေးကွေးလေး လှဲလျောင်းနေတဲ့ သူ့ငါးရံ့ကိုယ်လုံးလေးကို ကျနော် ငုံ့ကြည့်ရင်း ငေးနေမိတယ်လေ။ ရှည်လျားဖြောင့်စင်းပြီး လှပလွန်းတဲ့ ဆံနွယ်ရှည်လေးတွေက တစောင်းလှဲအိပ်ထားတဲ့ သူမကျောဖက်မှာ ဖြန့်ကြဲထားသလိုပဲ။ တဝက်တပျက် ပြေကျနေတဲ့ ထမီလေးအောက်က ပြူစစဖြစ်နေတဲ့ တင်ပါးအိစက်စက် ဝိုင်းဝိုင်းလေးကို ကျနော် လက်ဖဝါးနဲ့ အသာလေး ပွတ်သပ်ကြည့်လိုက်တော့ အေးစက်စက် အထိတွေ့ရလို့ လျှောကျနေတဲ့ ထမီလေးကို အသာပြန်မတင်ပေးလိုက်တယ်။
ကော့တက်နေတဲ့ မျက်တောင်မွှေးလေးတွေ၊ သွယ်လျတဲ့ မျက်နှာနုနုလေးရယ်၊ အသက်ရှူလိုက်တိုင်း နှိမ့်တုံမြင့်တုံ ဖြစ်ဖြစ်သွားတဲ့ အင်္ကျီပါးပါးလေးအောက်က ရွှေရင်အစုံရယ်..၊ ပြီးပြည့်စုံတဲ့ နံနက်ခင်း မိုးမြူတွေကြားထဲက တိတ်တဆိတ် အိပ်စက်နေတဲ့ နတ်မိမယ်ကလေးအလားပေါ့။
မနေ့ညက ထုံးစံအတိုင်း ကျနော်နဲ့ ဆရာဝန်မလေးတို့ ခပ်ကြမ်းကြမ်း ချစ်ခဲ့ကြတော့ တော်တော်လေး ပင်ပန်းနေရှာတယ်နေမှာ။ အခု ကျနော် သူ့ဆံနွယ်ရှည်လေးတွေကို ကိုင်တွယ်ပွတ်သပ်နေတာ၊ သူ့နဖူးပြောင်ပြောင်ကလေးကို နမ်းပြီး မွှေးမွှေးနေတာတောင်မှ သူမနိုးမလာဘူးဗျာ။
ကျနော် ခင်ဗျားတို့ကို ပြောပြခဲ့သလို ကျနော့်ချစ်သူနှစ်ယောက် ဇာတ်လမ်းကို နဇစ်ယောက်လုံးက မသိဟန်ဆောင်ပြီး ဒီလိုပဲ ဆက်သွားနေလာတာ ကြာလာပြီဗျ။ ပုံ့ပုံ့ကော အနီလေးပါ.. တစ်ယောက်မှ ကျန်တဲ့တစ်ယောက်ကို ဖြတ်လိုက်ပါ… သူ့ကိုပဲချစ်ရမယ် ဘာညာဆိုပြီး အရေးဆိုမလာဘူး။ ပိုဆိုးတာက တစ်ယောက်ကိုတစ်ယောက် မကောင်းမပြောတဲ့အပြင် သနားဂရုဏာ လေသံလေးတွေတောင် ပြောပြောလာပြန်ရောဗျ။ ပုံ့ပုံ့က ..
“မောင်!! မောင့်သူနာပြုဆရာမလေးက သွက်သွက်လက်လက်ကလေးနော်…။ မောင်နဲ့ နှစ်ယောက်တူတူ လမ်းလျှောက်ရင် တော်တော်ကြည့်ကောင်းတယ်..။ ပြီးတော့ မောင့်ကို အရမ်းတွယ်တာပြီး အားကိုးနေရှာတဲ့ ပုံကလေး”
တဲ့။ အင်း.. အနီလေးကလည်း ပြောပါတယ်..။
“ဟ!! အစ်ကို.. မမရီက အစ်ကို့အပေါ်ထားတဲ့ သံယောဇဉ်က တော်တော်ကြီးလွန်းတယ်နော်..။ သနားစရာလေး..။ နှစ်ပေါင်းများစွာ အစ်ကို့ကို မျှော်နေခဲ့ရှာတာ။ ပြီးတော့ အင်မတန် ယဉ်စစဟန်ပန်လေးနဲ့ ညိုချောလေးနော် အစ်ကို”
တဲ့။ ဖူး… လွယ်တော့ မလွယ်ဘူးဗျ။ ကျနော့်အဖြစ်ကို ခင်ဗျားတို့ ဘယ်လိုမြင်မလဲတော့ မသိဘူး။ အမှန်အတိုင်း ဝန်ခံရရင် ကျနော် နှစ်ယောက်လုံးကို အခုချိန်မှာ မခွဲနိုင်တော့ဘူးဗျ။ တစ်ယောက်ယောက်ကို စွန့်ရမယ်ဆိုရင်တောင် ကျနော် သွက်သွက်ခါအောင် ရူးသွားလိမ့်မယ်ထင်တယ်။ သူတို့နှစ်ယောက်စလုံးကလည်း ကျနော်ပစ်သွားရင် သတ်သေမယ်ဆိုတာကြီးပဲ ခြိမ်းခြောက်သလိုလိုတွေ စကားဦး သမ်းသမ်းလာနေပြန်တော့ ဘယ်လိုမှ မကိုင်တွယ်နိုင်တတ်အောင် ဖြစ်လာလို့ ဒီလိုပဲ အီလည်လည် ဆက်လုပ်နေလိုက်တယ်ဗျာ။
ခင်ဗျားတို့ ကျနော်တို့ ပြောနေကြစကားတစ်ခွန်း ရှိတယ်ဗျာ..။ မုန့်ကိုသာ ဝေစားမယ်.. အချစ်ကိုတော့ ဝေမစားဘူးဆိုတာလေ။ (မိန်းမတွေပြောတတ်တဲ့ စကားပေါ့)
မဟုတ်ဘူးဗျ။ အခုမြင်တယ်မလား။ အချစ်ကော၊မုန့်ကော ဝေစားနေတဲ့ မိန်းမနှစ်ယောက်ဆိုတာ လောကမှာ မရှိမဟုတ် ရှိတယ်ဆိုတာ။ တစ်ခုတော့ရှိတာပေါ့..။ ဒီအခြေအနေရောက်ခဲ့ရတာ ကျနော်ကိုယ်တိုင် လော်မာဖောက်ပြားချင်တဲ့ စိတ်ရှိခဲ့လို့ မဟုတ်ဘူးဆိုတာ သူတို့နှစ်ယောက်လုံး လက်ခံယုံကြည်သွားခဲ့တာလည်းမပါမယ်။ ရိုးရိုးသားသားနဲ့ မရှောင်သာပဲ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေဆိုတာ သိနေပြန်တော့ ဘယ်သူ့ဘယ်သူမှ အပြစ်တင်ချင်စိတ်ရှိပုံ မရတော့ဘူးလေ။ ပညာတတ်တစ်ယောက်ဖြစ်တဲ့ ကျနော်ကိုယ်တိုင်က တစ်လင်တစ်မယားစနစ်ကိုပဲ လက်ခံယုံကြည်ခဲ့ပေမယ့် အခုတော့ ခက်နေပြန်ပါပြီကော။
လိင်ကိစ္စကို သာမန်လူတစ်ယောက်လို နှစ်ခြိုက်ပါတယ်..။ ဒါပေမယ့် တွေ့တဲ့မိန်းမနဲ့ လျှောက်အိပ်၊ ဒါမှမဟုတ် မိမိချစ်သူတစ်ယောက်ထဲနဲ့ မတင်းတိမ်နိုင်တဲ့ ကာမသရဲတစ်ကောင်လည်း မဟုတ်ရပေါင်ဗျာ။ အခုတော့ ကျနော့်မှာ ခပ်ရှက်ရှက်နဲ့ ဝန်ခံရရင် ချစ်သူနှစ်ယောက်နဲ့ အပတ်မလည်နိုင်သလို ဖြစ်ကုန်ပြီဗျာ။ ဟုတ်တယ်လေ.. ချစ်သူနှစ်ယောက်ရှိတယ်..။ နှစ်ယောက်လုံးက ငယ်ရွယ်တယ်၊ နုပျိုတယ်၊ တက်ကြွတယ်။ တစ်ယောက်က ငယ်ရွယ်ပွင့်လင်းပြီး ခပ်အိအိကိုယ်လုံးပိုင်ရှင် တောင့်တောင့်တင်းတင်း သူနာပြုဆရာမလေး၊ နောက်တစ်ယောက်က မဟာဆန်တဲ့ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် သွယ်လျလျ (ဒါပေမယ့် ရင်တွေတင်တွေကြတော့ ဆူဖြိုးကျစ်လစ်လို့) အပျိုကြီးဆရာဝန်ဂိုက်ဖမ်းနေပေမယ့် အိပ်ယာပေါ်မှာ အင်မတန်တက်ကြွပြီး ဦးဆောင်တတ်တဲ့ ဆရာဝန်မလေး။ မတူညီတဲ့ ကိုယ်လုံးနှစ်ခုကို အမြဲထိတွေ့နေရတဲ့ ကျနော့်မှာ ရိုးအီသွားတယ်ဆိုတဲ့ စိတ်ခံစားမှုအစား အမြဲတမ်းတက်ကြွနေတဲ့ အချစ်စိတ်က ကြီးစိုးလွမ်းမိုးနေတော့တာပါပဲဗျာ။
အင်း!! ပြောလို့မကောင်းပေမယ့် ကျနော် ထင်မြင်ယူဆချက်တစ်ခုကို ပြောပြဦးမယ်ဗျာ။ အခုနောက်ပိုင်း ကျနော့်ချစ်သူနှစ်ယောက်စလုံးနဲ့ အိပ်ပြီဆို နှစ်ယောက်လုံးက ပိုပြီးအစွမ်းပြလာသလိုလို ခံစားရတယ်။ ကျနော်ပြောတာ သဘောပေါက်သလား မသိဘူး။ အစွမ်းကုန် တက်ကြွပြလာတယ်ဗျာ။ အနီလေးဆို ကျနော့်ကို အရင်စပြီး ဆွဆွလာတယ်..။ ချစ်ကြပြီဆိုလည်း စစချင်း သူက အရင်တက်ပြီး ဆောင့်ရမှ ကျေနပ်တယ်။ အပေါ်ကနေ ဆောင့်နေရင်း “အစ်ကို!! ကောင်းတယ်မလားဟင်.. ကောင်းတယ်နော်” ဆိုပြီး အတင်းမေးတာမျိုးတွေ လုပ်လာတယ်။
ပုံ့ပုံ့လေးကလည်း တစ်မျိုးဗျ။ ကျနော့်ကို မအိပ်ခင် အရင်အားရပါး ရစုပ်ပေးလျက်ပေးပြီးတာနဲ့ “မောင်!! ပုံ့ လေးဖက်ထောက်ပေးမယ်နော်..။ မောင်အရမ်းကြိုက်တဲ့ ပိုဇေရှင်လေနော်…။ လာ.. ပုံ့ဆံပင်ရှည်တွေကိုဆွဲပြီး တအားစိတ်ရှိလက်ရှိ ဆောင့်လိုးပေး” ဆိုပြီး ကျနော်စိတ်ကြွစေမယ့် စကားမျိုးတွေ ပြောလာတယ်ဗျ။ ဒီတော့ ကျနော့်မှာ ဟိုဖက်ကော ဒီဖက်ကော ချစ်ရလွန်းလို့ အပတ်ကိုမလည်နိုင်ဘူး ဖြစ်ဖြစ်လာတယ်ဗျာ။
ကျနော်ရိပ်မိတာကတော့ သူတို့နှစ်ယောက်လုံးက သူတို့ကို စိတ်မပျက်သွားအောင် ငါ့ကိုပိုချစ်လာအောင် ဆိုပြီး…. အဲ့လိုတွေ လုပ်လာတာလားလို့။ ဘာပဲပြောပြော ဒီကိစ္စမှာတော့ ဝန်တိုမှု မနာလိုမှုဆိုတာ သူတို့စိတ်ထဲမှာ ရှိမှာသေချာတယ်လေ။
ပြဿနာတက်နေတာက ကျနော်ဗျ။ နေ့လည်နေ့ခင်း အနီလေးနဲ့ ၃ ခါလောက်လိုးပြီး ပြန်လာ၊ ညရောက်တော့ ပုံ့ပုံ့အခန်းထဲ ရောက်သွားပြီး မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ပြီးကာမှ “ဘာလဲ!! မောင်က ကျမခန္ဓာကိုယ်ကို စိတ်မဝင်စားဘူးပေါ့” ဆိုတဲ့ ပုံ့ပုံ့ရဲ့ အသံတုန်တုန်လေးနဲ့ ငိုမဲ့မဲ့ပြောတာ ခံလိုက်ရပြီး တဖက်လှည့်ပြီး ခွေခွေလေးအိပ်နေတဲ့ ပုံ့ပုံ့ကို နို့လေးပွတ်၊ ဖင်လေးကိုင် ချော့မော့နေရင်း သူက တဟင်းဟင်း ဖီးလ်တက်လာတာမြင်ရင် ကျနော်လည်း မအောင့်နိုင်တော့ပဲ ချစ်မိပြန်တာပဲလေ။ အင်း.. စပြီဆိုတာနဲ့ အနည်းဆုံး ၂-၃ ခါဆက်တိုက် လိုးမိပြန်ရော။ ဟုတ်ပ.. ခုနကပြောသလို မတူညီတဲ့ ကိုယ်လုံးလေးရယ်.. မတူညီတဲ့ တုန့်ပြန်မှု၊ ပြုစုမှုတွေကြောင့် ကျနော်ကိုယ်တိုင် တက်တက်ကြွကြွ မီးကုန်ယမ်းကုန် ချစ်မိတာကိုးဗျ။
တခါတလေကြတော့ ကိုယ့်ကိုယ်ကို ဆိုင်းဝိုင်းထဲက ပတ်လုံးတွေကို ပတ်ချာလည် လက်သံပြောင်အောင် တီးနေရတဲ့ စိန်ဗေဒါလို့တောင် မြင်လာတယ်။ ဒါပေမယ့်… မီးစာက အရှိန်ပြင်းပြင်း လောင်ကျွမ်းနေဆဲ….။
ရောင်နီလာစပြုနေပြီ။ နောင်ထပ် နာရီအနည်းငယ် အကြာမှာ ကျနော်ဟာ ဘဝတစ်ခုလုံး ပြောင်းလဲသွားမယ့် လုပ်ရပ်တစ်ခုကို လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချထားပြီးပြီဗျာ။ ကျနော့်ဘေးမှာ အိပ်မောကျနေရှာတဲ့ ဆရာဝန်မလေးခင်မျာတော့ ဘာမှမသိရှာပါလားနော်။ အမြဲ ဆွေးရိပ်သမ်းနေတတ်တဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ငေးကြည့်ရင်း သနားလာလို့ ဘယ်ဖက်ရင်အုံတစ်ခုလုံး ကျဉ်တက်လာတယ်။
ဒီနေ့မနက်ခင်း ၁၀ နာရီမှာ ကျနော် အနီလေးကို ရုံးတက် လက်မှတ်ထိုးလိုက်ဖို့ ဆုံးဖြတ်ထားပြီ။ မလုပ်လို့ မဖြစ်တော့တဲ့ အခြေအနေက ကျနော့်ကို တွန်းပို့ခဲ့ပြီကောဗျာ။ တစ်နေ့က ဘွားလေးမေ ကျနော့်ကို စကားခေါ်ပြောတယ်။ တိုတိုနဲ့ လိုရင်းပြောရရင် ကျနော့်ဇာတ်လမ်းကို ဟိုးအဝေးက ဖေဖေ၊ မေမေတို့ ကြားသွားတယ်ဗျာ။ အဲ့ဒီတော့ မြန်မြန်ကိစ္စပြတ်အောင် ပုံ့ပုံ့နဲ့ ကျနော့်ကို တက်သုတ်ရိုက်ပြီး လက်ထပ်ပေးဖို့ စဉ်းစားနေပြီတဲ့။ တောင်တောင်အီအီတွေ တွေးမယ်မကြံနဲ့ လူကြီးတွေက ဟိုးအရင်ကတည်းက စီစဉ်ပြီးသားဆိုလား ဘွားလေးမေက ပြောလာတယ်။
အဲ့ဒီနေ့တစ်နေ့လုံး ကျနော်တော်တော် စိတ်ညစ်သွားခဲ့တယ်။ ဘယ်လိုလုပ်ရမလဲဗျာ။ ပုံ့ပုံ့ကို အကဲခတ်လိုက်တော့ ဘာမှသိရှာတဲ့ပုံမပေါ်ဘူး။ ကိုယ့်ဇတ်ကိုယ် မနိုင်တော့ဘူးဆိုတာ ဒီလိုမျိုးပဲနေမှာဗျ။ မအီမလည်ဖြစ်နေတဲ့ ခံစားချက်နဲ့ ကျနော် အိမ်ကထွက်ပြီး အနီလေးဆီ ရောက်သွားခဲ့တယ်။ ပထမတော့ ဟန်ဆောင်ပန်ဆောင်လုပ်ပြီး အမူအရာမပျက်အောင် ပုံမှန်လေး ခါတိုင်းလို လုပ်နေသေးတယ်။ ခပ်ပြုံးပြုံးနဲ့ ခါတိုင်းလို နှစ်ယောက်သား ချက်ပြုတ်စားသောက်ပြီး စာအုပ်တွေကိုယ်စီနဲ့ ဧည့်ခန်းမှာ ငြိမ်နေကြသေးတယ်။ နည်းနည်းလေးကြာလာတော့မှ ထုံးစံအတိုင်း ဖတ်လက်စ စာအုပ်လေးတွေချပြီး အိပ်ခန်းထဲမှာ တူတူအိပ်ဖို့ ပြင်ကြရော။ လုပ်နေကြအတိုင်း (စိတ်ညစ်နေပေမယ့်) တစ်ခါလောက် စိတ်ပါလက်ပါ အိပ်ယာပေါ်မှာ ချစ်စခန်းဖွင့်ခဲ့ကြသေးတာပေါ့။
ပြီးသွားလို့ နှစ်ယောက်သား အဝတ်မဲ့ကိုယ်တွေနဲ့ ဖက်ပြီး အမောဖြေနေကြတယ်။ အိထွေးထွေးကိုယ်လုံး မွှေးမွှေးလေးကို ဖက်ထားရင်း ကျနော် မိန်းမောနေခဲ့မိတာ.. ရင်ခွင်ထဲက အနီလေး စကားစပြောလာမှ သတိဝင်လာတယ်။ ကျနော့်ရင်ခွင်ထဲကနေ ခေါင်းကလေးမော့ပြီး နှုတ်ခမ်းချင်း ပြွတ်ကနဲစုပ်ပြီး ပြုံးချိုနေတဲ့ သူနာပြုဆရာမလေးက စကားစပြောတယ်။
“အစ်ကို! အနီလေ.. အစ်ကို့ကို အရမ်းတွယ်တာလာမိပြီကွယ်.. ဟင်းးး.. ချစ်လိုက်တာ.. ချစ်လိုက်တာ.. ပြွတ်.. ပြွတ်..”
“အင်း!”
“အစ်ကို့ချစ်သူလေး ဖြစ်နေရတာ အရမ်းကံကောင်းတယ်လို့ ရင်ထဲမှာ ခံစားမိတိုင်း ကြည်နူးလိုက်ရတာ သိလား..”
“အင်း!”
“Of Mice & Men ဝတ္ထုလေးကို ပြန်ဖတ်ဖတ်ပြီး စိတ်ကူးယဉ်နေမိတယ်ကွယ်…. သိလား အနီချစ်တဲ့ အစ်ကိုရေ….”
….. …… …..
“အစ်ကိုရယ်.. အနီလေးရယ်… မြက်ခင်းစိမ်းစိမ်းနဲ့ လေရဟတ်အနီကလေးပါတဲ့ အိမ်ကလေးတစ်လုံးနဲ့ ချစ်စရာ ယုန်ဖြူဖြူလေးနဲ့တူတဲ့ ကလေးလေးတွေ ဆိုတာ တွေးမိပြီး ပြုံးနေမိတာ”
“အေးပါ..အနီရာ”
“အဲ့ဒါတွေ အနီလေး ဘယ်တော့ရမှာလဲဟင်.. အစ်ကို!”
“ဖူး!!”
“အစ်ကိုလို.! ပြောပါရှင့် … မမရီနဲ့ တိုင်ပင်ရဦးမှာလား ခစ်ခစ်”
“သဘက်ခါ!!”
“ရှင်.. အစ်ကို ဟင်!!”
နားမလည်တဲ့ပုံပေါက်နေတဲ့ အနီ့ကို ကျနော် သေချာရှင်းပြလိုက်မိတယ်။ အခြေနေက ဒီလိုမှမလုပ်လို့ မရတော့တာကိုး။ ကျနော့်သူနာပြုဆရာမလေးကို လက်ထပ်လိုက်တော့မယ်။ မတတ်နိုင်ဘူးဗျာ။ ဖြစ်သမျှအကုန်လုံး ရင်ဆိုင်ရတော့မှာပေါ့။ ကျနော့်ရင်ခွင်ထဲက အနီလေးခင်မျာ တုန်လှုပ်နေသလို၊ အံ့သြဝမ်းသာနေသလို ဖန်ဂေါ်လီလို ဝိုင်းစက်စက်မျက်လုံးလေးတွေနဲ့ ကြောင်ငေးနေရှာတယ်။ မယုံမရဲ ဖြစ်နေဟန်လေးနဲ့ ကျနော် ပြောလိုက်တဲ့စကားကြောင့် စိတ်လှုပ်ရှားလာဟန်နဲ့ ကျနော့်မျက်နှာကို လက်ချောင်းပျော့ပျော့လေးတွေနဲ့ ဖွဖွကုတ်ရင်း မျက်ရည်တွေ ရစ်ဝဲနေရှာတယ်။
“ကျေးဇူးတင်တယ်.. အစ်ကို..။ အနီ့ကို နောက်ဆုံးတော့ ပစ်မပြေးရက်ဘူးပေါ့နော်”
လို့ တုန်ခါနေတဲ့ အသံကလေးနဲ့ ပြောလာပြန်တယ်။
“အာ! ငါက အနီလေးကို ဒီလောက်ချစ်တာ ဘာလို့ပစ်ပြေးရမှာတုန်း .. အရူးမကလေး…”
လို့ ပြောပြီး နဖူးဝင်းဝင်းလေးကို လက်ဖဝါးနဲ့ ပွတ်သပ်ပေးလိုက်တော့ မျက်ရည်တွေစီးကျလာပြီး ရှိုက်ငိုနေရှာရောဗျ။
“ဟေ့ကောင်.. သောက်ပေါလေး….။ ဘာလို့ ငိုနေတာတုန်း..”
