ကိုလုပ်ချင်တာသာ လုပ်ပါတော့ ကိုရယ်
ကျွန်တော် ၁၀ တန်းအောင်တော့ သန်လျင် GTC မှာ civil တက်ခွင့်ရပါတယ်…။ အထင်တော့မကြီးလိုက်နဲ့နော် လိုက်လို့ရတာဗျ… မိဘတွေကျေးဇူးလေ…။ သူတို့ကတော့ သူတို့သားလေးကို အင်ဂျင်နီယာ ဖြစ်ပါစေတော့ဆိုတဲ့ စိတ်နဲ့ ပိုက်ပိုက်တွေ အကုန်ခံတာပေါ့…။ ဒါပေမဲ့ ကျတော်က ဘိလပ်မြေနဲ့ ရွှံ့တောင် သေသေချာချာ ခွဲတက်တဲ့ကောင် မဟုတ်ဘူး…။ စိတ်တော့ သိပ်မညစ်ပါဘူး ဘာလို့လဲဆိုတော့သေသေချာချာ ဝါသနာပါတဲ့ဟာမှ မရှိတာ…။ တက်ဆိုတော့လည်း တက်ရတာပေါ့။ အခုလောလောဆယ်တော့ ၁၀ တန်းပြီးလို့ ကဲခဲ့တဲ့ အရှိန်တွေတောင် မပျယ်သေးဘူး…။ ကဲ … ဘာလိုလိုနဲ့ ကျောင်းစတက်ရမည့်နေ့ ရောက်လာရော…။ ကျောင်းကိုတော့ ၁ ခါ ၂ ခါ ရောက်ဖူးပါတယ်…။ ခတ်ဆုတ်ဆုတ်နဲ့ မြို့သစ်တွေက မူလတန်းကျောင်းသာသာပဲ ရှိတယ်ဗျ…။ ဒါနဲ့များ GTC…