အစေ့လေးကို အစုပ်ခံလိုက်ရသောအခါ
Unicode သရက်မြို့ ဟိုက်စကူးကျောင်းကြီးမှာ မြို့၏အနောက်မြောက်စွန်း တောင်ကုန်းကလေးတခုပေါ်တွင ်တင့် တယ်စွာ သပ်ရပ်လှပမှုဖြင့် ရှိနေပါသည်။ မြောက်ဖက်ဘောလုံးကွင်း တပ်ကွင်း လွင်ပြင်များဆီမှ တိုက်ခတ်လာသော လေပြေအေး များမှာလည်း သန့်ရှင်းစင်ကြယ်သည်နှင့်အမျှ အေးလှပါသည်။ ထိုလေပြေအေးကို တိုက်ခတ်ခံရင်း ကျောင်းဘေးပတ်လည်၌ ပြေးကာခုန်ကာ ကစားနေကြသော ကလေးသူငယ် အရွယ်ပေါင်းစုံမှာလည်း ရွှင်ရွင်မြူးလျှက် ပျော်မြူးနေပါသည်။ ကျောင်းဘေးပတ်လည်တွင် ရာသီမရွေး အပွင့်အဖူးများဖြင့်ဖြူဖြူဖွေးလျှက် ရှိနေကြပါသည်။ ကျောင်း၏ မြောက်ဖက်သို့ …