“အဟင့်ဟင့်!! ဝမ်းသာလို့ ဝမ်းသာလို့။ အစ်ကို အနီ့ကိုယူမယ်လို့ ယုံကိုမယုံတာ သိလား…”
“အခုယုံလိုက်တော့…။ ယုန်ကလေးတွေ မွေးပေးဖို့သာ ပြင်ထားပေတော့ ဟုတ်ပြီလား”
“ဟုတ်ဟုတ်..”
လို့ ပြောပြီး လျှာကလေး တစ်လစ်ထုတ်ပြီး မျက်ရည်တွေကြားထဲက ပြုံးနေတဲ့ ကျနော့်အနီလေးက ချစ်စရာလေးပါလားနော်။
…… ……. …….. …….. …….
ခင်ဗျားတို့ ကျနော် ဘာလုပ်တော့မယ်လို့ ထင်လို့လဲ။ အင်း ဟုတ်တယ်။ ပုံ့ပုံ့လေးကိုရော ပစ်ပေးရက်တော့မှာလားလို့ မေးချင်နေကြတာမလား။ ဟင့်အင်း.. ဘယ်ပစ်ရက်မလဲဗျ။ ဒီလောက်အချစ်ကြီးတဲ့ ကျနော့်ဆရာဝန်မလေးကို ဘယ်ပစ်ရက်မှာလဲ။ အနီလေးကိုလက်ထပ်ပြီး သူ့ကိုထားသွားရင် ရင်ကွဲနာကျပြီး ကျနော့်ဆရာဝန်မလေး သေသွားမယ်ဆိုတာ ကျနော်သိတာပေါ့။ ဒီတော့ကာ.. အဖြေက ရှင်းတယ်ဗျာ။ အနီလေးကို လက်မှတ်ထိုးထား၊ မိဘတွေအလိုကျ ပုံ့ပုံ့နဲ့ စီစဉ်လာရင် မသိဟန်ဆောင်ပြီး လက်ခံလိုက်မယ်။ အားလုံးပြီးပြီဆိုမှ ပေါ်တင်ကြေငြာလိုက်မယ်။ နှစ်ယောက်စလုံး ကျနော့်ဇနီးပေါ့။ ဘယ်သူတွေ ဘာတတ်နိုင်မှာလဲ။
ဘေးလူတွေ ဘာပြောပြော ကျနော်နဲ့ သူတို့နှစ်ယောက် ကျေနပ်ရင် ပြီးတာပဲလေ။ အကုန်လုံး အရွယ်ရောက်ပြီးသားတွေလေ။ လူ့ဘောင်အသိုင်းဝိုင်း၊ မိဘဆွေမျိုးတွေ ဝိုင်းကျဉ်ကြမယ်ဆိုလည်း ကျနော်ရယ် ကျနော်ချစ်တဲ့ ဇနီးနှစ်ယောက်ရယ် ကိုယ့်ဘဝကို တူတူရင်ဆိုင်ကြတာပေါ့။ အဓိက က သူတို့နှစ်ယောက်လုံးကို စိတ်ကျေနပ်မှု ကျနော်ပေးနိုင်ဖို့ပဲ။
ဒါဟာ အင်မတန် မိုက်မဲလွန်းတဲ့ ဆုံးဖြတ်ချက်ဆိုတာ ကျနော်မသိဘူးလို့ ခင်ဗျားတို့ ထင်နေသလား။ ဟား.. သိပါ့ဗျာ။ နှစ်ယောက်လုံးကို ပေါ်တင်ပြောခဲ့ပြီးသားလေ..။ နှစ်ယောက်လုံးကို ကျနော် ချစ်တယ်လို့၊ ဘယ်သူ့ကိုမှ မခွဲနိုင်ဘူးလို့။ သူတို့ကလည်း ဘယ်သူမှ နောက်မဆုတ်ပါဘူးလို့ အကြိမ်ကြိမ် ဝန်ခံပြီးသားလေ။ အခုလို နှစ်ယောက်လုံးနဲ့ အိပ်နေတာတောင် ကြည်ဖြူနိုင်သေးတာပဲ။ နှစ်ယောက်လုံးကို လက်ထပ်တော့ကော ပိုထူးလာမတဲ့လား။ လူ့ဘောင် လူ့အသိုင်းဝိုင်းဆိုတာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမှမလုပ်ရင်လည်း ဟိုဆရာသမား ပြောသလို ကျနော် ကိုယ့်ကိုယ်ကို သတ်သေရုံရှိတော့မပေါ့။
အနီလေးက “သူ့မေမေ မသိပဲ ဘာမှမလုပ်ချင်ဘူး..။ ဒီကိစ္စကို အရင်အသိပေးထားလိုက်မယ်” ဆိုပြီး ဟိုဖက်ကမ်းက သူ့ဇာတိကို ပြန်သွားတယ်။ ဒီနေ့မနက်ခင်း ပြန်လာပြီး ကျနော်နဲ့ လက်မှတ်ထိုးမယ်။ အခု ကျနော့်ဘေးမှာ မနေ့ညက ကျနော်နဲ့မီးကုန်ယမ်းကုန် ချစ်ထားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရှာတဲ့ ဆံပင်ရှည်ရှည်နဲ့ နတ်မိမယ်လေး ဒါမှမဟုတ် ဆရာဝန်မလေးခင်မျာ ဘာမှမသိရှာဘူး။
ငါ့ကိုခွင့်လွှတ်ပါ ငယ်သူငယ်ချင်း ချစ်သူလေးရေ… လို့ စိတ်ထဲကရေရွတ်ပြီး ပုံ့ပုံ့ရဲ့ မျက်နှာနုနုလေးကို ငုံ့နမ်းရင်း မချင့်မရဲဖြစ်လာလို့ ငါးရံ့ကိုယ်လုံးလေးကို ခပ်တင်းတင်း ဖက်လိုက်တော့ အိပ်မှုန်စုံမွှားနဲ့ ပုံ့ပုံ့က ကျနော့်ကို ပြန်ဖက်လာရင်း ပါးစပ်က
“ဟင်း… မောင်.. မောင်… ပုံ့ကိုဖက်ထားပေး… ချမ်းတယ်.. အရမ်းချစ်တယ် မောင့်ကို”
ဆိုပြီး တိုးတိုးလေး မျက်လုံးမဖွင့်ပဲ ပြောလာရောဗျာ။
——————————————
ဒေါက်တာမလေးရီရီကို ဆေးရုံလိုက်ပို့ပေးပြီးတာနဲ့ မြိုထဲက လူစုံနေတဲ့ လက်ဖက်ရည်ဆိုင်ကို ကျနော် လစ်လာခဲ့တယ်။ ကျနော့်ဘော်ဒါ ကာတွန်းဆရာရယ်.. ကျနော့်ကိုချစ်ကြတဲ့ ခေတ်ပေါ်ကဗျာဆရာတွေရယ် အားလုံးက ကျနော့်ကိုမျှော်နေကြပြီ။ အသိသက်သေအဖြစ် လက်မှတ်ထိုးပေးမယ်ဆိုတဲ့ ကဗျာဆရာကြီးတစ်ယောက်က ပလတ်စတစ်အိတ်နဲ့ ထုတ်ထားတဲ့ နံ့သာရောင်တိုက်ပုံလေးကို ကျနော့်လက်ထဲ ထိုးထည့်ပေးလာတယ်။
“မောင်သက်ရေ! ဒါ ဂယောက်ဂယက် ပြည်တွင်းစစ်ကာလတုန်းက ငါနဲ့ငါ့မိန်းမ မမမြင့် လက်ထပ်တဲ့နေ့က ဝတ်ခဲ့တဲ့ တိုက်ပုံလေး …။ သိမ်းထားတာ နှစ်ပေါင်းများစွာရှိပြီ..။ အခု မင်းကို လက်ဖွဲ့တယ်ဟာ! ဂုဏ်ယူတယ်ဗျာ..”
ဆိုပြီး ချက်ချင်းကောက်ဝတ်ပစ်လိုက်တော့ လက်ဖက်ရည်ဝိုင်းမှာ ထိုင်နေတဲ့ တစ်အုပ်စုလုံးက တဟားဟားနဲ့ သဘောတွေကျနေကြပြီလေ။ ကျနော်ဝတ်လာတဲ့ ပုဆိုးအစိမ်း အကွက်စိပ်ကလေးနဲ့ နံသာရောင်တိုက်ပုံ၊ အောက်က အဖြူဆွတ်ဆွတ် ရှပ်လက်ရှည်နဲ့ဆိုတော့ လိုက်ဖက်နေတယ်လေ။ မိုးကလေး တဖွဲဖွဲကျပြီး ရာသီဥတုက စိမ့်နေတော့ လက်ဖက်ရည်ဆိုင်မှာ ကျနော့်ကို ကောင်းချီးပေးနေကြတဲ့ လူအုပ်ကြီးက လက်ဖက်ရည်လောက်နဲ့တင် မဟုတ်တော့ပဲ ဘယ်သူက သွားထပြီး ဝယ်လာမှန်း မသိတဲ့ ဘီအီး ၂ ပုလင်းကို ထုတ်လာပြီး ဖွဲ့စည်းနေကြတာ တော်တော်လေးကို အရှိန်က ရလာပြီလေ။
လက်ဖက်ရည်ကျကျနဲ့ ဘီအီးကို မြည်းနေကြရင်း ကျနော့်ကို ဝိုင်းစနောက်နေကြတာပေါ့။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုယ်တိုင်ကလည်း စာပေသမားဆိုတော့ စောစောစီးစီး သူ့ဆိုင်မှာ အရက်ထိုင်သောက်နေတာကို ကြည်ဖြူတဲ့အပြင် သူကိုယ်တိုင်ပါ ကျနော်တို့ဝိုင်းထဲ ဝင်ထိုင်ပြီး အူမြူးနေတာပေါ့လေ။
“ဆော့ခရတ္တိက ပြောတယ်ကွ..။ မိန်းမ ယူသာယူလိုက်ပါ..။ မိန်းမနဲ့ အဆင်ပြေရင် ပျော်ရွှင်ဖွယ်လူတစ်ယောက် ဖြစ်လာပြီး… အဆင်မပြေရင်လည်း အတွေးအခေါ်ပညာရှင် ဖြစ်လာမယ်တဲ့ ဟဲဟဲ…။ ဖလော်ဆော်ဖာမောင်သက် ဖြစ်လာမလား.. ပျော်ရွှင်တဲ့ မောင်သက်ကလေးလား ဆိုတာ ငါတို့စောင့်ကြည့်ကြပါစို့!!”
“ဟားဟားဟားဟား …”
“ဒါနဲ့ ဆရာသမားကကော ဘယ်လိုလုပ် ကဗျာဆရာ ဖြစ်လာတာလဲ။ မိန်းမယူပြီးမှ ကဗျာတွေရေးတာ ပိုပေါက်မြောက်သွားတာဆိုဗျ!!”
“ဟ! ဒါကတော့ ငါ့မိန်းမက ဈေးရောင်းကျွေးတာကိုး …. ငါ့မှာ အပူအပင်ကင်းကင်း အလုပ်မလုပ်ပဲ ကဗျာတွေ ရေးနိုင်လာတာပေါ့..”
“ဟားဟားဟားဟား…”
အဲ့ဒီလို တဝါးဝါးတဟားဟားနဲ့ ပွဲကျနေကြရင်း ကျနော့်အတွက် အားလုံးဝမ်းသာနေကြတယ်။ ကျနော်ကိုယ်တိုင်လည်း ကြည်နူးပီတိတွေရနေမှန်း ဝန်ခံပါတယ်လေ။ ကျနော် အသည်းနင့်အောင်ချစ်ရတဲ့ သူနာပြုဆရာမလေးကို ခဏနေရင် လက်ထပ်တော့မှာလေ။ မနက်စောစောတုန်းက ပုံ့ပုံ့အတွက် ဝမ်းနည်းခဲ့မိပေမယ့်.. ကျနော်ကြိတ်ပြီး ကြံစည်ထားသလို သူ့ကိုလည်း ကျနော် လက်ထပ်မှာပဲမို့လို့ ဖြေသာသွားပြီ။ နှစ်ယောက်လုံးကသာ ကျနော့်ဖက်မှာ ရပ်တည်နေမယ်ဆိုရင် ကျန်တာတွေကို ကျနော် ဘာလို့အရေးစိုက်ရမှာလဲဗျာ။ အခု အနီလေးကို လက်မှတ်ထိုးထားလိုက်မယ်။ လကုန်လို့ ဖေဖေ၊ မေမေတို့ လိုက်လာပြီး ပုံ့ပုံ့နဲ့ လက်ထပ်ခိုင်းရင်လည်း ယူလိုက်မယ်။ ပြီးမှ အားလုံးကို ဒဲ့ဖွင့်ပြောပြီး ကျနော်ရယ် ကျနော့်ချစ်သူနှစ်ယောက်ရယ် တူတူနေမယ်။ သုံးယောက်ပေါင်း ကမ္ဘာလေးတစ်ခု တည်ဆောက်မယ်။
အိမ်ကလေးတစ်လုံးထဲမှာ ကျနော်ရယ်…၊ သူနာပြူဆရာမလေး မနီနီချိုရယ်…၊ ဆရာဝန်မလေး ရီရီ ရယ်…၊ မဖြစ်နိုင်ဘူးဆိုတာ လောကမှာမရှိဘူး.. နပိုလီယန်က ပြောဖူးတယ်မလား..။ ဟုတ်တယ်လေ မိန်းမနှစ်ယောက်ယူတယ်ဆိုတာ ဥရောပတိုက်ကြီးကို အောင်နိုင်ဖို့ စစ်ပြုရတာလောက်တော့ မခက်ပါဘူး။ ကျနော့်မှာ သတ္တိအပြည့်ရှိနေပြီ။ အရူးထတယ်လို့ပဲဆိုဆို.. မျက်စိထဲမှာ ကျနော့်ချစ်သူနှစ်ယောက်နဲ့ ကျနော်တူတူနေမယ့် ဘဝလေးကိုမြင်ပြီး စိတ်ကူးတောင်ကြိုယဉ်နေမိပြီ။ မမရီ… ညီမလေး.. ဆိုပြီး ကြင်ကြင်နာနာ ဖြစ်နေကြမယ့် ကျနော့်ဇနီးလေးနှစ်ယောက်..။
ညဖက်အိပ်ယာဝင်တဲ့အခါ ကျနော်က အလယ်မှာအိပ်ပြီး ဘယ်ညာတစ်ဖက်စီမှာ သူနာပြုဆရာမလေးနဲ့ ဆရာဝန်မလေး..။ အမလေး!! တွေးကြည့်တာနဲ့တောင် ရင်ခုန်သံတွေ မြန်နေမိပြီဗျ။ ဟိုး…. အရင်က လူကြီးတွေပြောတာ ကြားဖူးခဲ့တာ တစ်ယောက်ထဲ မိန်းမနှစ်ယောက်နဲ့ တူတူအိပ်တယ်ဆိုတဲ့ အလံနီသူပုန်ခေါင်းဆောင်ကြီး ဆိုတာကို ရယ်မောခဲ့မိတာ.. အခုတော့ ကျနော်ကိုယ်တိုင် ဒီလိုတွေ လာဖြစ်နေပါပေါ့လားလို့ တွေးရင်း ပြုံးစိစိဖြစ်နေမိတယ်။
နှစ်ယောက်စလုံးနဲ့သာ တစ်ပြိုင်နက် ချစ်စခန်းဖွင့်ရရင် ဘယ်လိုတွေဖြစ်ကုန်မလဲဗျာ.. ဟီး..။ ကျန်းမာရေးတော့ လိုက်စားမှဖြစ်မယ်။ ဒါမှ ဇနီးအလှလေးတွေ စိတ်ကျေနပ်မှုပေးနိုင်မှာနော့်။ နှစ်ယောက်လုံးနဲ့ တူတူအိပ်မယ် ဆိုတာကော.. သူတို့ချက်ချင်း လက်ခံနိုင်ပါ့မလားလို့။ ဖြေးဖြေးချင်းတော့ အသားကျလာမှာပါလေ။ သူတို့က ကျနော့်ကို တအားမြတ်နိုးတယ်.. ချစ်တယ်… လိုချင်တပ်မက်တယ်ဆိုတာ ကျနော်သိပြီးသား။ ကျနော့်ကိုရဖို့ဆိုလည်း ဘာဖြစ်ဖြစ် နောက်မဆုတ်တမ်းလို့ ဝန်ခံထားပြီးသားမို့ အခက်အခဲသိပ်မရှိလောက်ဘူး ထင်တာပါပဲ။
ကျနော် ဘယ်လိုလုပ်တော့မယ်ဆိုတာ ဘယ်သူမှမသိ မရိပ်မိလောက်ဘူးထင်ပေမယ့်.. ကျနော့်ဘော်ဒါ ကာတွန်းဆရာရယ်.. အခါတော်ပေးတဲ့ ကဗျာဆရာကြီးရယ်တော့ ရိပ်မိနေမယ်ထင်တယ်ဗျ။ ဒါပေမယ့် သူတို့မျက်နှာတွေက ကိုယ်ဖြစ်ကိုယ်ခံ လုပ်ချင်တာသာလုပ်ပေရော့ဆိုတဲ့ မျက်နှာပေးတွေနဲ့ သူတို့ကိုယ်တိုင်တောင် ဘေးကနေ စိတ်လှုပ်ရှားနေတဲ့ပုံပေါက်နေတယ်ဗျ။ ထူးလည်း မထူးတော့ပါဘူး.. နောက်မဆုတ်တော့ဘူးလို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။ ချသာချပေတော့လို့ ကိုယ့်ကိုယ်ကိုလည်း အားတင်းထားလိုက်ပြီ။
မိုးက နည်းနည်းပိုသည်းလာတယ်..။ လေကလေးကလည်း ခပ်သုတ်သုတ်ဖြစ်လာပြီ။ ကဲ! သတို့သမီးနာ့စ်မလေး မလာသေးဘူးလား.. ဘာညာနဲ့ မေးကုန်တော့… ကျနော် နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၉:၃၀ လောက်ရှိပြီ..။ ကာတွန်းဆရာကိုခေါ်ပြီး ကမ်းနားလမ်းဖက်သွားကြိုဖို့ ဂျစ်ကားလေးပေါ် တက်လိုက်တယ်။ အနီလေးကို ကြိုပြီးတာနဲ့ ဒီဆိုင်ကိုပြန်လာ သက်သေတွေခေါ်ပြီး ရုံးတက် လက်မှတ်ထိုးတော့မယ်လေ။
အင်း… ပိုပြီး အဆင်ပြေပြေ ဖြစ်နေတာက ရုံးကတရားသူကြီးဆိုတာကလည်း နိုင်ငံကျော် စာရေးဆရာကြီး၊ ပြီးတော့ ညနေစောင်းရင် သူ့မိန်းမအလစ်ချောင်းချောင်းပြီး ကျနော်တို့အုပ်စုနဲ့ အရက်ဆိုင်လိုက်လိုက်လာပြီး ခွက်ပုန်းကစ်နေကြဆိုတော့ အားလုံးက သိုင်းသိုင်းဝိုင်းဝိုင်း ပိုဖြစ်သွားတာပေါ့လေ။ ထုံးစံအတိုင်း လူချစ်လူခင်ပေါတတ်တဲ့ ကျနော့်ကို အားလုံးက တသက်လုံး ဒီမြို့မှာ အခြေချစေချင်နေကြတာကိုးဗျ။ ကျနော်ကလည်း ဒီမိန်းမနှစ်ယောက်လုံးသာ ရလို့ကတော့ တသက်မပြန်တော့ဘူးလို့ ဆုံးဖြတ်ပြီးသား။
ဂျစ်ကားလေးနဲ့ မိုးတွေကြားထဲ ကမ်းနားလမ်းဖက်ကို မောင်းထွက်လာတော့ ကျနော့်ရင်ထဲမှာ အေးမြမှုတွေ ခံစားနေရတယ်။ တသက်လုံး ငြိမ်းချမ်းမယ့် နိမိတ်ပဲလို့ ပြောရင်း ပြုံးနေမိတယ်။
ပြင်းပြင်းထန်ထန်ရွာကျနေတဲ့ မိုးပေါက်တွေကြားထဲက မြစ်ဆိပ်ရေစပ်နားမှာ ကျနော် ရပ်နေခဲ့တယ်။
လေကလည်း အကာအကွယ်မဲ့နေတဲ့ ရေပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတော့ တဝှီးဝှီးနဲ့ ဆူညံနေတယ်။ ကျနော့်ဘေးမှာရပ်နေတဲ့ လူအုပ်ကြီးက ဆူညံအော်ဟစ်ပြီး ရှုပ်ထွေးနေပြီ။ မူလတန်းကျောင်းသားကျောင်းသူလေးတွေပါတဲ့ ငှက်ကူးတို့လှေကလေးကို လှိုင်းထနေတဲ့ မြစ်ပြင်အလယ်မှာ မိုးတွေသည်းသည်းမဲမဲကြားထဲ ဟိုဖက်ကမ်းက ဒီဖက်ကို ကူးလာတဲ့ ပဲ့ထောင်စက်လှေက ဖြတ်တိုက်လိုက်တယ်တဲ့။ ကျနော့်အနီလေး မပါလောက်ပါဘူး။ သူက ငှက်ကူးတို့နဲ့လာတာမှ မဟုတ်တာ။ အမြဲတမ်း စက်လှေစီးနေကြပဲ။ အခု စက်လှေတောင် ကမ်းကပ်လာနေပြီ။ စိတ်ကိုပူလိုက်ရတာ ကျနော့်သတို့သမီးလေး ဘယ်မှာလဲဗျာ။
စက်လှေပေါ်မှာ စိုရွှဲချမ်းတုန် ကြောက်လန့်နေရှာတဲ့ ကလေးလေးတွေ အများကြီးပါလာတယ်။ ပြီးတော့ စက်လှေမောင်းတဲ့ အဘိုးကြီးတစ်ယောက်ရယ်.. ဈေးလာရောင်းဟန်တူတဲ့ ကုန်စိမ်းသည် အဒေါ်ကြီးသုံးယောက်ရယ်ပဲ ပါလာတယ်။
လူအုပ်ကြီးက ကလေးတွေကို စက်လှေပေါ်က သယ်ချပေးနေတုန်း.. အဒေါ်ကြီးတစ်ယောက်က စီကနဲ ငိုကြီးချက်မနဲ့ အော်လိုက်သံကို မပီဝိုးတဝါး ကျနော် ကြားလိုက်ရတယ်။
“ကောင်မလေးတစ်ယောက် ပျောက်နေတယ်!! ကယ်ကြပါဦးရှင်…။ ရေထဲက ကလေးတွေကို စက်လှေပေါ်က ဆင်းဆယ်တဲ့ နာ့စ်မလေးတစ်ယောက် ပြန်ပေါ်မလာပဲ ပျောက်နေပါတယ်…”
နာ့စ်မလေး!! ဘယ်သူ့ကို ပြောနေတာလဲဗျာ…။ သူနာပြုဆရာမလေး.. ကျနော့်သူနာပြုဆရာမလေးကို ပြောနေတာလား။ အော်ဟစ်ငိုယိုနေတဲ့ အဒေါ်ကြီးဆီ ကျနော်တိုးကပ်ပြီး မိုးသံတွေကြားထဲမှာ အော်ဟစ်ပြီး မေးနေမိတယ်။
“အဒေါ်ပြောတဲ့ နာ့စ်မလေးဆိုတာ ညောင်ပင်ဆိပ်အတက်နားမှာနေတဲ့ သူနာပြုဆရာမလေးလား။”
“အီးဟီးဟီး.. ဟုတ်တယ်တော့.. ဟုတ်တယ်!”
