ကျနော် ကြုံးလိုက်တဲ့ ရုံးက စီနီယာ အမ
Unicode အချိန်ကာလတစ်ခုမှာ ကျနော် အိမ်ပေါ်က ဆင်းခဲ့ဖူးတယ်။ ဘာကြောင့် ဆိုတာကို အသေးစိတ်ပြောမနေချင်တော့ဘူးဗျာ။ ဖအေ နဲ့ သားတွေမှာ ဖြစ်တတ်တဲ့ ထူးမခြားနား အကြောင်းအရာတွေကြောင့်ပါပဲ။ သားအဖ နှစ်ယောက်ကြား ဗျာများနေတဲ့ အမေ့မျက်နာလဲ လှည့်မကြည့်ဖြစ်ဘူး။ အဲ့ဒီအချိန်ကပေါ့။.ဖုံးတစ်လုံး… ဆိုင်ကယ်တစ်စီး… ငွေလေးငါးသောင်း နဲ့ အဝတ်အစားသုံးစုံလောက် အိတ်ထဲထည့်ပီး ဆင်းလာလိုက်တာ။ သန်းဇော် ဆိုတဲ့ အပေါင်းအသင်း တစ်ယောက်အိမ် အကျိုးအကြောင်း ပြောပြီး တက်နေဖြစ်တယ်။ သန်ဇော်တို့အိမ်မှာက သူရယ် သူ့အဖေ အမေ နဲ့ သူ့ညီ လေးယောက်ပဲနေကြတယ်။ အားလုံးကလဲ ကိုယ်နဲ့ ရင်းနှီးကြတော့ ကြည်ကြည်ဖြူဖြူပါပဲ။ ဒီကောင့်မိဘတွေကိုတော့ အိမ်ပေါ်ကဆင်းလာတာ အသိမပေးဖြစ်ဘူး။ တော်ကြာ ငါ့တူ ဘာဖြစ်တယ် ညာဖြစ်တယ်။ မိဘဆိုတာဒီလိုပဲ နားချနေမှာ ကြိုသိတယ်လေ ။…