အွန်း ကောင်းတာပေါ့ ကိုမိုးရယ်
Unicode အောင်အောင်သည် ဆောက်လုပ်ရေး အင်ဂျင်နီယာ ကျောင်းဆင်းခါစ အလုပ်မရှိသေးသူ တစ်ယောက်ဖြစ်ပြီး နွေးနွေးသည် Eco ကျောင်းပြီးခါစ ဖြစ်သည်။ ချစ်သူနှစ်ဦးမှာ အလုပ်မရှိသေးခင် အိမ်မှ သဘောမတူသဖြင့် ခိုးပြေးကြသည်။ ဘယ်သွား၍ ဘယ်လာရမှန်း မသိကြ။ နှစ်ဦးသား ပါလာသော လက်ဝတ်ရတနာများအား ထုခွဲရောင်းချကာ အောင်အောင်၏ သူငယ်ချင်းဖြစ်သူ ဝင်းနိုင်အိမ်သို့ ရောက်ရှိလာကြသည်။ သပ်ရပ်သော နှစ်ထပ်အိမ်လေးသို့ ရောက်သော် “ဝင်းနိုင်ရေ ဝင်းနိုင်” “ဟာ အောင်အောင် အကြောင်းမကြား ဘာမကြားနဲ့” “အေး ငါ မိန်းမ ခိုးပြေးလာလို့။ အဲဒါ ဘယ်သွားရမှန်း မသိတာနဲ့ မင်းဆီမှာ ခဏနေမလို့ကွ။ ဒါ ငါ့ချစ်သူ နွေးနွေးတဲ့” “ဟားးး လန်းလှချည်လား အောင်အောင်ရ။ လာလာ အပေါ်တက်။ ခဏမဟုတ်ဘူး မင်းတို့…