ဘုရားသခင်! ဒါဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ဇာတ်ကြီးပါဗျာ။ ပြဇာတ်ထဲက အကွက်တွေပါ။ ယုတ္ထိမရှိပါဘူး။
လူကုန်သွားတဲ့ စက်လှေပေါ် မိုးတွေစိုရွှဲနေတဲ့ ကျနော် လွှားကနဲ ခုန်တက်လိုက်တယ်။ စက်လှေပဲ့ပိုင်းက ကြိုးဆွဲပြီးနှိုးရတဲ့ အင်ဂျင်ကိုဆွဲပြီး စက်နှိုးလိုက်တယ်။ ခုနက လူအုပ်ထဲက လူတချို့ စက်လှေပေါ် ခုန်တက်လာတာ မြင်လိုက်ရတယ်။ မွှတ်နေအောင်လည်နေတဲ့ ပန်ကာဒလက် ရေထဲမြုပ်အောင် ချလိုက်ပြီး ရှပ်တန်းကိုဆွဲရမ်းပြီး ကမ်းကခွာလိုက်တယ်။ ပြီးတာနဲ့ စက်ကိုလီဗာကုန်တင်ပြီး ရေလယ်ဖက် ဦးတည်လိုက်တယ်။ ကျနော့်အနောက်မှာ တခြားစက်လှေတွေ ၃-၄ စီး ကမ်းကခွာပြီး အပြင်းလိုက်လာကြတာ သတိထားမိတယ်။ ရေလယ်ရောက်သွားတော့ စက်ကိုထိုးရပ်လိုက်တယ်။
“ဒီနားတဝိုက်ဆိုတာ သေချာတယ်!!”
လို့ ကျနော်နဲ့ပါလာတဲ့ လူတွေထဲက တစ်ယောက်က လက်ညှိုးညွှန်ပြီးပြတဲ့ဖက် မြစ်ရေပြင်ပေါ်ကို ကျနော် ပုဆိုးကိုချွတ်ချ၊ တိုက်ပုံမြန်မြန်ဆွဲချွတ်ပစ်လိုက်ပြီး ခုန်ဆင်းလိုက်တယ်။ ရေထဲမှာငုတ်လိုက်၊ ပတ်ချာလည်ကူးခတ်ရင်း ရှာလိုက်၊ ကျနော်ဟာ အရူးတစ်ကောင်လို ဖြစ်နေခဲ့တယ်။ ကျနော့်ဘေး ရေပြင်ကျယ်ပေါ်မှာ စက်လှေတွေအများကြီး ရောက်လာပြီး လူတွေ တစ်ယောက်ပြီးတစ်ယောက် ရေထဲခုန်ဆင်းလာကြတာ တွေ့နေရတယ်။
“ဖိုးသက်!! သူငယ်ချင်း သတိထား..”
လို့ ကျနော့်သူငယ်ချင်းရဲ့ အော်သံကို မပီဝိုးတဝါး ကြားနေရတယ်။ နတ်ကျသလို တုန်တုန်ရီရီဖြစ်နေတဲ့ ကျနော်ကတော့ ရေအောက်ကို အကြိမ်ကြိမ် ငုတ်လျှိုးပြီး အနီလေးကို ရှာနေမိတယ်။ မြစ်ရေပြင်အမြင့်တက်ဆုံး အချိန်မှာတောင် ဧရာဝတီကို လက်ဗလာဖြတ်ကူးဖူးပြီး ရေသရဲလို့ နာမည်ပေးခံရဖူးတဲ့ ကျနော် လှိုင်းထနေတဲ့ ရေပြင်ပေါ်မှာ မြုပ်ချေပေါ်ချေနဲ့ မောစပြုလာပြီ။ တချက်တချက် ကြွက်တက်ချင်လာသလိုပဲ။ ဒါပေမယ့် ရေထဲကနေ ပြန်မတက်နိုင်ဘူး။
အနီလေး.. အနီလေး.. ကျနော်ချစ်တဲ့ သူနာပြုဆရာမလေး.. ရှာလို့လည်း မတွေ့ဘူးကောဗျာ။ ဘယ်သူမှရှာလို့ မတွေ့သေးဘူးလား။ လုပ်ကြပါဗျာ။ ကျနော် သူမရှိရင် သေတာနဲ့အတူတူပဲမို့ ကယ်ပေးကြပါဗျာ။ မတွေ့ကြသေးဘူးလားဗျို.။
ကျနော့် ခြေတွေလက်တွေ လှုပ်ရှားရတာ နှေးကွေးလာသလိုပဲ။ ဘယ်ဖက်ခြေသလုံးက ကျဉ်တက်လာပြီ။ တခါတခါ ရေထဲငုတ်လိုက်ရင် သတိလွှတ်ချင်သလိုလို ဖြစ်ဖြစ်လာတယ်။ တချက်တချက်လည်း ရေထဲမှာ ဝိုးတဝါးအရိပ်တွေ ပေါ်ပေါ်လာပြီး ရေပြင်ပေါ်ပြန်ပေါ်နိုင်အောင် မနည်းကြိုးစားနေရတယ်။
ဒီတစ်ခေါက် ရေငုတ်လိုက်တာ တော်တော်လေး ကြာသွားတယ်ဗျာ။ မျက်စိထဲမှာ အနီလေးရယ် ပုံ့ပုံ့ရယ် ပြုံးပြီးကြည့်နေတာကို မြင်လာသလိုလို၊ ဟော ကျနော့်ဖေဖေနဲ့ မေမေ ဂစ်တာနဲ့ တယောတွဲပြီး သီချင်းတွေတီးခတ်နေတာ မြင်လာပြန်ပြီ၊ ဟာ.. ကိုရွှေဘပါလား.. တစ်ခုခုကို သဘောကျတဲ့အခါတိုင်း မှေးနေတဲ့မျက်လုံးတွေ ပိတ်သွားတဲ့အထိ ပြုံးချိုနေတဲ့ ကျနော့်အစ်ကိုကြီးကို မြင်မိပြန်ပြီ။ အသက်ရှူချင်လွန်းလို့ ကျနော့်အဆုတ်တွေ ပေါက်ကွဲမတတ် ဖြစ်လာတယ်။ ရေပြင်ပေါ်ပြန်တက်ဖို့ ကျနော့်ခြေထောက်တွေကို ခတ်ကြည့်တာ မရဘူးဗျာ။ ခဲတွေဆွဲထားသလို လေးလံနေတာပဲ။ ကျနော် ဘာဖြစ်တော့မယ်ဆိုတာ ကျနော် သိနေသလိုလိုပဲ…။
အနီကလေး ဘာမှမပူနဲ့ အစ်ကိုလာနေပြီ…။ အစ်ကို အရမ်းမောတယ်ကွာ.. အသက်ရှူလို့ မရတော့ဘူး။ ပုံ့လေးရေ… မောင် မရတော့ဘူးသိလား။
တစစနှစ်မြုပ်နေတဲ့ ကျနော် ဗလုံးဗထွေး ရေထဲမှာ အော်ဟစ်နေမိတယ်ဗျာ။ နောက်ဆုံးမှာ ကျနော်သိလိုက်တာကတော့ လောကကြီးဟာ မှောင်ပိန်းသွားပြီဆိုတာပါပဲ။
————————————-
သူနာပြုဆရာမလေး မနီနီချို…
အစ်ကိုဟာ ဂတိမတည်ခဲ့ပါလားကွယ်။ ကျနော်ရယ်.. ကျနော့်ဆရာမလေးရယ်.. ကျနော်တို့ရဲ့ ယုန်ဖြူဖြူလေးတွေရယ်.. မြက်ခင်းစိမ်းစိမ်းနဲ့ လေရဟတ်အနီရောင်လေးပါတဲ့ အိမ်ကလေးတစ်လုံးထဲမှာ ပျော်စရာဘဝလေး တည်ဆောက်ကြမယ်ဆိုပြီး ပြောခဲ့တာတွေ အခုဘယ်မှာလဲ အစ်ကိုရယ်။ အနီကလေး ပူတူတူး! ဆိုပြီး ကျမ နောက်ကျောဖက်ကနေ တိုးတိုးလေးကပ်ပြောပြီး ဘွားကနဲ ပေါ်လာမလားလို့ ကျမ တိတ်တိတ်လေး အစ်ကို့ကို မျှော်နေတယ် အစ်ကိုရယ်။
ဖန်ဂေါ်လီကလေးတွေလို ဝိုင်းစက်စက်လေးတွေဟ! ဆိုပြီး ကြည်နူးနေတဲ့ လေသံနဲ့ အံကြိတ်ရေရွတ်ပြီး ကျမမျက်လုံးတွေကို မြတ်မြတ်နိုးနိုး နှုတ်ခမ်းနဲ့ ဖိကပ်နမ်းတတ်တဲ့ အစ်ကို့အနမ်းတွေ အခု ကျမ မရနိုင်တော့ဘူးပေါ့နော်။ ငါ့အနီကလေးကို တသက်လုံး တယုတယ ချစ်ပြသွားမယ်ဆိုတာ ဘယ်မှာလဲရှင်ရယ်။
နောက်ဆုံး တွေ့လိုက်ရတဲ့ညနေက ကျမနဖူးကလေးကို တပြွတ်ပြွတ်နမ်းရင်း သဘက်ခါဆိုရင် မနီနီချိုကို ကျုပ်ရဲ့အတောင်ပံတွေအောက်ကို သိမ်းသွင်းလိုက်ပြီ.. ဆိုပြီး Jean-Paul Sartre ရဲ့ စကားကို ခပ်တည်တည်နဲ့ပြောရင်း နောက်ပြောင်သွားတာ ကျမ ပြန်မြင်ယောင်နေတာ တစ်ချိန်လုံးပါပဲ အစ်ကိုရေ။
အဲ့ဒီနေ့က ကျမ အိမ်ကထွက်တာ နောက်ကျခဲ့တယ်လေ။ တဖက်ကမ်းကို ရောက်သွားတော့ မွန်းတည့်ခါနီးနေပြီ။ ကမ်းနားမှာ လူတွေရှုပ်ထွေးနေတာရယ်.. အစ်ကို့သူငယ်ချင်းတွေက ကျမကိုမြင်တော့ အံ့သြသွားတာရယ်။ အစ်ကိုတစ်ယောက် မြစ်ရေပြင်အောက်မှာ ပျောက်ဆုံးသွားပြီဆိုတာ သိလိုက်ရတော့ ကျမရဲ့ကမ္ဘာကြီး ပြိုကျသွားခဲ့တာပေါ့ အစ်ကိုရယ်။
အမှန်က ကလေးလေးတွေကို ရေထဲကဆယ်ယူရင်း ဆုံးသွားရှာတာက ကျမနဲ့ တစ်ရပ်ကွက်ထဲနေတဲ့ ကျေးလက်သားဖွား ဆရာမလေးပါကွယ်။ အစ်ကိုဟာ နောက်ဆုံးအချိန်ထိ သူချစ်တဲ့ အနီလေးဆိုတဲ့ ကျမကို လှိုင်းလေတွေထန်နေတဲ့ မြစ်ပြင်ထဲမှာ အော်ဟစ်ပြီး ရှာဖွေသွားခဲ့တာတဲ့။ အံ့သြတုန်လှုပ်နေတဲ့ အစ်ကို့မိတ်ဆွေတွေ ပြောပြသမျှ စကားတွေကို နားထောင်ပြီး အစ်ကိုနောက်ဆုံး ဝတ်သွားတယ်ဆိုတဲ့ တိုက်ပုံနဲ့ ပုဆိုးလေးကို ရင်ခွင်ထဲမှာ ပွေ့ထားရင်း ဘာလုပ်ရမှန်း မသိတော့ပါဘူး ရှင်ရယ်။
အသက်ပေးပြီး ချစ်တယ်ဟာလို့ အစ်ကိုပြောခဲ့ဖူးတာ တကယ်ပါပဲဆိုတာ အနီလေး ယုံပါပြီ။ ပြန်လာခဲ့ပါနော် အစ်ကို။ အနီလေးလေ အစ်ကိုမရှိရင် ဘယ်လိုမှ နေလို့မတတ်တော့ပါဘူးရှင်။
အခုဆို တစ်ပတ်ကျော်သွားပြီ အစ်ကိုပျောက်နေခဲ့တာ။ မနက်ရောင်နီလာပြီဆို ကျမ ဟော့ဒီမြစ်ကမ်းပါးမှာ အစ်ကို့ကို လာလာထိုင်ပြီး မျှော်နေခဲ့တာ နေရောင်ပျောက်သွားတဲ့ အထိပေါ့။ အစ်ကိုဟာ တကယ်တော့ မသေပဲ ကျမကို နောက်ပြောင်ချင်လို့ ပုန်းနေတာနေမှာ။ တစ်နေ့နေ့မှာ ဘွားကနဲပေါ်လာပြီး ဟားဟား…. အနီကလေး ပူတူတူးဆိုပြီး ကျမ ရှေ့မှာ ပြုံးဖြဲဖြဲနဲ့ လာရပ်ပြနေဦးမယ်ဆိုတာ ကျမသိနေတယ်။ အဲ့ဒီအချိန်ကြရင် ဒီလောက်နှိပ်စက်ရသလားဆိုပြီး အစ်ကို့မျက်နာကို ကျမလက်ခုပ်နှစ်ခုကြားထဲ ညှပ်ပြီး အစ်ကို အသက်ရှူလို့မရတဲ့အထိ တအားနမ်းပေးဦးမယ်လို့ တွေးရင်း ကျမ ရယ်ရယ်ပြုံးပြုံး ပြန်ဖြစ်လာပြန်တယ်။
မနက်ခင်းတိုင်း စောစောထပြီး ရေမိုးချိုး၊ အစ်ကို့ကို ပြန်တွေ့ချင်တွေ့ရမှာဆိုတဲ့ မျှော်လင့်ချက်နဲ့ အစွမ်းကုန် ဖီးလိမ်းပြင်ဆင်ပြီး ကမ်းနားမှာ သွားထိုင်စောင့်နေခဲ့တာ နေ့တိုင်းပေါ့..။ ဒါပေမယ့် ညနေစောင်းလာပြီဆို ကျမတစ်ယောက်ထဲ ငိုမဲ့မဲ့လေးပေါ့ အစ်ကိုရယ်။ ဒီနေ့လည်း အစ်ကို ပေါ်မလာသေးပါလားဆိုပြီး ဝမ်းနည်းအားငယ်လာပြီး မျက်ရည်က အလိုလိုကျမိပြန်တယ်။
မြန်မြန်ပြန်လာခဲ့ပါတော့နော်..။ အနီကလေး မျှော်ရလွန်းလို့ ပင်ပန်းနေပါပြီ။ ကျွန်မချစ်တဲ့ အစ်ကိုရယ်။
————————————-
ဒေါက်တာရီရီ @ ပုံ့ပုံ့
မောင်က လူဆိုးပဲကွာ။ ဟိုးကလေးဘဝကတည်းက ပုံ့အပေါ် နိုင်စားပေးတာနော်။ တစ်ခုခု စိတ်တိုတိုင်း ပုံ့ကို မောင်းထုတ်တတ်တာလေ..။ သွားသွား နင့်ကိုမခေါ်တော့ဘူးဆိုတဲ့ ကောင်ငယ်လေးကို ပုံ့က ငယ်ငယ်ကတည်းက အရမ်းကို တွယ်တာခဲ့ရတာကိုး။ ပုံ့ ပြောပြတာတွေကို မောင်က ရယ်တယ်နော်။ အဲ့ဒီကောင်လေးနဲ့ ကောင်မလေးဘဝ.. ပုံ့တို့ ကွဲသွားကတည်းက တစ်ရက်မှ မမေ့ခဲ့ဘူးဆိုတာလေ။
တက္ကသိုလ်တက်တော့ တစ်မြို့ထဲမှာရောက်နေတယ် ကြားတော့ မောင်တို့ကျောင်းက မောင်နေတဲ့ အဆောင်ရှေ့မှာ တိတ်တိတ်လေး လာလာခိုးကြည့်ခဲ့ရတာလေ။ မောင်က ပုံ့နဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင်မှ မှတ်မိတဲ့ပုံ မပေါ်ခဲ့တော့ ပုံ့ တိတ်တိတ်လေး ကြိတ်ဆွေးခဲ့ရတာနော်။ ကျောင်းပြီးသွားတော့ မောင့်ကို မမြင်ရတော့ပြန်ဘူး။
အရီးမေတို့အိမ်ကို မောင်ရောက်လာတဲ့နေ့က ပုံ့ရင်ဘတ်ထဲမှာ ဘယ်လောက်တောင် ဗလောင်ဆူပြီး စိတ်လှုပ်ရှားနေခဲ့ရသလဲဆိုတာ မောင် မသိဘူးနော်။ မိုးထိုးမတတ် အရပ်မြင့်မြင့်နဲ့ အသားဖြူဖြူ ဂုတ်ထောက်နေတဲ့ ဆံပင်ဖြောင့်စင်းစင်းလေးကို သပ်တင်ရင်း ပုံ့ကို ဟုတ်ကဲ့ပါခင်ဗျ.. ခင်ဗျနဲ့ စကားလှမ်းပြောနေတဲ့ မောင့်ကို ဆွဲရမ်းပြီး ဖိုးသက်လေးရေ ပုံ့ကလေးကို မမှတ်မိဘူးလားဟာလို့ အော်ပစ်လိုက်ချင်ခဲ့မိတာနော်။
မောင်အိပ်မောကျနေတာ ပုံ့ခိုးခိုးကြည့်ပြီး နှစ်ပေါင်းများစွာ မျှော်ခဲ့ရတဲ့ ကောင်ငယ်လေးပါလားဆိုပြီး ပုံ့ ဖက်မနမ်းမိအောင် ထိန်းခဲ့ရတာတွေ၊ မောင် ပုံ့လက်မောင်းနှစ်ဖက်ကို ဆွဲညှစ်ပြီး ခပ်မိုက်မိုက် စိုက်ကြည့်ရင်း မျက်နှာကျောလေးလျှော့ပါလို့ ပြောပြီး ထွက်သွားတုန်းက ပုံ့လေ မတ်တပ်တောင် မရပ်နိုင်တော့လောက်အောင် ရင်ထဲတလှပ်လှပ်နဲ့ ကျန်ခဲ့တာ မောင်မသိရှာဘူးနော်။
အိုကွယ်! အခု ပုံ့လက်မောင်းမှာ ကြက်သီးလေးတွေ ထလာတယ် သိလား။ ဟို.. ရေတွင်းမှာ ပထမဆုံး မောင့်ကို ငယ်ငယ်ကလို ခေါင်းဆွဲလျှော်ပေးတဲ့နေ့က မောင် အကြမ်းပတမ်းကြီး ပုံ့ကို ချစ်သွားခဲ့တာတွေ ပြန်တွေးလိုက်မိလို့လေ။ မောင်က လူဆိုးလေးပါလားကွယ်။ ပုံ့ နင်ငါ့ကိုချစ်သလားလို့ အထက်စီးက မေးခဲ့တုန်းက ပုံ့ရင်ထဲမှာ နင့်နေအောင် ဝမ်းနည်းခဲ့ရတာ..။ မောင်က အတင်းလိုက်လာပြီး ချော့တော့ ပုံ့လေ ပျော်လွန်းလို့ သေသွားမလားတောင် ထင်မှတ်ခဲ့ရတာပေါ့။
ပုံ့ရဲ့ လူဆိုးလေးဟာ အခုတော့ ဒီကမ္ဘာမှာ မရှိတော့ဘူးတဲ့လား မောင်ရယ်။ တရေးနိုးတဲ့ညတွေမှာဆို ပုံ့ကိုဖက်ထားတတ်တဲ့ မောင့်ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေး အိပ်စက်နေတာမဟုတ်မှန်း သတိရပြီး ပုံ့ကလေး ရူးမတတ် ငိုနေရပါပြီ မောင်။ တသက်လုံးစွဲလန်းခဲ့တဲ့ ကောင်လေးကို အပိုင်ရတော့မယ်ဆိုတဲ့ ဘဝကနေ လောကငရဲကို ဘယ်လိုကံတရားက တွန်းပို့လိုက်တာလဲကွယ်။
မောင် နှစ်ယောက်စလုံးကို မခွဲနိုင်ပါဘူး။ နှစ်ယောက်လုံးကို ယူမှာဆို..။ ပုံ့ ဘာမှမပြောရက်ခဲ့ဘူးနော် မောင်..။ မောင်နဲ့ တူတူနေရရင် တော်ပြီ.. မောင့်သဘောဆိုပြီး ပုံ့ တိတ်တိတ်လေးနေခဲ့တာလေ..။ အခု မောင်ချစ်တယ်ဆိုတဲ့ ပုံ့ကိုကော.. သနားစရာကောင်းတဲ့ ညီမလေးအနီချိုကိုကော မောင် ခွဲထားရက်ခဲ့ပြီနော်။ ပိုင်ဆိုင်လိုက်ရတဲ့ အချိန်က တိုတောင်းလွန်းခဲ့ပြီကော ပုံ့ချစ်တဲ့ မောင်။
