ဘာဂျာကောင်းတဲ့ မောင်(တတိယပိုင်း)
Unicode စိုးဝင်းတို့သည် လက်ဖက်ရည်ဆိုင်လေးအတွင်းတွင် ထိုင်ကာ စကားပြောနေကြခြင်း ဖြစ်သည်။ စကားပြောသည်ဆိုတာထက် သူပြောတာကို ကျန်သူများက ထိုင်နားထောင်သည်ဟု ပြောရင် ပိုမှန်မည်။ ထိုင်နေသူတွေကတော့ တခြားသူများမဟုတ်။ သူနှင့် ခင်နေသည့် ရပ်ကွက်ကလူတွေ ဖြစ်သည်။ အကြော်ဖိုနှင့် နီးသည့် နေရာတွင် သူတို့ထိုင်နေကြပြီး.. ဝိုင်းထဲတွင် ရှိနေသည့် ကျန်သူလူနှစ်ယောက်ကတော့ ကိုမားဆိုးနှင့် ကိုဗတို့ ဖြစ်သည်။ စိုးဝင်းသည် သူတို့ဆိုင်ကို အမြဲလာပြီး ထိုင်နေကြသူများထဲမှ ကိုမိုးကြိုး၏ သူငယ်ချင်းဖြစ်သူ ဒီနှစ်ယောက်နှင့် အတော်ခင်နေသဖြင့် အခုလို နေ့လယ်ဘက် လူရှင်းချိန်တွင် သူ့အကြောင်းကို ရင်ဖွင့်ချင်းဖြစ်သည်။ “ဒီမှာ.. ငါ့ညီ…“ ကိုမားဆိုး၏ အသံက ထွက်လာသည်။ သေချာပါပြီ.. ဒါမျိုးလေသံ စလိုက်ရင်ဖြင့်… သူက ဥပမာဥပမေးတွေနဲ့ လာတော့မှာ…။ စိုးဝင်းတွေးတာမှ မဆုံးသေး။ ကိုမားဆိုး၏…