ဘာဂျာကောင်းတဲ့ မောင်
Unicode “အဖေကလည်း တခြားလုပ်စရာ ရှားလို့…လက်ဖက်ရည်ဆိုင် ဖွင့်ရတယ်လို့…“ စိုးဝင်းသည် ဖခင်ဖြစ်သူ ဦးအောင်မိုးကို နားမလည်နိုင်စွာဖြင့် မေးသည်။ ဟုတ်သည်လေ..။ လုပ်စရာအလုပ်က ဒီလောက်တောင် ရှားရလား။ “ဟေ့ကောင်.. မင်းဘာမှမသိလျှင် ဝင်မပြောနဲ့..“ “လူကဖြင့် ဘွဲ့ကရပြီးနေပြီ..။ အခုထက်ထိ ယောင်ခြောက်ဆယ် ဖြစ်နေသေးတဲ့ သူကများ.. အဖေကို…“ “မင်းက အဖေလား.. ငါက အဖေလား“ ဦးအောင်မိုးသည် နှုတ်ခမ်းမွှေးကြီးများ ထောင်လာသည်အထိ စိတ်ဆိုးကာ သားဖြစ်သူ လူရှုပ် စိုးဝင်းကို အပေါ်စီးကနေ ဟောက်လိုက်သည်။ စိုးဝင်းခင်ဗျာ ဇက်ကလေး ပုသွားသည်။ အနားက ထိုင်နားထောင်နေသူ အမေဖြစ်သူ ဒေါ်မိုးသူက ကြာရင် သားအဖနှစ်ယောက် စကားများကုန်ကြမှာစိုးကာ မနေနိုင်တော့။ “သားကလည်း.. အဖေပြောတာကို နားထောင်ပါဦး…“ “စီးပွားရေး လုပ်တယ်ဆိုတာ အားလုံးညီမှ ကောင်းမှာကိုး…“…