အခု မောင့်ကို အရူးအမူးချစ်တဲ့ သူနာပြုဆရာမလေးခင်မျာ အဲ့ဒီနေ့က အစ်ကိုရေ!!! လို့ အော်ဟစ်ရင်း သတိလစ်လဲကျသွားရာကနေ ပြန်သတိလည်လာတော့ စိတ်မမှန်သလို ဖြစ်သွားရှာပြီ။ မောင် လူ့လောကကနေ ထွက်ခွါသွားပြီဆိုတာ နားမလည် လက်မခံနိုင်ရှာတဲ့ စိတ်ရောဂါသည်လေး ဖြစ်နေရှာပြီ။
မိုးတွေ တအားသည်းတဲ့ ညတွေမှာဆို ပုံ့တစ်ယောက်ထဲ မောင့်ကို လွမ်းလွန်းလို့ သွက်သွက်ခါ ရူးမသွားအောင် မနည်းထိန်းနေရတယ်။ အခုချိန် မောင်ပြန်လာပြီး ညီမလေးကိုကော ပုံ့ကိုပါ လာလက်ထပ်ပေးမယ်ဆို နှစ်ယောက်လုံး ပျော်ပျော်ကြီး လက်ခံပါ့မယ် ပုံ့ချစ်တဲ့ ကောင်ငယ်လေးရာ။ အခု ဆူညံနေတဲ့ မိုးပေါက်ကျသံတွေကြားထဲမှာ ပုံ့ကလေးတစ်ယောက်ထဲ အေးစက်စက် အိပ်ယာပေါ်မှာ ရှိုက်ရှိုက်ပြီး ငိုနေတယ် မောင်သိလား။
—————————————–
နိဂုံး…။
ညနေ နေဝင်ရီတရောမှာ လှတပတ ကောင်မလေးတစ်ယောက် ပုဇွန်ဆီရောင်သမ်းနေတဲ့ အလင်းရောင် မှုန်ပြပြအောက်က မြစ်ကမ်းဘေး ထိုင်ခုံပြာပြာလေးပေါ်မှာ ထိုင်ရင်း အဝေးက မြစ်ပြင်ကို မျှော်ကြည့်ရင်း ဆွေးရီရီငေးလို့ပေါ့။ လေညှင်းကလေး အဝှေ့မှာ သူ့ဆံနွယ်လေးတွေက တဖတ်ဖတ် လွှင့်မျှောလို့။ နေဝင်ခါနီးလာတာနဲ့အမျှသူ့မျက်နှာဝိုင်းစက်စက်ကလေးခင်မျာ ငိုမဲ့မဲ့ကလေးဖြစ်စပြုလာမယ်။ ခဏနေရင် အဲ့ဒီကောင်မလေးထိုင်နေတဲ့ နံဘေးကို စက်ဘီးဘဲလ်သံလေး ကလင် ကလင်ပေးပြီး အသားညိုညို ဆံပင်အရှည်ကြီးကို ဖားလျားချထားတဲ့ အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက် ရောက်လာပြီး ကြင်ကြင်နာနာ ထွေးပွေ့ပြီး ပြန်ဖို့ခေါ်လိမ့်မယ်။
“အစ်ကိုဟာလေ… ဘာလို့ ဒီနေ့ နောက်ကျနေရတာလဲ မသိပါဘူး.. မမရီရယ်”
“အေးပါ.. ညီမလေးအနီချိုရာ..။ မိုးချုပ်တော့မယ် ပြန်ရအောင်.. လိမ္မာတယ်ကွယ်…”
လို့ ပြောရင်း ဒေါက်တာရီရီက စီးကျလာတဲ့ သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို ခိုးသုတ်ပြီး ချော့မော့နေလိမ့်မယ်။
ယခုအခါမှာ ဧရာဝတီမြစ်ကြမ်းပြင်အောက်ခြေမှာ အိပ်စက်နေတဲ့ လူတစ်ယောက်ကတော့ သူ့ချစ်သူနှစ်ယောက်ရဲ့ ဖြစ်အင်ကို မြင်ခဲ့ရင်…….။ ဤတွင် ကျွန်တော့်သူနာပြုဆရာမလေး ပုံပြင်ပြီး၏။…ပြီးပါပြီ
Zawgyi
ကၽြန္ေတာ့္ခ်စ္သူ နပ္စ္မေလး(ဇာတ္သိမ္းပိုင္း)
ငယ္ငယ္ကၾကည့္ခဲ့ဘူးတဲ့ ေကာင္းဘြိဳင္႐ုပ္ရွင္ ဇာတ္ကားထဲက ေသနတ္ခ်င္းယွဥ္ပစ္ခါနီး ဇာတ္ဝင္ခန္းလိုပဲ.. လူသူေလးပါး ရွင္းလင္းလြန္းတဲ့ ျမစ္ကမ္းပါးအစြန္က ခုံအျပာေလးပတ္ခ်ာလည္မွာ ထိုင္ေနၾကတဲ့ လူ ၃ ေယာက္ဟာ တိတ္ဆိတ္လို႔ေနတယ္။ မိုးနံ့သင္းသင္းေလးပါတဲ့ ေလေျပေလးကအေဝွ႕၊ က်ေနာ့္ေရွ႕မွာ ထိုင္ေနတဲ့ က်ေနာ္ခ်စ္တဲ့ မိန္းမႏွစ္ေယာက္ရဲ့ ဆံႏြယ္ေတြက တဖ်တ္ဖ်တ္ ေလထဲမွာ လႊင့္လို႔ေပါ့။ ေတာ္႐ုံ စိတ္လွုပ္ရွားစရာ ေတြ႕တာေတာင္ တည္ၿငိမ္တတ္တဲ့ က်ေနာ္ အခုတစ္ကိုယ္လုံး တဖ်င္းဖ်င္းထလာတဲ့အထိ တုန္လွုပ္ေနမိၿပီ။ ျပဳံးခ်ိဳေနတဲ့ မ်က္ႏွာေတြနဲ႔ က်ေနာ့္ေရွ႕မွာ ထိုင္ေနတဲ့ ဆရာဝန္မေလးနဲ႔ နာ့စ္မေလး..။
“အေအးေသာက္မလား ညီမေလးနီနီခ်ိဳ…”
လို႔ ပုံ႔ပုံ႔က ခပ္ျပဳံးျပဳံးလုပ္ရင္း စကားစေျပာတယ္။
“ရတယ္ မမ..။ ဒီမွာ အစ္ကို႔ဆီက နည္းနည္းမၽွေသာက္လိုက္မယ္…”
လို႔ ျပန္ေျဖရင္း ႐ုတ္တရက္ က်ေနာ္ေသာက္လက္စ ေဖ်ာ္ရည္ခြက္ကို ဆြဲယူၿပီး ေကာက္ေမာ့ပစ္လိုက္တယ္။ က်ေနာ္ အထိတ္တလန႔္နဲ႔ ပုံ႔ပုံ႔ကို လွမ္းၾကည့္လိုက္ေတာ့ လုံးဝမ်က္ႏွာမပ်က္ပဲ က်ေနာ့္ကို တစ္ခ်က္ေလာက္ စိုက္ၾကည့္ၿပီး မ်က္ႏွာလႊဲသြားတယ္။ အနီေလးကလည္း သူဘယ္ေလာက္ က်ေနာ့္ကိုပိုင္ေၾကာင္း ျပခ်င္ေနပုံပဲ။
ဖူး…… က်ေနာ္ သက္ျပင္းခိုးခ်ေနမိတယ္။ ဘာမွစကားဆက္မေျပာပဲ ဒီအတိုင္း ၿငိမ္က်သြားျပန္တာ ၅ မိနစ္ေလာက္ ရွိသြားျပန္ၿပီ။ က်ေနာ့္စိတ္ထဲမွာေတာ့ ၅ ကမၻာေလာက္ေတာင္ ၾကာသြားၿပီလို႔ ထင္ေနမိတယ္။ က်ေနာ္ ကံေကာင္းေနတာတစ္ခ်က္က က်ေနာ္ၿပိဳင္တူခ်စ္မိခဲ့တဲ့ မိန္းမႏွစ္ေယာက္လုံးဟာ ဂုဏ္သိကၡာရွိတဲ့ ပညာတတ္ မိန္းမေတြ ျဖစ္ေနလို႔ပါ။ မဟုတ္ပဲ သာမန္မိန္းမႏွစ္ေယာက္သာဆို ေနရာမွာတင္ ထၿပီး သတ္ၾကေတာ့မလားပဲ။ အခုေတာ့ သူတို႔ႏွစ္ေယာက္လုံးက ခပ္ျပဳံးျပဳံးနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ အကဲခတ္ေနၾကတယ္ဗ်ာ။
“မနက္ကပဲ က်မတို႔ႏွစ္ေယာက္ စကားေျပာၿပီးၾကၿပီ ေမာင္ေရ…”
လို႔ ပုံ႔ပုံ႔က စကားစတယ္။
“ညီမေလးနီနီခ်ိဳက ဘာတစ္ခုမွ ဖုံးကြယ္မထားပဲ ပုံ႔ကို အကုန္ေျပာျပခဲ့တယ္ေလ…။ မေန႔က ပုံ႔တို႔သုံးေယာက္ ဆုံလိုက္ကတည္းက ပုံ႔ ရိပ္မိပါတယ္။ ေမာင္… တစ္ခုခု ေျပာခ်င္ေသးလား…”
…………. ….. ….. …… ………..
“အစ္ကို! မမရီကို ေျပာျပလိုက္ေလ..။ အနီေလးကို အစ္ကို အရမ္းခ်စ္တဲ့အေၾကာင္း..။ အနီေလးကို ဘယ္လိုဂ႐ုစိုက္တဲ့အေၾကာင္း….။ ဘယ္လိုရည္ရြယ္ထားတယ္ဆိုတာေတြ ေျပာျပလိုက္ပါ အစ္ကိုရ….”
ရယ္သလိုေမာသလိုနဲ႔ က်ေနာ့္သူနာျပဳဆရာမေလးကစၿပီး တိုက္စစ္ဆင္ၿပီဗ်ာ။ က်ေနာ္ ဘာမွျပန္မေျပာနိုင္ပဲ တိတ္ေနမိတယ္။
“ဟင္းဟင္း! ဟုတ္လား ညီမေလးအနီခ်ိဳရ..။ မမကိုလည္း အတူတူပါပဲဟ..။ သိတဲ့အတိုင္း ဖိုးသက္က မမရဲ့ ငယ္ကၽြမ္းေဆြေလ..။ မမကိုဆို အနိုင္လည္းေတာ္ေတာ္က်င့္တယ္..။ သံေယာဇဥ္လည္း ႀကီးရွာတယ္ေလ..။ အဲ့လိုခပ္ဆိုးဆိုး ခ်စ္သူမ်ိဳးကို မမ တသက္လုံး ပဲ့ျပင္ထိန္းေက်ာင္းသြားဖို႔ ဆုံးျဖတ္ၿပီးသား..။ ၿပီးေတာ့ သူကလည္း ဘယ္ေလာက္ဆိုးဆိုး မမကိုေတာ့ ေတာ္ေတာ္ေလး ခ်စ္ရွာတယ္ဟ။ ဟုတ္တယ္မလား ေမာင္…”
ဆိုၿပီး က်ေနာ့္ကို ေမးေငါ့ၿပီး ေျပာလာျပန္တယ္။
“အနီေလးကေတာ့ အစ္ကို႔ကို လက္ထပ္ဖို႔ ဆုံးျဖတ္ထားတယ္.. မမေရ..။ ဒါနဲ႔ စကားမစပ္… အစ္ကိုက မမကို ငယ္သူငယ္ခ်င္းမွန္းသိၿပီး သံေယာဇဥ္ျဖစ္သြားတာ မၾကာေသးဘူးဆို.. ဟုတ္လား..”
“အာ.. မဟုတ္ပါဘူး ညီမေလးရာ..။ အမွန္က ဖိုးသက္ ဒီၿမိဳ႕ကိုေရာက္လာၿပီး ဘာမွမၾကာလိုက္ဘူး…။ တစ္ညေန ေရတြင္းမွာ.. မမတို႔ႏွစ္ေယာက္ ခ်စ္သူျဖစ္ခဲ့တာပါ..။ ေမာင္က ညီမေလးကို မေျပာျပဘူးထင္တယ္.. ဟင္းဟင္း..”
က်ေနာ္ေတာ့ ႐ူးခ်င္ေနၿပီဗ်ာ။ သူတို႔ႏွစ္ေယာက္က ဘယ္သူမွ ေနာက္ဆုတ္မယ့္ပုံ မေပၚဘူးဗ်။ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္သူ႔ကို က်ေနာ္က ပိုပါတယ္ဆိုတာကို မသိမသာ ယဥ္ယဥ္ေက်းေက်း စကားနိုင္လုေနၾကၿပီ။ အမွန္က တစ္ေယာက္ေယာက္ မခံမရပ္နိုင္ျဖစ္ၿပီး ေနာက္ဆုတ္သြားရမွာ မဟုတ္ဘူးလား။ တေျဖးေျဖးနဲ႔ သူတို႔ေျပာေနတဲ့ စကားလုံးေတြက ေတာ္ေတာ္ေလး လြန္ကဲလာေနၿပီဆိုတာ က်ေနာ္ ၾကားေနရတယ္။
“ညီမေလးကေတာ့ ေနာက္မဆုတ္ေပးနိုင္ပါဘူးရွင္…။ အစ္ကို႔ကို အရမ္းခ်စ္တာပါ..။ အစ္ကိုနဲ႔ တသက္လုံးခြဲရရင္ ေသမွာ…”
“ေၾသာ္! ျဖစ္ရေလ ညီမေလးရာ..။ မမလည္း တူတူပါပဲ..။ တသက္လုံး ေမၽွာ္ခဲ့ရတဲ့ ေကာင္ေလးကိုပဲ ယူမယ္လို႔ ရည္စူးခဲ့တာပါကြယ္..”
အျပန္အလွန္ ေတာင္းပန္သလို ေလသံေတြနဲ႔ မုန္တိုင္းတိုက္စျပဳလာေနတဲ့အထိ ၾကားထဲက က်ေနာ့္မွာ ေက်ာက္႐ုပ္တစ္႐ုပ္လို ဘာဝင္ေျပာရမွန္းမသိ ၿငိမ္သက္လို႔ေပါ့။
“ကဲပါ.. ေမာင္ေရ..။ ဒီေနရာမွာ အျပတ္ေျပာပါေတာ့ေနာ္..”
ဆိုၿပီး စကားဦးက က်ေနာ့္ဖက္ကို လွည့္စျပဳလာၿပီ။
“အခုအတိုင္းဆို ညီမေလးလည္း သနားစရာေကာင္းေနရွာၿပီ..။ ပုံ႔ပုံ႔ကလည္း ေမာင့္ကို မခြဲနိုင္..။ ဒီေတာ့ ကာယကံရွင္ျဖစ္တဲ့ ေမာင္ကိုယ္တိုင္ တစ္ခြန္းပဲေျပာၿပီး ဆုံးျဖတ္ပါေတာ့…”
လို႔ ပုံ႔ပုံ႔က က်ေနာ့္ကို စိုက္ၾကည့္ရင္း ဆုံးျဖတ္ခိုင္းလာတယ္ဗ်ာ။
………………………………………
စူးစူးရဲရဲ မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႔ က်ေနာ့္ကို ေငးၾကည့္ေနတဲ့ က်ေနာ့္သူနာျပဳဆရာမေလး နီနီခ်ိဳ၊ေတာက္ပေနတဲ့ အၾကည့္ေတြထဲမွာ သူ႔ကိုက်ေနာ္ တသက္လုံး ပစ္မသြားပါဘူးဆိုတဲ့ ယုံၾကည္မွုေတြအျပည့္၊ က်ေနာ့္ကို အသည္းနင့္ေအာင္ ခ်စ္ရွာတဲ့ ဘာမွအျပစ္မရွိတဲ့ ေကာင္မေလး။
ဒီဖက္ကိုၾကည့္ပါဦး.. ေဒါက္တာရီရီ.. ဒါမွမဟုတ္ အေနတည္ၿပီး မေနာျဖဴတဲ့ က်ေနာ့္ငယ္ငယ္က ပုံ႔ပုံ႔။ ခါးကေလး မတ္မတ္ေနရင္း ေတာင့္ေတာင့္ေလးထိုင္ရင္း က်ေနာ္ေျပာမယ့္စကားကို ေမၽွာ္လင့္တႀကီး ဟန္ကေလးနဲ႔ေလ။ ဟိုးငယ္ဘဝ ကေလးအရြယ္ကေန အခုထိ က်ေနာ့္အေပၚ အႏြံတာခံရွာတဲ့ ေကာင္မေလးရယ္ အခုက်ေနာ့္ကို ေဆြးရိပ္သမ္းေနတဲ့ မ်က္ဝန္းညိဳညိဳေလးနဲ႔ အသနားခံေနရွာၿပီ။
က်ေနာ္ ဘာလုပ္ရမလဲဗ်ာ။ ဘာေျပာလိုက္ရမလဲ။ တစ္ေယာက္ေယာက္ကို က်ေနာ္ လြန္လြန္က်ဴးက်ဴး မလုပ္ခဲ့ရေသးဘူးဆိုရင္လည္း အေျဖကရွင္းမယ္။ အခုေတာ့ ႏွစ္ေယာက္လုံးနဲ႔ နယ္ကၽြံခဲ့မိၿပီဆိုေတာ့ ဘယ္သူ႔ကို ဘာအေၾကာင္းျပခ်က္နဲ႔ ျဖတ္ရမွာလဲဗ်ာ။
“အစ္ကိုေရ! ေျဖလိုက္ေလ…။ ဘယ္သူ႔ကို ပိုခ်စ္သလဲ..။ ဘယ္သူ႔ကို လက္ထပ္မလဲဆိုတာ.. မမရီေမးေနတယ္.. ေျပာလိုက္ေတာ့..”
ဆိုၿပီး အနီေလးက စိတ္လွုပ္ရွားေနတဲ့ အသံတုန္တုန္ေလးနဲ႔ ေျပာလာၿပီ။ ပုံ႔ပုံ႔ခင္မ်ာလည္း စိတ္အရမ္းလွုပ္ရွားေနတဲ့ဟန္နဲ႔ ေအာက္ႏွုတ္ခမ္းကို သြားျဖဴျဖဴေလးနဲ႔ ခပ္တင္းတင္း ကိုက္ထားရွာၿပီ။ က်ေနာ္ မခံနိုင္ေတာ့ဘူးဗ်ာ။ ဒီအေျခေနႀကီးကို မခံစားနိုင္ေတာ့ဘူး။ က်ေနာ္ ဝုန္းကနဲ မတ္တပ္ထရပ္လိုက္ၿပီး အက္ကြဲေနတဲ့အသံနဲ႔ ေအာ္လိုက္တယ္…။
“ငါ ႏွစ္ေယာက္စလုံးကို မခြဲနိုင္ဘူး …။ ဘယ္သူ႔ကိုမွ ပိုမခ်စ္ဘူး..။ ႏွစ္ေယာက္စလုံးကို ျမတ္နိုးတယ္..။ ငါ့ကို မင္းတို႔ ခ်စ္တယ္ဆို အဲ့ေမးခြန္းကို ေနာက္ထပ္ မေမးၾကပါနဲ႔ေတာ့..”
လို႔ စိတ္ထဲရွိတာေတြ ကေပါက္တိကေပါက္ခ်ာ ေျပာလိုက္ရင္း ဆတ္ကနဲ လွည့္ထြက္လိုက္မိတယ္။ ေနာက္ကို ျပန္လွည့္မၾကည့္မိဘူး..။ သူတို႔ႏွစ္ေယာက္ထဲ အေအးဆိုင္မွာ က်န္ရစ္ခဲ့ၿပီ။
—————————————
“အဲ့ဒီလိုေတြ ျဖစ္ကုန္တယ္ဗ်ာ..။ က်ေနာ္ ဘာလုပ္ရမလဲ…”
အက္ကြဲရီေဝ မူးယစ္ေနတဲ့ က်ေနာ့္စကားသံက ခေနာ္ခနဲ႔ အရက္ဆိုင္အိုေလးေပၚကို တေျဖာက္ေျဖာက္က်ေနတဲ့ မိုးေပါက္သံေတြၾကားထဲမွာ မသဲမကြဲ ထြက္က်လာတယ္။ ေန႔လည္က က်ေနာ္နဲ႔ က်ေနာ္ခ်စ္တဲ့ မိန္းမႏွစ္ေယာက္ရဲ့ မန္က်ည္းေဖ်ာ္ရည္ဆိုင္ထဲက ျပႆနာကို အခု က်ေနာ့္ေရွ႕မွာထိုင္ေနတဲ့ ဆံပင္ရွည္ရွည္နဲ႔ ေခတ္ေပၚကဗ်ာဆရာႀကီး ႏွစ္ေယာက္ကို ရင္ဖြင့္ေနမိတယ္။ က်ေနာ္အေတာ္ေလး ဗ်ာမ်ားစျပဳေနၿပီဗ်ာ။ ဘယ္ခ်စ္သူကိုမွလည္း မပစ္ရက္ျပန္။ သူနာျပဳဆရာမေလးကို ပိုခ်စ္တယ္ဆိုတာေတာင္.. ဆရာဝန္မေလးကိုလည္း သနားခ်စ္ကေလး ခ်စ္ျမတ္နိုးေနေတာ့ကာ သိပ္ခက္ေနပါၿပီေလ။
က်ေနာ့္အျဖစ္ကိုၾကည့္ၿပီး စိတ္မသက္မသာ ျဖစ္ေနတဲ့ ဆရာသမားႏွစ္ေယာက္ကေတာ့ ႏွမ္းဖတ္ခ်ဥ္သုပ္ကို ေကာက္ဝါးလိုက္၊ ဘီအီးေတြ တစ္ခြက္စီ ထပ္ေမာ့ၿပီး ေဆးေပါ့လိပ္ ကိုယ္စီဖြာရင္း စဥ္းစားခန္းဝင္ေနၾကတယ္။ ဘာလုပ္ရမွန္းမသိတဲ့ က်ေနာ္တစ္ေယာက္ သူတို႔မ်က္ႏွာေတြကို တစ္လွည့္စီေငးရင္း ဘာအႀကံဉာဏ္မ်ား ေပးလာမလဲဆိုတဲ့ ေမၽွာ္လင့္ခ်က္ကေလးနဲ႔ေပါ့။
“ေမာင္သက္.. ဘယ္သူ႔ကိုမွ မျပတ္နိုင္ဘူးဆိုပါေတာ့ …”
ေဆးေပါ့လိပ္မီးခိုးေတြကို မွုတ္ထုတ္ရင္း ဆရာသမားတစ္ေယာက္က စကားစေတာ့ က်ေနာ္ ေခါင္းၿငိမ့္ျပမိတယ္။
“အိမ္း! ႏွစ္လမ္းရွိတယ္..ကြာ…။ မင္း ႏွစ္ေယာက္လုံးကို တၿပိဳင္နက္ထဲ ယူရင္ယူ။ ဒါမွမဟုတ္ ကိုယ့္ကိုယ္ကို သတ္ေသလိုက္.. ဒါပဲ..”
