အဲ့သလိုကြီးပဲ မဆောင့်နဲ့လေ
Unicode “အစ်ကို….နာသေးလား ဟင်….” အေးသီက သူ့အစ်ကို မျိုးစစ်ကို ဒဏ်ရာများအား ဆေးထည့်ပေးရင်း လှမ်းမေး၏။ မျိုးစစ် အံကို တင်းတင်းကြိတ်သည်။ ” သက်သာနေပါပြီ…. ညီမလေးရယ်…. တောက်…. ဒီကောင်ငဘ တမင်ယုတ်မာတာ…. ဒီကောင် ငါ့ကို ရန်ငြိုးထားပြီး တမင်ချောက်ချတယ်… ဆိုတာ… ငါသိတယ်…. အေးသီ….” ” အစ်ကိုရယ်…. ဒေါသမထွက်ပါနဲ့…. သူ့အကုသိုလ်နဲ့သူသွားမှာပါ….” အေးသီက ဂွမ်းကို အရက်ပျံညှစ်ချပေးရင်း ပတ်တီးစည်းပေးရင်း သူ့အစ်ကိုအား နှစ်သိမ့်သည်။ မျိုးစစ်မှာ တောက်တခေါက်ခေါက်နှင့် ငဘနှင့် ဂျပန်တွေကို စက်ဆုပ်ရွံရှာ မုန်းတီးသွားသည်။ ” နေနှင့်ဦးပေါ့ ငဘရာ…. ကံကြမ္မာဟာ ဘယ်တော့မှ မျက်နှာမလိုက်ပါဘူး….” အေးသီ မျိုးစစ်ကို ကြည့်ရင်း ပင့်သက်ကို ရှူသွင်းလိုက်သည်။ နာကျင်သော သက်ပြင်းမောကို အရှည်ကြီးချသည်။…