သရဲမတဲ့ လူခန့်(ဇာတ်သိမ်းပိုင်း)
Unicode ဦးတိတ်ရှောင် ပြောတာမှန်တယ်။ သုံးရက်လောက်အကြာမှာ ဦးသောင်းငွေ လူခန့်ကိုခေါ်ပြီး စကားပြောတော့တယ်။ ” တကယ်တော့ ငါဒီမှာ လာရှောင်နေတာကို သမီးက ဘယ်မသိပဲနေမလဲ။ သိတာပေါ့။ စိတ်ဆိုးနေတုန်းမို့လို့သာ ငါ့ဆီရောက်မလာသေးတာ။ တကယ်လို့ သူရောက်လာခဲ့ရင်လည်း လောလောလတ်လတ် ငါသူနဲ့ မျက်နှာချင်းဆိုင်ရမှာ မဝံ့မရဲသေးဘူး ” ” အင်းလေ. . . ဦးလေးက ပေါက်ကရတွေ လျှောက်လုပ်တာကို။ အခုဆိုရင် မခတ္တာလည်း သူ့အမျိုးသား အသိုင်းအဝိုင်းမှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပြီပေါ့ ” ” ဒါကတော့ စိတ်မပူရဘူး ကိုယ့်လူရဲ့ ။ အခု အဘိုးကြီး အဖွားကြီးက သမီးပြီးရင်ပြီးကော ဖြစ်နေကြတာ။ သက်ထားနဲ့ ငါ့ကိစ္စမှာလည်း မောင်ကျော်သူရ ကိုယ်တိုင်က အလိုတူအလိုပါပဲလေ ” ” ဦးလေးတို့…