“ဗ်ာ!!”
လမ္းမဖက္ အေမွာင္ထုထဲကို ေငးေနတဲ့ က်န္တဲ့ဆရာသမားက ဆတ္ကနဲ လွည့္လာၿပီး…
“ႏွစ္ေယာက္လုံးကို ဘယ္လိုယူမလဲ။ ဒါ ဗမာျပည္ဗ်…။ တစ္လင္တစ္မယားစနစ္ က်င့္သုံးတဲ့ တိုင္းျပည္..။ ခင္ဗ်ား ဘာထရန္ရပ္ဆဲလ္ရဲ့ အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့စာအုပ္ မဖတ္ဖူးဘူးလား…”
“ဟ.. မင္း ဘာထရန္ရပ္ဆဲလ္က မိန္းမဘယ္ႏွစ္ေယာက္ ယူသြားသလဲ ေသခ်ာျပန္စဥ္းစားဦး.. ခ်ီးတဲ့မွပဲ..”
သူတို႔ႏွစ္ေယာက္ အခ်ီအခ်ထၿပီး ျငင္းကုန္ၾကတာကိုၾကည့္ၿပီး က်ေနာ္ ပိုလို႔ေတာင္ စိတ္အိုက္လာတယ္ဗ်ာ။ ဘာလုပ္ရမွန္းမသိလို႔ တိုင္ပင္မွ ျပႆနာ ထျဖစ္ကုန္ျပန္ၿပီ။
“ဘာပဲေျပာေျပာ အဆင္ေျပရင္ ၿပီးတာပဲဟာကို..။ ဒီေတာ့ ေမာင္သက္..။ မင္း ႏွစ္ေယာက္လုံးကို ယူပစ္လိုက္ကြာ.. ၾကာတယ္..။ ဒါမ်ိဳးကိစၥ ေလာကမွာ မျဖစ္ဖူး၊ မရွိဖူးတာမွ မဟုတ္တာ..”
“မတတ္နိုင္ဘူး… ဘယ္သူ႔ကိုမွ မပစ္နိုင္လို႔ ႏွစ္ေယာက္လုံးကို ယူမယ္သာျပင္လိုက္..။ မင္းကို တကယ္ခ်စ္တဲ့ မိန္းမက လက္ခံလိမ့္မယ္..။ မင္းကို လိုခ်င္တာထက္ ဂုဏ္သိကၡာကို ပိုတန္ဖိုးထားတဲ့ တစ္ေယာက္က ေနာက္ဆုတ္ခ်င္ ဆုတ္သြားနိုင္တယ္…။ ဒါဆိုလည္း ရွင္းသြားကေရာ…။ ဟုတ္လား ငါေျပာတာ..”
အဲ့ဒီညက မိုးေတာ္ေတာ္ခ်ဳပ္မွ က်ေနာ္ အိမ္ျပန္ေရာက္သြားတယ္။ မိုးေရေတြစိုရႊဲၿပီး ယိုင္တိုင္တိုင္နဲ႔ ပုံ႔ပုံ႔အခန္းျပဴတင္းေပါက္ကို သြားထုၿပီး နိုးလိုက္ေသးတယ္။ အိပ္ေပ်ာ္ဟန္မတူတဲ့ ပုံ႔ပုံ႔တစ္ေယာက္ က်ေနာ့္အဝတ္ေရစိုေတြကို ဆြဲခၽြတ္ၿပီး တဘက္နဲ႔ တစ္ကိုယ္လုံးေျခာက္ေအာင္ သုတ္ေပးၿပီး ေစာင္ပါးေလးနဲ႔ပတ္ၿပီး ဖက္ထားေပးတာေတာ့ က်ေနာ္ မွတ္မိတယ္။ သူ က်ေနာ့္ကိုဖက္ရင္း ငိုေနတယ္ဗ်ာ။ သူ႔ရင္ခြင္ထဲက ရီေဝေ၀ျဖစ္ေနတဲ့ က်ေနာ္ကေတာ့ စိတ္ထဲရွိတာေတြကို မိုးသံတေဝါေဝါၾကားမွာ ေအာ္ေနမိခဲ့တာေပါ့ေလ….။
“ပုံ႔ပုံ႔ နင္ငါ့ကို အရမ္းခ်စ္တာပဲလား…။ ေအး အနီေလးကလည္း ငါ့ကိုအရမ္းခ်စ္ရွာတယ္..။ ငါကလည္း ႏွစ္ေယာက္လုံးကို ခ်စ္တယ္ဟာ..”
“ေမာင္!! တအားမေအာ္နဲ႔..ေတာ္ၿပီ.. တိတ္ေတာ့.. ပုံ႔ ေတာင္းပန္ပါတယ္ေနာ္..”
“ေအး.. ပုံ႔ကေလး နင့္ကိုငါယူမယ္..။ အနီေလးကိုလည္း ယူမယ္။ ႏွစ္ေယာက္လုံးကို ယူမယ္ဟာ…။ ဘယ္သူဘာေျပာေျပာ နင္တို႔ႏွစ္ေယာက္လုံးကို ငါ လက္ထပ္ပစ္လိုက္မယ္…”
“ေမာင္ရယ္! ေတာ္ပါေတာ့.. ပုံ႔ ဖက္ထားေပးမယ္ေနာ္… အိပ္ေတာ့ေနာ္ အိပ္ေတာ့….”
“ဖက္ထား… အရမ္းဖက္… ခ်မ္းလိုက္တာ.. ပုံ႔ေရ.. ငါနင့္ကို မခြဲနိုင္ပါဘူးဟာ.. နင့္ကို ငါယူမွာပါ…”
“အင္းပါ..ေမာင္ရယ္… အိပ္လိုက္ေတာ့.. အိပ္… အိပ္…”
မနက္မိုးလင္းေတာ့ က်ေနာ္ ၾကည္ၾကည္လင္လင္ပဲ နိုးလာတယ္။ ေရမိုးခ်ိဳးၿပီးတာနဲ႔ ဘာမွမျဖစ္သလိုပဲ ပုံ႔ပုံ႔ကို ေဆး႐ုံလိုက္ပို႔တယ္။ သူကလည္း ခပ္ျပဳံးျပဳံးပဲျဖစ္ေနလို႔ က်ေနာ္ အံ့ၾသမိေနေသးတယ္ဗ်။
တိုက္တိုက္ဆိုင္ဆိုင္ ဂ်ဴတီထြက္လာတဲ့ အနီေလးနဲ႔ ေဆး႐ုံဆင္ဝင္ေအာက္မွာ သြားဆုံမိေသးတယ္။ သေဘာထားႀကီးလြန္းတာလား ဟန္ေဆာင္ေနၾကတာလားေတာ့ က်ေနာ္ နားမလည္ဘူးဗ်ာ…။ ႏွစ္ေယာက္လုံးက အျပဳံးမပ်က္ ႏွုတ္ဆက္ေနၾကတာမ်ား.. မမရီ.. ညီမေလးအနီခ်ိဳ ဆိုတာေတြခ်ည္းပဲေလ။ ပုံ႔ပုံ႔က က်ေနာ့္ဖက္လွည့္လာရင္း …
“ေမာင္ေရ.. ညေန ပုံ႔ကိုလာႀကိဳဖို႔ မေမ့နဲ႔ေနာ္.. တာ့တာ”
ဆိုၿပီး ေဆး႐ုံထဲဝင္သြားေရာ..။ က်ေနာ္လည္း အနီ့ကို စက္ဘီးနဲ႔တင္ၿပီး သူ႔အိမ္ဖက္ကို နင္းလာခဲ့တယ္။ လမ္းမွာ ဗိုက္ဆာတယ္ဆိုလို႔ လက္ဖက္ရည္နဲ႔ ပလာတာ ဝင္ဝယ္လာခဲ့ေသးတယ္။ အိမ္ေရာက္မွ ႏွစ္ေယာက္သား တူတူစားေသာက္ရင္း အနီေလးက ရယ္က်ဲက်ဲမ်က္ႏွာေလးနဲ႔….
“ေမာင္ေရ…”
လို႔ စေတာ့ က်ေနာ္က
“ေဟ့ေကာင္ ေတာ္ပါဟာ”
လို႔ ေဟာက္လိုက္တာကို ဂ႐ုမစိုက္တဲ့ ဟန္ေလးနဲ႔ တခစ္ခစ္ ရယ္ေနျပန္တယ္။
အိပ္ခန္းျပဴတင္းေပါက္ကို ကုတင္ေပၚကေန အသာတြန္းဖြင့္လိုက္ေတာ့ အလင္းေရာင္ေကာင္းေကာင္း မရေသးဘူး။ မိုးရာသီရဲ့ လလယ္ေရာက္ေနတဲ့ မနက္ခင္းဆိုေတာ့ အျပင္မွာ မိုးျမဴေတြ က်ဆင္းေနတာ ၾကည့္လို႔လွလိုက္တာဗ်ာ။ ခပ္ေမွာင္ေမွာင္ ေဝလီေဝလင္း မနက္ခင္းတစ္ခုမွာ အျဖဴဆြတ္ဆြတ္ မိုးျမဴမွုန္ေတြကို ျမင္လိုက္ရေတာ့ ျဖဴမြန္ရဲ့ကဗ်ာထဲက ဆြတ္ဆြတ္ေမွာင္ ဆိုတဲ့ စကားလုံးကို သတိရမိေသးတယ္။
စိမ့္ေအးေအးေလးျဖစ္ေနတဲ့ ေလႏုႏုေလးေတြက ညင္သာသာေလး တိုက္ခတ္တိုးဝင္လာတယ္။ ကုတင္ေပၚက က်ေနာ့္ေဘးမွာ အသက္ရွူသံ ခပ္တိုးတိုး မွန္မွန္ေလးနဲ႔ က်ေနာ့္ဆရာဝန္မေလး အိပ္ေမာက်ေနရွာတယ္။ ခပ္ေကြးေကြးေလး လွဲေလ်ာင္းေနတဲ့ သူ႔ငါးရံ့ကိုယ္လုံးေလးကို က်ေနာ္ ငုံ႔ၾကည့္ရင္း ေငးေနမိတယ္ေလ။ ရွည္လ်ားေျဖာင့္စင္းၿပီး လွပလြန္းတဲ့ ဆံႏြယ္ရွည္ေလးေတြက တေစာင္းလွဲအိပ္ထားတဲ့ သူမေက်ာဖက္မွာ ျဖန႔္ၾကဲထားသလိုပဲ။ တဝက္တပ်က္ ေျပက်ေနတဲ့ ထမီေလးေအာက္က ျပဴစစျဖစ္ေနတဲ့ တင္ပါးအိစက္စက္ ဝိုင္းဝိုင္းေလးကို က်ေနာ္ လက္ဖဝါးနဲ႔ အသာေလး ပြတ္သပ္ၾကည့္လိုက္ေတာ့ ေအးစက္စက္ အထိေတြ႕ရလို႔ ေလၽွာက်ေနတဲ့ ထမီေလးကို အသာျပန္မတင္ေပးလိုက္တယ္။
ေကာ့တက္ေနတဲ့ မ်က္ေတာင္ေမႊးေလးေတြ၊ သြယ္လ်တဲ့ မ်က္ႏွာႏုႏုေလးရယ္၊ အသက္ရွူလိုက္တိုင္း ႏွိမ့္တုံျမင့္တုံ ျဖစ္ျဖစ္သြားတဲ့ အကၤ်ီပါးပါးေလးေအာက္က ေရႊရင္အစုံရယ္..၊ ၿပီးျပည့္စုံတဲ့ နံနက္ခင္း မိုးျမဴေတြၾကားထဲက တိတ္တဆိတ္ အိပ္စက္ေနတဲ့ နတ္မိမယ္ကေလးအလားေပါ့။
မေန႔ညက ထုံးစံအတိုင္း က်ေနာ္နဲ႔ ဆရာဝန္မေလးတို႔ ခပ္ၾကမ္းၾကမ္း ခ်စ္ခဲ့ၾကေတာ့ ေတာ္ေတာ္ေလး ပင္ပန္းေနရွာတယ္ေနမွာ။ အခု က်ေနာ္ သူ႔ဆံႏြယ္ရွည္ေလးေတြကို ကိုင္တြယ္ပြတ္သပ္ေနတာ၊ သူ႔နဖူးေျပာင္ေျပာင္ကေလးကို နမ္းၿပီး ေမႊးေမႊးေနတာေတာင္မွ သူမနိုးမလာဘူးဗ်ာ။
က်ေနာ္ ခင္ဗ်ားတို႔ကို ေျပာျပခဲ့သလို က်ေနာ့္ခ်စ္သူႏွစ္ေယာက္ ဇာတ္လမ္းကို နဇစ္ေယာက္လုံးက မသိဟန္ေဆာင္ၿပီး ဒီလိုပဲ ဆက္သြားေနလာတာ ၾကာလာၿပီဗ်။ ပုံ႔ပုံ႔ေကာ အနီေလးပါ.. တစ္ေယာက္မွ က်န္တဲ့တစ္ေယာက္ကို ျဖတ္လိုက္ပါ… သူ႔ကိုပဲခ်စ္ရမယ္ ဘာညာဆိုၿပီး အေရးဆိုမလာဘူး။ ပိုဆိုးတာက တစ္ေယာက္ကိုတစ္ေယာက္ မေကာင္းမေျပာတဲ့အျပင္ သနားဂ႐ုဏာ ေလသံေလးေတြေတာင္ ေျပာေျပာလာျပန္ေရာဗ်။ ပုံ႔ပုံ႔က ..
“ေမာင္!! ေမာင့္သူနာျပဳဆရာမေလးက သြက္သြက္လက္လက္ကေလးေနာ္…။ ေမာင္နဲ႔ ႏွစ္ေယာက္တူတူ လမ္းေလၽွာက္ရင္ ေတာ္ေတာ္ၾကည့္ေကာင္းတယ္..။ ၿပီးေတာ့ ေမာင့္ကို အရမ္းတြယ္တာၿပီး အားကိုးေနရွာတဲ့ ပုံကေလး”
တဲ့။ အင္း.. အနီေလးကလည္း ေျပာပါတယ္..။
“ဟ!! အစ္ကို.. မမရီက အစ္ကို႔အေပၚထားတဲ့ သံေယာဇဥ္က ေတာ္ေတာ္ႀကီးလြန္းတယ္ေနာ္..။ သနားစရာေလး..။ ႏွစ္ေပါင္းမ်ားစြာ အစ္ကို႔ကို ေမၽွာ္ေနခဲ့ရွာတာ။ ၿပီးေတာ့ အင္မတန္ ယဥ္စစဟန္ပန္ေလးနဲ႔ ညိဳေခ်ာေလးေနာ္ အစ္ကို”
တဲ့။ ဖူး… လြယ္ေတာ့ မလြယ္ဘူးဗ်။ က်ေနာ့္အျဖစ္ကို ခင္ဗ်ားတို႔ ဘယ္လိုျမင္မလဲေတာ့ မသိဘူး။ အမွန္အတိုင္း ဝန္ခံရရင္ က်ေနာ္ ႏွစ္ေယာက္လုံးကို အခုခ်ိန္မွာ မခြဲနိုင္ေတာ့ဘူးဗ်။ တစ္ေယာက္ေယာက္ကို စြန႔္ရမယ္ဆိုရင္ေတာင္ က်ေနာ္ သြက္သြက္ခါေအာင္ ႐ူးသြားလိမ့္မယ္ထင္တယ္။ သူတို႔ႏွစ္ေယာက္စလုံးကလည္း က်ေနာ္ပစ္သြားရင္ သတ္ေသမယ္ဆိုတာႀကီးပဲ ၿခိမ္းေျခာက္သလိုလိုေတြ စကားဦး သမ္းသမ္းလာေနျပန္ေတာ့ ဘယ္လိုမွ မကိုင္တြယ္နိုင္တတ္ေအာင္ ျဖစ္လာလို႔ ဒီလိုပဲ အီလည္လည္ ဆက္လုပ္ေနလိုက္တယ္ဗ်ာ။
ခင္ဗ်ားတို႔ က်ေနာ္တို႔ ေျပာေနၾကစကားတစ္ခြန္း ရွိတယ္ဗ်ာ..။ မုန႔္ကိုသာ ေဝစားမယ္.. အခ်စ္ကိုေတာ့ ေဝမစားဘူးဆိုတာေလ။ (မိန္းမေတြေျပာတတ္တဲ့ စကားေပါ့)
မဟုတ္ဘူးဗ်။ အခုျမင္တယ္မလား။ အခ်စ္ေကာ၊မုန႔္ေကာ ေဝစားေနတဲ့ မိန္းမႏွစ္ေယာက္ဆိုတာ ေလာကမွာ မရွိမဟုတ္ ရွိတယ္ဆိုတာ။ တစ္ခုေတာ့ရွိတာေပါ့..။ ဒီအေျခအေနေရာက္ခဲ့ရတာ က်ေနာ္ကိုယ္တိုင္ ေလာ္မာေဖာက္ျပားခ်င္တဲ့ စိတ္ရွိခဲ့လို႔ မဟုတ္ဘူးဆိုတာ သူတို႔ႏွစ္ေယာက္လုံး လက္ခံယုံၾကည္သြားခဲ့တာလည္းမပါမယ္။ ရိုးရိုးသားသားနဲ႔ မေရွာင္သာပဲ ျဖစ္သြားခဲ့တဲ့ အျဖစ္အပ်က္ေတြဆိုတာ သိေနျပန္ေတာ့ ဘယ္သူ႔ဘယ္သူမွ အျပစ္တင္ခ်င္စိတ္ရွိပုံ မရေတာ့ဘူးေလ။ ပညာတတ္တစ္ေယာက္ျဖစ္တဲ့ က်ေနာ္ကိုယ္တိုင္က တစ္လင္တစ္မယားစနစ္ကိုပဲ လက္ခံယုံၾကည္ခဲ့ေပမယ့္ အခုေတာ့ ခက္ေနျပန္ပါၿပီေကာ။
လိင္ကိစၥကို သာမန္လူတစ္ေယာက္လို ႏွစ္ၿခိဳက္ပါတယ္..။ ဒါေပမယ့္ ေတြ႕တဲ့မိန္းမနဲ႔ ေလၽွာက္အိပ္၊ ဒါမွမဟုတ္ မိမိခ်စ္သူတစ္ေယာက္ထဲနဲ႔ မတင္းတိမ္နိုင္တဲ့ ကာမသရဲတစ္ေကာင္လည္း မဟုတ္ရေပါင္ဗ်ာ။ အခုေတာ့ က်ေနာ့္မွာ ခပ္ရွက္ရွက္နဲ႔ ဝန္ခံရရင္ ခ်စ္သူႏွစ္ေယာက္နဲ႔ အပတ္မလည္နိုင္သလို ျဖစ္ကုန္ၿပီဗ်ာ။ ဟုတ္တယ္ေလ.. ခ်စ္သူႏွစ္ေယာက္ရွိတယ္..။ ႏွစ္ေယာက္လုံးက ငယ္ရြယ္တယ္၊ ႏုပ်ိဳတယ္၊ တက္ႂကြတယ္။ တစ္ေယာက္က ငယ္ရြယ္ပြင့္လင္းၿပီး ခပ္အိအိကိုယ္လုံးပိုင္ရွင္ ေတာင့္ေတာင့္တင္းတင္း သူနာျပဳဆရာမေလး၊ ေနာက္တစ္ေယာက္က မဟာဆန္တဲ့ ဆံပင္ရွည္ရွည္ အရပ္ျမင့္ျမင့္ သြယ္လ်လ် (ဒါေပမယ့္ ရင္ေတြတင္ေတြၾကေတာ့ ဆူၿဖိဳးက်စ္လစ္လို႔) အပ်ိဳႀကီးဆရာဝန္ဂိုက္ဖမ္းေနေပမယ့္ အိပ္ယာေပၚမွာ အင္မတန္တက္ႂကြၿပီး ဦးေဆာင္တတ္တဲ့ ဆရာဝန္မေလး။ မတူညီတဲ့ ကိုယ္လုံးႏွစ္ခုကို အျမဲထိေတြ႕ေနရတဲ့ က်ေနာ့္မွာ ရိုးအီသြားတယ္ဆိုတဲ့ စိတ္ခံစားမွုအစား အျမဲတမ္းတက္ႂကြေနတဲ့ အခ်စ္စိတ္က ႀကီးစိုးလြမ္းမိုးေနေတာ့တာပါပဲဗ်ာ။
အင္း!! ေျပာလို႔မေကာင္းေပမယ့္ က်ေနာ္ ထင္ျမင္ယူဆခ်က္တစ္ခုကို ေျပာျပဦးမယ္ဗ်ာ။ အခုေနာက္ပိုင္း က်ေနာ့္ခ်စ္သူႏွစ္ေယာက္စလုံးနဲ႔ အိပ္ၿပီဆို ႏွစ္ေယာက္လုံးက ပိုၿပီးအစြမ္းျပလာသလိုလို ခံစားရတယ္။ က်ေနာ္ေျပာတာ သေဘာေပါက္သလား မသိဘူး။ အစြမ္းကုန္ တက္ႂကြျပလာတယ္ဗ်ာ။ အနီေလးဆို က်ေနာ့္ကို အရင္စၿပီး ဆြဆြလာတယ္..။ ခ်စ္ၾကၿပီဆိုလည္း စစခ်င္း သူက အရင္တက္ၿပီး ေဆာင့္ရမွ ေက်နပ္တယ္။ အေပၚကေန ေဆာင့္ေနရင္း “အစ္ကို!! ေကာင္းတယ္မလားဟင္.. ေကာင္းတယ္ေနာ္” ဆိုၿပီး အတင္းေမးတာမ်ိဳးေတြ လုပ္လာတယ္။
