အချစ်နဲ့ အတွေ့
Unicode မှတ်မိနေသည်။ ပါတိတ်အဆင်အပြင်ပွင့်တွေ လှပသော လိပ်ပြာလေးများ နားနေဟန် ဒီဇိုင်းနှင့် ထမီကို ဝတ်ထားသည်။ တင်ပါး အလုံးအထည်က အလွန်အမင်းကြီးတာမျိုးမဟုတ် ကျစ်လစ်လှပသော ဖွဲ့စည်းမှုကို ဖော်ဆောင်သည်။ အရပ်အမောင်းက မြန်မာမိန်းကလေးထဲတွင် ခပ်ရှားရှား အရပ်မျိုး ငါးပေလေးလက်မခန့် မြင့်သည်။ အရပ်မြင့်သဖြင့် ပေါင်တန်ကြီးတွေက ရှည်သွယ်ကြသည်။ လုံးပတ် အတော်ထွားကြိုင်းပုံက အချိုးအဆစ် ဦးစားပေး ထုလုပ်ထားသော ပန်းပုရုပ်နှယ်လှပပြေပျစ်လွန်းသည်။ ဘလောက်စ် အင်္ကျီလက်ပြတ် အဝါလေးအောက်မှ မစို့မပို့ ယဉ်ယဉ်လေး ကြွားရွားနေသော ရွှေရင်အစုံက ရင်သပ်ရှူမောစဖွယ် အထက်မှအောက်သို့ ပြန်လည်သုံးသပ်လျှင် မျက်နှာသွင်ပြင်၏ ရိုးသားတည်ငြိမ်မှု အိန္ဒြေသိက္ခာ ပြည့်ဝမှုတို့က စာဖွဲ့မကုန်အောင် ခန့်ညားတည်ကြည်သည်။ သူ့အလှကို ရေးဖွဲ့ပါဟု ဆိုလျှင် မျက်ခုံးလေးတစ်ဖက် နှာတံလေးတစ်ချောင်း နှုတ်ခမ်းလေးတစ်လွှာ သွားကလေးတစ်စေ့နှင့်ပင် ကျမ်းစာတစ်ဆောင်အထိဖွဲ့လောက်သူ ဖြစ်သည်။…