ခပ်မြန်မြန်လေးမောင် မပြီးတော့မယ်
Unicode သူရတစ်ယောက် သန့်ရှင်းရေးလုပ်နေရင်းကမှ ဗိုက်ထဲက ဆာလာသလိုလိုဖြစ်လာသည်။ ပြန်တွေးကြည့်မိတော့ နေ့လည်စာစားပြီးကတည်းက အခုထိဘာမှမစားရသေး။ သူရ မမရွှေစင်ကို အားနာတာနဲ့ အဝတ်အစားလဲပြီးတော့ အောက်ထပ်ကို ဆင်းလာခဲ့သည်။ မီးဖိုခန်းထဲဝင်ပြီး ကြောင်အိမ်ကို ဖွင့်ကြည့်တော့ ဘာမှမရှိ။ မီးဖိုဘေးနားက အိုးတွေကိုလှန်ကြည့်တော့ ထမင်းအိုးတစ်လုံး ချက်ထားတာပဲတွေ့သည်။ ဒေါ်လေးမြနှင်းဆီ သတိတရနဲ့ ထမင်းအိုးတစ်လုံး တည်သွားပေးတာကိုပဲ ကျေးဇူးတင်ရမည်ဖြစ်သည်။ သူရ ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ ကြက်ဥတွေ တွေ့သည်။ အသားခန်းထဲမှာ အေးခဲထားတဲ့ ဝက်သားတုံးကြီးတစ်တုံးတွေ့သည်။ အောက်ဆုံးထပ်က အသီးအရွက်အကန့်ထဲမှာတော့ ကန်စွန်းရွက်၊ ငရုတ်သီးနဲ့ အခြားတိုလီမုတ်စလေးတွေ တွေ့သည်။ အင်း…။ ရှိတာနဲ့ပဲ စားလို့ကောင်းအောင်လုပ်ရမှာပဲ။ သူရ အေးခဲနေတဲ့ ဝက်သားတုံးကြီးကို ဇလုံထဲထည့်၊ ဘေစင်မှာ ရေနဲ့ဆေးလိုက်သည်။ ဝက်သားကို အတုံးသေးသေးလေးတွေလှီးပြီး ကြော်ရမည်။ သူရ ဂက်စ်မီးဖိုကို ဖွင့်လိုက်ပြီး…