ပုံ႔ပုံ႔ေလးကလည္း တစ္မ်ိဳးဗ်။ က်ေနာ့္ကို မအိပ္ခင္ အရင္အားရပါး ရစုပ္ေပးလ်က္ေပးၿပီးတာနဲ႔ “ေမာင္!! ပုံ႔ ေလးဖက္ေထာက္ေပးမယ္ေနာ္..။ ေမာင္အရမ္းႀကိဳက္တဲ့ ပိုေဇရွင္ေလေနာ္…။ လာ.. ပုံ႔ဆံပင္ရွည္ေတြကိုဆြဲၿပီး တအားစိတ္ရွိလက္ရွိ ေဆာင့္လိုးေပး” ဆိုၿပီး က်ေနာ္စိတ္ႂကြေစမယ့္ စကားမ်ိဳးေတြ ေျပာလာတယ္ဗ်။ ဒီေတာ့ က်ေနာ့္မွာ ဟိုဖက္ေကာ ဒီဖက္ေကာ ခ်စ္ရလြန္းလို႔ အပတ္ကိုမလည္နိုင္ဘူး ျဖစ္ျဖစ္လာတယ္ဗ်ာ။
က်ေနာ္ရိပ္မိတာကေတာ့ သူတို႔ႏွစ္ေယာက္လုံးက သူတို႔ကို စိတ္မပ်က္သြားေအာင္ ငါ့ကိုပိုခ်စ္လာေအာင္ ဆိုၿပီး…. အဲ့လိုေတြ လုပ္လာတာလားလို႔။ ဘာပဲေျပာေျပာ ဒီကိစၥမွာေတာ့ ဝန္တိုမွု မနာလိုမွုဆိုတာ သူတို႔စိတ္ထဲမွာ ရွိမွာေသခ်ာတယ္ေလ။
ျပႆနာတက္ေနတာက က်ေနာ္ဗ်။ ေန႔လည္ေန႔ခင္း အနီေလးနဲ႔ ၃ ခါေလာက္လိုးၿပီး ျပန္လာ၊ ညေရာက္ေတာ့ ပုံ႔ပုံ႔အခန္းထဲ ေရာက္သြားၿပီး မလုပ္ေတာ့ပါဘူးလို႔ ဆုံးျဖတ္ၿပီးကာမွ “ဘာလဲ!! ေမာင္က က်မခႏၶာကိုယ္ကို စိတ္မဝင္စားဘူးေပါ့” ဆိုတဲ့ ပုံ႔ပုံ႔ရဲ့ အသံတုန္တုန္ေလးနဲ႔ ငိုမဲ့မဲ့ေျပာတာ ခံလိုက္ရၿပီး တဖက္လွည့္ၿပီး ေခြေခြေလးအိပ္ေနတဲ့ ပုံ႔ပုံ႔ကို နို႔ေလးပြတ္၊ ဖင္ေလးကိုင္ ေခ်ာ့ေမာ့ေနရင္း သူက တဟင္းဟင္း ဖီးလ္တက္လာတာျမင္ရင္ က်ေနာ္လည္း မေအာင့္နိုင္ေတာ့ပဲ ခ်စ္မိျပန္တာပဲေလ။ အင္း.. စၿပီဆိုတာနဲ႔ အနည္းဆုံး ၂-၃ ခါဆက္တိုက္ လိုးမိျပန္ေရာ။ ဟုတ္ပ.. ခုနကေျပာသလို မတူညီတဲ့ ကိုယ္လုံးေလးရယ္.. မတူညီတဲ့ တုန႔္ျပန္မွု၊ ျပဳစုမွုေတြေၾကာင့္ က်ေနာ္ကိုယ္တိုင္ တက္တက္ႂကြႂကြ မီးကုန္ယမ္းကုန္ ခ်စ္မိတာကိုးဗ်။
တခါတေလၾကေတာ့ ကိုယ့္ကိုယ္ကို ဆိုင္းဝိုင္းထဲက ပတ္လုံးေတြကို ပတ္ခ်ာလည္ လက္သံေျပာင္ေအာင္ တီးေနရတဲ့ စိန္ေဗဒါလို႔ေတာင္ ျမင္လာတယ္။ ဒါေပမယ့္… မီးစာက အရွိန္ျပင္းျပင္း ေလာင္ကၽြမ္းေနဆဲ….။
ေရာင္နီလာစျပဳေနၿပီ။ ေနာင္ထပ္ နာရီအနည္းငယ္ အၾကာမွာ က်ေနာ္ဟာ ဘဝတစ္ခုလုံး ေျပာင္းလဲသြားမယ့္ လုပ္ရပ္တစ္ခုကို လုပ္ေတာ့မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ထားၿပီးၿပီဗ်ာ။ က်ေနာ့္ေဘးမွာ အိပ္ေမာက်ေနရွာတဲ့ ဆရာဝန္မေလးခင္မ်ာေတာ့ ဘာမွမသိရွာပါလားေနာ္။ အျမဲ ေဆြးရိပ္သမ္းေနတတ္တဲ့ အျပစ္ကင္းစင္တဲ့ မ်က္ႏွာေလးကို ေငးၾကည့္ရင္း သနားလာလို႔ ဘယ္ဖက္ရင္အုံတစ္ခုလုံး က်ဥ္တက္လာတယ္။
ဒီေန႔မနက္ခင္း ၁၀ နာရီမွာ က်ေနာ္ အနီေလးကို ႐ုံးတက္ လက္မွတ္ထိုးလိုက္ဖို႔ ဆုံးျဖတ္ထားၿပီ။ မလုပ္လို႔ မျဖစ္ေတာ့တဲ့ အေျခအေနက က်ေနာ့္ကို တြန္းပို႔ခဲ့ၿပီေကာဗ်ာ။ တစ္ေန႔က ဘြားေလးေမ က်ေနာ့္ကို စကားေခၚေျပာတယ္။ တိုတိုနဲ႔ လိုရင္းေျပာရရင္ က်ေနာ့္ဇာတ္လမ္းကို ဟိုးအေဝးက ေဖေဖ၊ ေမေမတို႔ ၾကားသြားတယ္ဗ်ာ။ အဲ့ဒီေတာ့ ျမန္ျမန္ကိစၥျပတ္ေအာင္ ပုံ႔ပုံ႔နဲ႔ က်ေနာ့္ကို တက္သုတ္ရိုက္ၿပီး လက္ထပ္ေပးဖို႔ စဥ္းစားေနၿပီတဲ့။ ေတာင္ေတာင္အီအီေတြ ေတြးမယ္မႀကံနဲ႔ လူႀကီးေတြက ဟိုးအရင္ကတည္းက စီစဥ္ၿပီးသားဆိုလား ဘြားေလးေမက ေျပာလာတယ္။
အဲ့ဒီေန႔တစ္ေန႔လုံး က်ေနာ္ေတာ္ေတာ္ စိတ္ညစ္သြားခဲ့တယ္။ ဘယ္လိုလုပ္ရမလဲဗ်ာ။ ပုံ႔ပုံ႔ကို အကဲခတ္လိုက္ေတာ့ ဘာမွသိရွာတဲ့ပုံမေပၚဘူး။ ကိုယ့္ဇတ္ကိုယ္ မနိုင္ေတာ့ဘူးဆိုတာ ဒီလိုမ်ိဳးပဲေနမွာဗ်။ မအီမလည္ျဖစ္ေနတဲ့ ခံစားခ်က္နဲ႔ က်ေနာ္ အိမ္ကထြက္ၿပီး အနီေလးဆီ ေရာက္သြားခဲ့တယ္။ ပထမေတာ့ ဟန္ေဆာင္ပန္ေဆာင္လုပ္ၿပီး အမူအရာမပ်က္ေအာင္ ပုံမွန္ေလး ခါတိုင္းလို လုပ္ေနေသးတယ္။ ခပ္ျပဳံးျပဳံးနဲ႔ ခါတိုင္းလို ႏွစ္ေယာက္သား ခ်က္ျပဳတ္စားေသာက္ၿပီး စာအုပ္ေတြကိုယ္စီနဲ႔ ဧည့္ခန္းမွာ ၿငိမ္ေနၾကေသးတယ္။ နည္းနည္းေလးၾကာလာေတာ့မွ ထုံးစံအတိုင္း ဖတ္လက္စ စာအုပ္ေလးေတြခ်ၿပီး အိပ္ခန္းထဲမွာ တူတူအိပ္ဖို႔ ျပင္ၾကေရာ။ လုပ္ေနၾကအတိုင္း (စိတ္ညစ္ေနေပမယ့္) တစ္ခါေလာက္ စိတ္ပါလက္ပါ အိပ္ယာေပၚမွာ ခ်စ္စခန္းဖြင့္ခဲ့ၾကေသးတာေပါ့။
ၿပီးသြားလို႔ ႏွစ္ေယာက္သား အဝတ္မဲ့ကိုယ္ေတြနဲ႔ ဖက္ၿပီး အေမာေျဖေနၾကတယ္။ အိေထြးေထြးကိုယ္လုံး ေမႊးေမႊးေလးကို ဖက္ထားရင္း က်ေနာ္ မိန္းေမာေနခဲ့မိတာ.. ရင္ခြင္ထဲက အနီေလး စကားစေျပာလာမွ သတိဝင္လာတယ္။ က်ေနာ့္ရင္ခြင္ထဲကေန ေခါင္းကေလးေမာ့ၿပီး ႏွုတ္ခမ္းခ်င္း ႁပြတ္ကနဲစုပ္ၿပီး ျပဳံးခ်ိဳေနတဲ့ သူနာျပဳဆရာမေလးက စကားစေျပာတယ္။
“အစ္ကို! အနီေလ.. အစ္ကို႔ကို အရမ္းတြယ္တာလာမိၿပီကြယ္.. ဟင္းးး.. ခ်စ္လိုက္တာ.. ခ်စ္လိုက္တာ.. ႁပြတ္.. ႁပြတ္..”
“အင္း!”
“အစ္ကို႔ခ်စ္သူေလး ျဖစ္ေနရတာ အရမ္းကံေကာင္းတယ္လို႔ ရင္ထဲမွာ ခံစားမိတိုင္း ၾကည္ႏူးလိုက္ရတာ သိလား..”
“အင္း!”
“Of Mice & Men ဝတၳဳေလးကို ျပန္ဖတ္ဖတ္ၿပီး စိတ္ကူးယဥ္ေနမိတယ္ကြယ္…. သိလား အနီခ်စ္တဲ့ အစ္ကိုေရ….”
….. …… …..
“အစ္ကိုရယ္.. အနီေလးရယ္… ျမက္ခင္းစိမ္းစိမ္းနဲ႔ ေလရဟတ္အနီကေလးပါတဲ့ အိမ္ကေလးတစ္လုံးနဲ႔ ခ်စ္စရာ ယုန္ျဖဴျဖဴေလးနဲ႔တူတဲ့ ကေလးေလးေတြ ဆိုတာ ေတြးမိၿပီး ျပဳံးေနမိတာ”
“ေအးပါ..အနီရာ”
“အဲ့ဒါေတြ အနီေလး ဘယ္ေတာ့ရမွာလဲဟင္.. အစ္ကို!”
“ဖူး!!”
“အစ္ကိုလို.! ေျပာပါရွင့္ … မမရီနဲ႔ တိုင္ပင္ရဦးမွာလား ခစ္ခစ္”
“သဘက္ခါ!!”
“ရွင္.. အစ္ကို ဟင္!!”
နားမလည္တဲ့ပုံေပါက္ေနတဲ့ အနီ့ကို က်ေနာ္ ေသခ်ာရွင္းျပလိုက္မိတယ္။ အေျခေနက ဒီလိုမွမလုပ္လို႔ မရေတာ့တာကိုး။ က်ေနာ့္သူနာျပဳဆရာမေလးကို လက္ထပ္လိုက္ေတာ့မယ္။ မတတ္နိုင္ဘူးဗ်ာ။ ျဖစ္သမၽွအကုန္လုံး ရင္ဆိုင္ရေတာ့မွာေပါ့။ က်ေနာ့္ရင္ခြင္ထဲက အနီေလးခင္မ်ာ တုန္လွုပ္ေနသလို၊ အံ့ၾသဝမ္းသာေနသလို ဖန္ေဂၚလီလို ဝိုင္းစက္စက္မ်က္လုံးေလးေတြနဲ႔ ေၾကာင္ေငးေနရွာတယ္။ မယုံမရဲ ျဖစ္ေနဟန္ေလးနဲ႔ က်ေနာ္ ေျပာလိုက္တဲ့စကားေၾကာင့္ စိတ္လွုပ္ရွားလာဟန္နဲ႔ က်ေနာ့္မ်က္ႏွာကို လက္ေခ်ာင္းေပ်ာ့ေပ်ာ့ေလးေတြနဲ႔ ဖြဖြကုတ္ရင္း မ်က္ရည္ေတြ ရစ္ဝဲေနရွာတယ္။
“ေက်းဇူးတင္တယ္.. အစ္ကို..။ အနီ့ကို ေနာက္ဆုံးေတာ့ ပစ္မေျပးရက္ဘူးေပါ့ေနာ္”
လို႔ တုန္ခါေနတဲ့ အသံကေလးနဲ႔ ေျပာလာျပန္တယ္။
“အာ! ငါက အနီေလးကို ဒီေလာက္ခ်စ္တာ ဘာလို႔ပစ္ေျပးရမွာတုန္း .. အ႐ူးမကေလး…”
လို႔ ေျပာၿပီး နဖူးဝင္းဝင္းေလးကို လက္ဖဝါးနဲ႔ ပြတ္သပ္ေပးလိုက္ေတာ့ မ်က္ရည္ေတြစီးက်လာၿပီး ရွိုက္ငိုေနရွာေရာဗ်။
“ေဟ့ေကာင္.. ေသာက္ေပါေလး….။ ဘာလို႔ ငိုေနတာတုန္း..”
“အဟင့္ဟင့္!! ဝမ္းသာလို႔ ဝမ္းသာလို႔။ အစ္ကို အနီ့ကိုယူမယ္လို႔ ယုံကိုမယုံတာ သိလား…”
“အခုယုံလိုက္ေတာ့…။ ယုန္ကေလးေတြ ေမြးေပးဖို႔သာ ျပင္ထားေပေတာ့ ဟုတ္ၿပီလား”
“ဟုတ္ဟုတ္..”
လို႔ ေျပာၿပီး လၽွာကေလး တစ္လစ္ထုတ္ၿပီး မ်က္ရည္ေတြၾကားထဲက ျပဳံးေနတဲ့ က်ေနာ့္အနီေလးက ခ်စ္စရာေလးပါလားေနာ္။
…… ……. …….. …….. …….
ခင္ဗ်ားတို႔ က်ေနာ္ ဘာလုပ္ေတာ့မယ္လို႔ ထင္လို႔လဲ။ အင္း ဟုတ္တယ္။ ပုံ႔ပုံ႔ေလးကိုေရာ ပစ္ေပးရက္ေတာ့မွာလားလို႔ ေမးခ်င္ေနၾကတာမလား။ ဟင့္အင္း.. ဘယ္ပစ္ရက္မလဲဗ်။ ဒီေလာက္အခ်စ္ႀကီးတဲ့ က်ေနာ့္ဆရာဝန္မေလးကို ဘယ္ပစ္ရက္မွာလဲ။ အနီေလးကိုလက္ထပ္ၿပီး သူ႔ကိုထားသြားရင္ ရင္ကြဲနာက်ၿပီး က်ေနာ့္ဆရာဝန္မေလး ေသသြားမယ္ဆိုတာ က်ေနာ္သိတာေပါ့။ ဒီေတာ့ကာ.. အေျဖက ရွင္းတယ္ဗ်ာ။ အနီေလးကို လက္မွတ္ထိုးထား၊ မိဘေတြအလိုက် ပုံ႔ပုံ႔နဲ႔ စီစဥ္လာရင္ မသိဟန္ေဆာင္ၿပီး လက္ခံလိုက္မယ္။ အားလုံးၿပီးၿပီဆိုမွ ေပၚတင္ေၾကျငာလိုက္မယ္။ ႏွစ္ေယာက္စလုံး က်ေနာ့္ဇနီးေပါ့။ ဘယ္သူေတြ ဘာတတ္နိုင္မွာလဲ။
ေဘးလူေတြ ဘာေျပာေျပာ က်ေနာ္နဲ႔ သူတို႔ႏွစ္ေယာက္ ေက်နပ္ရင္ ၿပီးတာပဲေလ။ အကုန္လုံး အရြယ္ေရာက္ၿပီးသားေတြေလ။ လူ႔ေဘာင္အသိုင္းဝိုင္း၊ မိဘေဆြမ်ိဳးေတြ ဝိုင္းက်ဥ္ၾကမယ္ဆိုလည္း က်ေနာ္ရယ္ က်ေနာ္ခ်စ္တဲ့ ဇနီးႏွစ္ေယာက္ရယ္ ကိုယ့္ဘဝကို တူတူရင္ဆိုင္ၾကတာေပါ့။ အဓိက က သူတို႔ႏွစ္ေယာက္လုံးကို စိတ္ေက်နပ္မွု က်ေနာ္ေပးနိုင္ဖို႔ပဲ။
ဒါဟာ အင္မတန္ မိုက္မဲလြန္းတဲ့ ဆုံးျဖတ္ခ်က္ဆိုတာ က်ေနာ္မသိဘူးလို႔ ခင္ဗ်ားတို႔ ထင္ေနသလား။ ဟား.. သိပါ့ဗ်ာ။ ႏွစ္ေယာက္လုံးကို ေပၚတင္ေျပာခဲ့ၿပီးသားေလ..။ ႏွစ္ေယာက္လုံးကို က်ေနာ္ ခ်စ္တယ္လို႔၊ ဘယ္သူ႔ကိုမွ မခြဲနိုင္ဘူးလို႔။ သူတို႔ကလည္း ဘယ္သူမွ ေနာက္မဆုတ္ပါဘူးလို႔ အႀကိမ္ႀကိမ္ ဝန္ခံၿပီးသားေလ။ အခုလို ႏွစ္ေယာက္လုံးနဲ႔ အိပ္ေနတာေတာင္ ၾကည္ျဖဴနိုင္ေသးတာပဲ။ ႏွစ္ေယာက္လုံးကို လက္ထပ္ေတာ့ေကာ ပိုထူးလာမတဲ့လား။ လူ႔ေဘာင္ လူ႔အသိုင္းဝိုင္းဆိုတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ ဒီလိုမွမလုပ္ရင္လည္း ဟိုဆရာသမား ေျပာသလို က်ေနာ္ ကိုယ့္ကိုယ္ကို သတ္ေသ႐ုံရွိေတာ့မေပါ့။
အနီေလးက “သူ႔ေမေမ မသိပဲ ဘာမွမလုပ္ခ်င္ဘူး..။ ဒီကိစၥကို အရင္အသိေပးထားလိုက္မယ္” ဆိုၿပီး ဟိုဖက္ကမ္းက သူ႔ဇာတိကို ျပန္သြားတယ္။ ဒီေန႔မနက္ခင္း ျပန္လာၿပီး က်ေနာ္နဲ႔ လက္မွတ္ထိုးမယ္။ အခု က်ေနာ့္ေဘးမွာ မေန႔ညက က်ေနာ္နဲ႔မီးကုန္ယမ္းကုန္ ခ်စ္ထားလို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနရွာတဲ့ ဆံပင္ရွည္ရွည္နဲ႔ နတ္မိမယ္ေလး ဒါမွမဟုတ္ ဆရာဝန္မေလးခင္မ်ာ ဘာမွမသိရွာဘူး။
ငါ့ကိုခြင့္လႊတ္ပါ ငယ္သူငယ္ခ်င္း ခ်စ္သူေလးေရ… လို႔ စိတ္ထဲကေရရြတ္ၿပီး ပုံ႔ပုံ႔ရဲ့ မ်က္ႏွာႏုႏုေလးကို ငုံ႔နမ္းရင္း မခ်င့္မရဲျဖစ္လာလို႔ ငါးရံ့ကိုယ္လုံးေလးကို ခပ္တင္းတင္း ဖက္လိုက္ေတာ့ အိပ္မွုန္စုံမႊားနဲ႔ ပုံ႔ပုံ႔က က်ေနာ့္ကို ျပန္ဖက္လာရင္း ပါးစပ္က
“ဟင္း… ေမာင္.. ေမာင္… ပုံ႔ကိုဖက္ထားေပး… ခ်မ္းတယ္.. အရမ္းခ်စ္တယ္ ေမာင့္ကို”
ဆိုၿပီး တိုးတိုးေလး မ်က္လုံးမဖြင့္ပဲ ေျပာလာေရာဗ်ာ။
——————————————
ေဒါက္တာမေလးရီရီကို ေဆး႐ုံလိုက္ပို႔ေပးၿပီးတာနဲ႔ ၿမိဳထဲက လူစုံေနတဲ့ လက္ဖက္ရည္ဆိုင္ကို က်ေနာ္ လစ္လာခဲ့တယ္။ က်ေနာ့္ေဘာ္ဒါ ကာတြန္းဆရာရယ္.. က်ေနာ့္ကိုခ်စ္ၾကတဲ့ ေခတ္ေပၚကဗ်ာဆရာေတြရယ္ အားလုံးက က်ေနာ့္ကိုေမၽွာ္ေနၾကၿပီ။ အသိသက္ေသအျဖစ္ လက္မွတ္ထိုးေပးမယ္ဆိုတဲ့ ကဗ်ာဆရာႀကီးတစ္ေယာက္က ပလတ္စတစ္အိတ္နဲ႔ ထုတ္ထားတဲ့ နံ့သာေရာင္တိုက္ပုံေလးကို က်ေနာ့္လက္ထဲ ထိုးထည့္ေပးလာတယ္။
“ေမာင္သက္ေရ! ဒါ ဂေယာက္ဂယက္ ျပည္တြင္းစစ္ကာလတုန္းက ငါနဲ႔ငါ့မိန္းမ မမျမင့္ လက္ထပ္တဲ့ေန႔က ဝတ္ခဲ့တဲ့ တိုက္ပုံေလး …။ သိမ္းထားတာ ႏွစ္ေပါင္းမ်ားစြာရွိၿပီ..။ အခု မင္းကို လက္ဖြဲ႕တယ္ဟာ! ဂုဏ္ယူတယ္ဗ်ာ..”
