ပြိုဆင်းသွားသော ရမက်မိုးသည်းများ
“မိုးကလည်းနော်.. ရွာမှာဖြင့် ရွာတာ မဟုတ်ဘူး.. အလုပ်ပျက်ရုံ စွက်ကယ် စွက်ကယ်နဲ့ တကတည်း..” “ဘာတွေ မြည်တွန်နေတုန်း အဘွားကြီးရဲ့..” “အဝတ်တွေ မခြောက်လို့ တော်ရေ.. ဒီ မိုးနှယ်ကြောင့်.. ဟွမ်း..” “ဟ.. မိုးကို အဲ့သလို မပြောရဘူးလေ.. မင့်နှယ်.. လယ်ထဲကိုင်းထဲ ကြီးခဲ့တာ မဟုတ်တဲ့ တိုင်းပဲ..” “ဒါတော့ ဒါပေါ့တော်.. ခုလို ရာသီများတော့ ရွာက အိမ်နဲ့ ခြံဝိုင်းပဲ သတိရမိပါတယ်.. မြို့ကြီးပြကြီးမယ် တိုက်ခန်းကျဉ်းလေးနဲ့ နေပြီး မိုးလည်း မိုးမို့.. နွေလည်း နွေမို့.. အဝတ်ကလေး လှန်းဖို့တောင်မှ ဒုက္ခကများ.. အနေကြပ် အသေကြပ်.. ဟင်းးး” “ငှယ်.. ဒီမိန်းမ ဓာတ်ပြားဟောင်းကြီး အပ်ကြောင်း ထပ်နေ.. တန်တော့ မင့် ကြည့်ရတာ…