သမီးမိုက်
Unicode တောင်းဆိုး ပုလုံးဆိုးကိုသာ ပစ်ကြရိုး ထုံးစံ ရှိပေမယ့် သားဆိုးသမီးဆိုးတွေကိုတော့ မိဘတွေက မပစ်ရက် မပစ်နိုင်ကြဘူး ဆိုတဲ့ စကား အတိုင်းပါဘဲ ။ ဦးဘဖေသော်သည် သမီး အိမ့်ဇာသော် ဘယ်လောက်ဆိုးဆိုး လမ်းမှားကနေ လမ်းမှန်ကို ပြန်ရောက်ဖို့ကို စိတ်ရှည်ရှည်နဲ့ သည်းခံ စောင့်ဆိုင်းပြီး ကြိုးစားနေတဲ့ အဖေ တယောက် ပါ ။ အပျိုဖြစ်ခါစ ဆယ့်ခြောက်နှစ် အရွယ်ထဲ့ အဖေ့စကားကို နားမထောင်ဘဲ ထင်ရာစိုင်းခဲ့တဲ့ အိမ့်ဇာသော်သည် အခု အသက်နှစ်ဆယ် တင်းတင်း ပြည့်တဲ့အထိ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို မရရှိနိုင်သေး ။ အလုပ်သမားလေးတွေ ကားဆေးနေတာကို လှမ်းကြည့်နေရင်း ဦးဘဖေသော်သည် သမီးဆိုးလေး အခု အချိန်မှာ ဘယ်ဆီများ ရောက်နေမလဲ လို့ တွေးတောနေတယ်…