ဆိုၿပီး ခ်က္ခ်င္းေကာက္ဝတ္ပစ္လိုက္ေတာ့ လက္ဖက္ရည္ဝိုင္းမွာ ထိုင္ေနတဲ့ တစ္အုပ္စုလုံးက တဟားဟားနဲ႔ သေဘာေတြက်ေနၾကၿပီေလ။ က်ေနာ္ဝတ္လာတဲ့ ပုဆိုးအစိမ္း အကြက္စိပ္ကေလးနဲ႔ နံသာေရာင္တိုက္ပုံ၊ ေအာက္က အျဖဴဆြတ္ဆြတ္ ရွပ္လက္ရွည္နဲ႔ဆိုေတာ့ လိုက္ဖက္ေနတယ္ေလ။ မိုးကေလး တဖြဲဖြဲက်ၿပီး ရာသီဥတုက စိမ့္ေနေတာ့ လက္ဖက္ရည္ဆိုင္မွာ က်ေနာ့္ကို ေကာင္းခ်ီးေပးေနၾကတဲ့ လူအုပ္ႀကီးက လက္ဖက္ရည္ေလာက္နဲ႔တင္ မဟုတ္ေတာ့ပဲ ဘယ္သူက သြားထၿပီး ဝယ္လာမွန္း မသိတဲ့ ဘီအီး ၂ ပုလင္းကို ထုတ္လာၿပီး ဖြဲ႕စည္းေနၾကတာ ေတာ္ေတာ္ေလးကို အရွိန္က ရလာၿပီေလ။
လက္ဖက္ရည္က်က်နဲ႔ ဘီအီးကို ျမည္းေနၾကရင္း က်ေနာ့္ကို ဝိုင္းစေနာက္ေနၾကတာေပါ့။ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ ကိုယ္တိုင္ကလည္း စာေပသမားဆိုေတာ့ ေစာေစာစီးစီး သူ႔ဆိုင္မွာ အရက္ထိုင္ေသာက္ေနတာကို ၾကည္ျဖဴတဲ့အျပင္ သူကိုယ္တိုင္ပါ က်ေနာ္တို႔ဝိုင္းထဲ ဝင္ထိုင္ၿပီး အူျမဴးေနတာေပါ့ေလ။
“ေဆာ့ခရတၱိက ေျပာတယ္ကြ..။ မိန္းမ ယူသာယူလိုက္ပါ..။ မိန္းမနဲ႔ အဆင္ေျပရင္ ေပ်ာ္ရႊင္ဖြယ္လူတစ္ေယာက္ ျဖစ္လာၿပီး… အဆင္မေျပရင္လည္း အေတြးအေခၚပညာရွင္ ျဖစ္လာမယ္တဲ့ ဟဲဟဲ…။ ဖေလာ္ေဆာ္ဖာေမာင္သက္ ျဖစ္လာမလား.. ေပ်ာ္ရႊင္တဲ့ ေမာင္သက္ကေလးလား ဆိုတာ ငါတို႔ေစာင့္ၾကည့္ၾကပါစို႔!!”
“ဟားဟားဟားဟား …”
“ဒါနဲ႔ ဆရာသမားကေကာ ဘယ္လိုလုပ္ ကဗ်ာဆရာ ျဖစ္လာတာလဲ။ မိန္းမယူၿပီးမွ ကဗ်ာေတြေရးတာ ပိုေပါက္ေျမာက္သြားတာဆိုဗ်!!”
“ဟ! ဒါကေတာ့ ငါ့မိန္းမက ေဈးေရာင္းေကၽြးတာကိုး …. ငါ့မွာ အပူအပင္ကင္းကင္း အလုပ္မလုပ္ပဲ ကဗ်ာေတြ ေရးနိုင္လာတာေပါ့..”
“ဟားဟားဟားဟား…”
အဲ့ဒီလို တဝါးဝါးတဟားဟားနဲ႔ ပြဲက်ေနၾကရင္း က်ေနာ့္အတြက္ အားလုံးဝမ္းသာေနၾကတယ္။ က်ေနာ္ကိုယ္တိုင္လည္း ၾကည္ႏူးပီတိေတြရေနမွန္း ဝန္ခံပါတယ္ေလ။ က်ေနာ္ အသည္းနင့္ေအာင္ခ်စ္ရတဲ့ သူနာျပဳဆရာမေလးကို ခဏေနရင္ လက္ထပ္ေတာ့မွာေလ။ မနက္ေစာေစာတုန္းက ပုံ႔ပုံ႔အတြက္ ဝမ္းနည္းခဲ့မိေပမယ့္.. က်ေနာ္ႀကိတ္ၿပီး ႀကံစည္ထားသလို သူ႔ကိုလည္း က်ေနာ္ လက္ထပ္မွာပဲမို႔လို႔ ေျဖသာသြားၿပီ။ ႏွစ္ေယာက္လုံးကသာ က်ေနာ့္ဖက္မွာ ရပ္တည္ေနမယ္ဆိုရင္ က်န္တာေတြကို က်ေနာ္ ဘာလို႔အေရးစိုက္ရမွာလဲဗ်ာ။ အခု အနီေလးကို လက္မွတ္ထိုးထားလိုက္မယ္။ လကုန္လို႔ ေဖေဖ၊ ေမေမတို႔ လိုက္လာၿပီး ပုံ႔ပုံ႔နဲ႔ လက္ထပ္ခိုင္းရင္လည္း ယူလိုက္မယ္။ ၿပီးမွ အားလုံးကို ဒဲ့ဖြင့္ေျပာၿပီး က်ေနာ္ရယ္ က်ေနာ့္ခ်စ္သူႏွစ္ေယာက္ရယ္ တူတူေနမယ္။ သုံးေယာက္ေပါင္း ကမၻာေလးတစ္ခု တည္ေဆာက္မယ္။
အိမ္ကေလးတစ္လုံးထဲမွာ က်ေနာ္ရယ္…၊ သူနာျပဴဆရာမေလး မနီနီခ်ိဳရယ္…၊ ဆရာဝန္မေလး ရီရီ ရယ္…၊ မျဖစ္နိုင္ဘူးဆိုတာ ေလာကမွာမရွိဘူး.. နပိုလီယန္က ေျပာဖူးတယ္မလား..။ ဟုတ္တယ္ေလ မိန္းမႏွစ္ေယာက္ယူတယ္ဆိုတာ ဥေရာပတိုက္ႀကီးကို ေအာင္နိုင္ဖို႔ စစ္ျပဳရတာေလာက္ေတာ့ မခက္ပါဘူး။ က်ေနာ့္မွာ သတၱိအျပည့္ရွိေနၿပီ။ အ႐ူးထတယ္လို႔ပဲဆိုဆို.. မ်က္စိထဲမွာ က်ေနာ့္ခ်စ္သူႏွစ္ေယာက္နဲ႔ က်ေနာ္တူတူေနမယ့္ ဘဝေလးကိုျမင္ၿပီး စိတ္ကူးေတာင္ႀကိဳယဥ္ေနမိၿပီ။ မမရီ… ညီမေလး.. ဆိုၿပီး ၾကင္ၾကင္နာနာ ျဖစ္ေနၾကမယ့္ က်ေနာ့္ဇနီးေလးႏွစ္ေယာက္..။
ညဖက္အိပ္ယာဝင္တဲ့အခါ က်ေနာ္က အလယ္မွာအိပ္ၿပီး ဘယ္ညာတစ္ဖက္စီမွာ သူနာျပဳဆရာမေလးနဲ႔ ဆရာဝန္မေလး..။ အမေလး!! ေတြးၾကည့္တာနဲ႔ေတာင္ ရင္ခုန္သံေတြ ျမန္ေနမိၿပီဗ်။ ဟိုး…. အရင္က လူႀကီးေတြေျပာတာ ၾကားဖူးခဲ့တာ တစ္ေယာက္ထဲ မိန္းမႏွစ္ေယာက္နဲ႔ တူတူအိပ္တယ္ဆိုတဲ့ အလံနီသူပုန္ေခါင္းေဆာင္ႀကီး ဆိုတာကို ရယ္ေမာခဲ့မိတာ.. အခုေတာ့ က်ေနာ္ကိုယ္တိုင္ ဒီလိုေတြ လာျဖစ္ေနပါေပါ့လားလို႔ ေတြးရင္း ျပဳံးစိစိျဖစ္ေနမိတယ္။
ႏွစ္ေယာက္စလုံးနဲ႔သာ တစ္ၿပိဳင္နက္ ခ်စ္စခန္းဖြင့္ရရင္ ဘယ္လိုေတြျဖစ္ကုန္မလဲဗ်ာ.. ဟီး..။ က်န္းမာေရးေတာ့ လိုက္စားမွျဖစ္မယ္။ ဒါမွ ဇနီးအလွေလးေတြ စိတ္ေက်နပ္မွုေပးနိုင္မွာေနာ့္။ ႏွစ္ေယာက္လုံးနဲ႔ တူတူအိပ္မယ္ ဆိုတာေကာ.. သူတို႔ခ်က္ခ်င္း လက္ခံနိုင္ပါ့မလားလို႔။ ေျဖးေျဖးခ်င္းေတာ့ အသားက်လာမွာပါေလ။ သူတို႔က က်ေနာ့္ကို တအားျမတ္နိုးတယ္.. ခ်စ္တယ္… လိုခ်င္တပ္မက္တယ္ဆိုတာ က်ေနာ္သိၿပီးသား။ က်ေနာ့္ကိုရဖို႔ဆိုလည္း ဘာျဖစ္ျဖစ္ ေနာက္မဆုတ္တမ္းလို႔ ဝန္ခံထားၿပီးသားမို႔ အခက္အခဲသိပ္မရွိေလာက္ဘူး ထင္တာပါပဲ။
က်ေနာ္ ဘယ္လိုလုပ္ေတာ့မယ္ဆိုတာ ဘယ္သူမွမသိ မရိပ္မိေလာက္ဘူးထင္ေပမယ့္.. က်ေနာ့္ေဘာ္ဒါ ကာတြန္းဆရာရယ္.. အခါေတာ္ေပးတဲ့ ကဗ်ာဆရာႀကီးရယ္ေတာ့ ရိပ္မိေနမယ္ထင္တယ္ဗ်။ ဒါေပမယ့္ သူတို႔မ်က္ႏွာေတြက ကိုယ္ျဖစ္ကိုယ္ခံ လုပ္ခ်င္တာသာလုပ္ေပေရာ့ဆိုတဲ့ မ်က္ႏွာေပးေတြနဲ႔ သူတို႔ကိုယ္တိုင္ေတာင္ ေဘးကေန စိတ္လွုပ္ရွားေနတဲ့ပုံေပါက္ေနတယ္ဗ်။ ထူးလည္း မထူးေတာ့ပါဘူး.. ေနာက္မဆုတ္ေတာ့ဘူးလို႔ ဆုံးျဖတ္ၿပီးသား ျဖစ္ေနၿပီ။ ခ်သာခ်ေပေတာ့လို႔ ကိုယ့္ကိုယ္ကိုလည္း အားတင္းထားလိုက္ၿပီ။
မိုးက နည္းနည္းပိုသည္းလာတယ္..။ ေလကေလးကလည္း ခပ္သုတ္သုတ္ျဖစ္လာၿပီ။ ကဲ! သတို႔သမီးနာ့စ္မေလး မလာေသးဘူးလား.. ဘာညာနဲ႔ ေမးကုန္ေတာ့… က်ေနာ္ နာရီကိုလွမ္းၾကည့္လိုက္ေတာ့ မနက္ ၉:၃၀ ေလာက္ရွိၿပီ..။ ကာတြန္းဆရာကိုေခၚၿပီး ကမ္းနားလမ္းဖက္သြားႀကိဳဖို႔ ဂ်စ္ကားေလးေပၚ တက္လိုက္တယ္။ အနီေလးကို ႀကိဳၿပီးတာနဲ႔ ဒီဆိုင္ကိုျပန္လာ သက္ေသေတြေခၚၿပီး ႐ုံးတက္ လက္မွတ္ထိုးေတာ့မယ္ေလ။
အင္း… ပိုၿပီး အဆင္ေျပေၿပ ျဖစ္ေနတာက ႐ုံးကတရားသူႀကီးဆိုတာကလည္း နိုင္ငံေက်ာ္ စာေရးဆရာႀကီး၊ ၿပီးေတာ့ ညေနေစာင္းရင္ သူ႔မိန္းမအလစ္ေခ်ာင္းေခ်ာင္းၿပီး က်ေနာ္တို႔အုပ္စုနဲ႔ အရက္ဆိုင္လိုက္လိုက္လာၿပီး ခြက္ပုန္းကစ္ေနၾကဆိုေတာ့ အားလုံးက သိုင္းသိုင္းဝိုင္းဝိုင္း ပိုျဖစ္သြားတာေပါ့ေလ။ ထုံးစံအတိုင္း လူခ်စ္လူခင္ေပါတတ္တဲ့ က်ေနာ့္ကို အားလုံးက တသက္လုံး ဒီၿမိဳ႕မွာ အေျခခ်ေစခ်င္ေနၾကတာကိုးဗ်။ က်ေနာ္ကလည္း ဒီမိန္းမႏွစ္ေယာက္လုံးသာ ရလို႔ကေတာ့ တသက္မျပန္ေတာ့ဘူးလို႔ ဆုံးျဖတ္ၿပီးသား။
ဂ်စ္ကားေလးနဲ႔ မိုးေတြၾကားထဲ ကမ္းနားလမ္းဖက္ကို ေမာင္းထြက္လာေတာ့ က်ေနာ့္ရင္ထဲမွာ ေအးျမမွုေတြ ခံစားေနရတယ္။ တသက္လုံး ၿငိမ္းခ်မ္းမယ့္ နိမိတ္ပဲလို႔ ေျပာရင္း ျပဳံးေနမိတယ္။
ျပင္းျပင္းထန္ထန္ရြာက်ေနတဲ့ မိုးေပါက္ေတြၾကားထဲက ျမစ္ဆိပ္ေရစပ္နားမွာ က်ေနာ္ ရပ္ေနခဲ့တယ္။
ေလကလည္း အကာအကြယ္မဲ့ေနတဲ့ ေရျပင္ကိုျဖတ္ၿပီး တိုက္ခတ္လာေတာ့ တဝွီးဝွီးနဲ႔ ဆူညံေနတယ္။ က်ေနာ့္ေဘးမွာရပ္ေနတဲ့ လူအုပ္ႀကီးက ဆူညံေအာ္ဟစ္ၿပီး ရွုပ္ေထြးေနၿပီ။ မူလတန္းေက်ာင္းသားေက်ာင္းသူေလးေတြပါတဲ့ ငွက္ကူးတို႔ေလွကေလးကို လွိုင္းထေနတဲ့ ျမစ္ျပင္အလယ္မွာ မိုးေတြသည္းသည္းမဲမဲၾကားထဲ ဟိုဖက္ကမ္းက ဒီဖက္ကို ကူးလာတဲ့ ပဲ့ေထာင္စက္ေလွက ျဖတ္တိုက္လိုက္တယ္တဲ့။ က်ေနာ့္အနီေလး မပါေလာက္ပါဘူး။ သူက ငွက္ကူးတို႔နဲ႔လာတာမွ မဟုတ္တာ။ အျမဲတမ္း စက္ေလွစီးေနၾကပဲ။ အခု စက္ေလွေတာင္ ကမ္းကပ္လာေနၿပီ။ စိတ္ကိုပူလိုက္ရတာ က်ေနာ့္သတို႔သမီးေလး ဘယ္မွာလဲဗ်ာ။
စက္ေလွေပၚမွာ စိုရႊဲခ်မ္းတုန္ ေၾကာက္လန႔္ေနရွာတဲ့ ကေလးေလးေတြ အမ်ားႀကီးပါလာတယ္။ ၿပီးေတာ့ စက္ေလွေမာင္းတဲ့ အဘိုးႀကီးတစ္ေယာက္ရယ္.. ေဈးလာေရာင္းဟန္တူတဲ့ ကုန္စိမ္းသည္ အေဒၚႀကီးသုံးေယာက္ရယ္ပဲ ပါလာတယ္။
လူအုပ္ႀကီးက ကေလးေတြကို စက္ေလွေပၚက သယ္ခ်ေပးေနတုန္း.. အေဒၚႀကီးတစ္ေယာက္က စီကနဲ ငိုႀကီးခ်က္မနဲ႔ ေအာ္လိုက္သံကို မပီဝိုးတဝါး က်ေနာ္ ၾကားလိုက္ရတယ္။
“ေကာင္မေလးတစ္ေယာက္ ေပ်ာက္ေနတယ္!! ကယ္ၾကပါဦးရွင္…။ ေရထဲက ကေလးေတြကို စက္ေလွေပၚက ဆင္းဆယ္တဲ့ နာ့စ္မေလးတစ္ေယာက္ ျပန္ေပၚမလာပဲ ေပ်ာက္ေနပါတယ္…”
နာ့စ္မေလး!! ဘယ္သူ႔ကို ေျပာေနတာလဲဗ်ာ…။ သူနာျပဳဆရာမေလး.. က်ေနာ့္သူနာျပဳဆရာမေလးကို ေျပာေနတာလား။ ေအာ္ဟစ္ငိုယိုေနတဲ့ အေဒၚႀကီးဆီ က်ေနာ္တိုးကပ္ၿပီး မိုးသံေတြၾကားထဲမွာ ေအာ္ဟစ္ၿပီး ေမးေနမိတယ္။
“အေဒၚေျပာတဲ့ နာ့စ္မေလးဆိုတာ ေညာင္ပင္ဆိပ္အတက္နားမွာေနတဲ့ သူနာျပဳဆရာမေလးလား။”
“အီးဟီးဟီး.. ဟုတ္တယ္ေတာ့.. ဟုတ္တယ္!”
ဘုရားသခင္! ဒါဟာ အဓိပၸါယ္မရွိတဲ့ လုပ္ဇာတ္ႀကီးပါဗ်ာ။ ျပဇာတ္ထဲက အကြက္ေတြပါ။ ယုတၳိမရွိပါဘူး။
လူကုန္သြားတဲ့ စက္ေလွေပၚ မိုးေတြစိုရႊဲေနတဲ့ က်ေနာ္ လႊားကနဲ ခုန္တက္လိုက္တယ္။ စက္ေလွပဲ့ပိုင္းက ႀကိဳးဆြဲၿပီးႏွိုးရတဲ့ အင္ဂ်င္ကိုဆြဲၿပီး စက္ႏွိုးလိုက္တယ္။ ခုနက လူအုပ္ထဲက လူတခ်ိဳ႕ စက္ေလွေပၚ ခုန္တက္လာတာ ျမင္လိုက္ရတယ္။ မႊတ္ေနေအာင္လည္ေနတဲ့ ပန္ကာဒလက္ ေရထဲျမဳပ္ေအာင္ ခ်လိုက္ၿပီး ရွပ္တန္းကိုဆြဲရမ္းၿပီး ကမ္းကခြာလိုက္တယ္။ ၿပီးတာနဲ႔ စက္ကိုလီဗာကုန္တင္ၿပီး ေရလယ္ဖက္ ဦးတည္လိုက္တယ္။ က်ေနာ့္အေနာက္မွာ တျခားစက္ေလွေတြ ၃-၄ စီး ကမ္းကခြာၿပီး အျပင္းလိုက္လာၾကတာ သတိထားမိတယ္။ ေရလယ္ေရာက္သြားေတာ့ စက္ကိုထိုးရပ္လိုက္တယ္။
“ဒီနားတဝိုက္ဆိုတာ ေသခ်ာတယ္!!”
လို႔ က်ေနာ္နဲ႔ပါလာတဲ့ လူေတြထဲက တစ္ေယာက္က လက္ညႇိုးညႊန္ၿပီးျပတဲ့ဖက္ ျမစ္ေရျပင္ေပၚကို က်ေနာ္ ပုဆိုးကိုခၽြတ္ခ်၊ တိုက္ပုံျမန္ျမန္ဆြဲခၽြတ္ပစ္လိုက္ၿပီး ခုန္ဆင္းလိုက္တယ္။ ေရထဲမွာငုတ္လိုက္၊ ပတ္ခ်ာလည္ကူးခတ္ရင္း ရွာလိုက္၊ က်ေနာ္ဟာ အ႐ူးတစ္ေကာင္လို ျဖစ္ေနခဲ့တယ္။ က်ေနာ့္ေဘး ေရျပင္က်ယ္ေပၚမွာ စက္ေလွေတြအမ်ားႀကီး ေရာက္လာၿပီး လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေရထဲခုန္ဆင္းလာၾကတာ ေတြ႕ေနရတယ္။
“ဖိုးသက္!! သူငယ္ခ်င္း သတိထား..”
