ဝေစားကြမယ်
Unicode အချိန်က တတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးတဲ့နောက် တစ်နှစ်တိတိ ကာလ။ ကမ္ဘာစစ်ကြီးမို့ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းလိုလို ပါဝင်ပတ်သက်ခဲ့သည် ။ လုံးဝ မြေပုံပေါ်က ပျောက်သွားတဲ့ နိုင်ငံတွေ ရှိကြသလို သန်းပေါင်းများစွာသော လူတွေ သေကြေပြီး လုံးဝ နလံမထူနိုင်တဲ့ တိုင်းပြည်တွေလည်း အများကြီး။ နျူကလီးယား ဗုံးတွေ တဖက်နဲ့တဖက် ပစ်ခတ်ကြသလို ဓာတုဗေဒ အဆိပ်ဗုံးတွေကိုလည်း ကြဲချကြသည်။ ဖောက်ခွဲကြသည်။ ပစ်ခတ်ကြသည် ။ လည်ပတ်နေတဲ့ဟာတွေ အကုန် ရပ်ဆိုင်းသွားသည်။ အစိုးရ မရှိတော့ ။ စစ်တပ် မရှိတော့ ။ ဆေးရုံ မရှိတော့ ။ ရဲတွေ ထောင်တွေ ဘာမှမရှိတော့ ။ အုပ်ချုပ်ရေးမဲ့သွားတဲ့ အခြေအနေကို ပြန်ရောက်သွားသည် ။ သတ်ချင်ရင် သတ်နိုင်သည်…