လှည့်စားခံလိုက်ရတဲ့ အရိုင်းပန်းလေး
Unicode အဖုံးဖွင့်ထားသော လေးထောင့်သံပုံး၏ အဝတွင် သစ်သားတုတ် ကန့်လန့်ခံကာ ချိတ်ဖြင့် ချိတ်တံပိုးဖြင့် ထမ်းလာခဲ့သော ရေအပြည့်ပါသည့် သံပုံးနှစ်ပုံးကို ရင်မောင်သည် သူ၏ လက်နှစ်ဖက်ဖြင့် အသာထိန်းပြီး ဒူးနှစ်ဖက်ကွေးကာ မြေပေါ်ကို ချလိုက်၏ ။ ပြီးတော့ ပုံးနှစ်ပုံးတွင် ချိတ်ထားတဲ့ ချိတ်နှစ်ချိတ်ကို ဖြုတ်လိုက်ပြီး သူ၏ ပုခုံးပေါ်မှ တံပိုးကို လက်နှစ်ဖက်ဖြင့် ယူပြီး အနီးရှိ အုန်းပင်မြစ်အုံကြီးတွင် မှီကာ ထောင်လို့ ထားလိုက်၏ ။ ပြီးတော့ ရေအပြည့်ပါလာသော သံပုံးနှစ်ပုံး အတွင်းမှ ရေများကို ရင်မောင်သည် တစ်ပုံးချင်း မပြီး အနီးရှိ ဒီဇယ်ပေပါကို ထက်ပိုင်းဖြတ်ထားသော စည်ပိုင်းဖြတ် အတွင်းသို့ လောင်းပြီး ထည့်လိုက်၏ ။ ရင်မောင် ထမ်းလာသော သံပုံးနှစ်ပုံးအတွင်းမှ ရေများ…