လို႔ က်ေနာ့္သူငယ္ခ်င္းရဲ့ ေအာ္သံကို မပီဝိုးတဝါး ၾကားေနရတယ္။ နတ္က်သလို တုန္တုန္ရီရီျဖစ္ေနတဲ့ က်ေနာ္ကေတာ့ ေရေအာက္ကို အႀကိမ္ႀကိမ္ ငုတ္လၽွိုးၿပီး အနီေလးကို ရွာေနမိတယ္။ ျမစ္ေရျပင္အျမင့္တက္ဆုံး အခ်ိန္မွာေတာင္ ဧရာဝတီကို လက္ဗလာျဖတ္ကူးဖူးၿပီး ေရသရဲလို႔ နာမည္ေပးခံရဖူးတဲ့ က်ေနာ္ လွိုင္းထေနတဲ့ ေရျပင္ေပၚမွာ ျမဳပ္ေခ်ေပၚေခ်နဲ႔ ေမာစျပဳလာၿပီ။ တခ်က္တခ်က္ ႂကြက္တက္ခ်င္လာသလိုပဲ။ ဒါေပမယ့္ ေရထဲကေန ျပန္မတက္နိုင္ဘူး။
အနီေလး.. အနီေလး.. က်ေနာ္ခ်စ္တဲ့ သူနာျပဳဆရာမေလး.. ရွာလို႔လည္း မေတြ႕ဘူးေကာဗ်ာ။ ဘယ္သူမွရွာလို႔ မေတြ႕ေသးဘူးလား။ လုပ္ၾကပါဗ်ာ။ က်ေနာ္ သူမရွိရင္ ေသတာနဲ႔အတူတူပဲမို႔ ကယ္ေပးၾကပါဗ်ာ။ မေတြ႕ၾကေသးဘူးလားဗ်ိဳ.။
က်ေနာ့္ ေျခေတြလက္ေတြ လွုပ္ရွားရတာ ေႏွးေကြးလာသလိုပဲ။ ဘယ္ဖက္ေျခသလုံးက က်ဥ္တက္လာၿပီ။ တခါတခါ ေရထဲငုတ္လိုက္ရင္ သတိလႊတ္ခ်င္သလိုလို ျဖစ္ျဖစ္လာတယ္။ တခ်က္တခ်က္လည္း ေရထဲမွာ ဝိုးတဝါးအရိပ္ေတြ ေပၚေပၚလာၿပီး ေရျပင္ေပၚျပန္ေပၚနိုင္ေအာင္ မနည္းႀကိဳးစားေနရတယ္။
ဒီတစ္ေခါက္ ေရငုတ္လိုက္တာ ေတာ္ေတာ္ေလး ၾကာသြားတယ္ဗ်ာ။ မ်က္စိထဲမွာ အနီေလးရယ္ ပုံ႔ပုံ႔ရယ္ ျပဳံးၿပီးၾကည့္ေနတာကို ျမင္လာသလိုလို၊ ေဟာ က်ေနာ့္ေဖေဖနဲ႔ ေမေမ ဂစ္တာနဲ႔ တေယာတြဲၿပီး သီခ်င္းေတြတီးခတ္ေနတာ ျမင္လာျပန္ၿပီ၊ ဟာ.. ကိုေရႊဘပါလား.. တစ္ခုခုကို သေဘာက်တဲ့အခါတိုင္း ေမွးေနတဲ့မ်က္လုံးေတြ ပိတ္သြားတဲ့အထိ ျပဳံးခ်ိဳေနတဲ့ က်ေနာ့္အစ္ကိုႀကီးကို ျမင္မိျပန္ၿပီ။ အသက္ရွူခ်င္လြန္းလို႔ က်ေနာ့္အဆုတ္ေတြ ေပါက္ကြဲမတတ္ ျဖစ္လာတယ္။ ေရျပင္ေပၚျပန္တက္ဖို႔ က်ေနာ့္ေျခေထာက္ေတြကို ခတ္ၾကည့္တာ မရဘူးဗ်ာ။ ခဲေတြဆြဲထားသလို ေလးလံေနတာပဲ။ က်ေနာ္ ဘာျဖစ္ေတာ့မယ္ဆိုတာ က်ေနာ္ သိေနသလိုလိုပဲ…။
အနီကေလး ဘာမွမပူနဲ႔ အစ္ကိုလာေနၿပီ…။ အစ္ကို အရမ္းေမာတယ္ကြာ.. အသက္ရွူလို႔ မရေတာ့ဘူး။ ပုံ႔ေလးေရ… ေမာင္ မရေတာ့ဘူးသိလား။
တစစႏွစ္ျမဳပ္ေနတဲ့ က်ေနာ္ ဗလုံးဗေထြး ေရထဲမွာ ေအာ္ဟစ္ေနမိတယ္ဗ်ာ။ ေနာက္ဆုံးမွာ က်ေနာ္သိလိုက္တာကေတာ့ ေလာကႀကီးဟာ ေမွာင္ပိန္းသြားၿပီဆိုတာပါပဲ။
————————————-
သူနာျပဳဆရာမေလး မနီနီခ်ိဳ…
အစ္ကိုဟာ ဂတိမတည္ခဲ့ပါလားကြယ္။ က်ေနာ္ရယ္.. က်ေနာ့္ဆရာမေလးရယ္.. က်ေနာ္တို႔ရဲ့ ယုန္ျဖဴျဖဴေလးေတြရယ္.. ျမက္ခင္းစိမ္းစိမ္းနဲ႔ ေလရဟတ္အနီေရာင္ေလးပါတဲ့ အိမ္ကေလးတစ္လုံးထဲမွာ ေပ်ာ္စရာဘဝေလး တည္ေဆာက္ၾကမယ္ဆိုၿပီး ေျပာခဲ့တာေတြ အခုဘယ္မွာလဲ အစ္ကိုရယ္။ အနီကေလး ပူတူတူး! ဆိုၿပီး က်မ ေနာက္ေက်ာဖက္ကေန တိုးတိုးေလးကပ္ေျပာၿပီး ဘြားကနဲ ေပၚလာမလားလို႔ က်မ တိတ္တိတ္ေလး အစ္ကို႔ကို ေမၽွာ္ေနတယ္ အစ္ကိုရယ္။
ဖန္ေဂၚလီကေလးေတြလို ဝိုင္းစက္စက္ေလးေတြဟ! ဆိုၿပီး ၾကည္ႏူးေနတဲ့ ေလသံနဲ႔ အံႀကိတ္ေရရြတ္ၿပီး က်မမ်က္လုံးေတြကို ျမတ္ျမတ္နိုးနိုး ႏွုတ္ခမ္းနဲ႔ ဖိကပ္နမ္းတတ္တဲ့ အစ္ကို႔အနမ္းေတြ အခု က်မ မရနိုင္ေတာ့ဘူးေပါ့ေနာ္။ ငါ့အနီကေလးကို တသက္လုံး တယုတယ ခ်စ္ျပသြားမယ္ဆိုတာ ဘယ္မွာလဲရွင္ရယ္။
ေနာက္ဆုံး ေတြ႕လိုက္ရတဲ့ညေနက က်မနဖူးကေလးကို တႁပြတ္ႁပြတ္နမ္းရင္း သဘက္ခါဆိုရင္ မနီနီခ်ိဳကို က်ဳပ္ရဲ့အေတာင္ပံေတြေအာက္ကို သိမ္းသြင္းလိုက္ၿပီ.. ဆိုၿပီး Jean-Paul Sartre ရဲ့ စကားကို ခပ္တည္တည္နဲ႔ေျပာရင္း ေနာက္ေျပာင္သြားတာ က်မ ျပန္ျမင္ေယာင္ေနတာ တစ္ခ်ိန္လုံးပါပဲ အစ္ကိုေရ။
အဲ့ဒီေန႔က က်မ အိမ္ကထြက္တာ ေနာက္က်ခဲ့တယ္ေလ။ တဖက္ကမ္းကို ေရာက္သြားေတာ့ မြန္းတည့္ခါနီးေနၿပီ။ ကမ္းနားမွာ လူေတြရွုပ္ေထြးေနတာရယ္.. အစ္ကို႔သူငယ္ခ်င္းေတြက က်မကိုျမင္ေတာ့ အံ့ၾသသြားတာရယ္။ အစ္ကိုတစ္ေယာက္ ျမစ္ေရျပင္ေအာက္မွာ ေပ်ာက္ဆုံးသြားၿပီဆိုတာ သိလိုက္ရေတာ့ က်မရဲ့ကမၻာႀကီး ၿပိဳက်သြားခဲ့တာေပါ့ အစ္ကိုရယ္။
အမွန္က ကေလးေလးေတြကို ေရထဲကဆယ္ယူရင္း ဆုံးသြားရွာတာက က်မနဲ႔ တစ္ရပ္ကြက္ထဲေနတဲ့ ေက်းလက္သားဖြား ဆရာမေလးပါကြယ္။ အစ္ကိုဟာ ေနာက္ဆုံးအခ်ိန္ထိ သူခ်စ္တဲ့ အနီေလးဆိုတဲ့ က်မကို လွိုင္းေလေတြထန္ေနတဲ့ ျမစ္ျပင္ထဲမွာ ေအာ္ဟစ္ၿပီး ရွာေဖြသြားခဲ့တာတဲ့။ အံ့ၾသတုန္လွုပ္ေနတဲ့ အစ္ကို႔မိတ္ေဆြေတြ ေျပာျပသမၽွ စကားေတြကို နားေထာင္ၿပီး အစ္ကိုေနာက္ဆုံး ဝတ္သြားတယ္ဆိုတဲ့ တိုက္ပုံနဲ႔ ပုဆိုးေလးကို ရင္ခြင္ထဲမွာ ေပြ႕ထားရင္း ဘာလုပ္ရမွန္း မသိေတာ့ပါဘူး ရွင္ရယ္။
အသက္ေပးၿပီး ခ်စ္တယ္ဟာလို႔ အစ္ကိုေျပာခဲ့ဖူးတာ တကယ္ပါပဲဆိုတာ အနီေလး ယုံပါၿပီ။ ျပန္လာခဲ့ပါေနာ္ အစ္ကို။ အနီေလးေလ အစ္ကိုမရွိရင္ ဘယ္လိုမွ ေနလို႔မတတ္ေတာ့ပါဘူးရွင္။
အခုဆို တစ္ပတ္ေက်ာ္သြားၿပီ အစ္ကိုေပ်ာက္ေနခဲ့တာ။ မနက္ေရာင္နီလာၿပီဆို က်မ ေဟာ့ဒီျမစ္ကမ္းပါးမွာ အစ္ကို႔ကို လာလာထိုင္ၿပီး ေမၽွာ္ေနခဲ့တာ ေနေရာင္ေပ်ာက္သြားတဲ့ အထိေပါ့။ အစ္ကိုဟာ တကယ္ေတာ့ မေသပဲ က်မကို ေနာက္ေျပာင္ခ်င္လို႔ ပုန္းေနတာေနမွာ။ တစ္ေန႔ေန႔မွာ ဘြားကနဲေပၚလာၿပီး ဟားဟား…. အနီကေလး ပူတူတူးဆိုၿပီး က်မ ေရွ႕မွာ ျပဳံးျဖဲျဖဲနဲ႔ လာရပ္ျပေနဦးမယ္ဆိုတာ က်မသိေနတယ္။ အဲ့ဒီအခ်ိန္ၾကရင္ ဒီေလာက္ႏွိပ္စက္ရသလားဆိုၿပီး အစ္ကို႔မ်က္နာကို က်မလက္ခုပ္ႏွစ္ခုၾကားထဲ ညႇပ္ၿပီး အစ္ကို အသက္ရွူလို႔မရတဲ့အထိ တအားနမ္းေပးဦးမယ္လို႔ ေတြးရင္း က်မ ရယ္ရယ္ျပဳံးျပဳံး ျပန္ျဖစ္လာျပန္တယ္။
မနက္ခင္းတိုင္း ေစာေစာထၿပီး ေရမိုးခ်ိဳး၊ အစ္ကို႔ကို ျပန္ေတြ႕ခ်င္ေတြ႕ရမွာဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ အစြမ္းကုန္ ဖီးလိမ္းျပင္ဆင္ၿပီး ကမ္းနားမွာ သြားထိုင္ေစာင့္ေနခဲ့တာ ေန႔တိုင္းေပါ့..။ ဒါေပမယ့္ ညေနေစာင္းလာၿပီဆို က်မတစ္ေယာက္ထဲ ငိုမဲ့မဲ့ေလးေပါ့ အစ္ကိုရယ္။ ဒီေန႔လည္း အစ္ကို ေပၚမလာေသးပါလားဆိုၿပီး ဝမ္းနည္းအားငယ္လာၿပီး မ်က္ရည္က အလိုလိုက်မိျပန္တယ္။
ျမန္ျမန္ျပန္လာခဲ့ပါေတာ့ေနာ္..။ အနီကေလး ေမၽွာ္ရလြန္းလို႔ ပင္ပန္းေနပါၿပီ။ ကၽြန္မခ်စ္တဲ့ အစ္ကိုရယ္။
————————————-
ေဒါက္တာရီရီ @ ပုံ႔ပုံ႔
ေမာင္က လူဆိုးပဲကြာ။ ဟိုးကေလးဘဝကတည္းက ပုံ႔အေပၚ နိုင္စားေပးတာေနာ္။ တစ္ခုခု စိတ္တိုတိုင္း ပုံ႔ကို ေမာင္းထုတ္တတ္တာေလ..။ သြားသြား နင့္ကိုမေခၚေတာ့ဘူးဆိုတဲ့ ေကာင္ငယ္ေလးကို ပုံ႔က ငယ္ငယ္ကတည္းက အရမ္းကို တြယ္တာခဲ့ရတာကိုး။ ပုံ႔ ေျပာျပတာေတြကို ေမာင္က ရယ္တယ္ေနာ္။ အဲ့ဒီေကာင္ေလးနဲ႔ ေကာင္မေလးဘဝ.. ပုံ႔တို႔ ကြဲသြားကတည္းက တစ္ရက္မွ မေမ့ခဲ့ဘူးဆိုတာေလ။
တကၠသိုလ္တက္ေတာ့ တစ္ၿမိဳ႕ထဲမွာေရာက္ေနတယ္ ၾကားေတာ့ ေမာင္တို႔ေက်ာင္းက ေမာင္ေနတဲ့ အေဆာင္ေရွ႕မွာ တိတ္တိတ္ေလး လာလာခိုးၾကည့္ခဲ့ရတာေလ။ ေမာင္က ပုံ႔နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕တာေတာင္မွ မွတ္မိတဲ့ပုံ မေပၚခဲ့ေတာ့ ပုံ႔ တိတ္တိတ္ေလး ႀကိတ္ေဆြးခဲ့ရတာေနာ္။ ေက်ာင္းၿပီးသြားေတာ့ ေမာင့္ကို မျမင္ရေတာ့ျပန္ဘူး။
အရီးေမတို႔အိမ္ကို ေမာင္ေရာက္လာတဲ့ေန႔က ပုံ႔ရင္ဘတ္ထဲမွာ ဘယ္ေလာက္ေတာင္ ဗေလာင္ဆူၿပီး စိတ္လွုပ္ရွားေနခဲ့ရသလဲဆိုတာ ေမာင္ မသိဘူးေနာ္။ မိုးထိုးမတတ္ အရပ္ျမင့္ျမင့္နဲ႔ အသားျဖဴျဖဴ ဂုတ္ေထာက္ေနတဲ့ ဆံပင္ေျဖာင့္စင္းစင္းေလးကို သပ္တင္ရင္း ပုံ႔ကို ဟုတ္ကဲ့ပါခင္ဗ်.. ခင္ဗ်နဲ႔ စကားလွမ္းေျပာေနတဲ့ ေမာင့္ကို ဆြဲရမ္းၿပီး ဖိုးသက္ေလးေရ ပုံ႔ကေလးကို မမွတ္မိဘူးလားဟာလို႔ ေအာ္ပစ္လိုက္ခ်င္ခဲ့မိတာေနာ္။
ေမာင္အိပ္ေမာက်ေနတာ ပုံ႔ခိုးခိုးၾကည့္ၿပီး ႏွစ္ေပါင္းမ်ားစြာ ေမၽွာ္ခဲ့ရတဲ့ ေကာင္ငယ္ေလးပါလားဆိုၿပီး ပုံ႔ ဖက္မနမ္းမိေအာင္ ထိန္းခဲ့ရတာေတြ၊ ေမာင္ ပုံ႔လက္ေမာင္းႏွစ္ဖက္ကို ဆြဲညႇစ္ၿပီး ခပ္မိုက္မိုက္ စိုက္ၾကည့္ရင္း မ်က္ႏွာေက်ာေလးေလၽွာ့ပါလို႔ ေျပာၿပီး ထြက္သြားတုန္းက ပုံ႔ေလ မတ္တပ္ေတာင္ မရပ္နိုင္ေတာ့ေလာက္ေအာင္ ရင္ထဲတလွပ္လွပ္နဲ႔ က်န္ခဲ့တာ ေမာင္မသိရွာဘူးေနာ္။
အိုကြယ္! အခု ပုံ႔လက္ေမာင္းမွာ ၾကက္သီးေလးေတြ ထလာတယ္ သိလား။ ဟို.. ေရတြင္းမွာ ပထမဆုံး ေမာင့္ကို ငယ္ငယ္ကလို ေခါင္းဆြဲေလၽွာ္ေပးတဲ့ေန႔က ေမာင္ အၾကမ္းပတမ္းႀကီး ပုံ႔ကို ခ်စ္သြားခဲ့တာေတြ ျပန္ေတြးလိုက္မိလို႔ေလ။ ေမာင္က လူဆိုးေလးပါလားကြယ္။ ပုံ႔ နင္ငါ့ကိုခ်စ္သလားလို႔ အထက္စီးက ေမးခဲ့တုန္းက ပုံ႔ရင္ထဲမွာ နင့္ေနေအာင္ ဝမ္းနည္းခဲ့ရတာ..။ ေမာင္က အတင္းလိုက္လာၿပီး ေခ်ာ့ေတာ့ ပုံ႔ေလ ေပ်ာ္လြန္းလို႔ ေသသြားမလားေတာင္ ထင္မွတ္ခဲ့ရတာေပါ့။
ပုံ႔ရဲ့ လူဆိုးေလးဟာ အခုေတာ့ ဒီကမၻာမွာ မရွိေတာ့ဘူးတဲ့လား ေမာင္ရယ္။ တေရးနိုးတဲ့ညေတြမွာဆို ပုံ႔ကိုဖက္ထားတတ္တဲ့ ေမာင့္ရင္ခြင္ထဲမွာ ေႏြးေႏြးေထြးေထြး အိပ္စက္ေနတာမဟုတ္မွန္း သတိရၿပီး ပုံ႔ကေလး ႐ူးမတတ္ ငိုေနရပါၿပီ ေမာင္။ တသက္လုံးစြဲလန္းခဲ့တဲ့ ေကာင္ေလးကို အပိုင္ရေတာ့မယ္ဆိုတဲ့ ဘဝကေန ေလာကငရဲကို ဘယ္လိုကံတရားက တြန္းပို႔လိုက္တာလဲကြယ္။
ေမာင္ ႏွစ္ေယာက္စလုံးကို မခြဲနိုင္ပါဘူး။ ႏွစ္ေယာက္လုံးကို ယူမွာဆို..။ ပုံ႔ ဘာမွမေျပာရက္ခဲ့ဘူးေနာ္ ေမာင္..။ ေမာင္နဲ႔ တူတူေနရရင္ ေတာ္ၿပီ.. ေမာင့္သေဘာဆိုၿပီး ပုံ႔ တိတ္တိတ္ေလးေနခဲ့တာေလ..။ အခု ေမာင္ခ်စ္တယ္ဆိုတဲ့ ပုံ႔ကိုေကာ.. သနားစရာေကာင္းတဲ့ ညီမေလးအနီခ်ိဳကိုေကာ ေမာင္ ခြဲထားရက္ခဲ့ၿပီေနာ္။ ပိုင္ဆိုင္လိုက္ရတဲ့ အခ်ိန္က တိုေတာင္းလြန္းခဲ့ၿပီေကာ ပုံ႔ခ်စ္တဲ့ ေမာင္။
အခု ေမာင့္ကို အ႐ူးအမူးခ်စ္တဲ့ သူနာျပဳဆရာမေလးခင္မ်ာ အဲ့ဒီေန႔က အစ္ကိုေရ!!! လို႔ ေအာ္ဟစ္ရင္း သတိလစ္လဲက်သြားရာကေန ျပန္သတိလည္လာေတာ့ စိတ္မမွန္သလို ျဖစ္သြားရွာၿပီ။ ေမာင္ လူ႔ေလာကကေန ထြက္ခြါသြားၿပီဆိုတာ နားမလည္ လက္မခံနိုင္ရွာတဲ့ စိတ္ေရာဂါသည္ေလး ျဖစ္ေနရွာၿပီ။
မိုးေတြ တအားသည္းတဲ့ ညေတြမွာဆို ပုံ႔တစ္ေယာက္ထဲ ေမာင့္ကို လြမ္းလြန္းလို႔ သြက္သြက္ခါ ႐ူးမသြားေအာင္ မနည္းထိန္းေနရတယ္။ အခုခ်ိန္ ေမာင္ျပန္လာၿပီး ညီမေလးကိုေကာ ပုံ႔ကိုပါ လာလက္ထပ္ေပးမယ္ဆို ႏွစ္ေယာက္လုံး ေပ်ာ္ေပ်ာ္ႀကီး လက္ခံပါ့မယ္ ပုံ႔ခ်စ္တဲ့ ေကာင္ငယ္ေလးရာ။ အခု ဆူညံေနတဲ့ မိုးေပါက္က်သံေတြၾကားထဲမွာ ပုံ႔ကေလးတစ္ေယာက္ထဲ ေအးစက္စက္ အိပ္ယာေပၚမွာ ရွိုက္ရွိုက္ၿပီး ငိုေနတယ္ ေမာင္သိလား။
—————————————–
နိဂုံး…။
ညေန ေနဝင္ရီတေရာမွာ လွတပတ ေကာင္မေလးတစ္ေယာက္ ပုဇြန္ဆီေရာင္သမ္းေနတဲ့ အလင္းေရာင္ မွုန္ျပျပေအာက္က ျမစ္ကမ္းေဘး ထိုင္ခုံျပာျပာေလးေပၚမွာ ထိုင္ရင္း အေဝးက ျမစ္ျပင္ကို ေမၽွာ္ၾကည့္ရင္း ေဆြးရီရီေငးလို႔ေပါ့။ ေလညႇင္းကေလး အေဝွ႕မွာ သူ႔ဆံႏြယ္ေလးေတြက တဖတ္ဖတ္ လႊင့္ေမၽွာလို႔။ ေနဝင္ခါနီးလာတာနဲ႔အမၽွသူ႔မ်က္ႏွာဝိုင္းစက္စက္ကေလးခင္မ်ာ ငိုမဲ့မဲ့ကေလးျဖစ္စျပဳလာမယ္။ ခဏေနရင္ အဲ့ဒီေကာင္မေလးထိုင္ေနတဲ့ နံေဘးကို စက္ဘီးဘဲလ္သံေလး ကလင္ ကလင္ေပးၿပီး အသားညိဳညိဳ ဆံပင္အရွည္ႀကီးကို ဖားလ်ားခ်ထားတဲ့ အရပ္ျမင့္ျမင့္ အမ်ိဳးသမီးတစ္ေယာက္ ေရာက္လာၿပီး ၾကင္ၾကင္နာနာ ေထြးေပြ႕ၿပီး ျပန္ဖို႔ေခၚလိမ့္မယ္။
“အစ္ကိုဟာေလ… ဘာလို႔ ဒီေန႔ ေနာက္က်ေနရတာလဲ မသိပါဘူး.. မမရီရယ္”
“ေအးပါ.. ညီမေလးအနီခ်ိဳရာ..။ မိုးခ်ဳပ္ေတာ့မယ္ ျပန္ရေအာင္.. လိမၼာတယ္ကြယ္…”
လို႔ ေျပာရင္း ေဒါက္တာရီရီက စီးက်လာတဲ့ သူ႔ပါးျပင္ေပၚက မ်က္ရည္ေတြကို ခိုးသုတ္ၿပီး ေခ်ာ့ေမာ့ေနလိမ့္မယ္။
ယခုအခါမွာ ဧရာဝတီျမစ္ၾကမ္းျပင္ေအာက္ေျခမွာ အိပ္စက္ေနတဲ့ လူတစ္ေယာက္ကေတာ့ သူ႔ခ်စ္သူႏွစ္ေယာက္ရဲ့ ျဖစ္အင္ကို ျမင္ခဲ့ရင္…….။ ဤတြင္ ကၽြန္ေတာ့္သူနာျပဳဆရာမေလး ပုံျပင္ၿပီး၏။…ၿပီးပါၿပီ