တရုတ်နိုင်ငံတွင် အလှူရှင်၏နှလုံးကို ဒရုန်းဖြင့် ပို့ဆောင်ရာ မိနစ် ၂၀ ခန့်သာကြာ တရုတ်နိုင်ငံတွင် ကျုံစန်မြို့ မှ ရှင်ကျင့်မြို့သို့ အလှူရှင်၏နှလုံးကို ကုန်းလမ်းဖြင့် ပုံမှန်အတိုင်း သယ်ယူပါက အချိန်ငါးဆခန့် ကြာမြင့်နိုင်မှာဖြစ်သော်လည်း ဒရုန်းဖြင့် သယ်ယူပို့ဆောင်ခဲ့သည့်အတွက် အချိန် မိနစ် ၂၀ ခန့်သာကြာမြင့်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် သယ်ဆောင်မှုက ပိုမို အကျိုးသက်ရောက်မှု ရှိစေခဲ့သည်ကို တွေ့ရသည်။ ရှင်ကျင့်မြို့သည် ယခုအခါ “ကောင်းကင်ပေါ်က မြို့တော်” ကို ဒရုန်းသယ်ယူပို့ဆောင်မှုဖြင့် တည်ဆောက်နေသည်။

ရှင်ကျင့်မြို့လမ်းပန်းဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဌာနမှ ထုတ်ပြန်သော သတင်းအရ ယခုနှစ် ပထမ ၁၁ လအတွင်း ရှင်ကျင့်မြို့သည် ဒရုန်းလမ်းကြောင်းသစ် ၇၅ ခုကို ဖွင့်လှစ်ခဲ့ပြီး ဒရုန်းဆင်းသက်သည့်နေရာအသစ် ၆၉ ခုကို တည်ဆောက်ခဲ့ကာ ကုန်စည်တင်ဆောင်သည့် ဒရုန်းပျံသန်းမှုပေါင်း ၅၄၁၀၀၀ ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
